ဒီမိုဝေယံ

ဒီမိုဝေယံ


ပဋိပက္ခများကို အချိန်မဆိုင်း ဖြေရှင်းရန် အရေးကြီး... (The Voice Weekly အယ်ဒီတာ့အာဘော်)

Posted: 09 Apr 2013 09:59 PM PDT

ပဋိပက္ခများကို အချိန်မဆိုင်း ဖြေရှင်းရန် အရေးကြီး
............................................................
(ဧပြီလ ၈ရက်နေ့ထုတ် The Voice နေ့စဉ်သတင်းစာ ပါ Editorial)

မကြာသေးခင်ရက်ပိုင်းက အင်ဒိုနီးရှားနိုင်ငံတွင် ရေပိုင်နက်ကျော် ငါးဖမ်းသည့် မြန်မာဆယ့်တစ်ဦးနှင့် တရားမဝင်ခိုးဝင်လာသည့် ဘင်္ဂလားဒေ့ရှ် နိုင်ငံသားများကို အင်ဒိုနီးရှားအာဏာပိုင်များက ဖမ်းဆီးကာ ဒုက္ခသည်စခန်းတစ်ခု အတွင်း အတူထားခဲ့ရာမှ ခိုက်ရန် ဖြစ်ပွားပြီး မြန်မာဆယ်ဦး သေဆုံးသွားကြောင်း အင်ဒိုနီးရှားသတင်း မီဒီယာများနှင့် နိုင်ငံတကာသတင်း အေဂျင်စီများ၏ သတင်းရေးသားချက် အရ သိရသည်။ မြန်မာနိုင်ငံအစိုးရ တာဝန်ရှိသူများ ကလည်း ရန်ကုန်မြို့တော် အခြေစိုက် မြန်မာနိုင်ငံဆိုင်ရာ အင်ဒိုနီးရှား သံရုံးမှ တာဝန်ရှိသူများကို ဆင့်ခေါ်ကာ အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး အလေးထား ဆောင်ရွက်ပေးရန် အလေးအနက် အသိပေးခဲ့သည်။

အဆိုပါဖြစ်စဉ်ကို စေ့ငုစွာ လေ့လာကြည့်လျှင် မေးခွန်းထုတ်စရာများ ထွက်ပေါ်လာသည်။ အင်ဒိုနီးရှားတွင် အလုပ်လုပ်ရန် တရားမဝင် ဝင်ရောက်သူများ မဟုတ်ကြဘဲ ရေပိုင်နက်ကျော်ငါးဖမ်းသည့် မြန်မာနိုင်ငံသား ဆယ့်တစ်ဦးနှင့် ပတ်သက်၍ အင်ဒိုနီးရှားနိုင်ငံရှိ မြန်မာနိုင်ငံဆိုင်ရာ သံရုံးကို အဘယ်ကြောင့် အကြောင်းမကြား သနည်း။ အကြောင်းကြောင်းကြောင့် ချက်ချင်း အကြောင်းမကြား နိုင်လျှင်ပင် ၄င်းတို့ကို သီးခြား ထိန်းသိမ်းထားရမည်ဖြစ်သည်။ အင်ဒိုနီးရှား အာဏာပိုင်တို့သည် ၄င်းတို့နိုင်ငံအတွင်း အလုပ်လုပ်ရန် ခိုးဝင်လာသည့် ဘင်္ဂလားဒေ့ရှ် နိုင်ငံသားများနှင့် ဘာ့ကြောင့် ရောနှောထားရသနည်း။ နိုင်ငံတကာ မီဒီယာများတွင်ရော အင်ဒိုနီးရှားမီဒီယာ များတွင်ပါ မြန်မာနိုင်ငံတွင် ဗုဒ္ဓဘာသာနှင့် မွတ်ဆလင်ဘာသာအကြား ပဋိပက္ခဖြစ်ပွားနေသည့် သတင်းများ လတ်တလော ထင်ရှားစွာ ဖော်ပြနေသည့် ကြားက ဗုဒ္ဓဘာသာ မြန်မာဆယ့်တစ်ဦးနှင့် ရာချီရှိနေသော မွတ်ဆလင်ဘာသာဝင် ဘင်္ဂလားဒေ့ရှ် နိုင်ငံသားများကို ဒုက္ခသည်စခန်းတွင် အတူထားရှိ ခြင်းမှာ အဘယ်ကြောင့်ပါနည်း။

အင်ဒိုနီးရှားအစိုးရ အနေနှင့် သေဆုံးသူ မြန်မာနိုင်ငံသား ဆယ်ဦးအတွက် ဝမ်းနည်းကြောင်း ဖော်ပြရုံဖြင့် သေဆုံးသွားသူများ အတွက် လုံလောက်သော နှစ်သိမ့်မှုဟု မယူဆစေလိုပေ။ သေဆုံးမှု ဖြစ်ပွားရခြင်း အကြောင်းအရင်းကို သေချာစွာ စုံစမ်းဖော်ထုတ်ပြီး ကျူးလွန်ခဲ့သူများကို တရားဥပဒေအရ အရေးယူ အပြစ်ပေးရမည် ဖြစ်သည်။ ထို့အပြင် သက်ဆိုင်ရာ နှစ်နိုင်ငံတွင် ဘာသာရေး အကြောင်းပြု၍ ပဋိပက္ခဖြစ်ပွားနေသော တရားမဝင်ခိုးဝင်သူ မဟုတ်သူ မြန်မာဆယ့်တစ်ဦးနှင့် အလုပ်လုပ်ရန် ခိုးဝင်လာသော ရာနှင့်ချီ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများ အတူ ပေါင်းထည့်ထားရန် စီစဉ်ညွှန်ကြားသည့် အင်ဒိုနီးရှား တာဝန်ရှိသူများ ကိုလည်း စုံစမ်း စစ်ဆေးကာ ဖြစ်ပျက်ခဲ့သည်များ အတွက် တာဝန်ယူသည့်အနေနှင့် လုံလောက်သည့် အပြစ်ဒဏ်ကို ခံယူရမည်ဖြစ်သည်။ ထို့အပြင် သေဆုံးသွားသော မြန်မာနိုင်ငံသား ဆယ်ဦးနှင့် မိသားစု ဆွေမျိုး သားချင်းများကို ဝန်ချတောင်းပန်ရမည် ဖြစ်သည်။ ဤအချက်မှာ ယဉ်ကျေးသော လူ့အဖွဲ့အစည်းများ ပြုသင့်ပြုအပ်သည့် နောက်ဆက်တွဲ တာဝန်ယူမှုပင်ဖြစ်သည်။

