သစ်ထူးလွင်

သစ်ထူးလွင်


မန္တလေးပဋိပက္ခ ဖန်တီးမှုများ ကြိုတင်ကာကွယ်ရေးကော်မတီ စည်းဝေး

Posted: 11 Apr 2013 08:09 AM PDT

ဧပြီလဆန်းမှာ ဖွဲ့စည်းခဲ့တဲ့ မန္တလေးအခြေစိုက် ပဋိပက္ခဖန်တီးမှုများ ကြိုတင်ကာကွယ်ရေး ကော်မတီ အစည်းအဝေးကို ဒီနေ့နေ့လယ်က မန္တလေး ဗြဟ္မစိုရ်လူမှုကူညီရေး အသင်းတိုက်မှာ ပြုလုပ်ခဲ့ပါတယ်။ ဒီပွဲမှာ ရန်ကင်းတောင် ဥယျာဉ်ကျောင်းတိုက် ဆရာတော်ဦးဇောတိက၊ မစိုးရိမ်တိုက်သစ် ဓမ္မသဟာယကျောင်းဆရာတော် ဦးဝီရသူအပါအ၀င် ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

 မန္တလေးမြို့၊ ၆၂-လမ်း ၊ ၃၂×၃၃-လမ်းကြား၊ ဗြဟ္မစိုရ်လူမှုကူညီရေးဌာနတွင် ယနေ့ (11.4.2013) ရက်နေ့၊ မွန်းလွဲ (1:30) နာရီတွင် ကျင်းပခြင်း ဖြစ်သည်။ ဓါတ်ပုံ - ဦးဝီရသူ

နှစ်သစ်မှာ ဖွဲ့စည်းပုံပြင်နိုင်ကြောင်း စံဇာဏီဘိုဟောကိန်းထုတ်

Posted: 11 Apr 2013 07:50 AM PDT

အခုနှစ် မြန်မာသက္ကရာဇ် ၁၃၇၅ ခုနှစ်ဟာ သင်္ကြန်စာအလိုအရ လူထုအတွက် ကောင်းတဲ့နှစ်ဖြစ်တယ်လို့ ဝေဒပညာရှင် ဆရာ စံဇာဏီဘိုက ပြောပါတယ်။ ဒီနှစ်မှာ သကြားမင်းက လေးနဲ့မြားရယ် ဒိုင်းရယ်ကိုကိုင်ပြီး နဂါးမင်းစီးဆင်းမှာဖြစ်တဲ့အတွက် ရန်တွေအားလုံး ချုပ်ငြိမ်းမယ့် သဘောဖြစ်ပေမယ့် အုပ်ချုပ်သူတွေတော့ ပြောင်းလဲမှု ရှိမှာမဟုတ်ဘူးလို့ ဆိုပါတယ်။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။

နှစ်စဉ် သင်္ကြန်ကာလရောက်တိုင်း မြန်မာလူမျိုးတွေ သင်္ကြန်စာ၊ သင်္ကြန်ဟော စာတမ်းတွေကို ယုံယုံကြည်ကြည်နဲ့ အပြေးအလွှား ၀ယ်ဖတ်လေ့ရှိကြတာပါ။ အထူးသဖြင့်တော့ တိုင်းပြည်မှာ နိုင်ငံရေးအရ အခက်အခဲ အကြပ် အတည်းတွေနဲ့ ရင်ဆိုင်နေရချိန်တွေမှာ သင်္ကြန်မှာ သကြားမင်း ဒီနှစ်အတွက် ဘာစီးဆင်းမလဲ၊ ဟောစာတမ်းမှာ ဘာတွေ ပါမလဲဆိုတာကို လူထုက သိချင်နေကြတာဖြစ်ပါတယ်။ အခုလာမယ့်နှစ်ကတော့ မြန်မာ ပြည်သူ လူထုရဲ့ တောင်းဆိုချက် အတော်များများ ပြည့်ဝပြီး ကောင်းမွန် တဲ့ နှစ်တနှစ် ဖြစ်နိုင်တယ်လို့ ဝေဒပညာရှင် ဆရာ စံဇာဏီဘိုက ဟောကိန်း ထုတ်ပါတယ်။

မြန်မာနိုင်ငံမှာ အခုဒီနှစ် ၁၃၇၅ခုနှစ်မှာတော့ လူတွေ၊ ပြည်သူလူထုတွေ အတွက်တော့ ရသေ့ကျော်တို့ ရက်ရာဇာတို့နဲ့ ကိုက်တော့ ပြည်သူလူထု အတွက်ကတော့ ကောင်းတဲ့အနေအထားနဲ့ တောင်းဆိုတဲ့ အနေအထားလေးတွေ ပြည့်စေတဲ့အနေအထားမျိုးတွေ ရောက်လာမှာပေါ့။
အောက်ခြေ လူတန်းစားတွေမှာတော့ ခါတိုင်းနဲ့စာရင် ပိုပြီးတော့ အဆင်ပြေစရာ အကြောင်းလေးတွေ ရှိလာနိုင်တယ်။ အုပ်ချုပ်သူမင်းအနေနဲ့ အနှောင့်အယှက်လေးတွေ ရှိဦးမှာပေါ့။ ဘာလဲဆိုတော့ ကျနော်တို့ ၁၃၇၅ခုနှစ်ရဲ့ သင်္ကြန်စာ အလိုအရ နဂါးစီးပြီး ဆင်းမှာရယ်၊ လက်တဘက် က လေးနဲ့မြှားရယ်။ နောက်လက်တဘက်က ဒိုင်းကိုင်ပြီးဆင်းမယ့် သဘောကတော့ ကျနော်တို့ ရန်တွေ အားလုံးကို ချုပ်ငြိမ်းတဲ့သဘော။"

သီကြားမင်းက အခုနှစ်မှာ ဒိုင်းရယ်၊ လေးမြားရယ် ကိုင်ပြီး ဆင်းမှာ ဖြစ်တဲ့အတွက် ရန်တွေအားလုံးကို ချုပ်ငြိမ်းမှာ ဖြစ်တဲ့အပြင် နဂါးစီး ဆင်းမှာ ဖြစ်တဲ့အတွက်ကြောင့်လည်း ဥပဒေကြောင်း အရ ပြောင်းလဲမှုတွေ ဖြစ်နိုင်ပေမယ့် အုပ်ချုပ်သူတွေ ကတော့ ပြောင်းမှာမဟုတ်ဘူးလို့ ဆရာ စံဇာဏီဘိုက ပြောပါတယ်။

"နဂါးစီး ဆင်းတဲ့ နှစ်တိုင်းမှာ နဂါးစီးခြင်းရဲ့ သဘာဝရဲ့ နောက်ကွယ်မှာ အုပ်ချုပ်မှု ယန္တရားမှာ ဥပဒေကြောင်း အပြောင်းအလဲရှိတယ်ဗျ။ ဥပဒေနဲ့ပတ်သက်တဲ့ အကြောင်းအရာတွေမှာတော့  ဒီနှစ်အတွင်းမှာ အပြောင်းအလဲတွေဖြစ်နိုင်တယ်။ ဒီလွှတ်တော်ပိုင်းဆိုင်ရာနဲ့ ပတ်သက်တဲ့ အခြေခံဥပဒေနဲ့ပတ်သက်တဲ့ အပြောင်းအလဲမှာတော့ ဒီနှစ်ထဲမှာ တန်ခူးလ ဒီနှစ်ဆန်းတစ်ရက်နေ့ကနေ စလို့ ရေတွက်လိုက်ရင် ရက်ပေါင်း ၁၈၀အတွင်းမှာ အပြောင်းအလဲတွေဖြစ် မယ်လို့ ကျနော်တို့က ယုံကြည်ထားတယ်။ ကျနော် အုပ်ချုပ်ရေးနဲ့ပတ်သက်တဲ့ ဥပဒေကြောင်းရယ်၊ စီရင်မှုဥပဒေတွေ နောက် အခြေခံ ဥပဒေတွေကို ပြောင်းလဲပစ်မှာလည်း ရှိတယ်။ အုပ်ချုပ်သူမင်းတွေကတော့ အပြောင်းအလဲဖြစ်မှာမဟုတ်ဘူးဗျ။ ဒီမင်းအတိုင်းပဲ ဒီအတိုင်းပဲ အုပ်ချုပ်မယ်။"

ယေဘုယျအားဖြင့် နှစ်ဆန်းတရက်နေ့ကစပြီး ပြည်သူ လူထုအတွက် ကောင်းမွန်တဲ့ဘက်ကို ဦးတည်တဲ့ နှစ်ဖြစ်နိုင်ပေမယ့်လည်း လက်ရှိရောက်နေတဲ့ ဂြိုလ်ခွင် အနေအထားတွေ အရ မြန်မာပြည် အပါအ၀င် နိုင်ငံတကာမှာ သွေးထွက်သံယိုမှုတွေကတော့ ရှိနိုင်သေးတယ်လို့ ဆိုပါတယ်။

"ဒီနှစ်ကတော့ ကောင်းတယ်။ နှစ်ဆန်းတဲ့ရက်က နှစ်ဆန်းတစ်ရက်နေ့က ရက်ရာဇာကျတယ်။ ရသေ့ကျော်နဲ့စထားတော့ မင်္ဂလာရှိတဲ့ရက်နဲ့ စတာဖြစ်ပါတယ်။ ဒါပေမဲ့ လာမယ့် နှစ်တခုလုံးထဲမှာ ဂြိုလ်အနေအထားကတော့ ရာဟုဂြိုလ်က တူရာသီထဲမှာ ရှိနေတာနဲ့ တနင်္လာဂြိုလ်က ၁၀ ဒီဂရီစောင်းနေ တာကတော့ မကောင်းလှဘူးလေ။ အဲ့တာကြောင့် မြန်မာပြည်တင်မကပါဘူး။ ကမ္ဘာအဝှမ်းမှာ အဲ့ဒီ့ဘာသာရေးကို အခြေခံတဲ့ သွေးထွက် သံယို ပြဿနာတွေဖြစ်နိုင်တယ်။"

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့လအတွင်း ဖြစ်သွားခဲ့တဲ့ အကြမ်းဖက် ဆူပူမှုတွေ၊ ဘာသာရေးဆန်တဲ့ ပဋိပက္ခတွေကြောင့် သွေးထွက်သံယိုမှုတွေ၊ အသက်ဆုံးရှုံးမှုတွေ ဖြစ်ခဲ့တဲ့ အတွက်လည်း သင်္ကြန်ကာလမှာ အလားတူ  သွေးထွက် သံယိုမှုတွေ ထပ်မံဖြစ်ပွားမှာကို လူထုအကြား စိုးရိမ်မှုတွေ ထွက်ပေါ်နေတာပါ။ ဒါကြောင့် အခုနှစ် ရန်ကုန်သင်္ကြန်ဟာ ထင်ထားတာထက် စည်ကားမယ့် အရိပ်လက္ခဏာ မတွေ့ရဘူးလို့ ရန်ကုန် မြို့ခံတွေက ပြောကြပါတယ်။

ကိုဇော်ဝင်းလှိုင် (ဗွီအိုအေ)



မြန်မာနှစ်သစ်ကူး အတာသင်္ကြန်ပွဲတော် ဆင်နွှဲနေကြစဉ်။

ထိုင်းရောက် ရိုဟင်ဂျာများ မြန်မာနိုင်ငံမှ ဟုတ်မဟုတ် စစ်ဆေးမည်

Posted: 11 Apr 2013 07:40 AM PDT

ထိုင်းနိုင်ငံတွင် ခိုလှုံနေထိုင်သော ရိုဟင်ဂျာ ၂,၀၀၀ သည် အမှန်တကယ် ရခိုင်ပြည်နယ်မှ ဝင်ရောက် လာကြသူများ ဟုတ်မဟုတ်ကို စုံစမ်းစစ်ဆေးရာတွင် မြန်မာ အရာရှိများ ထိုင်းနိုင်ငံသို့ လာရောက် ကူညီရန်ရှိကြောင်း ထိုင်း နိုင်ငံခြားရေးဝန်ကြီး Surapong Tovichaikul က ဧပြီလ ၁၀ ရက်နေ့တွင် ပြောကြားလိုက်သည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


