သစ်ထူးလွင်

သစ်ထူးလွင်


ဒက္ကားမြို့ ရှစ်ထပ် အမြင့် ပလာဇာ တစ်ခု ပြိုကျ၍ လူပေါင်း ရာချီ သေဆုံး

Posted: 24 Apr 2013 06:59 AM PDT

ဘင်္ဂလာဒေခ်ျ့ နိုင်ငံ ဒက္ကားမြို့တော် အပြင်ဘက်မှာရှိတဲ့ (၈) ထပ် အဆောက်အဦး ပလာဇာ တစ်ခု ဒီနေ့ မနက်က ပြိုကျရာမှာ လူတွေ အများအပြား သေဆုံးသွားပြီး အခုအချိန်ထိတော့ အလောင်း ၈၀ ခန့် ရှာဖွေ ရရှိပြီ ဖြစ်တယ်လို့ သိရပါတယ်။ ဒဏ်ရာရသူ စုစုပေါင်း ၃၀၀ ကျော်ကိုတော့ ကယ်တင်နိုင်ခဲ့ပြီး နီးစပ်ရာ ဆေးရုံတွေမှာ တင်ထားရတယ်လို့ ပြောပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



သာယာဝတီထောင်မှ ရှမ်းတပ်မတော်အဖွဲ့ဝင် ၄၀ ဦး လွတ်မြောက်

Posted: 24 Apr 2013 06:42 AM PDT

ဧပြီလ ၂၃ ရက်နေ့မှာ   နိုင်ငံတော်အစိုးရက လွတ်ငြိမ်းချမ်းသာခွင့်နဲ့ အကျဉ်းသား ၉၀ ကျော်ကို ပြန်လွှတ်ပေးခဲ့ရာမှာ ရှမ်းပြည်အမျိုးသား တပ်မတော် အဖွဲ့ဝင် ၄၀ လွတ်မြောက်လာပါတယ်။ လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်က ဖမ်းဆီးခံထားရတဲ့  ရှမ်းပြည်အမျိုးသား တပ်မတော်  (အက်စ်အက်စ်အန်အေ) အဖွဲ့ဝင် ၄၀ ဦးဟာ မနေ့ ညနေ ၆ နာရီက ပဲခူးတိုင်း သာယာဝတီ ထောင်ကနေ ပြန်လွတ်လာပြီး ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



ဧပြီလ (၂၅) ရက်နေ့ ထုတ် 7Day News Journal အတွဲ ၁၂၊ အမှတ် ၇

Posted: 24 Apr 2013 06:38 AM PDT

ဧပြီလ  (၂၅) ရက်နေ့ ထုတ် 7Day News Journal အတွဲ ၁၂၊ အမှတ် ၇

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ



၁၅၀၀ ကျပ်တန် ဆင်းမ်ကတ်ရောင်းချရာတွင် ရိုးသားမှုမရှိက အစိုးရအဖွဲ့သို့ တိုင်ကြားနိုင်

Posted: 24 Apr 2013 03:44 AM PDT

၁၅၀၀ ကျပ်တန်မိုဘိုင်းဖုန်း ဆင်းမ်ကတ်များ ဧပြီ ၂၄ ရက်မှစတင်၍ ရပ်ကွက်အုပ်ချုပ်ရေးမှူး ရုံးများတွင် မဲဖောက် ရောင်းချပေးမည်ဖြစ်ပြီး ပွင့်လင်းမြင်သာမှုမရှိဘဲ မရိုးမသားပြုလုပ်မှုများရှိပါက သက်ဆိုင်ရာမြို့နယ် ခရိုင်အုပ်ချုပ် ရေးမှူးရုံးများနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့သို့ တိုင်ကြားနိုင်ကြောင်း တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ၀န်ကြီးဦးအောင်ခင်က ပြောကြားသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


ဓာတ်ပုံ- သူရဇော်

စည်ပင် မှဆောက်လုပ်ထားသောတံတား တစ်နှစ်အတွင်းပျက်

Posted: 24 Apr 2013 03:26 AM PDT

ပဲခူးတိုင်း ညောင်လေးပင်မြို့နယ် ပိန်းဇလုပ်ကျေးရွာ ရွှေပေါက္ကံ ရပ်ကွက်အတွင်း မြို့နယ်စည်ပင် မှခင်းထားသော ကွန်ကရစ်တံတားမှာ သက်တမ်း တစ်နှစ်ပင် မပြည့်သေး သော်လည်း အချင်းနှစ်ပေခန့် အ ပေါက်တစ်ခု ပေါက်နေပါသည်။

ကွန်ကရစ်အ ပိုင်းအစများနှင့် အ ပေါက်ဝမှကွန်ကရစ်စ များကို လက်ဖြင့်ဖျစ်လျင် ကျေမွသွားပါသည်။ သုံးထားသောသံချောင်းများမှာ သေးငယ်ခြင်း ဘိလပ်မြေနှင့်သံချောင်း သဲ အချိုးအစား စံချိန်မမှီခြင်းကြောင့် ပျက်စီးလွယ်ခြင်းဖြစ်ပါ သည်။

အောက်ခံယက်မများမှာ ယခင် တံတားအပျက်မှ သစ်သားဘောင် အ ဟောင်းများ ကိုသာပြန်သုံးထားခြင်းဖြစ်ပါသည်။

တံတား၏ ခိုင် ခန့်မှုအလွန်အားနည်းနေပါ၍ အသစ်ပြန်ဆောက်ခြင်း သည်သာ အ ကောင်းဆုံးဖြစ်ကြောင်း ဒေသခံတဦး က Myanmar News Now ကို ပြောပါသည်။

သစ်ထူးလွင်

စည်ပင် မှဆောက်လုပ်ထားသောတံတား တစ်နှစ်အတွင်းပျက်



မြန်မာ့ရိုးရာ နွားလှည်းပြိုင်ပွဲ (ရုပ်သံမှတ်တမ်း)

Posted: 24 Apr 2013 02:59 AM PDT

မြန်မာ့ရိုးရာ နွားလှည်းပြိုင်ပွဲ (ရုပ်သံမှတ်တမ်း)
ရိုက်ကူး/တင်ဆက်-ညိုမာသက်

ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ




တန်ဖိုးနည်းဖုန်းကိစ္စ မြန်မာ့ဆက်သွယ်ရေး အသိပေးထုတ်ပြန်

Posted: 24 Apr 2013 02:45 AM PDT

MECT အမှတ်တံဆိပ် ဖုန်းများမှာ လက်ရှိ မိုဘိုင်းဖုန်းများကဲ့သို့ အထွက်ခေါ်ဆိုမှုအတွက် တမိနစ်လျှင် ကျပ် ၅၀ ဖြစ်ပြီး အဝင်ခေါ်ဆိုမှုအတွက် မပေးဆောင်ရပေ။ အင်တာနက် အသုံးပြုလိုပါက သက်ဆိုင်ရာ တိုင်းဒေကြီးများရှိ ဆက်သွယ်ရေးရုံးများတွင် ကျပ် ၁၀,၀၀၀ ဖြင့် လျှောက်ထားလိုင်းဖွင့် အသုံးပြုနိုင်မည်ဖြစ်ပြီး အင်တာနက် အသုံးပြုခအဖြစ် ၁ မိနစ်လျှင် ၄ ကျပ်နှုန်းဖြင့် ပေးဆောင်ရမည် ဖြစ်သည်။ ----

