ဒီမိုဝေယံ

ဒီမိုဝေယံ


ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာမိသားစု တွေ့ဆုံပွဲ တိုက်ရိုက်ရုပ်သံ..

Posted: 12 Apr 2013 10:38 PM PDT

ဂျပန်ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည် မြန်မာမိသားစုနှင့် တွေ့ ဆုံပွဲ မှာ ရုပ်သံဗွီဒီယိုတိုက်ရိုက် ထုတ်လွှင့်နေပါပြီ။ ။ကြည့် ရှု့ ရန်လင့်မှာ

http://www.nldlajapan.com/
http://www.ustream.tv/channel/nldlatokyo1
တွင် လာရောက်ကြည့်နိုင်ရန်ဖိတ်ခေါ်အပ်ပါတယ်။ 

Photo: ဂျပန်ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည် မြန်မာမိသားစုနှင့် တွေ့ ဆုံပွဲ မှာ ရုပ်သံဗွီဒီယိုတိုက်ရိုက်ထုတ်လွှင်နေပါပြီ။ ။ကြည့် ရှု့ ရန်လင့်မှာ  http://www.nldlajapan.com/ http://www.ustream.tv/channel/nldlatokyo1 တွင် လာရောက်ကြည့်နိုင်ရန်ဖိတ်ခေါ်အပ်ပါတယ်။ ခုလောလောဆယ်ပြင်ဆင်ထားမှုကြည့်ရန်

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဂျပန်နိုင်ငံသို့ ရောက်ရှိ..

Posted: 12 Apr 2013 07:40 PM PDT








 မြန်မာပြည်သူလူထု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ယနေ့မနက် ၇နာရီ၃၅မိနစ်က ဂျပန်နိုင်ငံ နာရီတာအပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ရောက်ရှိလာပါတယ်..။
၁၉၈၆ခုနှစ်က မြန်မာသမိုင်းဆိုင်ရာ စာတမ်းပြုစုဖို့ ရောက်ရှိခဲ့ပြီး ၂၈နှစ်ကြာ အတွင်း ပထမဦးဆုံးအကြိမ် ပြန်လည်ရောက်ရှိလာတဲ့ ဂျပန်နိုင်ငံ(၆)ရက်တာ ခရီးစဉ်ဟာ ယနေ့မနက်ပိုင်းက စတင်ခဲ့ပါတယ်..။

ယနေ့မနက်ပိုင်းက တိုကျိုနာရီတာလေဆိပ်မှာ ဂျပန်နိုင်ငံရောက် မြန်မာမိသားစုများမှ သွားရောက်ကြိုဆိုခဲ့ကြပေမယ့်လည်း ဂျပန်အစိုးရရဲ့ လုံခြုံရေး အစီအစဉ်အရ အခြားထွက်ပေါက်မှ ဖိတ်ခေါ်ခေါ်ဆောင်သွားတဲ့ အတွက် မနက် ၅နာရီကပင် ၁နာရီကြာ ဘတ်စ်ကားခရီးစဉ်ဖြင့် ကြိုဆိုဖို့ ရောက်ရှိနေတဲ့ ထောက်ခံသူ မြန်မာမိသားစုများ ကြိုဆိုနှုတ်ဆက်ခွင့် ရရှိခြင်း မရှိခဲ့ပါ..။

နာရီတာလေဆိပ်မှ တနာရီကျော် ခရီးအကွာဒေါ်အောင်ဆန်းစုကြည် တည်းခိုမည့် Yotsuya အရပ်ရှိ ဟိုတယ် ပတ်ဝန်းကျင်မှာ စောင့်ကြိုနေကြသည့် ပြည်သူများမှလည်း ကားပေါ်မှ လက်ပြနှုတ်ဆက်ခြင်းသာ မြင်တွေ့လိုက်ရပါတယ်..။

ယနေ့ ညနေ၄နာရီမှာ ဂျပန်နိုင်ငံရောက်  မြန်မာမိသားစုများနဲ့ တွေ့ဆုံမှာ ဖြစ်ပြီး မနက်ဖြန်မှာတော့ ၁၉၈၅-၈၆ခုနှစ်က မြန်မာသမိုင်းစာတမ်း ရေးသားပြုစုခဲ့ရာ ရှေးဟောင်းမြို့တော် ကျိုတိုသို့ သွားရောက်မှာ ဖြစ်ပြီး ၁၅ရက်နေ့မှာတော့ ဂျပန်နိုင်ငံအနောက်ပိုင်း အိုဆာကာ၊ ကိုဘေး၊ နာဂိုယာ၊ ကျိုတိုဒေသရှိ မြန်မာမိသားစုများ၊ ဂျပန်တက္ကသိုလ်ကျောင်းသားများ၊ ဂျပန်နိုင်ငံသားများနဲ့ တွေ့ဆုံမှဖြစ်ပြီး တက္ကသိုလ် ၂ခုမှာ ဟောပြောပွဲ ပြုလုပ်မှဖြစ်ပါတယ်..။


ဂျပန်ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည် မြန်မာမိသားစုနှင့် တွေ့ ဆုံပွဲမှာ ရုပ်သံဗွီဒီယိုတိုက်ရိုက်ထုတ်လွှင့်မှုကြည့်ရှု့ ရန်လင့်

http://www.nldlajapan.com/
http://www.ustream.tv/channel/nldlatokyo1
တွင် လာရောက်ကြည့်နိုင်ရန်ဖိတ်ခေါ်အပ်ပါတယ်။
ငြိမ်းချမ်းရေး နိုဘယ်ဆှုရှင်
ဒေါ်အောင်ဆန်းစုကြည် မြန်မာမိသားစုများနှင့် တွေ့ ဆုံပွဲ။
တိုက်ရိုက်ထုတ်လွှင့်ချိန်( မြန်မာစံတော်ချိန်၁၂း၃၀မှ အစီအစဉ်ပြီးသည်အထိ
ဂျပန်စံတော်ချိန် ညနေ၃ နာရီမှ အစီအစဉ်ပြီးသည်အထိဖြစ်၏)

နေ့ ရက် ..............၂၀၀၃ ခုနှစ် ဧပြီ ၁၃ရက်

အချိန်... ............. ညနေ၄ နာရီတိတိ

နေရာ ................Belle Salle Shibuya Garden
Shibuya-ku Tokyo japan.

Shibuya Station , West Exit form 10 minutes. JR Shibuya Line . Toukuu Touyoko Line.

မှတ်ချက်........ညနေ ၂း၀၀ နာရီမှ ၃နာရီအတွင်း အခမ်းအနား မစမီ
ကြွရောက်ပါရန် မေတ္တာရပ်ခံပါတယ်။.