April 03, 2013 (Burmese Version)

 

သတင်းလွှာကို ကောင်းကောင်းမမြင်ရပါက ဤနေရာသို့နှိပ်ပါ။

 
 

ရေကျော်ဗလီ မီးလောင်မှု ရှို့မီး မဟုတ်ကြောင်း သက်သေရှိသည်ဟု တိုင်းဝန်ကြီးချုပ်ဆို

၁၄ နှစ်အရွယ် ဝေယံသူ၊ ဇော်ဇော်ထက်နဲ့ မျိုးအောင်တို့က ဗလီတာဝန်ခံကို နှိုးတယ်၊ နှိုးလို့မရတော့ သူတို့ဘာသာသူတို့ မီးငြှိမ်းဖို့ကြိုးစားရင်း အခုလို အကြီးအကျယ် မီးလောင်မှု ဖြစ်သွားခဲ့တာ Read More

 

KIO နှင့် အစိုးရ ငြိမ်းကိုယ်စားလှယ်များ မြစ်ကြီးနားတွင် တွေ့မည်

“KIO နဲ့ ယုံကြည်မှု ထိုက်သင့်သလောက် ရှိလာပြီလို့ နားလည်တယ်၊ မှတ်ယူတယ်။ ဒီအတွက် ၀န်ကြီး ဦးအောင်မင်းက ပြည်တွင်းမှာ ဖိတ်တာ။ မူအားဖြင့်တော့ သဘောတူတယ်လို့ ကျနော်တို့ နားလည်တယ်။ ဒါပေမယ့် အသေးစိတ်ကိုတော့ ညှိနှိုင်းနေဆဲပါပဲ” Read More

 

ပဋိပက္ခကြောင့် ရခိုင်ကော်မရှင် အစီရင်ခံစာ မထုတ်ပြန်ဟု ဆို

လတ်တလော ဖြစ်ပွားနေသော ပဋိပက္ခများကြောင့် ရခိုင်စုံစမ်းကော်မရှင်၏ အစီရင်ခံစာ ထုတ်ပြန်မည့် ရက်ကို ထပ်မံရွှေ့ဆိုင်း လိုက်ကြောင်း ကော်မရှင်က တရားဝင်ပြောဆိုသည်။ Read More

 

ရှမ်းပြည်ကိုးကန့် ဒီမိုရက်တစ်ပါတီ ၂၀၁၅ ရွေးကောက်ပွဲ ၀င်ပြိုင်မည်

ရှမ်းပြည် ကိုးကန့် ဒီမိုကရက်တစ် ပါတီက ရွေးကောက်ပွဲဝင် ဖြစ်သော်လည်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများက ရွေးကောက်ပွဲ ၀င်ရေးနှင့် ပါတီဖွဲ့စည်းရေး စိတ်မ၀င်စားဟု သိရှိရသည် Read More

 

ဒုက္ခသည်များ သန်းခေါင်စာရင်းဝင် ဖြစ်ရန် နေရပ်ပြန်ရမည်

“မြန်မာ နယ်နိမိတ်ထဲမှာပဲ ကောက်မှာပါ။ သူများနိုင်ငံ နယ်နိမိတ်ထဲက ဟာကို မကောက်ဘူး။ ဒါပေမယ့် အိမ်တွေမှာ လိုက်ပြီး စာရင်း ကောက်တဲ့ အခါတော့ ပြည်ပမှာ အလုပ် သွားလုပ်နေတဲ့ မိသားစုဝင်တွေ ရှိသလား ဆိုတာတွေမေးပြီး ထည့်ကောက်သွားမှာပါ” Read More

 

မြန်မာပြည်ရဲ့ တရားဥပဒေ စိုးမိုးရေးမှာ ဘာပြဿနာတွေ ရှိနေလဲ

နောက်ကွယ်က ကြိုးကိုင်သူတွေကို ဖမ်းမမိတာဟာ အဲဒီလူတွေထဲမှာ တရားဥပဒေ စိုးမိုးမှုဆိုတာနဲ့ မသက်ဆိုင်သူတွေ ပါနေလို့လား Read More

 

“ကြိုးကိုင်နေတဲ့ လူတွေကို ဖော်ထုတ်ဆဲပဲ ရှိပါသေးတယ်”