ထိုင်းနိုင်ငံကို သွားရင်း ဖမ်းဆီးခံရတဲ့ ရိုဟင်ဂျာတွေ။ (Credit: AFP)

ဦးဝီရသူအား လုပ်ကြံသတ်ဖြတ်ခြင်းများ ပြုလုပ်မည်ဟု သတင်းရရှိသဖြင့် လပွတ္တာတရားပွဲ ပျက်

Posted: 11 Apr 2013 07:33 AM PDT

နယ်လည့် တရားဟောနေသည့် ဝိစိတ္တာဘိဝံသ (ဝီရသူ) (ခ) ဝင်းခိုင်းဦး၏ နောင်ပြုလုပ်မည့် တရားပွဲများသို့ အစ္စလာမ်ဘာသာဝင် အစွန်းရောက်များမှ ဗုဒ္ဓဘာသာ ဘုန်းကြီးဝတ်ဖြင့် အသွင်ယူ၍ တရားနာ လာရောက်ခြင်း၊ လျှို့ဝှက်ယူဆောင်လာသော လက်နက်များဖြင့် ဝီရသူအား လုပ်ကြံသတ်ဖြတ်ခြင်းများ ပြုလုပ်မည်ဟု ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



“ MGM HOTEL ” မှာ အမျိုးသမီး တစ်ဦး ဒဏ်ရာများဖြင့် သေဆုံးနေ

Posted: 11 Apr 2013 06:12 AM PDT

ယနေ့ ဧပြီလ(၁၁)ရက်နေ့ တွင် ရန်ကုန်တိုင်း ဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ လမ်းမတော်မြို့နယ်၊ ၀ါးတန်းလမ်းရှိ " MGM HOTEL  " အခန်း အမှတ် (၈၀၄)တွင် အမည်မသိ အမျိုးသမီးတစ်ဦး  ဒဏ်ရာများဖြင့် သေဆုံးနေကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ မှ သတင်းရရှိ ပါသည်။  ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


" MGM HOTEL  " အခန်း အမှတ် (၈၀၄)တွင် အမည်မသိ အမျိုးသမီးတစ်ဦး 

မိုးညိုတရားရုံးက သတ်မှတ်ချိန်ကျော်လွန် အပြင်ထွက်သူများကို ထောင်ချ

Posted: 11 Apr 2013 05:55 AM PDT

ပဲခူးတိုင်း မိုးညိုမြို့နယ်တရားရုံးက ပုဒ်မ ၁၄၄ ချိုးဖောက်သူ ၂၂ ဦးကို ဒီနေ့ ထောင်ဒဏ် ၁ လစီ ပြစ်ဒဏ်ချလိုက်တယ်လို့ နယ်မြေခံတဦးက ပြောပါတယ်။ "သူတို့ ၂၂ ဦးက တချို့က အရောင်းအ၀ယ်သွားကြသူတွေ၊ တချို့က ကိုင်းထဲလယ်ထဲက ပြန်တာတွေ အချိန်လွန်နောက်ကျတာ သာမန်ပြည်သူတွေ။" ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



သေဒဏ်ပေးခြင်း အာရှ-ပစိဖိတ်ဒေသ မြန်မာအဆင့်ခုနစ်ချိတ်

Posted: 11 Apr 2013 05:32 AM PDT

တရားစီရင်ရေးတွင် သေဒဏ်အပြစ် ပေးသော အာရှ-ပစိဖိတ် ဒေသတွင်း ၁၉ နိုင်ငံအနက် သေဒဏ်အပြစ်ပေးမှု အရေအတွက် အရ မြန်မာနိုင်ငံသည် အဆင့်ခုနစ် ချိတ်ကြောင်း နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ (Amnesty International) က ထုတ်ပြန်သည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ





မိတ္ထီလာပဋိပက္ခ ဖျက်ဆီးခံဘာသာရေး အဆောက်အအုံများ ပြန်ဆောက်ရန် အစီအစဉ်မရှိဟုဆို

Posted: 11 Apr 2013 05:18 AM PDT

ရွှေဆိုင်တွင် အငြင်းပွားရာမှ တစ်ဆင့် ဖြစ်ပေါ်ခဲ့သည့် မိတ္ထီလာပဋိပက္ခတွင် မီးရှို့ ဖျက်ဆီးခံရသည့် အိမ်ခြေများကိုသာ ပြန်လည်တည်ဆောက်ပေးရန် ရှိသော်လည်း ဘာသာရေး အဆောက်အအုံများ ကိုမူ ပြန်လည်ဆောက်လုပ်ပေးရန် အစီအစဉ် မရှိကြောင်း မန္တလေးတိုင်းဒေသကြီး ဥပဒေချုပ် ဦးရဲအောင်မြင့်က ပြောကြားသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




ဆီ၊ အဆီနှင့် အဆိပ်

Posted: 11 Apr 2013 05:24 AM PDT

အစားအစာ အဆိပ်မျိုးစုံသင့်၍ လူအများ ရောဂါရကြသည့် အကြောင်းကို သတင်းစာ၊ ဂျာနယ်များတွင် ရေးသားချက်များအရ ထိုပြဿနာမှာ အမျိုးသားပြဿနာကြီး တစ်ရပ်အဖြစ် ရောက်ရှိလာကြောင်း မြင်တွေ့ရပါသည်။

ကျွန်တော်သည် ငယ်စဉ်မူလ တန်းကျောင်းသား ဘဝမှ ၁၉၆၄ ခုနှစ် ဆယ်တန်းအောင်မြင်ပြီး တက္ကသိုလ် တက်ရောက်ပညာသင်ကြားနေသည့် အချိန်တွင် ကျွန်တော်၏ပတ်ဝန်းကျင် အသိုင်းအဝိုင်း၌ ကင်ဆာဖြစ်နေသူ တစ်ဦးမျှ မမြင်ခဲ့ဖူးပါ။။ ကျွန်တော် ဆိုလိုသည်မှာ ကျွန်တော်နှင့် အတန်းတူ ကျောင်းသားများ၊ ၄င်းတို့၏မိဘများ၊ တစ်လမ်းတည်းနေသူများ၌ ကင်ဆာ ရောဂါသည် မတွေ့ဖူးကြောင်း ဆိုလို ခြင်းဖြစ်ပါသည်။ ဆေးရုံများတွင်တော့ ကင်ဆာရောဂါသည် ရှိမည်ဖြစ်ပါသည်။ လေဖြတ်သူ ဆို၍လည်း လေးငါးယောက် လောက်သာ တွေ့ဖူးပါ သည်။ သွေးတိုးရောဂါ၊ နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်သူ မှာလည်း နည်းပါးလှပါသည်။ အရိုးကျီးပေါင်း ရောဂါမှာလည်း အတော်ဖြစ်ခဲပါသည်။

ကျွန်တော် သတိထားမိသလောက် ၁၉၇၀ ပြည့်လွန်နှစ်များ ရောက်လာတော့မှ အထက်ပါ ကင်ဆာအပါအဝင် နှလုံး၊ လေဖြတ်၊ သွေးတိုး၊ ဆီးချို၊ အရိုးကျီးပေါင်း၊ ကျောက်ကပ်ရောဂါ များ တစ်နှစ်ထက်တစ်နှစ် အဖြစ်များ လာပါသည်။

အထက်ပါ ရောဂါများဖြစ်ရသည့် အဓိကအကြောင်းမှာ ဆီ၊ အဆီနှင့် အဆိပ်များကြောင့် ဖြစ်ရကြောင်း တွေ့ ရှိနိုင်ပါသည်။

အချိုမှုန့် ပေါ်နေသည်မှာ ကြာပြီဖြစ်သော်လည်း တရုတ်လူမျိုး စားသောက်ဆိုင်ကြီးများနှင့် တရုတ် အသိုင်းအဝိုင်း လောက်တွင်သာ အသုံး ပြုကြပါသည်။ မြန်မာနိုင်ငံသားများက မျှင်ငံပြာရည်နှင့် ငါးငံပြာရည်ကိုသာ အဓိကထား သုံးစွဲနေခဲ့ကြပါသည်။ အချိုမှုန့်ကို လူအများစု အသုံးမပြုကြ ပါ။ စစ်အစိုးရတက်လာပြီး ပြည်သူပိုင်သိမ်းသဖြင့် စီးပွားရေးပျက်၍ မှောင်ခို စီးပွားရေးနှင့်အတူ တစ်ဖက်နိုင်ငံမှ တစ်ဆင့် အချိုမှုန့်များ အကြီးအကျယ် မှောင်ခို တင်သွင်းလာခဲ့ပါသည်။ ထိုအခါတွင်မှ မြန်မာနိုင်ငံသားများ အချိုမှုန့်ကို တွင်ကျယ်စွာ အသုံးပြုလာ ကြပါသည်။ နိုင်ငံတော်အစိုးရကပင် ဒိုက်ဦးမြို့နယ်၌ အချိုမှုန့်စက်ရုံတည် ဆောက်လျက် ဆွမ်းအုပ်တံဆိပ် အချိုမှုန့် များ ထုတ်လုပ်ရောင်းချ ဖြန့်ဖြူးခဲ့ပါ သည်။ အချိုမှုန့်မပါသောဟင်း မရှိသလောက်ဖြစ်လာပါသည်။ အချိုမှုန့် ကို တွင်တွင်ကျယ်ကျယ် စားသုံးလာသည့် အခါမှစ၍ ကင်ဆာ၊ နှလုံး၊ သွေးတိုး၊ လေဖြတ်၊ ဆီးချို၊ အရိုးကျီးပေါင်း၊ ကျောက်ကပ်ရောဂါ အပါအဝင် အခြား ရောဂါများ တစ်နေ့တခြား အဖြစ်များလာခဲ့ ပါသည်။ သို့သော် သိပ်မဆိုးရွားလှသေးပါ။

၁၉၈၈ ခုနှစ် အရေးအခင်းကြီး ဖြစ်ပြီးနောက် စစ်အစိုးရက နိုင်ငံခြားမှ စားအုန်းဆီများ အကြီးအကျယ် တင်သွင်းလာပါသည်။ လူအများ စားအုန်းဆီ ကို စားလာကြပါသည်။ စားအုန်းဆီ မှာ ပဲဆီ၊ နှမ်းဆီလောက် မကောင်းသည့် အပြင် ပညာရှင်များ၏ ပြောဆို ရေးသားချက်များအရ ရောဂါမျိုးစုံ ဖြစ်နိုင်မှန်း လူအများ သိရှိကြသော် လည်း ငွေကြေးအခြေအနေအရ စားအုန်းဆီကိုသာ လူအများအဓိကထား စားသုံးလာကြပါသည်။ ဤအခါ တွင် ကင်ဆာ၊ သွေးတိုး၊ လေဖြတ်၊ နှလုံး၊ အရိုးကျီးပေါင်းနှင့် အခြားရောဂါ များ ယခင်ကထက် အဖြစ်များလာပါ သည်။

