April 12, 2013 (Burmese Version)

 

သတင်းလွှာကို ကောင်းကောင်းမမြင်ရပါက ဤနေရာသို့နှိပ်ပါ။

 
 

“မြန်မာ့ရိုးရာ နှစ်သစ်ကူးအတွက် သူတို့ရဲ့ ဆုတောင်း”

သင်္ကြန်မှာ အရက်သေစာ သောက်စားတာ၊ မူးယစ်ရမ်းကာတာတွေ၊ ဒါတွေကို ဆင်ခြင်ဖို့ အရေးကြီးပါတယ်။ ရာသီဥတုကလည်း အတော်ပူပြင်းနေတယ်၊ သရုပ်ပျက် ယဉ်ကျေးမှုနဲ့ အရက်သေစာ သောက်စားတာ၊ မူးယစ်ဆေးဝါး သုံးစွဲတာ၊ ဒါတွေကို ဆင်ခြင်ကြဖို့ ဒါတွေကိုပဲ တိုက်တွန်းချင်ပါတယ် Read More

 

မိတ္ထီလာ ရွှေဆိုင် ပိုင်ရှင်ကို ထောင်ဒဏ် နှစ်ရှည်ချ

မိတ္ထီလာ အဓိကရုဏ်း စတင်အခြေခံရာ နယူးဝိတ်စိန်ရွှေဆိုင်၏ ပိုင်ရှင်အပါအဝင် လူ ၃ ဦးကို မြို့နယ်တရားရုံး၏ အမြင့်ဆုံး စီရင်ပိုင်ခွင့်ရှိသည့် ပြစ်ဒဏ် ထောင်ဒဏ် ၁၄ နှစ်စီ အသီးသီး ချမှတ်လိုက်သည်။ Read More

 

ယခုနှစ် မဏ္ဍပ်ထိုင်သူနည်းသဖြင့် လက်မှတ်များ ဈေးချရောင်းနေရ

ယခုနှစ် သင်္ကြန်တွင် လူအများစုက ကောလာဟလ သတင်းများကြောင့် စိတ်ဝင်စားမှု နည်းနေသဖြင့် သင်္ကြန်လည်ရန် ကားငှားရမ်းမှုလည်း အနည်းငယ် လျော့နည်းခြင်း၊ မဏ္ဍပ်ထိုင် ရေကစားမှု နည်းလာခြင်းတို့ကြောင့် သင်္ကြန်ရက်အတွင်း စီးပွားရှာလိုသူများ စိတ်ညစ်နေကြသည်ဟု သိရသည်။ Read More

 

မီးပေးမည့် အစိုးရအစီအစဉ် ရခိုင်ဒေသခံများ မယုံကြည်

“ရခိုင်ဒေသကို အစိုးရ သတင်းစာတွေက မီးတွေပေးနေတာ ကြာပါပြီ။ လွှတ်တော်မှာလည်း ဒီကိစ္စတွေက ဖြေဆိုထားပြီးသား ကိစ္စတွေပါ။ လက်တွေ့လုပ်ဖို့ပဲ လိုပါတယ်။ ရန်ကုန်မြို့တောင် မီးမမှန်သေးဘူး” Read More

 

သင်္ကြန်တွင်း ရန်ကုန်တွင် ယာဉ်ထိန်းရဲ ၄၀၀ တာဝန်ယူမည်

ဆရာစံလမ်း၊ စက်မှု (၁) လမ်းနှင့် ကန်ပတ်လမ်းစသည့် လမ်း ၃ လမ်းကိုသာ တလမ်းမောင်းစနစ်ဖြင့် ကျင့်သုံးသွားရန် ရှိကြောင်း၊ ကျန်လမ်းများမှာ မူလ သတ်မှတ်ထားသည့် အတိုင်းသာ Read More

 

တိုင်းရင်းသား ဘာသာစကားဖြင့် ထုတ်ဝေသည့်ဂျာနယ်များ အရှုံးပေါ်နေ

ချင်းပြည်နယ်မှာဆိုရင် ဒေသ ဘာသာ စကားတွေက များတော့ စာဖတ်အား ပိုနည်းတယ်။ ဥပမာ – ဖလမ်းဘာသာနဲ့ ထုတ်မယ်ဆိုရင် ဖလမ်းမျိုးနွယ်စုတွေ လောက်ပဲ ဖတ်နိုင်တယ် Read More