ဒီမိုကရေစီ အသွင်ပြောင်းစ မြန်မာနိုင်ငံသည် စင်စစ်အားဖြင့် အာဏာရှင်စနစ်မှ ဒီမိုကရေစီစနစ်သို့ အသွင်ကူးပြောင်းနေသည့် အင်ဒိုနီးရှားနိုင်ငံနှင့် များစွာဆင်တူသည်။ နှစ်နိုင်ငံအကြားတွင် အာဆီယံအဖွဲ့ကြီး မှတစ်ဆင့် သော်လည်းကောင်း၊ တိုက်ရိုက်သော် လည်းကောင်း ချစ်ကြည်ရင်းနှီးမှု၊ အားပေးကူညီမှု၊ ပူးပေါင်း ဆောင်ရွက်မှုတို့ နှစ်ရှည်လများရှိနေခဲ့သော နိုင်ငံနှစ်နိုင်ငံ ဖြစ်သည်။ ဘာသာရေးကို အကြောင်းပြု ၍ ရန်ငြှိုးရန်စမွေးကာ နှစ်နိုင်ငံ ပြည်သူအကြား၊ နှစ်နိုင်ငံအစိုးရများ အကြား၊ ဘာသာနှစ်ခုအကြား အမုန်းမီးပွားစေရန် တမင်ရည်ရွယ် ဖန်တီးလာနိုင်သော အထက် ဖော်ပြပါ ပြဿနာမျိုးကို အထူးအလေးဂရုထားကာ ယခုချက်ချင်း အချိန်မဆိုင်း ငြိမ်းချမ်းစွာ ဖြေရှင်းကြ စေလိုကြောင်း The Voice က အလေးအနက် တိုက်တွန်းအပ်ပေသည်။

အယ်ဒီတာ(၇-၄-၂၀၁၃)

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဂျပန်နိုင်ငံရောက် မြန်မာမိသားစုများ တွေ့ဆုံပွဲ နေရာ၊ အဆောက်အဦး၊ ခန်းမ(ဓာတ်ပုံ)

Posted: 09 Apr 2013 09:49 PM PDT


တိုကျိုမြို့တွေ့ဆုံပွဲ အစီအစဉ်..


နေ့ရက်... ဧပြီလ ၁၃ ရက်နေ့ 

နေရာ... SHIBUYAမြို့ရှိ Belle Salle Shibuya Garden

လိပ်စာ.. အထက်ပါဓာတ်ပုံတွင် ကြည့်ရှုပါရန်...

အချိန်... ညနေ ၄နာရီမှာ စတင်ကျင်းပမည် ဖြစ်သော်လည်း
နေ့လည် ၂း၀၀ နာရီမှ ၃း၃၀ နာရီအတွင်း အခမ်းအနားမစမှီ ကြွရောက်ပါရန်..။ မေတ္တာရပ်ခံအပ်ပါသည်။

ဝင်ကြေး.... တဦးလျှင် ယန်းနှစ်ထောင် ကောက်ခံမည်ဖြစ်ပါသည်။
  ဂျပန်ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည် မြန်မာမိသားစုနှင့် တွေ့ ဆုံပွဲ မှာ ရုပ်သံဗွီဒီယိုတိုက်ရိုက်ထုတ်လွှင့်မှုကြည့် ရှု့ ရန်လင့်

http://www.nldlajapan.com/
http://www.ustream.tv/channel/nldlatokyo1
တွင် လာရောက်ကြည့်နိုင်ရန်ဖိတ်ခေါ်အပ်ပါတယ်။
ငြိမ်းချမ်းရေး နိုဘယ်ဆှုရှင်
ဒေါ်အောင်ဆန်းစုကြည် မြန်မာမိသားစုများနှင့် တွေ့ ဆုံပွဲ။
တိုက်ရိုက်ထုတ်လွှင့်ချိန်( မြန်မာစံတော်ချိန်၁၂း၃၀မှ အစီအစဉ်ပြီးသည်အထိ
ဂျပန်စံတော်ချိန် ညနေ3 နာရီမှ အစီအစဉ်ပြီးသည်အထိဖြစ်၏)

နေ့ ရက် ..............၂၀၀၃ ခုနှစ် ဧပြီ ၁၃ရက်

အချိန်... ............. ညနေ၄ နာရီတိတိ

နေရာ ................Belle Salle Shibuya Garden
Shibuya-ku Tokyo japan.

Shibuya Station , West Exit form 10 minutes. JR Shibuya Line . Toukuu Touyoko Line.

မှတ်ချက်........ညနေ ၂း၀၀ နာရီမှ ၃နာရီအတွင်း အခမ်းအနား မစမှီ
ကြွရောက်ပါရန် မေတ္တာရပ်ခံပါတယ်။.