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



တန်ဖိုးနည်း ၁၅၀၀တန် CDMA 800 ဆင်းကဒ်တွေကို ဧပြီလ၂၄ရက်နေ့ မနက်၉နာရီက
သာကေတမြို့နယ် ၃ ရန်ပြေအုပ်ချုပ်ရေးမှုးရုံးမှာ ထုတ်ပေးနေပုံ မြင်ကွင်း။ ဓါတ်ပုံ - ဒီဗွီဘီ

ဒေါ်အောင်ဆန်းစုကြည် မွန်ဂိုလီးယားသွားမည်

Posted: 24 Apr 2013 02:27 AM PDT

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ဂျပန် ခရီးစဉ်အပြီး ဧပြီ ၂၇ ရက်နေ့ကနေ မေ ၃ ရက်အထိ မွန်ဂိုလီးယားနိုင်ငံကို ၈ ရက်ကြာ ခရီးသွား ရောက်မယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှု ဆောင်အဖွဲ့ဝင် ဦးဟံသာမြင့်က ပြောပါတယ်။ မွန်ဂိုလီးယားသမ္မတ အယ်လ်ဘဂ်ဒေါ့ဂ်ျ တီဆကီဂင်ရဲ့ ဖိတ်ကြားချက်အရ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



ပေါင်မြို့ တွင် တောင်ကျရေကို ပိတ်ပြီး ရေရောင်း လို့  ဒေသခံများ ရေပြတ်လပ်

Posted: 24 Apr 2013 02:19 AM PDT

မွန်ပြည်နယ် ပေါင်မြို့  ၊ ကဒုံစီးရပ်ကွက် အုပ်ချုပ်ရေးမှူးဟောင်း ဦးဘုန်းမြင့် သည် ကုလားမ တောင်ထိပ် ရှိ ( ဆင်အိုင် ) စိမ့်စမ်းနေရာကို ရေကာတာပိတ်ပြီး ပိုက်သွယ်တန်းကာ ကိုယ်ကျိုးစီးပွားအတွက် ထန်းပင်ချောင်ရွာသို့ ရေ ရောင်းချလျှက်ရှိသည်။ ထို စမ်းရေကို ပိုက်သွယ် အသုံးပြုလိုသည့် မိသားစု တစ်ခု လျှင် ငွေ ကျပ်လေးသိန်း ကျပ် ပေးဆောင်ရသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



 ၂၃.၄.၂၀၁၃ ရက်နေ့ နံနက် ( ၇.၀၀ မှ ၉.၀၀ ) နာရီထိ မြို့ နယ်အုပ်ချုပ်ရေးမှူးရုံးတွင် နှစ်ဖက်အကြေအလည် ညှိ နှိုင်းသော်လည်း တိကျသည့် အဖြေတစုံတရာမရဘဲ မြို့ နယ်အုပ်ချုပ်ရေးမှူးက ဦးဘုန်းမြင့်ကို ဆက်ပြီး အကာကွယ်ပေးနေသဖြင့် အခြေအနေမှာ စိုးရိမ်ရသည့် အနေထားသို့ ရောက်ရှိနေကြောင်းသိရသည်။

ဒေါက်တာ ဆိတ်ဖွား ဥပဒေအရ ထောင်ဒဏ် တသက်တကျွန်းအထိ ကျနိုင်

Posted: 24 Apr 2013 01:48 AM PDT

လွှတ်တော် ကိုယ်စားလှယ်တွေကို အင်တာနက် စာမျက်နှာတွေမှာ ဝေဖန်ရေးသား ထားတဲ့ ဒေါက်တာဆိတ်ဖွား ဆိုသူကို လွှတ်တော် ကိုယ်စားလှယ် ၁၇ ဦးနဲ့ ဖွဲ့စည်းထားတဲ့ ကော်မရှင်က ဖော်ထုတ်နိုင်ခဲ့ပြီလို့ သိရပါတယ်။ ဒေါက်တာဆိတ်ဖွားဆိုသူကို ဥပဒေကြောင်းပိုင်း ဆိုင်ရာအရ ဘယ်လိုအရေးယူနိုင် မလဲဆိုတာနဲ့ ပတ်သက်ပြီး တရားလွှတ်တော်ရှေ့နေ ဦးကိုနီကို RFA သတင်းထောက် ကိုကျော်သူက ဆက်သွယ်မေးမြန်းထားပါတယ်။

အသံဖိုင် နားဆင်ရန် ဒီနေရာကို နှိပ်ပါ


တရားလွှတ်တော်ရှေ့နေ ဦးကိုနီ

မင်းမဲ့ဆန်သော မှုခင်းများ နှိမ်နင်းရေး လွှတ်တော်သို့ တင်မည်

Posted: 24 Apr 2013 01:30 AM PDT

ရန်ကုန်၊ ဧပြီ ၂၃

လက်ရှိ ပေါ်ပေါက်နေသော မင်းမဲ့စရိုက် ဆန်ဆန်မှုခင်းများနှင့်ပတ်သက်၍ ဥပဒေတစ်ရပ် ခိုင်ခိုင်မာမာဖြစ်ရန် လာမည့်လွှတ်တော်တွင် တင် ပြေ ဆွးနွေးသွားရန်ရှိကြောင်း ပြည်သူ့လွတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က ပြောသည်။

 "ပေါ်ပေါက်နေတဲ့ မှုခင်းဖြစ်စဉ်တွေကို လေ့လာပြီး ဥပဒေကြမ်းတစ်ခုကိုပြင်ဆင်ဖို့ စဉ်း စားထားတာရှိတယ်"ဟု ဦးသိန်းညွန့်ကပြောသည်။ အစိုး ရသစ်တက်ပြီးနောက်ပိုင်းတွင် ရန် ကုန်မြို့၌ အုပ်စုဖွဲ့ရမ်းကားမှုများ ဖြစ်ပေါ်ခဲ့ပြီး အဆိုပါအမှုများကို ကျူးလွန်သူများမှာ လက်ရှိ အာဏာရထားေ သာ အရာရှိများ၏သားသမီးများ နှင့် တစ်ချိန်ကအာဏာရခဲ့သည့် အငြိမ်းစားများ ၏သားသမီးများ ဖြစ်နေပြီး ညပိုင်းတွင်ပြုလုပ် သော ၄င်းတို့၏ အပန်းဖြေကားမောင်းပြိုင်ပွဲများ သည်လည်း သာမန်လူများကို ထိခိုက် သည်အထိ ဖြစ်လာနေသည်ဟု ဦးသိန်း ညွန့်က ပြောသည်။