ယခုအချိန်တွင် အစားအစာများ ၌ ဓာတုဗေဒဆိုးဆေးများ၊ အသီးအနှံ ကြီးထွားစေသောဆေးများ အများအပြား သုံးစွဲလာပါသည်။ စိုက်ပျိုးရာတွင် လည်း ဓာတ်မြေသြဇာနှင့် ပိုးသတ်ဆေး များ၊ စည်းကမ်းမရှိ သုံးစွဲလာကြပါ သည်။ လူအများ နေ့စဉ်စားသုံးနေသော အသီးအနှံများတွင် အဆိပ်အမျိုးမျိုး ပါဝင်နေသဖြင့် နေ့စဉ်လိုလို အဆိပ်များကို လူအများစားသုံးနေရပါသည်။
သားငါးဘက်တွင်လည်း အဆိပ် နှင့် မကင်းပါ။ ယခင်က ရန်ကုန်မြို့မှ နယ်မြို့များသို့ သားငါးပုစွန် စသည်တို့ တင်ပို့ရာတွင် ရေခဲများနှင့်အတူ ရေခဲ ရိုက်၍ ပို့ကြပါသည်။ ယခုအချို့က ပိုမိုအမြတ်ရရန် ရေခဲလျှော့ပြီး လူသေကောင် မပုပ်စေရန်သုံးသည့် ဖော်မလင် ခေါ် ဆေးများ ထည့်သွင်း အသုံးပြုနေကြပါသည်။ အသားများ၊ ငါးများနှင့် ပုစွန် များကို ဆေးဆိုးကြသည်မှာ လူအများ အသိပင်ဖြစ်ပါသည်။ ငါးပိ အမြန်နူးနပ်စေရန် ငါးပိရည်ကို ဓာတ်မြေသြဇာ ထည့်ကြပါသည်။
ဝက်သား၊ ဘဲသား၊ အမဲသား၊ ကြက်သား စသည့် တိရစ္ဆာန်အဆီများ ကြောင့် ရောဂါအမျိုးမျိုး ဖြစ်ကြရသည်ကို ယခင်ကပင် သိရှိကြပြီးဖြစ်ပါသည်။

ယခုမကြာသေးမီ တစ်နှစ်လောက် မှ စ၍ ဈေးများတွင် အလွန်ကြီးသော ငါးကြင်း၊ ငါးမြစ်ချင်းများ တွေ့ရှိ လာရပါသည်။ သင်္ကာမကင်း ဖြစ်မိသော်လည်း အကြောင်းရင်းကို မသိခဲ့ပါ။ ကျွန်တော်၏ အိမ်ရှေ့အိမ်၌ သန်လျင်ဘက်မှ ဆေးတက္ကသိုလ်(၂) လာတက်နေသော ဆေးကျောင်းသူပြောမှ အဖြစ်မှန်ကို သိရပါတော့သည်။ ဆေးကျောင်းသူက ၄င်း၏မိဘများမှာ ငါးကန်များ နှင့် ငါးမွေးသည့် လုပ်ငန်းလုပ်ကြောင်း၊ အချို့ငါးမွေးသူ များသည် ငါးကန်များ မှ ၄င်းတို့သတ်မှတ်ထားသော အဆင့်မီ ငါးများကို ကြီးထွားဆေးများ ထည့်ဖျော်ထားသည့် အလျား၊ အနံ ၃၀ ပေခန့်ရှိ အုတ်ကန်ထဲ၌ ထည့်၍ ၄င်းတို့စိတ်ကြိုက် ကြီးနိုင်သမျှ ကြီးသည်အထိ ထပ်မံမွေးမြူပြီး ဈေးကွက်တင် ရောင်းချကြကြောင်း ပြောပြပါသည်။ ဆေးကျောင်းသူမှာ ပညာဗဟုသုတ ရှိသူလည်း ဖြစ်သောကြောင့် အလွန်ကြီးမား သော ငါးများကို မစားကြရန် ပြောပါသည်။ ထို့ကြောင့် ငါးကြီးသားကို အမြဲ စားနေသူများမှာ ငါး၏ဇာစ်မြစ်ကို စုံစမ်းပြီးမှသာ စိတ်ချလက်ချ စားသင့်ပါသည်။ သို့မဟုတ်ပါက အဆိပ်များကို စားနေရသလို ဖြစ်နေပါလိမ့်မည်။

ရန်ကုန်မြို့၏ လေထုကလည်း တစ်နှစ်ထက်တစ်နှစ် ပိုမိုဆိုးရွားလျက် ရှိပါသည်။ သစ်ပင်ကြီးငယ်များ အကြောင်းအမျိုးမျိုးကြောင့် နည်းပါးလျက် ရှိနေရာတွင် မော်တော်ကားများ အဆမတန် များပြားလာပြီး ၄င်းတို့မှ ထွက်ရှိလာသော အဆိပ်ဓာတ်ငွေ့များ ကြောင့် လေထုမှာ မသန့်ရှင်းတော့ ကြောင်း အားလုံးအသိပင် ဖြစ်ပါသည်။

အထက်ပါ အကြောင်းအရာများ အရ ကျွန်တော်တို့သည် အကြောင်း အမျိုးမျိုးကြောင့် ဆီ၊ အဆီနှင့် အဆိပ်များကို နေ့စဉ် စားသောက်နေကြရပါ သည်။ ထို့ကြောင့်ပင် ကမ္ဘာပေါ်တွင် မြန်မာနိုင်ငံသည် ကင်ဆာရောဂါဖြစ်သူ အများဆုံး၌ ဒုတိယအဆင့် ရောက်နေရခြင်း ဖြစ်ပါလိမ့်မည်။ အခြားရောဂါ ဖြစ်သူ များမှာလည်း အလွန်များပြား လျက်ရှိပါသည်။

ကျွန်တော်ငယ်စဉ်က မတွေ့ကြုံ ဖူးသော ကင်ဆာရောဂါမှာ အနှံ့အပြား ဖြစ်နေပါပြီ။ ရပ်ကွက်တိုင်းသာမက လမ်းတိုင်းတွင် ကင်ဆာရောဂါ ဖြစ်နေသူ၊ သေဆုံးခဲ့သူများ တွေ့ကြုံ နေရသည်။ ကင်ဆာရောဂါနည်းတူ နှလုံး၊ သွေးတိုး၊ လေဖြတ်၊ အသည်း အဆီဖုံး၊ ဆီးချို၊ သွေးချို၊ အရိုး ကျီးပေါင်း၊ ရောဂါဖြစ်သူများမှာလည်း လမ်းတိုင်း၌ တွေ့ရှိနိုင်ပါသည်။

အဆိုပါရောဂါများ နည်းပါးအောင် နိုင်ငံတော်အစိုးရနှင့် တကွ လူမှုရေး အဖွဲ့အစည်းများ၊ ပညာရှင်များနှင့် နိုင်ငံသူ နိုင်ငံသားအားလုံးတွင် တာဝန် ရှိပါသည်။ ထို့ကြောင့် တတ်နိုင်သော နည်းလမ်းများဖြင့် ကာကွယ်ကြရပါမည်။

ကျွန်တော် အထက်တန်း ကျောင်းသားဘဝတွင် ကျွန်တော်၏ဖခင်က ရောဂါများအဖြစ်များ လာရခြင်း နှင့်ပတ်သက်၍ ပြောကြားခဲ့သည်ကို အမှတ်ရမိပါသည်။ ဒုတိယကမ္ဘာစစ်ကြီး မဖြစ်မီ အချိန်က ဆန်စပါးစိုက်ပျိုး ရာတွင် ဓာတ်မြေသြဇာနှင့် ပိုးသတ်ဆေး ကို လူအများ အသုံးမပြုကြကြောင်း၊ ထိုစဉ်က ဓာတ်မြေသြဇာ နှင့် ပိုးသတ်ဆေး ကို အချို့လယ်သမားများ အသုံးပြု နေကြပြီ ဖြစ်သော်လည်း မတွင်ကျယ်သေးကြောင်း၊ သဘာဝမြေသြဇာနှင့် စိုက်ပျိုး သော ဆန်နှင့် အသီးအရွက်များကိုသာ စားသုံးရပြီး ဆီစားသုံးရာတွင်လည်း နှမ်းဆီကိုသာ အသုံးပြုကြကြောင်း၊ ထို့ကြောင့် ထိုစဉ်က လူအများရောဂါ အဖြစ်နည်းကြောင်း၊ လူအသေ အပျောက်လည်း အလွန်နည်းကြောင်း ရွာတစ်ရွာတွင် ၂ နှစ် သုံးနှစ်လောက် ကြာမှ လူတစ်ယောက် လောက်သာ သေဆုံးကြောင်း၊ ဒုတိယကမ္ဘာစစ်ကြီး ဖြစ်ပြီးနောက် ဓာတ်မြေသြဇာနှင့် ပိုးသတ်ဆေးကို စိုက်ပျိုးရေးတွင် အများအပြား အသုံးပြုလာပြီး လူအများက ပဲဆီကို ပိုမို စားသုံးလာသဖြင့် ရောဂါဘယ များထူပြောလာကြောင်း ပြောပြခဲ့ပါသည်။

မကြာမီက ဂျာနယ်တစ်စောင်တွင် ဆောင်းပါးတစ်ပုဒ် ဖတ်လိုက်ရပါသည်။ ဂျာနယ်နှင့် ရေးသူကို မမှတ်မိတော့ပါ။ ၄င်း၏မိသားစုတွင် သွေးတိုးနှင့် အရိုး ကျီးပေါင်းရောဂါ ဖြစ်ပွားနေသူများ ရှိရာ မည်သို့မျှ ကုသ၍ မပျောက်နိုင်ဘဲ ရှိနေရာမှ အညာရှိ ဆွေမျိုးများထံ နှမ်းဆီ စစ်စစ်မှာ၍ လအတန်ကြာ စားသုံးခဲ့ရာတွင်မှ သွေးတိုးနှင့် ကျီးပေါင်းရောဂါ ပျောက်ဆုံးခဲ့ရကြောင်း၊ အခြားသူများ လည်း လက်တွေ့ နှမ်းဆီစားသုံးကြည့် ကြပါရန် ရေးသားထားပါသည်။

ကင်ဆာ၊ သွေးတိုး၊ နှလုံး၊ လေဖြတ်၊ ဆီးချို၊ သွေးချို၊ ကျောက်ကပ် ရောဂါများအပါအဝင် အခြားရောဂါများ မဖြစ်ရအောင် အဖြစ်နည်းပါး သက်သာအောင် အောက်ပါအတိုင်း စားသောက် နေထိုင်သင့်ပါသည်။

အသီးအရွက်များကို သေချာစွာ ဆေးကြောပြီးမှစားပါ။ ငါးပိရည်ကို သတိပြု စားသုံးကြပါ။ အချိုမှုန့် လုံးဝ မစားပါနှင့်။

စားအုန်းဆီ မစားသုံးဘဲ နှမ်းဆီကိုသာ စားသုံးကြပါရန်၊ နှမ်းဆီစားရန် ဈေးကြီးသည်ဆိုလျှင် စားအုန်းဆီ ၁၀ သား စားမည့်နေရာတွင် နှမ်းဆီ၊ နေကြာဆီ ငါးကျပ်သား စားသုံးကြပါ။
ဆီ၊ အဆီနှင့် အဆိပ်ကို အတော် အသင့်ကာကွယ်နိုင်သော ကန်စွန်းရွက် များများစားကြပါ။ ဤနေရာတွင် ဓာတ်မြေသြဇာနှင့် ပိုးသတ်ဆေးများ အစဉ်အသုံးပြုနေသည့် ဈေးကွက်များ၌ တွင်တွင်ကျယ်ကျယ် ရောင်းချနေသော တရုတ် ကန်စွန်းရွက်များကို မဆိုလိုပါ။ တောရွာများနှင့် ဆင်ခြေဖုံးရပ်ကွက် များတွင် ပေါများစွာ ပေါက်ရောက်နေ သော မြန်မာကန်စွန်းရိုးနီ နှင့် အရိုးစိမ်း ကန်စွန်းရွက် များကို စားသုံးကြရန် ဖြစ်ပါသည်။