 

ယခုနှစ် သင်္ကြန်လည်ရန်ကား ငှားရမ်းမှုနှုန်း အနည်းငယ်လျော့ကျ

၁၀ စီး ငှားရတယ်ဆိုရင် ဒီနှစ်မှာက ၈ စီးလောက်ပဲ ငှားရတယ်။ အပြင်မှာ ပြောကြသလို အငှားက သိသိသာသာ လျော့သွားတယ်တို့ အငှားမရှိသလောက် ဖြစ်သွားတယ်ဆိုတာ မျိုးတော့ မဟုတ်ပါဘူး Read More

 

“လောင်းပါပက်ပါ မောင်ရင်းနှမပမာ ကြည်လင်စွာ”

Read More

 

တီဗီ ကွန်ပျူတာ ကလေးထိန်းစက် မဟုတ်

တီဗီကို ကလေးထိန်းစက်လိုမျိုး သဘောထားပြီးတော့ ဖွင့်ပေးထားတာဟာ သိပ်ကိုမှ မှားယွင်းတဲ့ အရာပါ။ တီဗီတို့ ကွန်ပျူတာတို့၊ အိုင်ပက်တို့၊ အိုင်ဖုန်းတို့ ဆိုတာဟာ တကယ်တော့ ကလေး ငြိမ်အောင်လို့ သုံးရမယ့် ကလေးထိန်းတဲ့ အရာတွေ မဟုတ်ပါဘူး။ Read More

 

ရဲတပ်ဖွဲ့ကို ဘယ်လို ပြုပြင်မှာလဲ

အများပြည်သူ လုံခြုံရေးနှင့် ကာကွယ်ရေးတို့အတွက် ရဲတပ်ဖွဲ့၏ စွမ်းဆောင်ရည် ညံ့ဖျင်းကြောင်း လူအများက ဝေဖန်နေကြချိန်တွင် လူမျိုးဘာသာကွဲ အများဆုံး နေထိုင်လျက်ရှိသည့် စီးပွားရေး အချက်အခြာ ရန်ကုန်မြို့၏ လုံခြုံရေး ဆွေးနွေးခဲ့ကြသည်။ Read More

 

“ဘောလုံးက ဘာမှ ရစရာမရှိပါဘူး၊ ပေးဖို့ပဲရှိပါတယ်”

ကျနော် မြန်မာ လူမျိုး၊ ဗုဒ္ဓဘာသာ စစ်စစ်ပါ၊ ကျနော့် တိုင်းပြည် ကျနော်ချစ်တယ်၊ လုပ်သင့် လုပ်ထိုက်တာကို လုပ်တာပါ၊ ဘောလုံးက ဘာမှ ရစရာမရှိပါဘူး၊ ပေးဖို့ပဲရှိပါတယ်။ Read More

 

မာန်ထက်ချီနှင့် အကယ်ဒမီ ဇင်ဝိုင်းအမှု ဆက်ရန်ရှိသေးသည်

ဦးဝင်းကိုက ဦးဇင်ဝိုင်းအား ပုဒ်မ၅၀၀ ဂုဏ်သိက္ခာ ကျဆင်းမှု၊ပုဒ်မ ၅၀၁ ဂုဏ်သိက္ခာ ကျဆင်းစေရန် စာရွက်စာတမ်းဖြန့်မှု၊တရားမကြောင်းဖြင့် ကျပ် သိန်း ၉၀၀ ရလိုမှုစသည့် အမှု၃ ခုဖြင့်တရားစွဲအမှုဖွင့်ထား Read More

 

Korean Air နှင့် MAI ပူးပေါင်း လုပ်ကိုင်မည်

အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်း (MAI) နှင့် Korean Air လေကြောင်းလိုင်းတို့ ပူးပေါင်းဆောင်ရွက်ရန် စီစဉ်နေကြောင်း သိရသည်။ Read More