"အထူးသဖြင့် ကျွန်တော်တို့တိုင်းပြည်မှာ က အာဏာရှိတဲ့သူတွေနဲ့ သြဇာရှိတဲ့သူတွေရဲ့ အသိုင်းအဝိုင်းက ပြစ်မှုကျူးလွန်ရင် တိုင်ချက် တောင်မှ မဖွင့်ရဲ ဘဲ၊ တရားတောင်မှ မစွဲရဲဘဲ။ ဒါဟာ တိုင်းပြည် တရားဥပဒေစိုးမိုးရေးအတွက် အင်မတန်မှရုပ်ဆိုးတဲ့မြင်ကွင်းတွေပဲ"ဟု ၄င်းက ပြောသည်။

 တရားလွှ တ်တော်ရှေ့နေ ဦးကိုနီ ကလည်း တရားဥပဒေစိုးမိုးရေးနှင့်ပတ်သက်၍ အရေးယူ သည့်အဖွဲ့အစည်းသည်လည်း အဓိကကျကြောင်း၊ လူတစ် ဦးကို အရေးယူတော့မည်ဆိုပါက မည် သည့်ပုဒ်မနှင့်အရေးယူမည်ကို ဦးစွာ စဉ်းစားရ မည်ဖြစ်ပြီးထိထိရောက်ရောက် အရေးယူမည်ဆို ပါက ကျူးလွန် သူ၏ မျက်နှာကိုမကြည့်ဘဲ သူတို့ ၏လုပ်ရပ်ကိုသာကြည့်၍ အရေးယူရမည်ဖြစ် ကြောင်း ပြောသည်။ "ဘာအကြောင်းမှမရှိဘဲ သက်သက်မဲ့လုပ် တာဆိုရင် ဒါတိုင်းပြည် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားအောင်လုပ်တာပဲ။ အဲဒီတော့  ဘယ်သူ့ သားသမီးဆိုတာ မကြည့်နဲ့။ ဘယ်သူ့သားသမီး ဆိုတာ ကြည့်လိုက်ရင် ပုဒ်မက သေးသွားတာပဲ" ဟု ဦးကိုနီက ပြောသည်။

သာမန်နာကျင်စေမှု ပုဒ်မ-၃၂၃၊ လက်နက် နှင့် နာကျင်စေမှု ပုဒ်မ-၃၂၄၊ အပြင်းအထန် နာ ကျင်စေမှု ပုဒ်မ ၃၂၅ တို့သည် အာမခံပေးခွင့် ရှိသောအမှုများ ဖြစ်ပြီး ထက်မြသည့် လက်နက်တစ်ခုခု ဖြင့် အပြင်းအထန်နာ ကျင်စေမှု ပုဒ်မ ၃၂၆ သည်အာမခံပေးခွင့်မရှိသော အမှု ဖြစ်ကြောင်း၊ သို့သော်ကျူးလွန်သူသည် ဖျားနာ နေခြင်း၊ အမျိုးသမီးဖြစ်ခြင်း စသည်တို့ပေါ် မူတည်၍ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၉၈ အရ အာမခံပေးနိုင်ကြောင်း သိရသည်။

မင်းမဲ့စရိုက်ဆန်ဆန် အုပ်စုဖွဲ့ ရမ်းကားမှု များသည် အများပြည်သူ   အေးချမ်းသာယာရေးကို အနှောင့်အယှက်ဖြစ်ပါက အရေးပေါ်စီမံမှုဥပဒေ ပုဒ်မ ၅(ည)ဖြင့် စွဲနိုင်ကြောင်း ၄င်းက ပြောသည်။ "၂ဝ၁ဝ လောက်အ ထိ နိုင်ငံရေးလုပ်ရင် စကားတစ်ခုပြောလိုက်လို့ မှားတယ်ဆိုရင် ၅(ည)နဲ့ အရေးယူ လိုက် တယ်။ အရေးယူချင်တဲ့ကိစ္စဆို ပုဒ်မ လေးငါးခြောက်ခုနဲ့ အရေးယူခဲ့တာတွေ ရှိတာပဲ။ ဆိုလိုတာက တရားစွဲတဲ့အဖွဲ့ အစည်း၊အုပ်ချုပ်တဲ့အာဏာပိုင်တွေက ဒီပြဿနာကိုမလို လားဘူး၊ မဖြစ်စေချင်ဘူးဆို ရင် ထိရောက်တဲ့ ပုဒ်မ၊ ထိုက်တန်တဲ့ပုဒ်မနဲ့ အရေးယူ၊ တရားရုံး ကလည်း ထိထိရောက်ရောက် အပြစ်ပေး၊ အဲဒီ လိုလုပ်ရင် ဒါတွေလျော့ပါးသွားမှာ ပဲ" ဟု ဦးကိုနီ က ပြောသည်။

 လိုအပ်ပါကအဆိုပါအမှုများအ တွက် ဥပဒေတစ်ရပ် ပြဋ္ဌာန်းသင့်ကြောင်းလည်း အထက်ပါပုဂ္ဂိုလ်များက ပြောသည်။

"လက်ရှိ တည်ဆဲဥပဒေတွေက သိပ်ပြီး တော့ ကြာနေပြီ။ သိပ်ကြာ မြင့်တဲ့ကာလက ပြဋ္ဌာန်းထားတာဆိုတော့ အရာရာကို ခြုံငုံမိ အောင်တော့မရှိ ဘူး။ ကျိုးကြောင်းခိုင်လုံမှု မရှိဘဲ အုပ်စုဖွဲ့ရမ်းကားတာတို့၊ ကားမှန်ဖျက်ဆီးတာတို့၊ လူတွေကိုလိုက်ရိုက်တာတို့နဲ့ပတ်သက်ပြီး သီး သန့်ဥပဒေမရှိ ဘူး။ ဥပဒေတစ်ခု ပြဋ္ဌာန်းသင့် တယ်" ဟု တရားလွှတ်တော်ရှေ့နေဦးကိုနီက ပြောကြားခဲ့သည်။

ယခင်လအတွင်းက ပြည်သူ့ရင်ပြင် Happy Zone အပန်းဖြေကစားကွင်းတွင် လူငယ်တစ်စု က အသက် ၃ဝ ကျော်အရွယ် အမျိုးသားတစ်ဦးကို ရန်စ ရိုက်နှက်မှုဖြစ်ပွားခဲ့ပြီး ယခုလ ၁၁ ရက်နေ့ တွင်လည်း အရာရှိကြီးအချို့၏သားများ ပါဝင် သည့်လူငယ်တစ်စုက ကင်ဒိုဓားနှင့် သံပိုက်လုံး များဖြင့် ရုပ်ရှင်သရုပ်ဆောင် သျှိုင်းနှင့်ဝင်ရောက်   ဖြန်ဖြေသူ မင်းသတ္တိတို့အား ရိုက်နှက်ခဲ့သည်ဟု သျှိုင်းကဆိုကြောင်း ဧပြီ ၂၂ ရက်ထုတ် The Voice Daily တွင် ဖော်ပြထားသည်။