အရှင်နာဂသိန်ရေးသားသော "လက်စွဲဆေးအဘိဓာန် (ပထမတွဲ) စာမျက်နှာ ၁၁၂" တွင် "ကန်စွန်းပင်သည် ချို၏။ သတ္တိအေး၏။ အဆိပ်ကို ပြေစေ၏။ နို့ရည်နှင့် သုက်ဓာတ်ကို တိုးပွားစေ၏။ လေသလိပ်ကိုဖြစ်စေ၏။ ကင်းဆိပ်၊ တက်နာ၊ မီးလောင်နာ၊ ရေငတ်၊ ကျောက်တည်ဆီးရောဂါတို့ကို ပျောက်ကင်းစေ၏။ သွေးဝမ်း၊ မီးယပ်ဖြူ၊ နီ၊ ပန်းသေ၊ ပန်းညှိုးရောဂါ တို့၌ အကျိုးပြု၏" ဟု ရေးထားပါသည်။ စာမျက်နှာ ၁၁၄ တွင် "ကန်စွန်းရွက် သတ္တုရည်ကို လက်ဖက်ရည် တစ်ပန်းကန် ခန့် တိုက်ကျွေးသော် ဘိန်းဆိပ်နှင့် စိန်အဆိပ်သင့်ခြင်း များကို ပျောက်ကင်းစေ၏။ တစ်နည်း - ကန်စွန်းရွက်ကို ထန်းလျက်နှင့် ကျိုသောက်လျှင်လည်း အဆိပ်ပြေ၏။ တက်စာဖြစ်သော မျှစ်၊ မှို၊ ငါးသလောက်၊ အဆီစာများဖြစ်သော ဘဲ၊ ဝက်၊ ငါးတန်၊ ငါးမြင်းသားများ ချက်လျှင် ကန်စွန်းရွက်အနည်းငယ် ထည့်ချက်စားပါက အဆိပ်အတောက် တက်သည့်ဘေး၊ အဆီပိတ်သည့် ဘေးမှ ကာကွယ်၏" ဟု ရေးသားထားပါသည်။

ဦးသာတင့်ရေး "ပုဂ္ဂလပညတ် အခြေခံဓာတ်ကျမ်း" စာမျက်နှာ ၁၄၅ တွင် "ရေကန်စွန်းပင်သည် နို့ရည်ကို ဖြစ်စေ၏။ သုက်ကိုဖြစ်စေ၏။ ရေ၌ ရှိသော ပိုးကိုပယ်တတ်၏။ နူနာရောဂါ အကျိုးပြု၏။ ၄င်းအပြင် အန်ဆေး၊ ပိုး၊ ဝမ်းဗိုက်ရောင်၊ အဖျား၊ ဝါသင့်နာ၊ ချောင်းဆိုး၊ အသည်းနှင့်စပ်သော ရောဂါတို့နှင့်လည်း အကျိုးပြု၏" ဟု ရေးသားထားပါသည်။

Health Digest အတွဲ (၇) အမှတ် (၂၂)၊ မတ်လ ၁၀ ရက်နေ့၊ ၂၀၁၀ စာမျက်နှာ - ၃ "အစာလည်းဆေး၊ ဆေးလည်းအစာ" ဒေါက်တာရည်ညွန့်မေ ရေးဆောင်းပါးတွင် ကန်စွန်းဥ၏ ဆေးဖက်ဝင်ပုံကို အကျယ်တဝင့်ရေး သားထားပါသည်။ အဓိကအားဖြင့်
"မျက်စိအား ကောင်းစေသည်။ ကင်ဆာကို တိုက်ထုတ်သည်။ နှလုံးကို ကာကွယ်သည်။ အရိုးကို သန်မာစေသည်။ စိတ်ဓာတ်ကို ခိုင်မာစေသည်။ ကိုယ်ခံအားစနစ်ကို ကောင်းစေသည်" ဟုရေး သား ထားပါသည်။

ကျွန်တော်တစ်နေ့လျှင် ကန်စွန်းရွက် တစ်စည်း ၁၀၀ ကျပ်ဖိုး နေ့စဉ် သုံးခွက် တစ်ခွက်တင် ကျိုသောက်ပါသည်။
သုံးနှစ်ခန့်ရှိပြီဖြစ်ပါသည်။ ကျွန်တော် မဝပါ။ အဆီပိုမရှိပါ။ ပိန်လည်း မပိန်ပါ။ အဆီမရှိသဖြင့် သွေးတိုး ရောဂါမဖြစ်ပါ။ ကန်စွန်းရွက် တစ်မျိုးတည်းနှင့် ကင်ဆာရောဂါ ပျောက်ကင်းသည်ဟု အတိအကျ မပြောနိုင်သော်လည်း ဆေးရုံတွင် ဆေးကုသခံနေသည့် ကင်ဆာရောဂါသည် သုံးဦးမှာ
ကန်စွန်းရွက်ပြုတ်ရည်ကိုပါ သောက်ခိုင်းရာ ကင်ဆာရောဂါ လျင်မြန်စွာ သက်သာပျောက်ကင်း ခဲ့ပါသည်။

အဆီနှင့်အဆိပ်အပြင် အခြား ရောဂါမျိုးစုံ ပျောက်ကင်းစေနိုင်သော ကန်စွန်းရွက်ကို နေ့စဉ်စားသုံးသင့် ပါသည်။

နိုင်ငံတော် အဖွဲ့အစည်းများ၊ လူမှုရေး အဖွဲ့အစည်းများက ဦးဆောင်ပြီး နိုင်ငံသူ၊ နိုင်ငံသားအများ ပါဝင်လျက် ပြည်သူပြည်သားများ ဆီ၊ အဆီ နှင့် အဆိပ်အန္တရာယ်တို့မှ ကင်းဝေးရန် ဝိုင်းဝန်းဆောင်ရွက် သင့်ပါသည်။


ဦးအုန်းလှိုင် (တရားလွှတ်တော်ရှေ့နေ) - The Voice Weekly


ပါတီအချို့ ပြည်ပအလှူငွေလက်ခံမှု ကော်မရှင်သတိပေး

Posted: 11 Apr 2013 03:11 AM PDT

တရားဝင် မှတ်ပုံတင်ထားသော နိုင်ငံရေး ပါတီအချို့သည် ပြည်ပအလှူငွေ များ လက်ခံနေခြင်းမှာ ရွေးကောက်ပွဲဥပဒေ၊ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေတို့ကို ချိုးဖောက်ခြင်းဖြစ်သဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အနေနှင့် အရေးယူနိုင်ကြောင်း ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်က သတိပေး ပြောကြားသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


သင်္ကြန်အတွင်း လုံခြုံရေး ပြည်သူများ ပူးပေါင်းကူညီကြရန် ရဲတပ်ဖွဲ့ ပြောကြား

Posted: 11 Apr 2013 02:45 AM PDT

အခုနှစ်သင်္ကြန်ကာလမှာ ရန်ကုန်တိုင်း အတွင်း လုံခြုံရေးကို အထူးကြပ်မတ် ဆောင်ရွက်နေပြီး ပြည်သူတွေ တဦးချင်းအသိနဲ့ အဓိက ပါဝင်ပူးပေါင်းကူညီကြဖို့ ရန်ကုန်တိုင်း ဒေသကြီး၊ ရဲတပ်ဖွဲ့မှူးရုံး၊ ဒုတိုင်းတပ်ဖွဲ့မှူး၊ ဒုရဲမှူးကြီး သက်လွင်က ပြောကြားလိုက်ပါတယ်။ "ကြိုးစားပြီး လုပ်နေပါတယ်။ တနှစ်ထက်တနှစ် ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

ဒုရဲမှူးကြီး သက်လွင်

သင်္ကြန်ကာလတွင်း ကျုးလွန်သော ပြစ်မှုများကို အထူးတရားရုံးဖြင့် အရေးယူမည်

Posted: 11 Apr 2013 02:39 AM PDT

သင်္ကြန်ပွဲတော် ကာလအတွင်း အုပ်စုဖွဲ့ ရန်ဖြစ်မှုများနှင့် တုတ်၊ ဓား၊ လက်နက် ကိုင်ဆောင်ခြင်း စသော ပြစ်မှုများကို မဟာသင်္ကြန်စီမံချက် အမှုများအဖြစ် သတ်မှတ်ကာ သင်္ကြန် ကာလတွင် ဖွင့်လှစ်ထားသည့် အထူး တရားရုံးများသို့ တည်ဆဲဥပဒေများ နှင့်အညီ ----

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ






ချင်းတွင်းမြစ်ရေ အလွန်အမင်းကျဆင်းမှု ကုန်သွယ်ရေးအခက်ကြုံ

Posted: 11 Apr 2013 02:31 AM PDT

မြန်မာနိုင်ငံ အနောက်မြောက်ပိုင်း ဒေသများအတွက် ကုန်စည်အဓိက စီးဆင်းမှုရှိနေသော ချင်းတွင်းမြစ်တွင် ယခုလအတွင်း၌ မြစ်ရေ အလွန်အမင်း ကျဆင်းနေမှုကြောင့် ရေလမ်းသွားလာ ရေးနှင့် ကုန်သွယ်ရေး လုပ်ငန်းများတွင် အခက်အခဲများ ဖြစ်ပေါ်နေကြောင်း ကုန်သွယ်လုပ်ငန်းရှင် များ၏ ပြောကြား ချက်အရ သိရသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

ဓါတ်ပုံ - The Voice Weekly

ပင်စင်လစာများ လျှောက်စရာမလိုဘဲ ထုတ်ခွင့်ရရေး ဆောင်ရွက်နေ

Posted: 11 Apr 2013 02:15 AM PDT

ဧပြီလကစပြီး တိုးမြှင့်ရရှိမယ့် ပင်စင်လစာတွေကို လျှောက်ထားနေစရာမလိုဘဲ ပင်စင်ထုတ်နေကျ ဘဏ်တွေမှာ အချိန်တန် သွားရောက်ထုတ်ယူလို့ရအောင် လုပ်ဆောင်ပေးနေတယ်လို့ ပင်စင်ဦးစီးဌာနက ပြောပါတယ်။ ပင်စင်စား အငြိမ်းစား ၀န်ထမ်းတွေရဲ့ တိုးမြှင့် ပင်စင်လစာကို ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



ယာဉ် ၂ စီးတိုက်မိ၍ ၁ ဦးသေ၊ ၂၄ ဦး ဒဏ်ရာရ

Posted: 11 Apr 2013 02:03 AM PDT

၁၀-၄-၂၀၁၃ ရက်နေ့ ၀၉၄၀ အချိန် ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့၊ အရှေ့ဘက်ကမ်းရပ်ကွက်၊ ကျုံတူဘုရားမုဒ်ဝအနီး ရန်ကုန်-မော်လမြိုင်ကားလမ်း မိုင်တိုင်အမှတ်(၇၂/၃-၄)ကြားတွင် မွန်ပြည်နယ် မှ ပဲခူးသို့ ကျိုက်ထိုမြို့နယ်၊ ဆိပ်ကမ်းသာရပ်ကွက်၊ သိမ်ဇရပ်ကျေးရွာနေ အောင်ဝင်း (၅၃)နှစ်နေ မောင်းနှင်လာသည့် ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



၂ နှစ်သား အစိုးရကနေ ပြည်သူတွေ ဘာရလိုက်သလဲ

Posted: 11 Apr 2013 01:50 AM PDT

အခုဆိုရင် စစ်အာဏာရှင်တွေ ဆီကနေ ဦးသိန်းစိန် ဦးဆောင်တဲ့ အရပ်သားတပိုင်း အစိုးရ အာဏာလွှဲပြောင်း တာဝန်ယူခဲ့တာ ၂ နှစ် ရှိခဲ့ပါပြီ။ ဒီ ၂ နှစ်တာ ကာလအတွင်း ပြည်သူတွေဘ၀ ဘာတွေ ပြောင်းလဲ လာပြီလဲ၊ ပြောင်းလဲသင့် သလောက် ပြောင်းလဲ ခဲ့ရဲ့လား ဆိုတာ ခုတပတ် ဆွေးနွေးတင်ပြသွားမှာ ဖြစ်ပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



ဝန်ထမ်း လစာတိုး၍ ရန်ကုန် ကူးတို့ခများ နှစ်ဆတိုး ကောက်မည်

Posted: 11 Apr 2013 01:40 AM PDT

ဝန်ထမ်းများ လစာ တိုးမြှင့်ပေးရမည် နှင့်အညီ ဌာန ဝင်ငွေ လိုအပ်ချက်အရ ရန်ကုန် အခြေပြု ကူးတို့လမ်းများ၏ ခရီးသည်ခနှုန်းထားကို ဧပြီလ နောက်ဆုံး သီတင်းပတ်မှ စတင်၍ ပို့ဆောင်ရေး ဝန်ကြီးဌာန၊ ပြည်တွင်း ရေကြောင်း ပို့ဆောင်ရေးဌာနမှ ပြောင်းလဲ သတ်မှတ်လိုက်သည်။ ----