“လှလို့လှတယ်ပြောတော့ စိတ်မဆိုးနဲ့ကွယ်” (ဆောင်းပါးရှင် လောကပါလ)

Posted: 09 Apr 2013 09:31 PM PDT


"လှလို့လှတယ်ပြောတော့ စိတ်မဆိုးနဲ့ကွယ်"
(ဆောင်းပါးရှင် လောကပါလ)

သမ္မတကြီးတယောက်လုံးက သူပြောခဲ့တဲ့စကားတခွန်းအတွက် ပြည်နယ်ရှေ့နေချုပ် အမျိုးသမီး တယောက်ကို တောင်းပန်ရသတဲ့။ ဒါတောင် အဲသည်အမျိုးသမီးက သမ္မတရဲ့တောင်းပန်ချက်ကို လက်ခံလားလက်မခံလား  သေချာမသိကြရသေးပါတဲ့ (ခုဒီစာရေးနေတုံး ကြားရတာကတော့ လက္ခံလိုက်ပါပြီတဲ့)။ တကယ်တော့ သမ္မတနဲ့ အဲသည် ရှေ့နေချုပ်အမျိုးသမီးတို့ဟာ ရင်းနှီးတဲ့ နိုင်ငံရေးမိတ်ဆွေတွေ ဖြစ်ကြပြီး  နှစ်ယောက်စလုံး တက်ရောက်ကြတဲ့ အခန်းအနားတခုမှာ "ရှေ့နေချုပ်တွေထဲမှာ ဒီရှေ့နေချုပ် အချောဆုံး" လို့ ပြော(ချီးမွမ်း) ခဲ့မိတဲ့အတွက် တောင်းပန်ရ တာပါတဲ့။
Obama Calls Californian Kamala Harris 'Best Looking' Attorney General

ပြောသူ(ချီးမွမ်းသူ)က (ကျွနုပ်တို့ရဲ့ဇာတ်လိုက်ကျော်ကြီး) သမ္မတ အိုဘားမား (သိတယ်မို့လား အမေရိကန် သမ္မတလေ)။ အဲသည်ဇာတ်လိုက်ကျော်ရဲ့ ချီးမွမ်းခြင်းကိုခံရသူ၊ ချီးမွမ်းပြီးမှ ဘွာခတ် ကာ ပြန်တောင်းပန်ခံရသူကတော့ ကယ်လီဖိုးနီးယား ပြည်နယ် ဥပဒေအကျိုးဆောင်ချုပ် မီးစ် ကမလာ ဟားရစ္စ (Ms. Kamala Harris)။ သူမကလည်း ခေသူတော့မဟုတ်။ ကယ်လီဖိုးနီယား ပြည်နယ်ရဲ့ ပထမဆုံး အာဖရိက-အမေရိက နွယ်ဖွား အမျိုးသမီး ရှေ့နေချုပ်။ အမေရိကန်ရဲ့ ပထမဆုံး အန္ဒိယ-အမေရိက နွယ်ဖွား ရှေ့နေချုပ်လဲ ဖြစ်ပါသတဲ့။ အကယ်၍များ သမ္မတ အိုဘားမားရဲ့ ဒုတိယသက်တမ်းအတွင်း ပြည်ထောင်စု တရားလွှတ်တော်ချုပ် ရာထူးတနေရာရာ လစ်လပ်ခဲ့ရင် ခန့်ထားခံရဘို့ အလားအလာ အကောင်းဆုံးလဲဖြစ်ပါတယ်။ ပညာတတ် ရုပ်ချော ထက်မြက်တက်ကြွ အောင်မြင်နေတဲ့ အမျိုးသမီးတစ်ဦးဆိုပါတော့။

ဒီမိုကရက်တစ်ပါတီဝင်တွေဖြစ်တာနဲ့အညီ ပါတီရံပါတီရံပုံငွေ ရှာဖွေရေး လှုပ်ရှားမှု ဖွင့်ပွဲ အခန်းအနား တခုကို နှစ်ယောက်စလုံး တက်ရောက်လာကြပါတယ်။ ဒီပွဲမှာ ကမလာရဲ့နောက် စကားပြောရတဲ့ သမ္မတက သူမဟာ ထက်မြက်တယ်၊ အလုပ်မှာ စူးစိုက်တယ်၊ ပြတ်သားတယ်၊ လူတဦးချင်းစီအတွက် ဥပဒေကို မျှမျှတတ ခန့်ခွဲနိုင်စေဘို့ တရားရေးဝန်ထမ်း တယောက်ဆီမှာ မျှော်လင့်အပ်တဲ့ အရည်အချင်းတွေ သူ့မှာရှိတယ် လို့ ချီးမွမ်းခန်း  ဖွင့်ခဲ့ပါတယ်။ တဆက်တည်း သမ္မတက "တိုက်တိုက်ဆိုင်ဆိုင် သူမဟာ ခုချိန်ထိ ဒီတိုင်းပြည်ရဲ့ ရှေ့နေချုပ်တွေထဲမှာ အချောဆုံးလဲ ဖြစ်နေပါတယ်..တကယ်ပါ" လို့ ပြောလိုက် ပါသေးတယ်။ အဲသည်စကားကြောင့်ပဲ သူ ဂျောက်ကျရတာပါ။ ဝေဖန်သူတွေက သမ္မတရဲ့ စကားဟာ အမျိုးသမီးတွေအတွက် လုပ်ငန်းခွင် အဟန့်အတားတွေ (ဖိုမခွဲခြားခံရမှုတွေ) ဒီနေ့အထိ ရှိနေဆဲလို့ ပြသရာရောက်နေ  ပါပေါ့ လို့ ထောက်ပြကြရာကစပြီး ဒီကိစ္စ အွန်လိုင်းမှာ "ဟော့" သွား ပါတော့တယ်။