မေဇင်ဝင်း - Popular Myanmar News Journal



ကော့မှူးတွင်ထိုးပေးသော အသက်ကယ်ဆေး အတုဖြစ်နိုင်၍ FDA စစ်ဆေးမှုခံယူ

Posted: 24 Apr 2013 01:26 AM PDT

ကော့မှူး မြို့နယ်အတွင်း ဆေးဆရာ တစ်ဦးက လူနာတစ်ဦးအား ထိုးပေး သော အသက်ကယ်ဆေးမှာ အတုဖြစ် နိုင်သည်ဟု သံသယရှိ သည့်အတွက် FDA သို့ စစ်ဆေးရန်ပို့ လိုက်ပြီ ဖြစ်ကြောင်း ကော့မှူး မြို့ဆေးရုံအုပ် ဒေါက်တာမြင့်စိုးက ပြောသည်။ ဧပြီ ၁၉ ရက်တွင် ကျေးလက်အခေါ် အပ်ပုန်းဆေးထိုး ဆရာတစ်ဦးက လူနာတစ်ဦးအား တရုတ်ထုတ် အသက်ကယ် ဆေးထိုးစဉ် နာကျင်ကြောင်း ----

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




ထားဝယ်မြို့တွင် တန်ဖိုးနည်းဆင်းကတ်များ စတင်ရောင်းချ

Posted: 24 Apr 2013 01:17 AM PDT

တနင်္သာရီတိုင်း ထားဝယ်မြို့မှာ တန်ဖိုးနည်း တယ်လီဖုန်း ဆင်းကတ်တွေကို ဒီနေ့ စတင်ရောင်းချပေးနေပေမယ့် CDMA တာဝါတိုင်တခုပဲ ရှိတဲ့အတွက် လတ်တလော ဖုန်းလိုင်းတွေ ကောင်းမှာ မဟုတ်ဘူးလို့ ရပ်ကွက် အုပ်ချုပ်ရေးမှူးတဦးက ပြောပါတယ်။ "ဖုန်းလိုင်းက လောလောဆယ် သိပ်အဆင်ပြေမယ့် အနေအထားမရှိဘူး။ လောလောဆယ် ထားဝယ်မှာက တာဝါတိုင် တခုပဲရှိတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ 


တန်ဖိုးနည်း ၁၅၀၀ တန် ဖုန်းကတ်တွေကို ဧပြီ ၂၄ ရက်နေ့ မနက် ၉ နာရီမှာ သာကေတမြို့နယ် ၃ ရန်ပြေအုပ်ချုပ်ရေးမှူးရုံးမှာ ထုတ်ပေးနေပါတယ်။ ဓါတ်ပုံ - ဒီဗွီဘီ

ပြည်မြို့တွင် စုံတွဲတစ်တွဲကို စစ်သားသုံးယောက်က လူသတ်ပစ္စည်းလု

Posted: 24 Apr 2013 01:06 AM PDT

၂၃.၄.၂၀၁၃ ရက်နေ့ ည ၈း၃၀ ခန့်အချိန်၌ ပြည်မြို့ န၀ဒေးတံတား အောက်ရှိ ရှုခင်းသာတွင် စုံတွဲတစ်တွဲကို စစ်သားသုံးယောက်မှ လုယက်မှု ဖြစ်ပွားခဲ့ပါတယ်။ ကောင်လေးကတော့ လည်ပင်းကို လိမ်ချိုးခံထားရပြီး ရေထဲသို့ ပြုတ်ကျနေပါတယ်။ ကောင်မလေးသည် ကြောက်လန့် အော်ဟစ်သဖြင့် အနီးအနားရှိ ရပ်ကွက်သူ ရပ်ကွက်သားများက ရောက်ရှိလာသဖြင့် စစ်သားသုံးယောက် ထွက်ပြေးသွားကြပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

သတင်း - ဓါတ်ပုံ -  Pon Nya



ဧပြီလ (၂၅) ရက်နေ့ ထုတ် The Hot News Weekly Journal အတွဲ ၃ ၊ အမှတ် ၁၃၇

Posted: 24 Apr 2013 01:03 AM PDT

ဧပြီလ  (၂၅) ရက်နေ့ ထုတ် The Hot News Weekly Journal အတွဲ ၃ ၊ အမှတ် ၁၃၇

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ


ဖားကန့် တနိုင်တပိုင် ကျောက်တူးသမားများအား အစိုးရတပ် မောင်းထုတ်

Posted: 23 Apr 2013 06:20 PM PDT

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ကျောက်စိမ်းမှော်များတွင် တနိုင်တပိုင် ရေမဆေးကျောက် တူးနေသူများ ဒေသခံ၏ တဲများ၊ စက်ပစ္စည်းများကို အစိုးရ စစ်တပ်က မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်ကာ ခြိန်းခြောက် နှင်ထုတ်လျက်ရှိကြောင်း ဖားကန့်မြို့ခံများက ပြောသည်။ ဖားကန့်မြို့နယ် ရှရော်ခ၊ မဲ့လင်ဂျောင်၊ မှော်စီဆာ၊ ဂွေခါ၊ မှော်လကင် စသည့် ကျောက်စိမ်း မှော်များတွင် ထိုကဲ့သို့ ဖြစ်ပျက်နေသည်ဟု ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



စေတီပုံပါ အထည်စများ ရောင်းချခဲ့သော အထည်ဆိုင် ပိတ်သိမ်းထားရ

Posted: 23 Apr 2013 06:09 PM PDT

ဗုဒ္ဓဘာသာ စေတီပုံပါ ပိတ်ထည်စများ ရောင်းချမိ၍ ရန်ကုန်မြို့၊ မင်္ဂလာဈေး အတွင်းရှိ မေခလာသိန်း အထည်ဆိုင်ကို ဆက်လက် ရောင်းချခြင်း မပြုရဲတော့ဘဲ ပိတ်ထားရကြောင်း အထည်ဆိုင် ပိုင်ရှင် ဦးကျော်လှိုင်သိန်း က ယနေ့ပြုလုပ်သော သတင်း စာရှင်းလင်းပွဲတွင် ပြောကြားသွားသည်။ အထည်စများကို စေတီတော်ပုံများ ရိုက်နှိပ်ရောင်း ချသည်ဟု ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