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


ဒလ - ရန်ကုန် ကူးနေတဲ့ ကူးတို့စက်လှေများ

၂၁ ရာစု မန္တလေး

Posted: 11 Apr 2013 01:27 AM PDT

ဓမ္မာရုံဘုရားပွဲနှင့် ဘုန်းကြီးပျံ၊ အလှူမင်္ဂလာဆောင်နှင့် ကလေးပုခက်တင်ပါမကျန် ဇာတ်ပွဲ၊ အငြိမ့်ပွဲများ အပြိုင်အဆိုင်ထည့်သွင်းကာ ၁၂ ရာသီပွဲလမ်းမပျက် လမ်းပိတ်အောင် စည်ကားခဲ့သောမြို့၊ နံနက်အရုဏ်တက် ဆွမ်းထချက် ကာ ထိုင်ကိုယ်တော်တစ်မျိုး၊ရပ် ကိုယ်တော်တစ်သွယ် ဆွမ်းခဲဖွယ်များ လောင်းလှူခဲ့သောမြို့၊ ထောင့်ကျကျလေးထောင့်ကွက် ၀င်းတွေမှာ နှစ်အိမ့်တစ်အိမ် ဆွေမျိုးတွေလို နေထိုင်ခဲ့ကြသော မြို့၊ မြန်မာဘုရင် နောက်ဆုံးမင်းဆက် နန်းစိုက်ခဲ့ရာ မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်များ ကျန်ရှိခဲ့သောမြို့၊ ရှည်လျားထည်ဝါသော သမိုင်းရှိပြီး ကိုယ်ပိုင်ယဉ်ကျေးမှုဖြင့် ၀ံ့ကြွားခဲ့သော ထိုမြို့မှာ ၂၁ ရာစုအရောက် တွင် အပြောင်းအလဲများ၊ အရွေ့ များစွာဖြစ်ပေါ်ခဲ့လေပြီ။

အရှေ့ဘက် ရှမ်းရိုးမတောင်တန်းများဘက်မှ နံနက်ခင်းနေရောင်ခြည်သန်းလာတော့ မန္တလေးမြို့က သံဃာတော်တွေ ဆွမ်းခံထွက်လာကြသည်။ သံဃာတော်များ၏ ကြွချီဦးတည်ရာမှာလည်း နေထွက်ရာမြို့အရှေ့ခြမ်း မန္တလေး မြို့သစ်ဘက်ဖြစ်သည်။ ယခင်လို မြို့တွင်းမဟုတ်တော့ဘဲ အနည်း ငယ်အလှမ်းဝေးသော မန္တလေးမြို့ သစ်ဘက်ခြမ်း ဖြစ်လာခဲ့သည်မှာ နှစ်အနည်းငယ်ကြာခဲ့လေပြီ။ တစ်နေကုန် ရုန်းကန်စီးပွားရှာပင်ပန်းခဲ့သော မန္တလေးမြို့ပေါ်လူထုအတွက် နေ့စဉ် နံနက်စောစောထကာ ဆွမ်းထချက်ရမည့် အလုပ်က မလွယ်ကူတော့ပေ။

ထို့ကြောင့် ဝေးလံလှသည့် မြို့သစ်သို့ သွားရောက်အလှူခံရမည့်အရေး အဆင်ပြေစေရန် ယာနဒါန ဆွမ်းခံကြိုပို့ယာဉ်များ ပေါ်ထွက်လာခဲ့သည်။ အလှူအတန်း ၀ါသနာပါသူများ စုစည်းကာ တစ်ပတ်တစ်ခါ စုပေါင်းဘုံဆွမ်းလောင်းအသင်းများ ဖွဲ့စည်းလာခဲ့ကြသည်။ လမ်း ၈၀ ယူနန်ဘုံကျောင်းမှလည်း ၀ါတွင်းဥပုသ်များတွင် ဆွမ်းခဲဖွယ်များ လောင်းလှူပေးခဲ့
ကြလေသည်။

"မန္တလေးဝန်းကျင် သံဃာတော်တွေအတွက် သူတို့ ဒကာ၊ ဒကာမတွေ ပြောင်းသွားတဲ့ မြို့သစ်ကိုပဲ ဦးတည်ပို့ပေးနေရပါ တယ်" ဟု မိုးထိအောင်စည်ယာနဓာန ဆွမ်းခံကြိုပို့ယာဉ် အဖွဲ့ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

မြို့သစ်ရောက် မန္တလေးသူ၊ မန္တလေးသားများက အလှူအတန်းအပြင် ဓလေ့ထုံးစံအတိုင်း သူတို့ရောက်ရှိသွားသည့် ရပ်ကွက်ဘုရားပွဲလေးများတွင် ပျော်ပျော်ရွှင်ရွှင် ဆင်နွှဲတုန်း။ သူတို့ချန်ထားရစ်ခဲ့ရသည့် မန္တလေးမြို့အတွင်း ဓမ္မာရုံဘုရားပွဲများကတော့ ခြောက်ခြောက်ကပ်ကပ် အငြိမ့်ပွဲဇာတ်ပွဲ အသာထားခြင်းပွဲကလေးနှင့် ပြီးရတာများလာသည်။ ပွဲမကြိုက်သည့် မြို့နေလူထုအကြား၊ ပွဲတော်ရက်မှာ တိုက်တံခါးပိတ် အိပ်လာကြသည့် မြို့နေလူတန်းစားများအကြား အငြိမ့်တွေ၊ ဇာတ်တွေလည်း ခေါင်းမထောင်နိုင်ကြတော့။ "ခုတော့ ကျွန်တော်တို့ မြို့သစ်ဘက်တွေကို အားထားနေရတယ်။ မြို့ထဲဇာတ်ကလည်း ကြည့်မယ့်သူနည်းသွားပြီ" ဟု ဇာတ်သဘင်သက် နှစ် ၃၀ ကျော်ရှိသည့် ပိုးချစ်ဇာတ် အထွေထွေတာဝန်ခံ ဦးလေးဇင်က ပြောသည်။

မိုးမချုပ် အိပ်ရေးမပျက် အငြိမ့်ပွဲ၊ ဇာတ်ပွဲအစားထိုး ခြင်းလုံးသရုပ်ပြပွဲတွေကိုတော့ မြို့နေလူထုက အားပေးမှုရှိသည်။ "ဆုငွေတွေလည်း ချကြတယ်။ သူတို့လည်း လိုက်ခတ်လာကြတယ်။ ဘုရားကြီး ခြင်းအလှခတ်ပြိုင်ပွဲမှာတောင် သူတို့အဖွဲ့တွေ ပါလာကြပြီ။ တရုတ်ပြည်ကိုလည်း အလှပြလိုက်ခတ်ဖို့ ဖိတ်ခေါ်ခဲ့ဖူးတယ်" ဟု ခြင်းလုံးသရုပ်ဖော်ကစားသည့် အဖွဲ့တည်ထောင်ထားသော ဦးကျော်သန်းက ပြောသည်။

အားကစားကို စိတ်ပါဝင်စားမှုရှိသည့် မန္တလေးမြို့ပေါ် နေထိုင်သူများအတွက် အဆင့်မြင့်ကိရိယာများကို အသုံးပြုထားသည့် အားကစားခန်းမတွေ အလျှိုလျှို ပေါ်ထွက်လာသည်ကလည်း ခေတ်သစ်မန္တလေး၏ ပုံရိပ်တစ်ခု ဖြစ်သည်။ မြို့တွင်းရှိ လမ်းလျှောက် အားကစားပြုလုပ်ရန်ကောင်းသော မန္တလေးနန်းမြို့ကျုံးဝန်းကျင်က သူတို့အတွက် အဆင်ပြေ ဆုံးနေရာဖြစ်လာသည်။ ထိုက်ကျိနှင့် ၀ူရှူးကစားရင်း နံနက်ခင်းတိုင်း မြို့နေလူထုနှင့် မန္တလေးကျုံးကြီး ဆုံစည်းဖြစ်နေကြသည်။ ၀ူရှူးနှင့် ထိုက်ကျိကစားသူ မြို့နေလူထုနှင့် မန္တလေးကျုံးကြီးက ခွဲ၍မရတော့။ "နံနက်ခင်းတိုင်း ကျုံးဘေးမှာ ၀ူရှူးတွေ၊ ထိုက်ကျိတွေ အဖွဲ့လိုက် စုပေါင်းကစားနေကြတာ တွေ့ဖူးတယ်။ မြို့သစ် ၆၂ လမ်းမှာလည်း လုပ်လာကြပြီ" ဟု မန္တလေးမြို့မှ လုပ်ငန်းရှင်တစ်ဦးဖြစ်သူ ဦးအောင်ဆွေက ဆိုသည်။

မန္တလေးကျုံးဝန်းကျင်တွင် စုပေါင်းအားကစားလုပ်နေကြသလို မန္တလေးမြို့တွင် နေထိုင်သည့် ဒေသခံများကလည်း နောင်ရှေ့ရေးမျှော်တွေးကာ တရုတ်ဘုံကျောင်းများသို့ အတူတကွ သွားရောက်ပညာသင်ကြားနေကြပြီ ဖြစ်သည်။ "တချို့က ဒီမှာ ဆရာတောင် ပြန်ဖြစ်ကုန်ပြီ" ဟု တရုတ်ဘုံကျောင်း ၀န်ထမ်းတစ်ဦးက ဆိုသည်။ ၂၀၁၂ ခုနှစ်အတွင်းမှာတော့ မန္တလေးမြို့တော်စည်ပင် သာယာရေးကော်မတီမှ လူမြင်ကွင်းများတွင် တပ်ဆင်ထားသည့် ဆိုင်းဘုတ်များ၌ မြန်မာစာနှင့် နိုင်ငံတကာသုံး အင်္ဂလိပ်စာမှလွဲ၍ လူအများနားမလည်သည့် အခြားဘာသာစကားများ အသုံးမပြုရန် မေတ္တာရပ်ခံ ဖြုတ်သိမ်းစေခဲ့သည်။ ထို့အတွက်တော့ လုပ်ငန်းရှင်အချို့ အခက်အခဲဖြစ်စေခဲ့သည်။ အများဆုံး ဆက်ဆံနေရသူများ ဖတ်ရှုနားလည်စေရန် တရုတ်စာဖြင့် ရေးထိုးထားသော ဆိုင်းဘုတ်များ ဖြုတ်သိမ်းပေးခဲ့ရသည်။ ယခုအချိန်ထိ စည်ပင်သာယာက တားမြစ်ထားသော်လည်း တပ်ဆင်အသုံးပြုနေသူအချို့ ရှိနေဆဲပင်ဖြစ်သည်။ "တရုတ်စာမထည့်ထားတော့ အခက်အခဲရှိတယ်" ဟု လေယာဉ်လက်မှတ်အရောင်းဆိုင် ၀န်ထမ်းတစ်ဦးက ဆိုသည်။

