သျှမ်းသံတော်ဆင့်

သျှမ်းသံတော်ဆင့်


နမ့်ခမ်း ပန်းဆေးပြည်သူ့စစ်တပ်စခန်း တိုက်ခိုက်ခံရ

Posted: 08 Apr 2013 07:01 AM PDT

ယနေ့နံနက်ပိုင်း၌ ပန်းဆေးပြည်သူ့စစ်တပ်စခန်းအား တိုင်းရင်းသားလက်နက်ကိုင်တပ်ပေါင်းစုဟု ယူဆရသည့် အဖွဲ့က သွားရောက်တိုက်ခိုက်သိမ်းပိုက်လိုက်သည်ဟု နမ့်ခမ်းရောက်ပန်းဆေးဒေသခံများက ပြောပြပါသည်။
Pan Say Kya Myint
"ဒီမနက် ၄ နာရီကနေ မနက် ၈ နာရီလောက်အထိ သွားတိုက်တယ်။ နောက်မွန်းတည့်ချိန်မှာ နောက်တကြိမ် ထပ်တိုက်ပွဲဖြစ်တယ်။ ပန်းဆေးဘက်မှာဘဲ။ စခန်းကိုမီးရှို့ပြီး ပြန်ထွက်သွားတော့ အဲဒီလာတိုက်တဲ့အဖွဲ့က သျှမ်းတွေ၊ ပလောင်တွေ၊ ကချင်စကားတွေ ပြောတယ်လို့တော့ ပြောတာဘဲ ဒေသခံတွေက" - ဟု ဒေသခံ နမ့်ခမ်း သျှမ်းနိုင်ငံရေးပါတီဝင် စိုင်းခမ်းလုံ ကပြောပါသည်။

ယနေ့နံနက် (ဧပြီ ၈ ရက် ၂၀၁၃) ပိုင်း၌ အဆိုပါ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့က နမ့်ခမ်းမြို့ အရှေ့ တောင်ဘက် ၁၅ မိုင် ခန့်ဝေးသည့် ပန်းဆေးကျေးရွာအုပ်စုရှိ ပန်းဆေးပြည်သူ့စစ်တပ်စခန်းအား တိုက်ခိုက်ခဲ့ ကြောင်း၊ ပန်းဆေးဒေသရှိ တာ့ပန်းကုန်း နှင့် ရှောက်ပန်းကုန်း ရှိ တပ်စခန်းသုံးခုအနက်နှစ်ခုအား မီးရှို့ဖျက်စီး လိုက်ကြောင်း၊ သေကြေဒဏ်ရာရှိမှုလည်း ရှိကြောင်း ဒေသခံများပြောပြချက်အရ သိရပါသည်။

"စခန်းနှစ်ခုက ပြည်သူ့စစ်တွေနေတဲ့ စခန်းမဟုတ်ဘူး။ ဘိန်းချက်စခန်း၊ ယာဘ၊ ဘိန်းဖြူလုပ်တဲ့စခန်းတဲ့။ အဲဒါကြောင့်မီးရှို့ပစ်လိုက်တာတဲ့" - ဟု တပ်ပေါင်းစုနှင့် နီးစပ်သူ ဒေသခံတဦးကပြောပါသည်။

"နမ့်ခမ်းဆေးရုံမှာ အခုချိန်အထိ (၁၅ နာရီခွဲ) လူနာတွေရောက်လာတာတော့မတွေ့ရဘူး။ မြို့မပြည်သူ့စစ် တပ်ဖွဲ့ကတော့ လက်နက်အပြည့်နဲ့ အသင့်ပြင်ထားတယ်။ အစိုးရစစ်ကြောင်းကိုစောင့်နေတာတဲ့။ စောင့်နေ တုန်းပဲ။" - နမ့်ခမ်းသား စိုင်းရီလုံး က ပြောပါသည်။

ပန်းဆေးပြည်သူ့စစ်တပ်ဖွဲ့သည် ပြည်ထောင်စုကြံ့ခိုင်ရေးပါတီ ပြည်နယ်လွှတ်တော်အမတ် ပန်းဆေး         ဦးကျော်မြင့် က ဦးဆောင်သည်။ လက်နက်ကိုင်တပ်ဖွဲ့ အင်အား ရာဂဏန်းရှိသည်။ အစိုးရခိုင်း သမျှလုပ်ပြီး စီးပွားရေးအခွင့်ထူးများ လက်ဝါးကြီးအုပ်သည့်သူဟု နိုင်ငံရေး စစ်ရေးအသိုင်းအဝိုင်းကစွပ်စွဲထားပြီး သျှမ်း ပြည်မူးယစ်ဆေးဝါး စောင့်ကြည့် ရေးအဖွဲ့ကလည်း ၎င်းအား ခေတ်သစ်မူးယစ်ရာဇာအဖြစ် စာရင်းသွင်း  ထားသူဖြစ်သည်။

တန့်ယန်း စစ်ပြေးဒုက္ခသည်များအားလုံး အောင်မင်္ဂလာကျောင်း၌သာ စုပုံထား

Posted: 08 Apr 2013 07:00 AM PDT

သျှမ်းပြည်တပ်မတော် နှင့် အစိုးရတပ်မတော်တို့ တိုက်ပွဲကြောင့် တန့်ယန်းမြို့ပေါ်သို့ ပျံ့နှံ့နေသည့် စစ်ပြေး ဒုက္ခသည် များ အောင်မင်္ဂလာကျောင်းတိုက်၌ စုပေါင်းနေထိုင်စေခဲ့ကြောင်း ကြားသိရပါသည်။