ကြားရသမျှစုံလို့ပါဘဲ။ သမ္မတကြီး ဒီလိုတော့မပြောသင့်ပါဘူးလို့ ခနိုးခနဲ့ ပြောသူကအစ၊ ဒါဟာ မဟာပုရိသ ဝါဒကျင့်သုံးခြင်း တရပ်ဘဲလို့ စွတ်စွဲသူအလယ်။ မဟာပုရိသ မဟုတ်ဘူးဗျ မဟာမုဆိုး လို့ နှိပ်ကွပ်သူ အဆုံး ဆိုပါတော့။ သူ့စကား "ချော်" သွားမှန်း သိလိုက်တဲ့ သမ္မတအိုဘားမား ခမျာ အချိန်မဆိုင်း(အဲသည်ပွဲက ပြန်ရောက်ရောက်ခြင်း) မီးစ် ဟားရစ္စ ကို တယ်လီဖုံးဆက်ပြီး သူ့အနေ နဲ့ သူမရဲ့အဆင်းကို မှတ်ချက်ပြုလိုက်ခြင်းဖြင့် သူမရဲ့အချင်း (အရည်အချင်းတွေ) အပေါ် အာရုံ ဆုတ်ယုတ် ပျက်ပြား စေမိတဲ့အတွက် တောင်းပန်ခဲ့ပါတယ်။ အိမ်ဖြူတော်ကလည်း သမ္မတဟာ အမျိုးသမီးတွေ လုပ်ငန်းခွင်မှာတွေ့ကြုံနေရတဲ့ စိန်ခေါ်မှုတွေကို ကောင်းစွာ အသိအမှတ်ပြုသူ ဖြစ်ပါကြောင်း၊ သူတို့တွေကို ပုံပန်းသဏ္ဍန်လောက်နဲ့ အကဲဖြတ်တာမျိုး မပြုသင့်ဘူး ဆိုတာလဲ သဘောပေါက်ပါကြောင်း၊ သူ့စကားတခွန်းကြောင့် ကာယကံရှင် ရှေ့နေချုပ်ရဲ့ လုပ်ရည်ကိုင်ရည် နဲ့ စွမ်းဆောင်ချက်တွေ သေးသိမ်စေမှာကို သမ္မတအနေနဲ့ မလိုလားပါကြောင်း သတင်းထုတ်ပြန်ခဲ့ ပါတယ်။ ဒါပေမယ့် ဒီဂယက်က တော်တော်နဲ့တော့ မရပ်ခဲ့ပါဘူး။

ဒီနေရာမှာ သမ္မတအပေါ်နားလည်ပေးကြသူတွေ၊ သမ္မတဘက်က ရှေ့နေလိုက်ပေးကြသူတွေလဲ ရှိပါတယ်။ သိပ်လဲဟန်ဆောင် မနေကြပါနဲ့ဗျာ လှလို့လှတယ်ပြောတာဘာဖြစ်တုံး လို့ ခပ်ရှင်းရှင်း ပြောတဲ့သူ ရှိသလို၊ ကွန်ပြူတာတွင် အသဲနှလုံးမရှိ၍ မခံစားနိုင်၊ ဒီစကားကြောင့် အိုဘားမား လူသား စင်စစ် ဖြစ်နိုင်ခဲ့ပေပြီလို့ ပညာရှိဆန်ဆန် မှတ်ချက်ပြုသူ လဲရှိပါတယ်။ မဂ္ဂဇင်းတစောင် ကတော့ အိုဘားမားဟာ အရင်ကလည်း သူ့ နဲ့ရင်းနှီးတဲ့ အမျိုးသား ဝန်ထမ်းတွေကို လူချော လူလှတွေ လို့ အမြဲပြောခဲ့ဘူးတာဘဲ၊ သူက မြှောက်ရင်တောင် တန်းတူရည်တူ မြှောက်တာ။ ယောင်္ကျား၊ မိန်းမ ပင်ဂွင်းငှက်တောင်မချန် လှတယ် လို့ သူပြောနေကျ။ အထူးအဆန်းလုပ်ပြီး ခုမှ ပြောခြင်းမဟုတ် မဟာပုရသဝါဒ နဲ့ လည်းဘာမှမဆိုင် လို့ ပြောခဲ့ပါတယ်။ သမ္မတပြောစကားထက် အဲသည်စကားကို အမှီပြု ပေါ်ပေါက်လာတဲ့ မီဒီယာဖြန့်ကျက်မှုက ပိုကြီးကျယ်ပြီး ပိုအငြင်းပွားစရာ ဖြစ်နေတာပါ လို့ သတင်းဌာနတခုက သုံးသပ်ခဲ့ ပါတယ်။ ပြောရလောက်အောင် မီဒီယာကလဲ လက်စောင်းထက်လှပါဘိ။

သတင်းဌာနတခုက ပြည်နယ်တခုရဲ့ (နောက်) အမျိုးသမီးရှေ့နေချုပ်တဦး ကို သမ္မတမှတ်ချက် အပေါ် ဘယ်လိုမြင်ပါသလဲလို့ မေးတဲ့အခါ သူမကဖြေဘို့ငြင်းဆန်ခဲ့ပေမဲ့ ခင်ပွန်းဖြစ်သူကတော့ သမ္မတကြီးရဲ့စကားကို ကျွန်တော်သဘောမတူကြောင်း လေးစားစွာပြောကြားလိုပါတယ် လို့ ဖြေကြားခဲ့တယ် ဆိုပါတယ်။ နောက်သတင်းဌာန တခုက သမ္မတကတော် (First Lady) ကို အဲသည် အချိန်နဲ့ တိုက်ဆိုင်စွာ အင်တာဗျူးတဲ့ အခါ "ကိုယ့်ယောက်ကျား သမ္မတ ဖြစ်နေတော့ ကျမမှာ တခါတလေ တကိုယ်တည်း (Single) လို ဖြစ်ရတတ်ပါတယ်" လို့ ပြန်ဖြေခဲ့ပါတယ်တဲ့။ ဂယက်တွေ ဂယက်တွေ။ ဘာဘဲဖြစ်ဖြစ် ဇာတ်လိုက်ကျော်ကြီး အိုဘားမားတော့ ခုလောက်ဆို ဒေါ်မိရှဲလ် (Michelle Obama) ရဲ့ဗိုက်ခေါက်အလိမ် ကို ကောင်းကောင်းခံနေရလောက်ပြီ ထင်ပါရဲ့။ သမ္မတဖြစ်ရတာ မစားသာပါလား နော် လို့ တောင် ညည်း ကောင်း ညည်းနေမလားဘဲ။ ထားပါတော့။