ဆိုင်ပြင်ပက ဆိုင်းဘုတ်ကိစ္စအပြင် ဆိုင်အတွင်း ၀န်ဆောင်မှုကိစ္စများကလည်း ရှိနေသေးသည်။မန္တလေးမြို့ရှိ အင်တာနက်ဆိုင်များအတွက် ရပ်တည်ဖို့ လွယ်ကူ စေမည့် နည်းလမ်းတစ်ခုမှာ အင် တာနက်လိုင်းကောင်းရန်အပြင် ချက်တင်ဆော့ဖ်ဝဲတစ်ခုဖြစ်သည့် Chinese QQ အက်ပလီကေးရှင်းနှင့် တရုတ်စာရိုက်စနစ်ဖြစ်သည့် Pyin Yin Keyboard နှင့် Sogo Font တို့ကို ကွန်ပျူတာများအတွင်း ထည့်သွင်းထားရန်ပင်ဖြစ်သည်။
ထိုသို့သာ ထည့်ထားပါက စီးပွားလာဘ်ရွှင်ဂါထာများပင် ရွတ်ရန်မလိုတော့ပါ။ "မန္တလေးက ဆိုင်တွေအတွက် အဲဒီဆော့ဖ်ဝဲနဲ့ အက်ပလီကေးရှင်းတွေက မရှိမဖြစ်ပဲ" ဟု အင်တာနက်ဆိုင်ဝန်ထမ်း တစ်ဦးဖြစ်သူ ကိုအောင်က ဆိုသည်။ မန္တလေးမြို့ယဉ်ကျေးမှုတစ်ခုဖြစ်လာသည့် KTV ကာရာအိုကေဆိုင်များတွင်လည်း တရုတ်သီချင်းများထည့်မထားသည့် ဆိုင်အတွက် ဈေးကွက်နေရာ ကျဉ်းသည်ဟု ဆိုင်တာဝန်ခံအချို့က ဆို သည်။
"ဆိုင်တော်တော်များများ မရှိမဖြစ် ထည့်ထားရတယ်" ဟုဆိုင်ဝန်ထမ်းတစ်ဦးက ပြောသည်။
မျက်ရစ်မပါသော မန္တလေးမြို့က ပျိုဖြူချောများအတွက် အိုင်းလိုင်နာက အသုံးဝင်ဆုံးဖြစ်လာသည်။ ပါးနီကြိုက်သည့် သူမတို့အတွက် နဂိုရဲပြီးသား မျက်နှာကြောင့် အရောင်မပါသည့် ပါးနီကို ပိုမိုသုံးစွဲလာသည်။ မန္တလေးမြို့၏ ပူပြင်းလှသည့် နေရောင်ကို အန်တုပြီး စီးပွားရှာနေသူတို့အတွက် ရည်ရွယ်ကာ Skin Care လုပ်ရန် ဗြူတီစလွန်းတွေက မှိုလိုပေါက်ကာ ပေါ်ထွက်လာသည်။ မျက်နှာတစ်ခါ ပေါင်းတင် ကျပ်နှစ်သောင်း၊ သုံးသောင်း၊ Skin Care တစ်စုံ ကျပ်ခုနစ်သိန်း၊ ရှစ်သိန်းသည် ၎င်းတို့အတွက် မပြောပလောက်ဟု ဗြူတီစလွန်း ဆိုင်ရှင်အချို့နှင့် အလှအပပစ္စည်း ရောင်းချနေသူ အချို့က ဆိုသည်။ အသားအရေစိုပြည်လှပအောင် သစ်သီးသီးနှံတွေ စားသုံးလေ့ရှိ ကြသည့် မန္တလေးမြို့နေ လူတန်းစားများအတွက် အသီးအနှံဆိုင်လေးတွေက အပြိုင်အဆိုင် ပေါ်ထွက်လာသည်။ သစ်သီးမျိုးစုံ ကြိုက်တတ်ကြသည့်အတွက် အဖိုးတန်သစ်သီးတွေက ဆိုင်တွေမှာ နေရာဝင်ယူလာသည်။ တစ်ပိဿာလျှင် ကျပ် တစ်သောင်းငါးထောင်ခန့်ရှိသည့် ယိုးဒယား စပျစ်သီးများ၊ တစ်လုံးလျှင် ကျပ် ၁၈၀၀ ၀န်းကျင်ရှိသည့် နဂါးမောက်သီးများ၊ တစ်လုံး ကျပ် ၂၅၀၀ ခန့်ရှိသည့် ကျွဲကောသီးများကို သစ်သီးဆိုင်တွေက ရဲရဲဝင့်ဝင့် တင်နိုင်လာကြသည်။ "မြန်မာတွေကတော့ အခါကြီးရက်ကြီး သစ်သီးကိုးမျိုးတင်တဲ့ အခါမျိုးဆိုရင် ရောင်းရတယ်။ ပုံမှန်ရက်မျိုးကတော့ ဈေးအရမ်းကြီးတဲ့ အသီးတွေ သိပ်မ၀ယ်ကြဘူး""ဟု လမ်း ၈၀ တွင် သစ်သီးရောင်းချနေသည့် အမျိုးသမီးတစ်ဦးက ပြောသည်။

သစ်သီးတင်မဟုတ်၊ အခြားစားသောက်မှုများလည်း မသိမသာပြောင်းလဲလာသည်မှာ မန္တလေး၏ ပုံရိပ်သစ်များဖြစ်သည်။ မုန့်တီ၊ မုန့်ဟင်းခါး၊ ထမင်းသုပ်၊ မုန့်သိုင်းခြုံအစရှိသည့် မြန်မာမုန့်မျိုးစုံ ရောင်းချနေသည့် ဈေးချိုတော်ညဈေးတန်းထက် ရှမ်းခေါက်ဆွဲ၊ အကင်စုံ၊ မာလာဟင်းနှင့် တရုတ်အစားအစာတွဲဖက်ပြီး မျိုးစုံရောင်းချနေသည့် ၇၆ လမ်း ညဈေးတန်းက ပိုမိုအရောင်းအ၀ယ် ဖြစ်လာသည်။ မုန့်မျိုးစုံတွဲဖက်ရောင်းချသည့် မန္တလေးလက်ဖက်ရည်ဆိုင်များတွင် မန္တလေးမုန့်တီနှင့် အကြော်စုံထက် ရှမ်းခေါက်ဆွဲနှင့် ၀က်ခေါက်ကြော်က မရောင်းမဖြစ်ရောင်းချနေရသည့် မန္တလေး အစားအသောက်ဖြစ်လာသည်ဟု ဆိုင်ရှင်အချို့က ဆိုသည်။

ယခင်နှစ်ပိုင်းက မဟာမြတ်မုနိဘုရားဝန်းကျင်ရှိ ကျောက်ဆစ်တန်းတွင် ကွမ်ရင်မယ်တော် ရုပ်ပွားတော်များ၊ ဦးတီပွားရုပ်ပွားတော်များ သူ့ဆိုင်ကိုယ့်ဆိုင် မြိုင်မြိုင်ဆိုင်ဆိုင် ထုလုပ်ပေးခဲ့ရသည်ဟု မဟာမြတ်မုနိဘုရားကြီးမှ အမှတ်တရအရောင်းဆိုင်ရှင်တစ်ဦးက ဆိုသည်။ အခုတော့ အချိန်ယူ ထုလုပ်ရသည့် ကျောက်ဆစ်ရုပ်ပွားတော်ကို စောင့်ရန်မလိုတော့။ တရုတ်နိုင်ငံမှ ၀င်ရောက်လာသည့် ဈေးနှုန်း ကျပ်တစ်ဆယ့်ငါးသိန်းဝန်းကျင်အထိရှိသော ဗုဒ္ဓရုပ်ပွားတော်များ၊ ကွမ်ရင်မယ်တော် ရုပ်ပွားတော်များ၊ တရုတ်နိုင်ငံလုပ် ကြွေပန်းအိုးကြီးများ၊ တရုတ်စစ်သူကြီးအရုပ်များ၊ တရုတ်နတ်ရုပ်များ ရောင်းချပေးနေသည့်ဆိုင်များ ပေါ်ထွက်လာပြီဖြစ်သည်။

မန္တလေးသည် အရှိန်အဟုန်ဖြင့် ပြောင်းလဲလာပြီဟု မန္တလေးမြို့ခံ အချို့က သုံးသပ်သည်။ မနည်းကြံ့ကြံ့ခံနေရတယ်ဟုလည်း မန္တလေးသား စာရေးဆရာဆူးငှက်က ပြောသည်။ မန္တလေးသည် တကယ်တော့ မန္တလေးပင် ဖြစ်ပါသည်။

ရေးသားသူ-ညီညီဇော် --- 7Day News Journal


စီအင်န်အင်န်ကပြောသော မြန်မာပြည်မလာမီ သင်သိထားရန်များ

Posted: 11 Apr 2013 01:26 AM PDT

မြန်မာနိုင်ငံသို့ မလာရောက်မီ သိထားသင့်သော အချက်(၁၁)ချက်ဟူ၍ နိုင်ငံတကာသတင်းဌာန စီအင်န်အင်န်က တင်ပြထားပုံမှာ ဆန်းသစ်သွက်လက်လှသည်။ မြန်မာနိုင်ငံမှ ပန့်လူငယ်များ သူတို့ ဆံပင်အမောက်ထောင်နေအောင် မည်သို့လုပ်ဆောင်ခဲ့သနည်း အစချီကာ ၂၀၁၃ ခုနှစ်တွင် ခရီးသွားများအနေဖြင့် မြန်မာနိုင်ငံသို့ အမြန်သွားရောက် သင့်သည်ဟုဆိုကာ မြန်မာနိုင်ငံအကြောင်း ပေါ့ပေါ့ပါးပါး မိတ်ဆက်သည်။

ပထမတစ်ချက်တွင် မြန်မာနှစ်သစ်ကူး ရေသဘင်သင်္ကြန်ပွဲတော် ဧပြီ ၁၃ မှ ၁၆ ရက်အထိ လေးရက် ကြာမြင့်ပုံပြောသည်။ နှစ်သစ်ကူးလေးရက်တွင် ဘဏ်၊ စားသောက်ဆိုင်၊ ဈေးဆိုင်များအားလုံးပိတ်သည်။ အစည်ကားဆုံးမှာ ရန်ကုန်နှင့် မန္တလေး။ လူတိုင်းရေပက်ကစားကြ၍ ခြောက်သွေ့နေရန် လုံးဝမဖြစ်နိုင်။ သင်္ကြန်ရေမှာ နှစ်ဟောင်းက အညစ်အကြေးများ ဆေးကြောခြင်းအထိမ်းအမှတ်။ နှစ်ဆန်းတစ်ရက်နေ့တွင် ငါး၊ ငှက်လွှတ်၍ဇီဝိတဒါန၊ အလှူဒါနပြုကြသည်။ မကြာမီနှစ်များအတွင်း ဆံပင်ကိုပန့်ထောင်ခြင်း ခေတ်စားလာရာ သားရေလုပ်ငန်းသုံး ကော်များအသုံးပြု၍ သင်္ကြန်ပြီးလျှင် ခေါင်းတုံးရိတ်ပစ်သည်။ ယခုတော့ ပန့်များက Hairspray အသုံးပြုနေကြပြီဖြစ်သည်။

ဒုတိယတစ်ချက်တွင် အပန်းဖြေစရာကမ်းခြေသာများရှိကြောင်းပြောသည်။ မြန်မာနိုင်ငံမှာ ပင်လယ်ကမ်းရိုးတန်းမိုင်ပေါင်း ၁၂၅၀ ပိုင်ဆိုင်သည်။ ဘင်္ဂလားပင်လယ်အော်နှင့် အန်ဒါမန်ပင်လယ်ကမ်းရိုးတန်းတစ်လျှောက် ကမ္ဘာလှည့် ခရီးသွားများ မသိသေးသော ဖွံ့ဖြိုးမှုကြောင့် ပျက်စီးခြင်းမရှိသေးသည့် ကမ်းခြေများရှိသည်။ ကမ်းခြေအများစုမှာ အနောက်အရပ်သို့ မျက်နှာမူနေ၍ နေ၀င်ချိန်များမှာ အဖိုးမဖြတ်နိုင်။ လူသိအများဆုံးမှာ ငပလီ။ ရန်ကုန်မှ ၄၅ မိနစ်လေယာဉ်ခရီး။ သဲဖြူလွသောင်ပြင် အရှည်နှစ်မိုင်ကျော်နှင့် အုန်းပင်များ အန်ဒါမန်ပင်လယ်ကို လှမ်းမျှော်ကြည့်နေ။ အပန်းဖြေစရာ စခန်းသာကြီးများစွာ။