အထည်စများကို စေတီတော်ပုံများ ရိုက်နှိပ်ရောင်းချသည်ဟု သတင်းရေးသားချက်များနှင့် ပတ်သက်၍ မေခလာသိန်း အထည်ဆိုင်မှ သတင်းစာရှင်းလင်းပွဲ တရပ်ကို ဧပြီလ ၂၃ ရက်နေ့ နေ့လည် ၂ နာရီအချိန်က ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်ရှိ တော်ဝင်နှင်းဆီ စားသောက်ခန်းမတွင် ပြုလုပ်နေစဉ်။ (ဓာတ်ပုံ- ဟိန်းထက်၊ မဇ္ဈိမ) စေတီတော်ပုံများ ရိုက်နှိပ်ထားသည့် အထည်စများကို ၎င်းတို့ ထုတ်လုပ်ရောင်းချခြင်း မဟုတ်ကြောင်း တာဝန်ရှိသူတဦးက ပုံစံတူ အထည်စများဖြင့် ပြသရှင်းလင်းသည်။

အိမ်နီးချင်းဖြစ်ပွားသည့်ရန်ပွဲကို ၀င်ရောက်ဖျန်ဖြေရာမှ သံဃာတစ်ပါး ထိခိုက်ဒဏ်ရာရ

Posted: 23 Apr 2013 05:53 PM PDT

လှိုင်သာယာမြို့နယ် အမှတ် (၆)ရပ်ကွက် အောင်စန္ဒာလမ်း တွင် ဧပြီ ၂၃ ရက်နေ့ ညနေ ၄ နာရီကျော်ခန့်အချိန်က အိမ်နီး ချင်းဖြစ်ပွားသော ရန်ပွဲတစ်ခုအား သံဃာတစ်ပါးက ၀င်ရောက်ဖျန် ဖြေပေးရာမှ အဆိုပါသံဃာမှာ ထိခိုက်ဒဏ်ရာ အနည်းငယ်ရရှိ သွားကြောင်း သတင်းရရှိသည်။ အဆိုပါနေ့ နံနက်ပိုင်းက အောင်စန္ဒာလမ်း ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




အိုင်စီဂျီက သမ္မတ ဦးသိန်းစိန်ကို ဆုချီးမြှင့်

Posted: 23 Apr 2013 05:44 PM PDT

နိုင်ငံ တကာ ပဋိပက္ခ စောင့်ကြည့် လေ့လာ ဖြေရှင်းရေး အဖွဲ့ အိုင်စီဂျီက သမ္မတ ဦးသိန်းစိန် နဲ့ ဘရာဇီး သမ္မတဟောင်း လူးဝစ္စ အင်နာစီယို ဒါ ဆေးလ်ဗား တို့ကို In Pursuit of Peace Award ကို ချီးမြှင့်ခဲ့ ပါတယ်။ ဒီဆုဟာ ကမ္ဘာ တဝန်းက ခေါင်းဆောင်တွေ အနေနဲ့ ပဋိပက္ခများ မဖြစ် ပေါ်အောင် ဟန့်တား နိုင်ဖို့နဲ့ ဖြစ်ပေါ် နေဆဲ ပဋိပက္ခတွေ ကို ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

ပဋိပက္ခ ဟန့်တား နိုင်ဖို့နဲ့ ဖြစ်ဆဲ ပဋိပက္ခတွေ ကို အဆုံးသတ် အောင် ဆောင်ရွက် နိုင်မှုတွေ အတွက် ချီးမြှင့် တာဖြစ်

လက်ပန်းတောင် မိုးကြိုးပြင်မှာ ထွန်တုံး တိုက်ပွဲဆင်နွှဲ (ရုပ်/သံ)

Posted: 23 Apr 2013 05:10 PM PDT

လက်ပန်းတောင်းတောင်ဒေသမှာ ကြေးနီစီမံကိန်းကို အကြောင်းပြပြီး ဦးပိုင်ကုမ္ပဏီက သိမ်းယူ ထားတဲ့ မြေတွေမှာ ဒီနေ့ မြေ အသိမ်းခံထားရတဲ့ လယ်သမားတွေက ဝင်ရောက် ထွန်ယက်ခဲ့ကြရမှာ လုံခြုံရေးရဲတွေက တားဆီးခဲ့ကြပါတယ်။ အပြည့်အစုံကို RFA အဖွဲ့သား ကိုကျော်မင်းထွန်းက တင်ပြထားပါတယ်။

ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ





ရခိုင်ပဋိပက္ခ စုံစမ်းရေး ကော်မရှင် သမ္မတထံ အစီရင်ခံ

Posted: 23 Apr 2013 04:49 PM PDT

ရခိုင်ပြည်နယ် အတွင်း ဖြစ်ပွားခဲ့တဲ့ ဒေသခံတွေနဲ့ ရိုဟင်ဂျာ မွတ်စလင်တို့ကြား ပဋိပက္ခတွေကို စုံစမ်းထားတဲ့ အစီရင်ခံစာကို ရခိုင်ပြည်နယ် ပဋိပပကများ စုံစမ်း စစ်ဆေးရေး ကော်မရှင်က နိုင်ငံတော် သမ္မတထံ ၂၂ရက်နေ့က အစီရင်ခံ လိုက်တယ်လို့ ကော်မရှင်က သတင်းထုတ်ပြန်ပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

ရခိုင်ပြည်နယ်ကို ပြည်ပက ကိုယ်စားလှယ်များ လာရောက်လေ့လာ

al-Qaida အကြမ်းဖက် ကြံစည်မှု ကနေဒါ ကြိုတင်ဟန့်တား

Posted: 23 Apr 2013 04:42 PM PDT

al-Qaida အဖွဲ့ရဲ့ ပံ့ပိုးမှုနဲ့ ခရီးသည်တင် မီးရထားတစင်းကို တိုက်ခိုက်ဖို့ လျှို့ဝှက် ကြံစည်ခဲ့တဲ့ ကနေဒါနိုင်ငံမှာ နေထိုင်သူ ၂ ဦးကို ဖမ်းဆီးပြီး စွဲချက်တင်ထားပြီ ဖြစ်တဲ့အကြောင်း ကနေဒါ အာဏာပိုင်တွေက ပြောဆိုလိုက်ပါတယ်။ အမေရိကန် အာဏာပိုင်တွေရဲ့ အကူအညီနဲ့ အခုလို ဖမ်းဆီးလိုက်တာ ဖြစ်ကြောင်း ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ





နိုင်ငံရေးအကျဉ်းသား ၅၀ ကျော် သမ္မတအမိန့်နဲ့လွှတ်

Posted: 23 Apr 2013 04:33 PM PDT

မြန်မာအစိုးရ က နိုင်ငံရေး အကျဉ်းသား ၅၉ ဦး အပါအ၀င် အကျဉ်းသား ၉၃ ဦးကို နိုင်ငံတော် သမ္မတရဲ့ အမိန့်နဲ့ ဒီကနေ့ လွှတ်ပေးလိုက်ပါတယ်။ အခု လွတ်တဲ့အထဲပါလာတဲ့ နိုင်ငံရေး အကျဉ်းသားတွေထဲမှာ နိုင်ငံရေး အကျဉ်းသား စိစစ်ရေး ကော်မတီက အစိုးရထံ တရားဝင် တင်သွင်းထားတဲ့ နိုင်ငံရေး အကျဉ်းသား ၁၉ ဦးနဲ့ နောက်ဆက်တွဲ တင်သွင်းထားတဲ့ ရှမ်းတိုင်းရင်းသား နိုင်ငံရေး အကျဉ်းသား ၄၀ တို့ ပါဝင်တယ်လို့ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့က အတွင်းရေးမှူး ကိုတိတ်နိုင် က ပြောပါတယ်။ အပြည့်အစုံကို ကိုဇော်ဝင်းလှိုင်က တင်ပြထားပါတယ်။