 
 

စင်ကာပူ SingTel ကုမ္ပဏီ မြန်မာ မိုဗိုင်းလ်ဖုန်း ဈေးကွက်ဝင်ရန် ပြင်ဆင်

စင်ကာပူနိုင်ငံမှ SingTel ဆက်သွယ်ရေး ကုမ္ပဏီကြီးသည် မြန်မာနိုင်ငံတွင် မိုဗိုင်းလ်ဖုန်း ဆက်သွယ်ရေး လုပ်ငန်း လုပ်ကိုင်ရန် စီစဉ်နေကြာင်း သတင်းရသည်။ Read More

 
 

မြေနီကုန်းနှင့် ရှစ်မိုင်တွင် ခုံးကျော် တံတား ဆောက်မည်

ရန်ကုန်မြို့ မြေနီကုန်းနှင့် ရှစ်မိုင်လမ်းဆုံတို့တွင် ခုံးကျော် တံတားများ ဆောက်လုပ်မည် ဖြစ်ကြောင်း သိရသည်။ Read More

 
 

မိတ္ထီလာ ပဋိပက္ခ စတင်သူ ၃ ဦးကို ထောင် ၁၄ နှစ်စီချ

မိတ္ထီလာမြို့ ပဋိပက္ခ စတင် ဖြစ်ပွားခဲ့သော နယူးဝိန့်စိန် ရွှေဆိုင်မှ လူ ၃ ဦးကို ထောင်ဒဏ်များ ချမှတ်လိုက်သည်။ ရွှေဆိုင်ပိုင်ရှင် ဦးထွန်းထွန်းဦး ခေါ် အာရှစ်၊ ဒေါ်မြင့်မြင့်အေး နှင့် အလုပ်သမား ညီညီ ခေါ် မင်းအောင်တို့ကို ယမန်နေ့က မိတ္ထီလာမြို့နယ် တရား ရုံးက ထောင်ဒဏ် ၁၄ နှစ်စီ အသီးသီး ချမှတ်လိုက်ကြောင်း ယနေ� ��ထုတ် အစိုးရ သတင်းစာများ၌ ပါရှိသည်။ Read More

 
 

တောင်သူလယ်သမား အခွင့်အရေး ကာကွယ်သည့် ဥပဒေ ရေးဆွဲရန် တိုက်တွန်း

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် ခန်းမတွင် ယမန်နေ့က ကျင်းပသည့် တောင်သူ လယ်သမားများ၏ အခွင့်အရေးကို ကာကွယ် စောင့်ရှောက်သည့် ဥပဒေ ရေးဆွဲရေး ညှိနှိုင်း အစည်းအဝေးသို့ တက်ရောက် အမှာစကား ပြောကြား သည်။ Read More

 
 

ရခိုင်ဒေသ တခုလုံး ၂၄ နာရီ လျှပ်စစ်မီးရရှိရေး စီစဉ်နေ

လျှပ်စစ်စွမ်းအား ရခိုင်ပြည်နယ် တခုလုံး ၂၄ နာရီ လျှပ်စစ်မီး ရရှိရေးအတွက် အိန္ဒိယနိုင်ငံမှ ၀ယ်ယူထားသော ထရန်စဖော်မာများနှင့် ဆက်စပ်ပစ္စည်း မြန်မာနိုင်ငံသို့ ရောက်ရှိလာပြီ ဖြစ်ကြောင်း အစိုးရ သတင်းစာများတွင် ယနေ့ ဖော်ပြထားသည်။ အိန္ဒိယမှ ၀ယ် ယူ ထားသော (၂၃၀/၁၃၂/၁၁)ကေဗီ(၃၃ ဒသမ ၃၃) အမ်ဗီအေ 1 – Phase Power Transformer ၁၂ လုံး န� �င့် ဆက်စပ် ပစ္စည်း များ ရန်ကုန်မြို့အေးရှားဝေါ်လ် ဆိပ်ကမ်းသို့ ရောက်ရှိလာပြီး ဧပြီ ၈ ရက်က သဘောင်္ ပေါ်မှ ချ၍ သက်ဆိုင်ရာ တည်ဆောက်ရေး စီမံ ကိန်းများသို့ ပို့ဆောင်လျက်ရှိကြောင်း၊ စီမံကိန်းကို ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေး နှစ်မှစတင်၍ [...] Read More