ပြောချင်တာက လူဆိုတာ မှားတတ်ကြပါတယ်။ စကားမှားတာလောက်ကတော့ (သာမန်လူတွေ အနေနဲ့) စာမဖွဲ့သာလောက်ပါဘူး။ ဒါပေမယ့် ရာထူးကြီးသူ တာဝန်ကြီးသူတွေ စကားမှားရင် တော့ စာဖွဲ့လောက်ရုံမက မလှပတဲ့ အကျိုးဆက်တွေပါ ပါလာတတ်ပါတယ်။ ဒီကိစ္စဟာ စကားမှား တယ်လို့တောင် ပြောရခက်တဲ့ စကားချော် (Toungue-slip) မှုတရပ်လောက်သာပါ။ ဒါပေမယ့် ချော်တဲ့သူက သမ္မတဖြစ်နေ၊ ပြည်သူတွေကလည်း အကဲဆတ်၊ မီဒီယာတွေကလည်း သိုက်သိုက် ဝန်းဝန်းဆိုတော့ ခုလိုမျိုး ဖြေကြ ရှင်းကြ ငြင်းခုံကြ တောင်းပန်ကြတွေ ဖြစ်ကုန်ကြ ပါတော့တယ်။ ဒီနေရာမှာ သတိချပ်သင့်တာက သမ္မတကစ အရပ်ထဲက ဝေဖန်သူအဆုံး မိမိတို့ရဲ့ လွပ်လပ်ပိုင်ခွင့် တွေ သုံးပြီး ပြောကြဆိုကြ ချီးမွမ်းထောက်ခံ ဝေဖန်ပစ်တင်ကြတဲ့ နေရာမှာ ငယ်ကျိုးငယ်နာ ဖရုဿ ဝါစာတွေ တလုံးတပါဒမှ မပါကြဘူး ဆိုတာပါဘဲ။ ဒိထက်ပိုပြီး သတိချပ်သင့်တာက သမ္မတအိုဘားမားရဲ့ ဖြောင့်မတ်မှုခေါ်ရမလား ပါးနပ်မှုခေါ်ရမလား ဘာမဟုတ်တဲ့ (မိမိနုတ်ထွက်) စကားလေးတခွန်း ကို (အမြော်အမြင် ရှိရှိ) တာဝန်သိသိ ဖြေရှင်း (တောင်းပန်) လိုက်ပုံလေးပါ။

ကမ္ဘာကြီးရဲ့ တဒေါင့်တနေရာမှာ ကိုယ့်ဘာသာကိုယ်ပြောတာ ဘာဖြစ်လဲ ဆိုတဲ့ သဘောထားမျိုး ကိုင်စွဲနေကြတဲ့ လူကြီးတွေ (ပေးလို့ယူရတာဘဲဖြစ်ဖြစ် မပေးဘဲအတင်းယူထားလို့ဘဲ ဖြစ်ဖြစ် တာဝန်ကြီးကြီးမားမား ရှိနေကြသူတွေ) အတုယူသင့်တယ် လို့ မြင်ပါတယ်။

လောကပါလ

Ref: BBC News and Others

ဧပြီလ ၁၀ရက် ဂျပန်နိုင်ငံ သတင်းအချို့..

Posted: 09 Apr 2013 09:20 PM PDT

ဧပြီလ ၁၀ရက် ဂျပန်နိုင်ငံ သတင်းအချို့..

မြောက်ကိုရီးယား နေရာ ဒေသ၂ခုမှ ဂျပန်နိုင်ငံသို့Missile များဖြင့် ပစ်လွှတ်မည်ဟု ချိန်းခြောက် ပြောဆိုသွားသည်...။ ယနေ့လည်း ဖြစ်နိုင်သည်ဟု ဂျပန်သတင်းဋ္ဌာနများမှ ကြေငြာသည်...။
ယနေ့ ဂျပန်သတင်းဋ္ဌာနများမှ မြောက်ကိုရီးယား၏ စစ်ရေးချိန်းခြောက်မှုအပေါ် သတင်းသုံးသပ်မှုများ ထုတ်လွှင့် ပြသနေသည်...။ ဂျပန်ဝန်ကြီးချုပ်မှ မိမိ ပြည်သူများ၏ လုံခြုံရေးအား အစွမ်းကုန်ကာကွယ် သွားမည်ဟု ပြောဆိုသွားသည်...။

ဓာတ်ပုံ ယနေ့ ဖူဂျီတောင် အက်ကွဲကြောင်း 
ဂျပန်နိုင်ငံ၏ နာမည်ကျော် ဖူဂျီတောင်၏ တောင်ပေါ်လမ်းတခု၌ အက်ကွဲကြောင်းများ တွေ့ရှိကြောင်း ထုတ်လွှင့်ပြသသည်..။ ဖူဂျီမီးရှင်တောင် ပြန်လည်ပေါက်ကွဲ နိုင်ကြောင်း ပြောဆိုနေကြသလို.. အားပြင်း ငလျင်လည်း လှုပ်ခတ်နိုင်ကြောင်း သုတေသီများမှ ယခင်နှစ်များကပင် ထုတ်လွှင့်နေကြသည်..။


ဒီမိုဝေယံ



သူမိုက်နှင့်ပေါင်းဖော်၍ လှည့်လည်သောသူသည် ကာလကြာမြင့်စွာ စိုးရိမ်ရ၏..ယခင်မြောက်ကိုရီးယား လူမိုက်နှင့် ပေါင်းသင်းဆက်ဆံခဲ့သည်.. ဆက်ဆံနေသည့် အာဏာရှင်များ မည်သို့တုန့်ပြန်မည်နည်း..