မြန်မာနိုင်ငံ အကျဉ်းထောင် အသီးသီးမှာရှိနေတဲ့ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးဖို့ ပြည်တွင်း ပြည်ပက တောင်းဆိုမှုတွေ ရှိနေတဲ့အပြင် အကျဉ်းကျခံနေရတဲ့ နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်ရေးအတွက် စိစစ်ရေး ကော်မတီဖွဲ့ပြီး လုပ်ဆောင်နေကြတဲ့အချိန်မှာ နိုင်ငံတော် သမ္မတအမိန့်နဲ့ ဒီကနေ့ အကျဉ်းသားတွေကို အခုလို လွှတ်ပေးလိုက်တာပါ။

အခု လွှတ်ပေးလိုက်တဲ့သူတွေထဲမှာ နိုင်ငံရေးနဲ့ဆက်နွယ်သူ စုစုပေါင်း ၅၉ ဦး ပါတယ်ဆိုတာ သူတို့အနေနဲ့ အတည်ပြုလို့ ရတဲ့အကြောင်း နိုင်ငံရေး အကျဉ်းသား စိစစ်ရေး ကော်မတီထဲမှာ အဖွဲ့ဝင်အဖြစ် ပါဝင်တဲ့ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က အတွင်းရေးမှူး ကိုတိတ်နိုင်က ပြောပါတယ်။

"၅၉ ယောက်ရှိတယ်။ အခုလောလောဆယ် ကျနော်တို့ ရထားတာပေါ့ဗျာ။ ဘာလို့ ၅၉ ယောက် ဖြစ်ရသလဲဆိုတော့ ရှမ်းတိုင်းရင်းသား အယောက် ၄၀ ပါပါတယ်။ သူတို့က တပ်ရင်းအလိုက် အဖမ်းခံထားရတဲ့သူတွေပါ။ အဲ့ဒါနဲ့ပတ်သက်ပြီးတော့ ကျနော်တို့ ဒီလက်ကျန် နိုင်ငံရေးအကျဉ်းသား စိစစ်ရေးကော်မတီမှာ ဒီလူတွေက နိုင်ငံရေးနဲ့ သက်ဆိုင်တဲ့သူတွေ ဖြစ်ပါတယ်ဆိုပြီးတော့ တင်ပြထားတာရှိပါတယ်။ အဲ့ဒီလူတွေက ကျနော်တို့ ပထမ နိုင်ငံရေးအကျဉ်းသားစာရင်းထဲမှာ မပါဘူး။ ဆိုတော့ ဒီ SNLD ပေါ့လေ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်က တင်ပြလာတဲ့အတွက် ဒါကို ကျနော်တို့က နောက်ဆက်တွဲအနေနဲ့ တင်ပြတာ ဖြစ်ပါတယ်။"

"သူတို့ကလည်း တကယ်တော့ နိုင်ငံရေးနဲ့ပတ်သက်ပြီး ထောင်ကျခဲ့တဲ့ လူတွေပါ။ ကျနော်တို့ နဂိုစာရင်းထဲမှာ မရှိတာပဲဖြစ်တယ်။ ပြောရမယ်ဆိုရင်တော့ ကျနော်တို့ ရှိနေတဲ့ စာရင်းထဲမှာတော့ ၁၉ ယောက်ပဲ ပါတယ်လို့ ပြောလို့ရပါတယ်။ ဒါပေမဲ့ ဒီဟာတွေက မပြည့်စုံသေးဘူးပေါ့နော်။"

အစိုးရပိုင်းက အဖွဲ့အစည်းတွေနဲ့ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်းအဖွဲ့တွေ စုပေါင်း ဖွဲ့စည်းထားတဲ့ နိုင်ငံရေး အကျဉ်းသား စိစစ်ရေး ကော်မတီက ပြန်လွှတ်ပေးဖို့ သမ္မတထံ အဆိုပြု တင်သွင်းထားတဲ့ စာရင်းနဲ့ အခု လွတ်လာတဲ့စာရင်း ကွာခြားနေတာကြောင့် ဒီအပေါ်မှာ မေးခွန်းထုတ်စရာ အများကြီး ရှိနေတယ်လို့ ကိုတိတ်နိုင်က ဆက်ပြောပါတယ်။

"ကျနော်တို့ လက်ကျန် နိုင်ငံရေး အကျဉ်းသား စိစစ်ရေး ကော်မတီကနေပြီးတော့ စာရင်းတွေ ပေးထားပြီးတော့ ပြန်လွှတ်ပေးမယ်ဆိုတဲ့ လူ ၉၉ ယောက်ရှိပါတယ်။ ဒီ ၉၉ ယောက်ထဲမှာ အခုဟာ ခုနပြောတဲ့ ၁၉ ယောက်ပဲ ပါလာသေးတယ်ဆိုတဲ့ ပုံစံမျိုးဖြစ်တယ်။ ဒီ ၉၉ ယောက်က သမ္မတထံ တင်ပြထားတယ်။ သမ္မတကနေပြီးတော့ ခွင့်ပြုတဲ့အခါမှာ ပြန်ပြီးတော့ လွှတ်ပေးမယ်ပေါ့။ ဒါပေမဲ့ ဒီလူတွေကိုတော့ လွှတ်ပေးမယ်ဆိုတာကို ကျနော်တို့ သိထားတယ်။ သို့ပေမဲ့ အခု လွှတ်လာတဲ့အခါကျတော့ အကုန်လုံး ပါ မလာဘူးဖြစ်နေတယ်။ အဲ့ဒါကတော့ ကျနော်တို့ ဟို မေးခွန်းထုတ်စရာတွေ အများကြီးရှိပါတယ်။ ဆိုတော့ ကျနော်တို့ AAPP အနေနဲ့ရော၊ သာမန် နိုင်ငံရေး အကျဉ်းသားဟောင်း တယောက်အနေနဲ့ရော၊ ဒီလက်ကျန် နိုင်ငံရေး အကျဉ်းသား စိစစ်ရေး ကော်မတီမှာပါတဲ့ အဖွဲ့အနေနဲ့ရော ကျနော်တို့ဆီမှာ မေးခွန်းထုတ်စရာတွေ အများကြီး ကျန်ပါတယ်။ ကျနော်တို့ မနက်ဖြန်လောက်ကျရင်တော့ ကျနော်တို့ရဲ့ သဘောထားကိုတော့ ကျနော်တို့ ထုတ်ပြန်ဖို့ အစီအစဉ်ရှိပါတယ်။"

