ကျော်သူ (နာရေးကူညီမှုအသင်း - ရန်ကုန်) မတ်လ ၂၆၊ ၂၀၁၃ နာရေးကူညီမှုအသင်း(ရန်ကုန်)ရှိ သုခကုသိုလ်ဖြစ်ဆေးခန်းနှင့် အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်း များအား ဆထပ်တန်ဘိုး တွင်ကျယ်စွာဖြင့် အများပြည်သူတို့အား ပံ့ပိုးကူညီနိုင်ရန်အတွက် ၂၄.၃.၂ဝ၁၃ နံနက် (၁ဝးဝဝ) နာရီအချိန်တွင် အရေးပေါ်လူနာတင် ယာဉ်တစ်စီးအား ကွယ်လွန်သူ ဒေါ်ခင်ဝင်းရွှေ (အ.လ.ပြ)၊ အ.မ.က(၁၉) တာမွေ အားရည်စူး၍ ဒေါ်ခင်စန်းရီ၊ ဦးသိန်းသန်း + ဒေါ်ခင်စန်းစန်း (မိသားစု) တို့မှ ပေးအပ်လှူဒါန်းခဲ့သည်။  အခမ်းအနားအား နာရေးကူညီမှုအသင်း(ရန်ကုန်)ရှိ သုခခန်းမဆောင်ကြီး တွင် ကျင်းပပြုလုပ်ခဲ့ရာ အလှူရှင် ဦးသိန်းသန်းမှ လှူဒါန်းရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး အရေးပေါ်လူနာတင်ယာဉ်နှင့်ပတ်သက်သည့် စာရွက်စာတမ်းများ ဥက္ကဋ္ဌ ဦးကျော်သူမှ လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာအား ပြန်လည်ပေးအပ်ချီးမြှင့်ကာ ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး အခမ်း အနားအား အောင်မြင်စွာ အဆုံးသတ်ခဲ့သည်။ [...]

Read more of this post