မြတ်စွာဘုရား ဖွားမြင်ရာ လုမ္ဗိနီကယ်တင်ရေးအတွက် လက်မှတ်များ ရေးထိုးခြင်းဖြင့် ကူညီပေးကြပါ..

Posted: 09 Apr 2013 11:56 AM PDT

မြတ်စွာဘုရား ဖွားမြင်ရာ လုမ္ဗိနီကယ်တင်ရေးအတွက် လက်မှတ်များ ရေးထိုးခြင်းဖြင့် ကူညီပေးကြပါ..

မြန်မာပြည်မှမြန်မာလူမျိုးများ..

လုမ္ဗိနီကယ်တင်ရေး ... ကူညီပေးစေချင်ပါသည်

|Like --->Buddhism Beams(myanmar)
လုမ္ဗိနီဟာ နှစ်ပေါင်းများစွာ တိမ်မြုပ်ပျောက်ကွယ်နေရာမှ ၁၈၉၆ မှာ အိန္ဒိယရှေးဟောင်းသုတေသနဌာနမှ ဒေါက်တာအလွိုက်ဖျူရာတို့ရဲ့ ဖော်ထုတ်ချက်ကြောင့် ပြန်လည်တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ ထိုသို့ တွေ့ရှိခဲ့သော်လည်း ထိန်းသိမ်းစောင့်ရှောက်မှုကား မရှိခဲ့သေးပါ။ ၁၉၆၇ - ခုနှစ်တွင် ကမ္ဘာ့ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဦးသန့် ဘုရားဖူးရောက်စဉ်အခါမှသာ လုမ္ဗိနီဒေသထိန်းသိမ်းစောင့်ရှောက်ဖို့ ကုလသမဂ္ဂမှ အကူအညီပေးရေး စသည့် အစီအမံများ ပေါ်ပေါက်လာခြင်း ဖြစ်ပါတယ်။

၁၉၇၀-ခုတွင် ကုလသမဂ္ဂဆိုင်ရာ နီပေါအမြဲတမ်းကိုယ်စားလှယ်ဦးဆောင်၍ ``နီပေါ၊ မြန်မာ၊ အာဖဂန်နစ္စတန်၊ ကမ္ဘောဒီးယား၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ လာအို၊ ဂျပန်၊ မလေးရှား၊ ပါကစ္စတန်၊ စင်္ကာပူ၊ သီရိလင်္ကာ၊ ထိုင်း´´နိုင်ငံတို့ ပါဝင်သည့် လုမ္ဗိနီဖွံ့ဖြိုးရေးကော်မီတီကို ဖွဲ့စည်းခဲ့ပါသည်။ နောက်ပိုင်းတွင် ``ဘင်္ဂလားဒေရှ့်၊ ဘူတန်နှင့် ကိုရီးယားသမ္မတနိုင်ငံ´´တို့လည်း ယင်းကော်မီတီတွင် ပါဝင်လာခဲ့ပါသည်။ ထိုကော်မီတီ၏ တာဝန်ပေးချက်အရ ဂျပန်လူမျိုး ဗိသုကာပညာရှင် ဒေါက်တာ ကင်ဇိုတန်ဂီက ၁၉၇၈-တွင် လုမ္ဗိနီစီမံကိန်း ဒီဇိုင်းကို ရေးဆွဲခဲ့ပါသည်။

ထိုစီမံကိန်းမှာ မြတ်စွာဘုရား ဖွားမြင်တော်မူသည့်နေရာကို သန့်သန့်ရှင်းရှင်း ခမ်းခမ်းနားနား သီးခြားရပ်တည်နိုင်စေရေး၊ ဗုဒ္ဓဘာသာအမွေအနှစ်ဖြစ်သည့် အသောကကျောက်တိုင်နှင့် Maker Stone ကို ထိခိုက်ညစ်ညမ်းမှု မရှိစေရေး၊ ဘုရားဖူးလာရောက်သူများ စိတ်ချမ်းသာကိုယ်ချမ်းသာစွာဖြင့် ဖူးမြော်နိုင်ရေး၊ ဘုရားရှင်၏ မွေးဖွားရာနေရာသည် လူနှင့်မနှော ဘာသာရေးသဘောအသွင်ကိုသာ ဆောင်စေရေးအတွက် ဦးစားပေး ရေးဆွဲခဲ့ကာ နီပေါအစိုးရ၊ ကုလသမဂ္ဂအဖွဲ့တို့ နှစ်ဦးနှစ်ဘက် သဘောတူညီခဲ့သော အစီအစဉ်တစ်ရပ် ဖြစ်ပါသည်။