အလွန်မဖွံ့ဖြိုးသေးသည်က ငွေဆောင်။ ရန်ကုန်မှကားဖြင့်သွားလျှင် ငါးနာရီခရီး။ လှလှပပ မပျက်စီးသေးသော၊ ကမ်းခြေ။ Silver Beach ဟု ခေါ်ဆိုပြီး ၁၃မိုင်ရှည်သော ငွေဆောင်မှာ အာရှမှ အရှည်လျားဆုံး ပင်လယ်ကမ်းခြေတစ်ခု။

တတိယတစ်ချက်တွင် အင်တာနက်ဆင်ဆာမရှိတော့သော်လည်း နှေးကွေးကြောင်းပြောသည်။

၂၀၀၀ ပြည့်နှစ်တွင် အင်တာနက်မြန်မာနိုင်ငံသို့ ဆိုက်ရောက်။ ဈေးနှုန်းမြင့်၊ ဆက်သွယ်မှုနှေး၍ အသုံးမတွင်ကျယ်။အစိုးရဟောင်းလက်ထက် You Tube နှင့် Gmail ကြားဖြတ်ပိတ်ဆို့ထားခဲ့။ ကန့်သတ်မှုများ အများအားဖြင့် ဖယ်ရှားပြီးဖြစ်ကာ ပြီးခဲ့သည့်လက ဂူးဂဲလ်ဥက္ကဋ္ဌ အဲရစ်ရှမစ် မြန်မာနိုင်ငံသို့ လည်ပတ်ခဲ့။

စီအင်န်အင်န်သတင်း ထောက်က စတုတ္ထအချက်တွင် ငွေသားများများ ဆောင်လာပါ။ သန့်သန့်လေးဖြစ်ပါစေဟု ဆိုထားသည်။ မြန်မာနိုင်ငံမှာ ATM (ငွေထုတ်စက်)ရှားပါး။ အလည်အပတ်လာသူများ အမေရိကန်ဒေါ်လာများ တစ်ပွေ့တစ်ပိုက်
သယ်လာပါ။ အရွက်ကြီးလေ လဲလှယ်နှုန်းကောင်းလေ။ ဒေါ်လာစိမ်းစိမ်းများ သန့်ရှင်းပါစေ။ တွန့်ကြေ၊ စွန်းထင်း၊ အမှတ်အသား၊ ပြဲရာစုတ်ရာ မရှိရ။ ခေါက်ထားလျှင်ဖြစ်စေ၊ နွမ်းနေလျှင်ဖြစ်စေ မြန်မာနိုင်ငံတွင် သုံးမရ။

ခရက်ဒစ်ကတ်(ကြွေးဝယ်ကတ်) များကို လောလောဆယ်တွင် ကြယ်ငါးပွင့်ဟိုတယ်များ၊ အဆင့်မြင့်စားသောက်ဆိုင်များ၊ ဈေးဆိုင်များတွင်သာ လက်ခံသည်။ ထုံးစံအားဖြင့် ကျသင့်ငွေထက် ၂-၃ ရာခိုင်နှုန်း အပိုဆောင်းပါဝင်။ သို့သော် ပြောင်းလဲလာတော့မည်။ နှစ်ကုန်ပိုင်းတွင် ကြွေးဝယ်ကတ်များ ကျယ်ကျယ်ပြန့်ပြန့် လက်ခံလာလိမ့်မည်။

မြန်မာနိုင်ငံတွင် သုံးသောငွေကြေး ကျပ်(Chat ဟု အသံထွက်) ကန်ဒေါ်လာ တစ်ဒေါ်လာလဲလျှင် ၈၈၂ ကျပ်။ ငွေသားများများ သယ်ဆောင်ရခြင်းအတွက် စိတ်ပူစရာမရှိ။ နိုင်ငံခြားသားအပေါ် ကျူးလွန်သော ပြစ်မှုရှားပါး။ ဗုဒ္ဓဘာသာအများစုဖြစ်သော မြန်မာနိုင်ငံသားများမှာ အများအားဖြင့် ရိုးသား။ နောက်တစ်ချက်တွင် မြန်မာနိုင်ငံ၌ အနမ်းခြွေသံဖြင့် ဘီယာမှာနိုင်ပုံကို စီအင်န်အင်န် သတင်းထောက်က ဆက်လက်တင်ပြသည်။ မြန်မာလူမျိုးတစ်ဦး စားပွဲထိုးခေါ်လိုပါက အနမ်းခြွေသံပြုသည်။

ထုံးစံအားဖြင့် အနမ်းခြွေသံ နှစ်ချက် သုံးချက်။ ကြောင်လေးတစ်ကောင်ကို ခေါ်သောအသံမျိုး။ ရန်ကုန်က တရုတ်တန်း ၁၉ လမ်းမှာ အနမ်းခြွေသံ တပြွတ်ပြွတ်။ လမ်းလျှောက်သူများအတွက် သီးသန့်လမ်းမှာ မြန်မာလူများများ သောက်စားရာနေရာ။ ဒေသကုတ်မှာ မြန်မာဘီယာတစ်ခွက် ၆၀ ဆင့် ဆိုတော့ ဈေးပေါသည်။ ဖြတ်သွား ဖြတ်လာသူများကြည့်ဖို့ရာ အကောင်းဆုံးနေရာ။ နား၊ မျက်စိ ဖွင့်ထားလျှင် ရန်ကုန်ကဟစ်ဟော့ပ်သစ္စာခံတွေကိုတွေ့ရလိမ့်မည်။

ညပိုင်းအမျိုးသမီးများ တွေ့ရဖို့မမျှော်လင့်ပါနှင့်။ မြန်မာအမျိုးသမီးအများစု အိမ်ထောင်သည် ဖြစ်ဖြစ်၊ အပျိုဖြစ်ဖြစ် ညပိုင်းအိမ် မှာနေတာများသည်။ အနောက် တိုင်းအမျိုးသမီးများကို မကြိုဆိုဟု မဆိုလိုပါ။ နိုင်ငံခြားသားများတွင် မတူညီသော ဓလေ့ထုံးတမ်းရှိ သည်ကို နားလည်သည်။

နောက်တစ်ချက်မှာ ဟိုတယ်များ ဈေးကြီးခြင်းဖြစ်သည်။
ပြီးခဲ့သည့်နှစ်က ဟိုတယ်အခန်းခများ ၃၅ ရာခိုင်နှုန်းထိုးတက်သွားသည်။ ယင်းမှာ ၂၀၁၁ ခုနှစ်က တစ်ည ၂၅ ဒေါ်လာအခန်း မှာ ယခုအခါ ဒေါ်လာ ၁၀၀ ကျသင့်သည်ဟူသော အဓိပ္ပာယ်ဖြစ်သည်။ ရောင်းလိုအားနှင့် ၀ယ်လိုအားသဘောပင်ဖြစ်သည်။ နိုင်ငံပွင့်လင်းလာကတည်းက စီးပွားရေး ခရီးသွားများနှင့် ကမ္ဘာလှည့် ခရီးသည်များ မြန်မာနိုင်ငံသို့ လေယာဉ်စင်းလုံးပြည့် လာရောက်နေကြသည်။လည်ပတ်သူများ အဆမတန်များလာသည်။ ယမန်နှစ်က လူပေါင်းတစ်သန်းကျော် လည်ကြသည်။ သို့သော် ဟိုတယ်အရေအတွက်က အကြမ်းအားဖြင့်မူလအတိုင်း။

ဟိုတယ်များ ပိုများလာပါမည်။ သို့သော် အချိန်ယူတည်ဆောက်ရမည်ဖြစ်ရာ ဟိုတယ်မလုံလောက်မှုမှာ နောက်ထပ် ငါးနှစ်တန်သည်၊ ဆယ်နှစ်တန်သည် ကြာမြင့်နေဦးမည်။ နေစရာအတွက် ကြိုတင်စီစဉ်ဘွတ်ခ်ကင် ယူလာပါ။ ခရီးသွားများ တစ်ဟုန်ထိုး တိုးတက်လာရခြင်းကို လက်မလွှတ်လို၍ ဟိုတယ်အများစုမှာ ပြင်ဆင်မွမ်းမံနေသည်။ ထိုအတောအတွင်း ဟိုတယ်များကို ဖွင့်ထားသည်။အခန်းကြိုတင်မှာ ယူလျှင် ပြင်ဆင်မွမ်းမံရေးလုပ်ငန်းများ ရှိ၊ မရှိ စူးစမ်းသင့်သည်။ ရှိလျှင် ဆူညံမှုများနှင့် ဝေးရာမှ အခန်းကို တောင်းဆိုပါ။

သတ္တမအချက်မှာ ယောက်ျားများ စကတ်ဝတ်ခြင်းကိစ္စ။ မြန်မာရိုးရာအ၀တ်အစားမှာ လုံချည်။ ယောက်ျားများက ရှေ့တွင် ထုံး၍မိန်းမများက ပတ်ချာလည်ခေါက်ကာ နံဘေးတွင် စည်းသည်။ NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှာ လှလှပပ လုံချည်များနှင့် ချုပ်ထည်အပေါ်အင်္ကျီများ ၀တ်ဆင်ကြောင်း လူသိများသည်။ ရပ်တည်ချက်မြင့်မားသော ၎င်းကြောင့်ပင် မြန်မာ အမျိုးသမီးငယ်များအကြား ရိုးရာဝတ်စားဆင်ယင်မှု လူကြိုက်များလာစေသည်။

မြို့ကြီးများတွင် မြန်မာအမျိုးသားများမှာ အပြင်ထွက်လျှင် လုံချည်အောက်တွင် အတွင်းခံများဝတ်ဆင်ကြသည်။ အိမ်မှာ
ဆိုလျှင်မူ စကော့လူမျိုးများ ဒူးတိုက်ဝတ်စုံများ ၀တ်သလို ၀တ်ဆင်ကြသည်။ ကျေးလက်တွင်မူ အမျိုးသားရော အမျိုးသမီးများ အတွက်ပါ အတွင်းခံအ၀တ်အစား ပို၍အသုံးပြုမှုနည်းပါသည်။ အမျိုးသားတစ်ဦး နောက်နောက်ပြောင်ပြောင်ပြောသလိုပင် "လုံချည်ဝတ်ရတာ မိုက်တယ် လေအေးပေးစက် အလကားတပ်ထားသလိုပဲ" ။

ဒါလည်း ကောင်းကွက်ပင်ဖြစ်သည်။ အထူးသဖြင့် နွေရာသီအပူ ချိန် ၁၀၄ ဒီဂရီဖာရင်ဟိုက် ရောက်ချိန်မျိုး၌ဖြစ်သည်။ နိုင်ငံခြားသားတစ်ဦး လုံချည်ဝတ်သွားမည်ဆိုလျှင် စကားမမြည်ပြောဖို့အခွင့်အလမ်းတစ်ခု ဖြစ်သွားနိုင်သည်။

အဋ္ဌမအချက်မှာ အစားအသောက်ထူးထူးခြားခြားကောင်းခြင်း ဖြစ်သည်။ ဘယ်ဘက်လက်ဖြင့် စားသောက်ခြင်းမှာ ရိုင်းသည်ဟု မှတ်ယူကြသည်။ အကြောင်းမှာ ဘယ်ဘက်လက်မှာ တစ်ကိုယ်ရေသန့်စင်မှုအတွက် သုံးသောလက်ဖြစ်သည်။ ရှင်းရှင်းလင်းလင်းပြောရလျှင် ဘယ်ဘက်လက်က ရေအိမ်သုံးစက္ကူအလုပ်ကို လုပ်သည်။