တကယ်တမ်း အဓိက တရားခံခေါ်မှာပေါ့ဗျာ၊ နောက်ကွယ်က ကြိုးကိုင်နေတဲ့ လူတွေကို ဖော်ထုတ်ဆဲပဲ ရှိပါသေးတယ်၊ လက်ရှိမှာ သူတို့က လာအကြမ်းဖက်မယ်၊ မီးရှို့မယ်၊ ဖျက်ဆီးမယ်၊ ဒါမျိုးလူတွေလောက်ပဲ လက်ရှိမှာ ဖမ်းမိပါသေးတယ်။ Read More

 

ဖူဆယ်ကစားခြင်းနှင့် မြန်မာ့လူငယ် ဘောလုံးသမားများ အခြေခံတိုးတက်ရေး

စီမံကိန်းတခုအဖြစ် ချမှတ်ပြီး ရပ်ကွက်အတွင်းရှိ လူငယ်များ ဘောလုံးကစားနိုင်ရန် နေရာ ဖန်တီးပေးနိုင်ဖို့လည်း လိုအပ်နေပါတယ်။ ဘောလုံးကို ရူးသွပ်စွာ အားပေးနေတဲ့ နိုင်ငံဆိုပေမယ့် ဘောလုံးသမားကောင်းတွေ ပိုမိုထွက်ပေါ်လာဖို့ နောက်ကွယ်က စီမံခန့်ခွဲမှုတွေကလည်း အလွန်အရေးပါပါတယ်။ Read More

 

ကမ္ဘာ့ဉာဏ်ရည် ဖွံ့ဖြိုးမှု မတူညီသူများနေ့ အခမ်းအနား (ရုပ်/သံ)

ဧပြီ ၂ ရက်နေ့ ပြည်သူ့ရင်ပြင်မှာ ကျင်းပပြုလုပ်ခဲ့တဲ့ ကမ္ဘာ့ဉာဏ်ရည် ဖွံ့ဖြိုးမှု မတူညီသူများနေ့ အထိမ်းအမှတ် အခမ်းအနားကို ဧရာဝတီက ရုပ်သံ ရိုက်ကူးတင်ဆက် ထားပါတယ်။ Read More

 

ပဋိပက္ခ တားဆီးရေး ဘာသာပေါင်းစုံ လူငယ်များ ပညာပေးလှုပ်ရှားမည်

ဘာသာရေးနှင့် လူမျိုးရေး ပဋိပက္ခများ မဖြစ်ပွားစေရန် ဘာသာပေါင်းစုံမှ လူငယ်များက ရန်ကုန်မြို့ လူစည်ကားရာ နေရာများတွင် ပညာပေး လှုပ်ရှားမှုများ ပြုလုပ်မည် ဖြစ်ကြောင်း သိရသည်။ Read More

 
 

အင်ဒိုနီးရှား-မြန်မာ ကုန်သွယ်မှု ၂၀၁၆ ၌ ဒေါ်လာ သန်း ၁၀၀၀ အထိရည်မှန်း

အင်ဒိုနီးရှား-မြန်မာ နှစ်နိုင်ငံ ကုန်သွယ်မှု ပမာဏကို လာမည့် ၂၀၁၆ ခုနှစ်တွင် အမေရိကန် ဒေါ်လာ သန်း ၁၀၀၀ အထိ ရည်မှန်း ထားကြောင်း သိရသည်။ Read More

 
 

ရေကျော်ဗလီ မီးလောင် လူသေဆုံးမှု စုံစမ်းရေးအဖွဲ့ ဖွဲ့စည်း

ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ် ၁၀ ရပ်ကွက် ၄၈ လမ်း ရှိ ဆော်ဒီကီးရား ရေကျော်ဗလီ ပြီးခဲ့သည့် ဧပြီလ ၂ ရက်နေ့က မီး လောင်မှု ဖြစ်ပွားပြီး ကလေးငယ် ၁၃ ဦး သေဆုံးခြင်း နှင့် ပတ်သက်၍ Read More

 
 

ဤသတင်းလွှာမှာ ဧရာဝတီအင်တာနက်စာမျက်နှာက သတင်း၊ ဆောင်းပါး၊ အယ်ဒီတာ့အာဘော်နဲ့ အခြားကဏ္ဍတွေအားလုံး ပါဝင်ပါတယ်။ သိလိုတာ များရှိရင် news@irrawaddy.org ကို အီးမေးလ်ပို့ပြီး မေးမြန်းနိုင်ပါတယ်။

 

ဧရာဝတီနေ့စဉ်သတင်းလွှာကို ဆက်မယူလိုတော့ပါက ဤနေရာသို့ နှိပ်ပါ။ သတင်းလွှာယူသူများစာရင်းမှ အလိုအလျောက်ပယ်ဖျက်ပြီး ဖြစ်ပါလိမ့်မယ်။