ထိုဒီဇိုင်းတွင် ပါဝင်သည့် ဧရိယာမှာ
Master Plan, Restricted Area နှင့် Buffer Zone တို့ အပါအ၀င် ငါးမိုင်ပတ်လည် ရှိပါသည်။ Master Plan တွင် တောင်မြောက်အလျားသုံးမိုင်၊ အရှေ့အနောက် အနံ တစ်မိုင်ရှိပြီး ထိုသုံးမိုင်ကို သုံးပိုင်းစီပိုင်းကာ တောင်ဘက်အစွန်ဆုံးတစ်မိုင်ဧရိယာကို ဖွားတော်မူသည့်နေရာတွင် သတ်မှတ်ထားပါသည်။ ယင်းနှင့်ကပ်လျက် အလယ်ပိုင်း တစ်မိုင်ကို နိုင်ငံတကာကျောင်းများဇုန် သတ်မှတ်ထားပြီး မြောက်ဘက်အစွန်ဆုံးတစ်မိုင်ကို လုမ္ဗိနီရွာသစ်ဇုန်အဖြစ် သတ်မှတ်ထားပါသည်။ ထို Master Plan အတွင်းတွင် သတ်မှတ်ထားသည့်နေရာတွင် သတ်မှတ်ထားသည့် အဆောက်အအုံမျှသာ ဆောက်လုပ်ခွင့် ရှိပါသည်။

Master Plan ၏ ဘေးနှစ်ဘက် တစ်မိုင်စီကို လွှမ်းခြုံဧရိယာအဖြစ် သတ်မှတ်ထားပါသည်။ ပုံတွင် မီးခိုးရောင်ဖြင့် ခြယ်ပြထားပါသည်။ ယင်း၏အပြင်ဘက် နောက်ထပ် တစ်မိုင်စီကို Buffer Zone အဖြစ် သတ်မှတ်ထားပါသည်။ အားလုံးပေါင်း ဧရိယာမှာ ပတ်ဝန်းကျင် ငါးမိုင် ကျယ်ဝန်းပါသည်။ ထိုဧရိယာသည် ဂေဟစနစ်ကိုလည်း ထိန်းသိမ်းရပါသည်။ ဘာသာရေးလက္ခဏာများကိုလည်း မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ရပါသည်။ ထို့ကြောင့် ထိုဧရိယာနယ်မြေအတွင်းတွင် စိုက်ပျိုးမွေးမြူလုပ်ငန်းသာ လုပ်ဆောင်ခွင့် ရှိပါသည်။ မြို့တည်ခွင့် မရှိပါ။

ယခုလောလောဆယ်တွင် Buffer Zone ၏ အပြင်ဘက်တွင် ဘိလပ်မြေစက်ရုံ စသည်များကို လာရောက်တည်ဆောက်သဖြင့် လောလောဆယ် လုမ္ဗိနီ၏ လေထုညစ်ညမ်းမှုမှာ လက်ခံနိုင်သည့် နှုန်းစံပမာဏထက် ၆ ဆ ခန့်မြင့်တက်နေကြောင်း သိရပါသည်။

ထိုထက်ပို၍ အရေးကြီးသည်မှာ Restricted Area နှင့် Buffer Zone တို့ နေရာတွင် လူဦးရေနှစ်သိန်း အခြေချနေထိုင်မည့် ငြိမ်းချမ်းရေးမြို့တော် တည်ဆောက်မည့်အစီအစဉ်ကို တောင်ကိုရီးယားနိုင်ငံအစိုးရ ကိုယ်စားလှယ်များနှင့် နီပေါအစိုးရတို့ ၂၀၁၂ ခုနှစ်၊ ဇန်န၀ါရီလ ၂၀ နေ့က သဘောတူ လက်မှတ် ရေးထိုးခဲ့ပါသည်။ ထိုအစီအစဉ်အတွက် ယူနက်စကိုအဖွဲ့ကို အသိပေးခြင်းလည်းမရှိသလို လုမ္ဗိနီဖွံ့ဖြိုးရေးအဖွဲ့ဝင်နိုင်ငံများနှင့်လည်း တိုင်ပင်ခြင်း အသိပေးခြင်း မရှိခဲ့ပါ။ ထိုအစီအစဉ်များအကြောင်း အကျယ်တ၀င့် သိလိုလျှင် အောက်ပါ လင့်ခ်များတွင် ၀င်ရောက် ဖတ်ရှုနိုင်ပါသည်။

http://thehimalayantimes.com/featured/year2011/inner.php?id=526,

http://newindianexpress.com/opinion/article521534.ece,

http://en.wikipedia.org/wiki/Asia_Pacific_Exchange_and_Co-operation_Foundation

ထိုအစီအစဉ်သာ အောင်မြင်ခဲ့လျှင် ဖွားတော်မူရာ လုမ္ဗိနီနယ်မြေတွင် လူဦးရေထူထပ်များပြားလာခြင်းကြောင့် လေထုညစ်ညမ်းမှု၊ ရေထုညစ်ညမ်းမှု၊ အသံညစ်ညမ်းမှုများ အရင်ဆုံး သက်ရောက်လာမည်ဖြစ်ပြီး ဘာသာရေးအထိမ်းအမှတ်သင်္ကေတများပါ ပျောက်ကွယ်သွားမည် ဖြစ်ပါသည်။ ဘုရားရှင်၏ ဖွားတော်မူသည့်နေရာသည် လူနေထူထပ်သော အိမ်ခြေများ ကြားတွင် ညပ်လျက် မှေးမှိန်ကွယ်ပျောက်ရတော့မည် ဖြစ်ပါသည်။

အသောကကျောက်စာတိုင်နှင့် ခြေတော်ရာ Maker Stone တို့သည်Pollution များကြောင့် မကြာမီ ထိခိုက်ပျက်စီးရတော့မည် ဖြစ်ပါသည်။ ယူနက်စကိုအနေဖြင့် သတိပေးပါလျက် နီပေါအစိုးရက ဆက်လက်လုပ်ဆောင်နေမည်ဆိုလျှင် လုမ္ဗိနီကို Danger Zone အဖြစ် စာရင်းတင်မည်ဖြစ်ပြီး ဆက်လက်လုပ်ဆောင်ပါက ကမ္ဘာ့အမွေအနှစ်စာရင်းမှ ဖယ်ရှားခံရမည်ဖြစ်ပါသည်။