 
 

တိုင်းရင်းသား ဒေသများသို့ ဆန်နှင့် စားနပ်ရိက္ခာ ၁၇၅၅၄၄ တန် ဖြန့်ဝေမည်

ကမ္ဘာ့ စားနပ်ရိက္ခာ အစီအစဉ်(WFP)က ငြိမ်းချမ်းရေးဆောင်ရွက်ဆဲ တိုင်းရင်းသား ဒေသများနှင့် နယ်စပ်ဒေသများရှိ အာဟာရ ချို့တဲ့မှု အပါအ၀င် အခက်အခဲများ ကြုံတွေ့နေရသော ပြည်သူများ၏ ပြန်လည် ထူထောင်ရေး နှင့် စားနပ်ရိက္ခာ ဖူလုံရေးတို့အတွက် အမေရိကန် ဒေါ်လာ ၁၆၇.၆၉ သန်း အကူအညီ ပေးမည် ဖြစ်ကြောင်း သိရသည်။ ယင်းအကူအညီ ငွေဖြင� ��့ ဆန် နှင့် စားနပ်ရိက္ခာ စုစုပေါင်း ၁၇၅၅၄၄ တန် ဖြန့်ဝေ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာ၌ ဖော်ပြထားသည်။ ကချင်၊ ချင်း၊ ရခိုင်၊ ရှမ်း ၊ ကရင် နှင့် မွန်ပြည်နယ်၊ မကွေးတိုင်း၊ တနင်္သာရီတိုင်း နှင့် ရန်ကုန်တိုင်းဒေသကြီး တို့တွင် ၂၀၁၃ [...] Read More

 
 

ရေကျော် ဗလီ မီးလောင်မှု ဗလီဆရာ ၂ ဦးကို အရေးယူမည်

ရန်ကုန်မြို့ ၄၈ လမ်း ရေကျော် ဗလီ မီးလောင်မှုနှင့် ပတ်သက်ပြီး ဗလီဆရာ ၂ ဦးကို အရေးယူသွားရန်ရှိကြောင်း သက်ဆိုင်ရာ အာဏာပိုင်များက ထုတ်ပြန်လိုက်သည်။ ယမန်နေ့က ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၌ ကျင်းပသော သတင်းစာ ရှင်းလင်း ပွဲတွင် ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးမြင့်ဆွေ က ပြောကြားခြင်း ဖြစ်သ� �်။ ဧပြီ ၂ ရက် နံနက် ၃ နာရီခန့်က ယင်းဗလီ မီး လောင်ရာ ဗလီအတွင်းရှိ ကလေး ၁၃ ဦး သေဆုံးမှု ဖြစ်ပွားခဲ့သည်။ မီးလောင်ရခြင်းမှာ မီးအားမြှင့်စက် အပူရှိန်လွန်ကဲရာမှ လောင် ကျွမ်းရခြင်း ဖြစ်ကြောင်း အာဏာပိုင်များက ရှင်းလင်း ပြောဆိုထားသည်။ Read More

 
 

ဤသတင်းလွှာမှာ ဧရာဝတီအင်တာနက်စာမျက်နှာက သတင်း၊ ဆောင်းပါး၊ အယ်ဒီတာ့အာဘော်နဲ့ အခြားကဏ္ဍတွေအားလုံး ပါဝင်ပါတယ်။ သိလိုတာ များရှိရင် news@irrawaddy.org ကို အီးမေးလ်ပို့ပြီး မေးမြန်းနိုင်ပါတယ်။

 

ဧရာဝတီနေ့စဉ်သတင်းလွှာကို ဆက်မယူလိုတော့ပါက ဤနေရာသို့ နှိပ်ပါ။ သတင်းလွှာယူသူများစာရင်းမှ အလိုအလျောက်ပယ်ဖျက်ပြီး ဖြစ်ပါလိမ့်မယ်။