အခုလွတ်တဲ့အထဲမှာပါတဲ့ နိုင်ငံရေးအကျဉ်းသား တချို့ဟာလည်း သူတို့ ချမှတ်ခံထားရတဲ့ ပြစ်ဒဏ်အသီးသီး ရက်စေ့ဖို့ သိပ်မလိုတော့တဲ့အချိန်မှာ
လျှော့ရက်နဲ့ ပြန်လွတ်ပေးလိုက်တာလည်း ဖြစ်ပါတယ်။ သူတို့ကို ဒီကနေ့ မလွှတ်ပေးခင် ထောင်အာဏာပိုင်တွေက ပြစ်မှု ပြစ် ဒဏ်တွေ လျှော့ပေါ့ပြီး လွှတ်ပေးတယ်ဆိုတဲ့အကြောင်း နေ့လည်မှာ အကြောင်းကြားပြီး ညနေစောင်းမှာ လွှတ်ပေးလိုက်တာလို့ ပြန်လွတ်လာတဲ့ နိုင်ငံရေးအကျဉ်းသား ကိုရဲထက်မိုး က ပြောပြပါတယ်။

"ကျနော်တို့ နိုင်ငံရေးအကျဉ်းသား ၆ ယောက်ပေါ့ အင်းစိန်ထောင်က လွတ်တာ ခင်ဗျ။ လွတ်လာတဲ့သူ ၆ ယောက်က နိုင်ကျဉ်းပေါ့နော်။ ၂ ယောက်ကတော့ အဖွဲ့အစည်း ကိုးကန့်တို့၊ ၀ တို့နဲ့ ဆက်နွယ်တဲ့ ၂ ယောက်ပဲ။ ကျန် ၂ ယောက် က နိုင်ငံခြားသားပေါ့။ တခြားလူတွေက မသိသေးဘူးခင်ဗျ။ အကုန်လုံးကတော့ ကျနော်တို့ သိထားတာ ၉၀ ပဲ သိထားတယ်ခင်ဗျ။ ကျနော်တို့ တိုက်ဝင်းထဲမှာ ရှိတဲ့သူတွေ လာပြောတာပေါ့နော်။ ကျနော်တို့ကို အမိန့်စာ ဖတ်ပြတယ်။ ဖတ်ပြပြီးတော့ ကျနော်တို့ကို လွှတ်လိုက်တယ်။ ဒီမှာတော့ ကျနော်တို့ က အတိအကျတော့ မသိဘူးဗျ။ လွှတ်တာက သူတို့ ပြစ်ဒဏ်က လျှော့ပေါ့ ပြီးတော့ လွတ်တာပဲသိတယ်။ ကျနော်တို့လည်း အခုမှ လွတ်တာဆိုတော့ မသိသေးဘူး။ သူတို့ပြောတာ အဲ့ဒါမျိုးတော့ မပြောဘူးပေါ့နော်။ ဘာကြောင့်လွှတ်တယ်။ ဘာအတွက် လွှတ်တယ်ဆိုတာ ကျနော် မသိခဲ့ဘူးနော်။"

သူ့ကို ဖောက်ခွဲရေးပစ္စည်းများ လက်ဝယ်ပိုင်ဆိုင်မှု၊ မတရားအသင်း ဖွဲ့စည်းမှု စတဲ့ ပုဒ်မတွေတပ်ပြီး ထောင်ဒဏ် ၉ နှစ် ချမှတ် အပြစ်ပေးခဲ့ပေမယ့် အာဏာပိုင်တွေ ဘက်က သက်သေ အထောက်အထား ခိုင်လုံအောင် မပြနိုင်ခဲ့ဘူးလို့ ကိုရဲထက်မိုးက ပြောပါတယ်။

နိုင်ငံရေးအကျဉ်းသား စိစစ်ရေးအဖွဲ့တွေက ပြုစုထားတဲ့ စာရင်း ဇယားတွေအရ အကျဉ်းထောင်တွေထဲမှာ ကျန်နေသေးတဲ့ နိုင်ငံရေးအကျဉ်းသား ၃၀၀ ကျော် ၄၀၀ နီးပါးလောက်ရှိတယ်လို့လည်း AAPP အဖွဲ့က ကိုတိတ်နိုင်က ပြောပါတယ်။

အခုပြန်လွှတ်ပေးလိုက်တဲ့ အကျဉ်းသားတွေကို ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၂၀၄ (က) နဲ့အညီ ပြစ်မှုဆိုင်ရာ ကျင့်ထုံး ဥပဒေ ပုဒ်မ ၄၀၁ (၁) အရ နိုင်ငံတော် သမ္မတ က ပြစ်ဒဏ် လွတ်ငြိမ်းခွင့် ပြုလိုက်တာ ဖြစ်တယ် လို့ ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။

ကိုဇော်ဝင်းလှိုင် (ဗွီအိုအေ)


နိုင်ငံရေးအကျဉ်းသားအားလုံး ပြန်လွှတ်ပေးရန် လွတ်လာသူများ တောင်းဆို

Posted: 23 Apr 2013 04:33 PM PDT

သမ္မတ ဦးသိန်းစိန် အစိုးရအနေနဲ့ တကယ် စေတနာထားရင် ကျန်ရှိ နိုင်ငံရေး အကျဉ်းသား အားလုံးကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့ လွတ်မြောက်လာ သူတွေက တောင်းဆို လိုက်ပါတယ်။

အကျဉ်းထောင် အသီးသီးမှာ ပြစ်ဒဏ်တွေ ချမှတ်ခံထားရတဲ့ နိုင်ငံသား အကျဉ်းသား ၉၀ ဦးနဲ့ နိုင်ငံခြားသား ၃ ဦး စုစုပေါင်း ၉၃ ဦးကို ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၂၀၄ နဲ့အညီ ကျင့်ထုံးဥပဒေ ပုဒ်မ ၄၀၁ (၁) အရ အကျဉ်းထောင်အသီးသီးကနေ ဒီနေ့ ပြန်လည်လွှတ်ပေးလိုက်တယ်လို့ ပြန်ကြားရေးဝန်ကြီး ၀က်ဘ်ဆိုဒ်မှာ ဖော်ပြထားပါတယ်။ ဒါပေမယ့် နိုင်ငံရေးအကျဉ်းသား ဘယ်လောက် ပြန်လွှတ်ပေးလိုက်တယ်ဆိုပြီး ဖော်ပြထားခြင်းတော့ မရှိပေ။

၁၇ (၁) ၊ ၁၃ (၁) ပုဒ်မတွေနဲ့ ထောင်ထဲမှာ ၄ နှစ်ခွဲကျော် နေခဲ့ရပြီး အင်းစိန်ထောင်ကနေ ပြန်လွတ်မြောက်လာတဲ့ ကိုကျော်ဇောလင်းက ဦးသိန်းစိန်အစိုးရအနေနဲ့ တကယ်စေတနာထားရင် နိုင်ငံရေးအကျဉ်းသားအားလုံး ပြန်လွှတ်ပေးသင့်တယ်လို့ ပြောပါတယ်။