ထိုသို့ ဖယ်ရှားခံရပါက မိမိတို့ ဗုဒ္ဓဘာသာအမွေအနှစ်အပေါ် ထိန်းသိမ်းစောင့်ရှောက်နိုင်မှုစွမ်းအားလည်း လျော့ပါးလာမည်မှာ အသေအချာပင် ဖြစ်ပါသည်။ ထို့ကြောင့် တာဝန်သိသူ ဗုဒ္ဓဘာသာအချို့ဦးဆောင်၍ ကုလသမဂ္ဂထတွင် လုမ္ဗိနီငြိမ်းချမ်းရေးမြို့တော် တည်ဆောက်မည့်အစီအစဉ်ကို ရပ်ဆိုင်း၍ ကင်ဇိုတန်ဂီ၏ Master Plan ကို ဆက်လက်ရှင်သန်ခွင့် ပေးပါမည့်အကြောင်း အသနားခံစာ တင်ထားပါသည်။

ထိုအသနားခံစာ အသက်ဝင်လှုပ်ရှားနိုင်ရေးအတွက် လူပေါင်းတစ်သိန်း၏ လက်မှတ်များ လိုအပ်ပါသည်။ ထိုလက်မှတ်များ ပြည့်မီကာ ဘုရားရှင်ဖွားတော်မူမည့်နေရာကို ကာကွယ်နိုင်ရေးအတွက် မိတ်ဆွေတို့၏ လက်မှတ်များလည်း တစ်တပ်တစ်အား ပါဝင်လျက် ၀ိုင်းဝန်းထောက်ပံ့ပေးကြပါရန် တောင်းပန်အပ်ပါသည်။

လက်မှတ်ထိုးလိုပါက

၁။ ဒီလင့်ခ် http://www.change.org/petitions/un-secretary-general-ban-ki-moon-nepal-government-preserve-the-world-heritage-lumbini-the-buddha-s-birthplace ကို ကလစ်ဖွင့်ပါ။

၂။ အမည် ၊ အီးမေးလ်လိပ်စာများ ဖြည့်သွင်းပါ။
၃။ လမ်းနာမည် (အဆင်ပြေရာ)
၎။ မြို့နာမည်
၅။ နိုင်ငံ
၆။ စာပို့ကုတ် (Post Code) တွင် အဆင်ပြေရာ ဂဏန်း ၇ လုံးခန့်
၇။ Why is this important to you? နေရာတွင် Save World Heritage Zone စသည် မိမိဆန္ဒသဘောထားကို ရိုက်ထည့်ပါ
၈။ အနီရောင် Sign ကို ကလစ်ပေးပါ။

ဒါဆိုလျှင် မိမိတို့ ဘာသာအမွေအနှစ် ဘုရားရှင်ဖွားတော်မူရာမြေကို ကယ်တင်ရာတွင် သင်လည်း ပါဝင်ကုသိုလ်ယူနိုင်ပါပြီ။

အပြည်အစုံ ဖတ်ချင်ပါက Buddhism Beams ၏ဘလော့ခ် http://buddhismbeams.blogspot.com/2013/03/blog-post_30.html
ပေးထားတဲ့ လင့်မှာ သွားဖတ်နိုင်ပါသည် ။

(အထူးမှတ်ချက်- ဗုဒ္ဓဘာသာမြန်မာလူမျိုးများ လူဦးရေ ( တစ်သိန်း အထိ ) ကန့်ကွက်ကြောင်း လက်မှတ်ထိုးမှသာ ကာကွယ်စောင့်ရှောက်ထိန်းသိမ်းခြင်း အောင်မြင်ရာရောက်ပါမည် )

ဗုဒ္ဓဘာသာ မှန်လျှင် ကျေးဇူးပြုပြီး Share နှိပ်သွားပါ ...
Admin - Ko Ko Waizayantar

ဧပြီလ ၉ရက်နေ့က ဘန်ကောက် မြန်မာသံရုံးရှေ့မှ မြန်မာနိုင်ငံသား မဟုတ်သူ ဘင်္ဂလီများရဲ့ ဆန္ဒပြပွဲ..

Posted: 09 Apr 2013 11:54 AM PDT

ဧပြီလ ၉ရက်နေ့က ဘန်ကောက် မြန်မာသံရုံးရှေ့မှ မြန်မာနိုင်ငံသား မဟုတ်သူ ဘင်္ဂလီများရဲ့ ဆန္ဒပြပွဲ..

ကိုယ့်ပြည်တွင်းမှာ ကိုယ့်မြန်မာနိုင်ငံသားစစ်စစ်တွေ ဦးထိပ်ထားတဲ့ လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ဓာတ်ပုံအား ဧပြီလ ၉ရက်နေ့က ဘန်ကောက် မြန်မာသံရုံးရှေ့မှာ မြန်မာနိုင်ငံသား မဟုတ်သူ ဘင်္ဂလီများမှ ဤသို့ စော်ကားခဲ့လေသည်..။

Sakchai Lalit/AP/SIPA Myanmar Rohingya Muslims burn a T-shirt with an image of Myanmar opposition leader Aung San Suu Kyi, during a protest in front of Myanmar Embassy in Bangkok, Thailand Tuesday, April 9, 2013. The demonstrators demanded protection of Rohingya Muslims in Myanmar after an outbreak of sectarian violence in central Myanmar last month.

ဓာတ်ပုံ၊ သတင်းလင့်ခ် http://www.sipa.com/en/feature/2572401/thailand-myanmar-protest/page/1/SN/NEWS