မြန်မာ ထမင်းဟင်းတစ်ပွဲတွင် ထုံးစံအားဖြင့် ထမင်းပူပူနွေး နွေး၊ ငါး၊ အသား၊ ဟင်းသီးဟင်းရွက်နှင့် ဟင်းချိုတို့ပါဝင်ပြီး ထမင်းဟင်းပွဲများ တစ်ပြိုင်နက်တည်း ရောက်လာသည်။ ထုံးစံဖြစ်၍ ဗုဒ္ဓဘာသာများက အမဲသားကိုရှောင်ကြဉ်ပြီး အစ္စလာမ်ဘာသာဝင်များက ၀က်သားမစား။ ထမင်းဟင်းကိုချိုမြသောအရသာမှာ ဟင်းခတ်အမွှေးအကြိုင်များများအထိ အမျိုးမျိုးအဖုံဖုံစားသုံးပြီး လူတိုင်းက မိမိကြိုက်နှစ်သက်သလို ချက်ပြုတ်စားသုံးကြသည်။

န၀မအချက်တွင် ခုန်ဆွ ခုန်ဆွ ရထားများ အကြောင်းပြောသည်။
ရထားလမ်းများ ညံ့ဖျင်း၍ ရထားတွဲများမှာ ယိမ်းထိုးလှုပ်ရမ်း နေတတ်သည်။ ဖင်တကြွကြွ စီးရသော်လည်း ရထားများမှာနိုင်ငံကို ကြည့်ရှုရန် အကောင်းဆုံးနည်းလမ်းတစ်ခု ဖြစ်သည်။ မြန်မာနိုင်ငံမှ ရထားများမှာ နှေးကွေးပြီး နောက်ကျတတ်သည်ဟု နာမည်ကြီးသည်။ စိတ်အချဆုံးလမ်း ရန်ကုန်-မန္တလေး ခရီးစဉ်မှာ ၁၆ နာရီကြာပြီ။ နောက်ကျမှု မရှိဟု ယူဆလျင်ပေါ့။

ဘတ်စ်ကားများမှာ ပိုမြန်သောလည်း မကြာခဏဆိုသလို လူများပြည့်ကျပ်နေတတ်သည်။
ပြည်တွင်း လေကြောင်း ခရီးစဉ်များမှာ ခရီးဝေးအတွက် သက်သောင့်သက်သာ အရှိဆုံးဖြစ်ပြီး အခြားနိုင်ငံများနှင့် နှိုင်းယှဉ်ပါက ဈေးချိုသည်။

ဒသမအချက်တွင် စီအင်န်အင်န်သတင်းထောက်က သတင်းမီဒီယာအကြောင်း ပြောသည်။
ဖိနှိပ်ချုပ်ချယ်သော စစ်အစိုးရအောက် နှစ်ပေါင်း ၅၀ ကြာနေခဲ့ရပြီးနောက် မြန်မာလူမျိုးမှာ သတင်းလွတ်လပ်ခွင့် အရသာသစ်ကို မြိန်ယှက်စွာခံစားရင် သတင်းများအတွက် အာသီသ ပြင်းပြနေကြသည်။ ယခင်ကဆိုလျှင် ပုံနှိပ်စာစောင်မှန်သမျှ ၎င်းတို့ သတင်းများကို စာပေစိစစ်ရေးနှင့် မှတ်ပုံတင်ဌာနသို့ တင်သွင်းအတည်ပြုချက်ရယူရသည်။ ၂၀၁၂ ခုနှစ်အတွင်း ဆင်ဆာဖြတ်ခြင်းကို တဖြည်းဖြည်းချင်း ဖြေလျှော့လာခဲ့ပြီး ယခုနှစ်ဆန်းပိုင်းတွင် ယင်းဌာနကို တရားဝင်ဖျက်သိမ်းလိုက်သည်။

၂၀၁၂ ခုနှစ်မှ ၁၉၉၆ ခုနှစ်နောက်ပိုင်း ဂျာနယ်လစ်များ ထောင်ချမခံရသည့် ပထမဆုံးနှစ်ဖြစ်သည်။ နိုင်ငံမှ ထွက်ပြေး
သွားပြီး ပြည်ပတွင် နေထိုင်ခဲ့ရသော မြန်မာဂျာနယ်လစ်များလည်း တဖြည်းဖြည်း နိုင်ငံသို့ ပြန်လာနေကြသည်။

ဧပြီလ ၁ ရက်နေ့မှာ မြန်မာမီဒီယာလောကအတွက် အထင်ကရနေ့ဖြစ်သည်။ ၁၉၆၄ ခုနှစ်နောက်ပိုင်း ပထမဦးဆုံးအကြိမ်အဖြစ် နေ့စဉ်သတင်းစာများ ထုတ်ဝေခွင့်ပြုခဲ့သည်။ သတင်းလွတ်လပ်ခွင့်အတွက် ကြီးမားသောခြေလှမ်းဖြစ်သော်လည်း လူကြိုက်များသော အပတ်စဉ်ထုတ် စာစောင်များမှာ နေ့စဉ် သတင်းစာသို့ ကူးပြောင်းရာတွင် ရုန်းကန်ရလိမ့်မည်ဟူသော စိုးရိမ်မှုများ ရှိနေပါသည်။

ဧကဒသမနှင့်နောက်ဆုံးအချက်တွင် စီအင်န်အင်န်သတင်းထောက်က "သွားများနီရဲနေသူများမှာ သွေးစုတ်ဖုပ်ကောင်များ မဟုတ်ပါ" ဟု ခပ်သောသောလေး ဆေးရောင်ခြယ်သည်။

ကွမ်းစားခြင်းမှာ တစ်မျိုးသားလုံးအကြိုက် ဖြစ်သည်။ လက်ဝါးအရွယ် အစိမ်းရောင်အရွက်များရောင်းနေသော ဆိုင်သေးသေးလေးများကို နေရာတကာ တွေ့ရသည်။ ကွမ်းရွက်များတွင် လေးထောင့်ကွမ်းသီးစိတ်များ၊ အမွေးအကြိုင်များ၊ တစ်ခါတစ်ရံ ဗမာဆေးရည်တစ်စက်နှစ်စက်ထည့်၍ လုံးထုပ်ကာ ပါးစပ်ထဲပစ်ထည့်၍ ၀ါးကြသည်။

ကွမ်းသီး၏ မူးယစ်ဆေး ပျော့ပျော့ခံစားမှုရရှိရန် အတန်ကြာဝါးရသည်။ ကွမ်းတစ်ရာလျှင် ၆ ဆင့်မျှသာကျသင့်ရာ လူကြိုက်များလှသည်။ သို့သော် မကောင်းသောအချက်လည်းရှိပါသည်။ကွမ်းစားခြင်းကြောင့် သွားများကို နီညိုရောင်စွန်းထင်းစေသည်သာမက ကွမ်းသွေးနှင့် ၀ါးကျန်ကွမ်းဖတ်အစအနများကို ကြမ်းပြင်ပေါ် တွေ့ကရာထွေးထုတ်ကြရာ လမ်းဘေးလူသွားလမ်းများ ညစ်ပတ်ပေရေနေပါတော့သည်။ မူးယစ်ဆေးကဲသို့လည်း စွဲလန်းစေနိုင်ပါသည်။ ။

ရဲမင်း ဘာသာပြန်ဆိုသည် --- 7Day News Journal


နေပြည်တော်အနီး ရစ်ခ်ျတာစကေး ၅.၅ အဆင့်ရှိ ငလျင်လှုပ်

Posted: 11 Apr 2013 01:12 AM PDT

ဒီနေ့ မနက်ပိုင်း ရစ်ခ်ျတာစကေး ၅.၅ အဆင့် လှုပ်သွားတဲ့ ငလျင်အပါအ၀င် နေပြည်တော်အနီး ၂ ပတ် အတွင်း  ငလျင် ၄ ကြိမ် လှုပ်ခဲ့ပါတယ်။ ဧပြီ ၁၁ ရက် မနက်ပိုင်း လှုပ်သွားတဲ့ ငလျင်နဲ့ ပတ်သက်တဲ့ သတင်းထုတ်ပြန်ချက်ကို  မိုးလေ၀သဌာန တာဝန်ကျဝန်ထမ်းတဦးက အခုလို ပြောပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



ရေအားလျှပ်စစ် စက်ရုံငယ် ၈ဝ အမှောင်ထွန်းဒေသ အချို့တွင် တည်မည်

Posted: 11 Apr 2013 01:02 AM PDT

ရေအား လျှပ်စစ်စက်ရုံငယ် ၈ဝ တည်ဆောက်၍ မီးမရသေးသည့် ဒေသအချို့ကိုပေးသွားရန် နယ်စပ် ရေးရာ ဝန်ကြီးဌာနက စီစဉ်နေပြီဟု သိရသည်။မဟာဓာတ်အားလိုင်းများနှင့် ဝေးကွာပြီး လျှပ်စစ်မီးမရသေးသော နေရာတို့ကို ထိုစက်ရုံငယ်များဖြင့် ပထမဦးဆုံး စီစဉ်ခြင်းဖြစ်ရာ ပြည် နယ်နှင့် တိုင်းဒေသကြီး ၆ ခုနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ ၆ ခုတို့ တွင်ဖြစ်သည်ဟု ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



လေယာဉ်ဆီတင်ဆောင်လာသော ဘောက်ဆာယာဉ်တိမ်းမှောက်

Posted: 11 Apr 2013 12:55 AM PDT

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ် ခပေါင်းတံတားအဝင် ချဉ်းကပ်လမ်းပေါ်၌ ဧပြီလ ၁၀ ရက် မွန်းလွဲ ၃ နာရီ ၃၀မိနစ်က လေယာဉ်ဆီ ဂါလန် ၇၀၀၀ ကျော် တင်ဆောင်လာသော ဆီသယ် ဘောက်ဆာယာဉ် တစ်စီး တိမ်းမှောက်ခဲ့ကြောင်း တောင်ငူခရိုင် ရဲတပ်ဖွဲမှူးရုံးမှ တာဝန်ရှိသူ တစ်ဦးက The Voice သို့ ပြောကြားသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




ဗလီကျောင်းမီးလောင်မှု ဆရာနှစ်ဦးကို အရေးယူမယ်

Posted: 10 Apr 2013 09:18 PM PDT

ရန်ကုန် ၄၈ လမ်းမှာ ဧပြီလ ၂ ရက်က ဗလီကျောင်း မီးလောင်မှုမှာ ဗလီဆရာနှစ်ဦးရဲ့ ပေါ့လျော့မှုကြောင့်သာ ဖြစ်ရတယ်လို့ ရန်ကုန်တိုင်းအစိုးရက ဖွဲ့ပေးထားတဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့က တွေ့ရှိပါတယ်။ စုံစမ်းရေးအဖွဲ့ရဲ့ တွေ့ရှိချက်တွေကို ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေက ဧပြီလ ၁၀ ရက်နေ့က ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


ဗလီကျောင်းမီးလောင်မှုမှာ ၁၃ ဦး သေဆုံးခဲ့

ဧပြီလ (၈)ရက်နေ့ ထုတ် အိုင်စီတီ ဂျာနယ်, အတွဲ ၂၊ အမှတ် ၁၄

Posted: 10 Apr 2013 09:16 PM PDT

ဧပြီလ (၈)ရက်နေ့ ထုတ် အိုင်စီတီ ဂျာနယ်, အတွဲ ၂၊ အမှတ် ၁၄

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ



Cyber တိုက်ခိုက်ခံရမှု မြောက်ကိုရီးယား လက်ချက်ဖြစ်ကြောင်း စုံစမ်းတွေ့ရှိ

Posted: 10 Apr 2013 07:45 PM PDT

ပြီးခဲ့တဲ့လတုန်းက တောင်ကိုရီးယား ရုပ်သံလွှင့် လုပ်ငန်းတချို့နဲ့ ဘဏ်တွေရဲ့ ကွန်ပြူတာတွေ လုံးဝကို သုံးလို့ မရအောင် ဖြစ်ခဲ့တဲ့ အင်တာနက်ပေါ်က Cyber တိုက်ခိုက်မှုကို မြောက်ကိုရီးယား စစ်ထောက်လှမ်းရေးဌာနက လုပ်ခဲ့တာဖြစ်တယ်လို့ တောင်ကိုရီးယား အစိုးရ စုံစမ်းမှုတခုက ပြောလိုက်ပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