"သမ္မတဦးသိန်းစိန်အနေနဲ့ တကယ်စေတနာထားတယ်ဆိုရင် သင်ပုန်းချေပါ။ ကျနော်တို့ကိုချည်းပဲ ပြောတယ် သင်ပုန်းချေကြပါလို့။ သူတို့ကရော သင်ပုန်းမချေဘူးလား။ တချို့တ၀က်ကို ချန်ထားခဲ့တယ်။ ဘာလို့လဲဆိုတော့ ဒါက သင်ပုန်းမချေနိုင်လို့။ ခွင့်လွှတ်မယ်ဆိုရင် အားလုံးကို ခွင့်လွှတ်လိုက်ပါ။ ထောင်ထဲမှာ ကျနော့်သူငယ်ချင်းတွေ မထားပါနဲ့တော့။ ပြန်လွှတ်ပေးပါ။ နိုင်ငံရေးအသုံးချပုံနည်းမျိုးနဲ့လည်း မကစားပါနဲ့။ တကယ်စေတနာထားရင် တကယ်ပွင့်ပွင့်လင်းလင်းနဲ့ ရိုးသားပါ။"

အင်းစိန်ထောင်ထဲမှာ နိုင်ငံရေးအကျဉ်းသား ၁၀၀ ကျော် ကျန်ရှိနေသေးပြီး အမြန်ဆုံး ပြန်လွှတ်ပေးဖို့ ၁၇ (၁) ပုဒ်မနဲ့ ထောင်ဒဏ်ကျခံခဲ့ရပြီး ပြန်လွတ်လာတဲ့ နိုင်ငံရေးအကျဉ်းသားတဦးက ပြောပါတယ်။

"ကျနော်တို့ အခုလွတ်လာသလို အားလုံးကို ပြန်လွှတ်ပေးစေချင်တယ်။ ကျနော်တို့ ပျော်ရွှင်ရသလို ပြောရွှင်စေချင်တယ်။ သူတို့လည်း သူတို့မိသားစုနဲ့ ပြန်ဆုံတွေ့ချင်မှာပဲ။"

အခုလို အကျဉ်းသားတွေ ပြန်လွှတ်ပေးလိုက်တာနဲ့ ပတ်သက်ပြီး နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးဘိုကြည်က အခုလို ပြောပါတယ်။

"ကျနော်တို့က မူးယစ်ဆေးဝါးသမားတွေကို တောင်းဆိုနေတာ မဟုတ်ဘူး။ နိုင်ငံရေးသမားတွေကို သီးသန့် နိုင်ငံရေးသမားခေါင်းစဉ်နဲ့ ဥပမာ အောက်ပါနိုင်ငံရေးအကျဉ်းသမားများကို အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် လွှတ်လိုက်သည်ဆိုရင် ကျနော်တို့အတွက် အရမ်းကောင်းပါတယ်။ နောက်တခုက ၄၀၁ (၁) အရဆိုတော့ ဒါဟာ ပြစ်မှုကြွင်းကျန်လား၊ ခြွင်းချက်မရှိဘူးဆိုတဲ့ဟာက နည်းနည်း အငြင်းပွားဖွယ် ဖြစ်နေတယ်။ တကယ်တမ်း အစိုးရက ရှင်းရှင်းလင်းလင်းနဲ့ ထုတ်ပြန်ကြေညာသင့်တယ်။"

နိုင်ငံရေးအကျဉ်းသားတွေကို ဓားစာခံအဖြစ်အသုံးချနေတာတွေ မလုပ်သင့်ကြောင်းလည်း ဦးဘိုကြည်က ပြောပါတယ်။

"နိုင်ငံရေးအကျဉ်းသားတွေကို ဓားစာခံလိုမျိုး တွေ့ရတယ်။ ဥပမာ မနေ့ကဆိုရင် ဥရောပသမဂ္ဂကနေပြီး မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး စီးပွားရေးပိတ်ဆို့မှုတွေကို ရုပ်ပေးလိုက်တယ်။ အဲဒီဟာကို တုံ့ပြန်တဲ့အနေနဲ့ လွှတ်ပေးလိုက်တာ၊ ဒီလိုမျိုးအတွက်ကို အပေးအယူလုပ်ဖို့ နိုင်ငံရေးအကျဉ်းသားတွေကို ဓားစာခံအဖြစ် အသုံးပြုနေတယ်လို့ ကျနော်တို့ မြင်တယ်။ ဒါဟာ မလုပ်သင့်ဘူး။ နိုင်ငံရေးအကျဉ်းသားတွေကို ခြွင်းချက်မရှိ ပြန်လွှတ်သင့်တယ်။ ဒါက  မြန်မာနိုင်ငံရဲ့ ပြဿနာတွေကို ဖြေရှင်းဖို့အတွက် ဖြစ်တယ်။"

ကျန်ရှိတဲ့ နိုင်ငံရေးအကျဉ်းသားတွေကိုလည်း ခြွင်းချက်မရှိ ပြန်လွှတ်ပေးဖို့ တောင်းဆိုတယ်လို့ ဦးဘိုကြည်က ပြောပါတယ်။
ဒီနေ့ ပြန်လည်လွှတ်မပေးခင်အထိ မြန်မာတနိုင်ငံလုံးရှိ အကျဉ်းထောင်တွေထဲမှာ နိုင်ငံရေးအကျဉ်းသား ၂၀၀ ကျော် ကျန်သေးတယ်လို့ ကူညီစောင့်ရှောက်ပေးနေတဲ့ အဖွဲ့တွေက ပြောပါတယ်။

by ဒီဗွီဘီ


ကိုကျော်ဇင်မင်း (ယာ) နှင့် လွတ်မြောက်လာသူတဦး

မြန်မာပြည်ဖွား ချင်းတိုင်းရင်းသူ အမေရိကန် အဆိုတော် "မီလာနွမ်း" (ရုပ်/သံ

Posted: 23 Apr 2013 04:17 PM PDT

မြန်မာပြည်ဖွား ချင်းတိုင်းရင်းသူ တဦးဟာ အမေရိကန် ပြည်ထောင်စုမှာ ကျေးလက်ဂီတ သီချင်းတွေ သီဆိုပြီး တေးသံရှင်တဦး အဖြစ် အောင်မြင်စ ပြုနေပါပြီ။ ငယ်စဉ်ကတည်းက
ပိုလီယို အရိုးပျော့ ဝေဒနာနဲ့ ကြီးပြင်းခဲ့ရတဲ့ မသန်စွမ်းလူငယ် ချင်းတိုင်းရင်းသူ "မီလာနွမ်း" ရဲ့အကြောင်းကို RFA အဖွဲ့သား ကိုကျော်မင်းထွန်း က တင်ပြထားပါတယ်။

ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