"အစတုန်းက ဘုန်းကြီးကျောင်းတွေမှာ သွားနေကြတာ။ အခု အောင်မင်္ဂလာကျောင်းတိုက်မှာပဲ လာနေဖို့ လိုက်ခေါ်နေ တယ်။ မနေ့က ၄၃၁ ယောက်ရှိပြီ။ စစ်မျက်နှာပြင်ဘက်က ထပ်ရောက်လာတာလဲရှိတယ်၊ မပြန်နိုင်ကြသေးဘူး" - ကျားဖြူ ပါတီ ပြည်သူ့လွှတ်တော်အမတ် စိုင်းထွန်းထွန်းဝင်း က ပြောပါသည်။
Refugees at Tangyan                                                     စစ်ပြေးဒုက္ခသည်များ

မတ်ခ်ျလနှောင်းပိုင်းမှ ယနေ့အထိ တန့်ယန်းမြို့ဘက်ရောက်ရှိလာသော စစ်ဘေးရှောင်ဒုက္ခသည်များ ထောင်ကျော် ကြောင်း၊ ပလောင်များ၊ တရုတ်လူမျိုးများက ၎င်းတို့အမျိုးရှိရာ ပန်ယရုံး၊ မြို့သစ်ဘက် သွားနေကြောင်း၊ အောင်မင်္ဂလာ ကျောင်းတိုက်တို့ စုပေါင်းနေစေရခြင်းမှာ ရေမီး နေရာထိုင်ခင်းအဆင်ပြေ မှု အသင့်အသင့်ရှိကြောင်း စစ်ဘေးရှောင် များ အားလိုက်လံကူညီပေးနေသည့် ကျေးသီးမြို့မှ စိုင်းခမ်းဆိုင်က ဤကဲ့သို့ပြောပါသည်။

"ပလောင်လူမျိုးတွေက ခက်တယ်။ သူတို့က အဝတ်အစားဘာမှ မရလာဘူး။ ပလောင်ယောက်ျားလေးတွေက သူများ ပေး ကမ်းတဲ့ အဝတ် ဝတ်သေးတယ်။ မိန်းခလေးတွေကတော့ သူတို့ဝတ်စုံမှ သူတို့ဝတ်စုံဘဲ။ တခြား  ဝတ်စုံမဝတ်ဘူး။ သူတို့တွေက သူများနဲ့မနေတတ်ဘူးလေ။ သူတို့အမျိုးရှိရာ စစ်မဖြစ်တဲ့ရွာဘက်ကိုဘဲ သွားနေကြတယ်" - ဟု ဆိုသည်။

ယမန်နေ့အထိ ကူညီမှုပေးသည့် အသင်းအဖွဲ့များများစားစားမရှိသေးကြောင်း၊ အဲန်ဂျီအိုအသိုင်းအဝိုင်းတွင် အိုင်စီအာရ် စီ သာတွေ့ရကြောင်း၊ ဒေသခံ မိုင်းရယ်၊ လားရှိုး၊ ကျေးသီးဘက်မှ စုပေါင်းလူထုအလှူရှင်းများ လာရောက်ကူညီကြောင်း ကူညီမှုတွင်ပါဝင်သည့် တန့်ယန်းလူငယ် စိုင်းခေးက ဤကဲ့သို့ပြောပါသည်။

"အခုလာတာက ကျေးသီး၊ မိုင်းရယ်၊ လားရှိုး။ ငွေတွေ စောင်တွေ၊ အိုးခွက်ပန်းကန်တွေလာပေးတယ်။ လားရှိုးဘက်က လာတဲ့ လူငယ်နဲ့ ကျားခေါင်းလူငယ်အဖွဲ့ စုပေါင်း အင်အား ၂၀ ခန့်က ငွေတွေ၊ ပစ္စည်းတွေ လိုက်လံအလှူခံပြီး လာကူ တယ်။ ပိုက်ဆံ ကျပ် ၄၅ သိန်း၊ စားဖွယ်သောက်ဖွယ် စောင်၊ အိုးခွက်ပန်းကန်တွေ လာပေးတယ်။ လားရှိုး - တန့်ယန်း နေ့ချင်းပြန်ဘဲလာသွားတယ်" - ဟု ပြောသည်။

"အစိုးရတပ်၊ သျှမ်းတပ် နှစ်ဘက်ညှိပြီးမှ သူတို့တွေ နေရပ်ပြန်နိုင်မှာပေါ့။ အခုက အစိုးရတပ်ကို လူထု အကြောက်ဆုံး၊ သူတို့က လူထုကိုခေါ်ပြီးလှမ်းပြခိုင်းတယ်။ လူထုကို ပွိုင့်ထိုးခိုင်းတယ်။ မိုင်းနင်းမိရင် လူထု အရင်သေတယ်။ မုဒိန်းကျင့် သတင်းတွေလဲ သတင်းပျံ့နေတော့ ဘယ်ပြန်ရဲတော့မလဲ၊ အားလုံးတာဝန် ရှိတယ်။ အစိုးရက ပိုတာဝန် အရှိဆုံးပေါ့ သူတို့က အာဏာရှိတယ်။ သူတို့ က နယ်မြေစိုးမိုးဖို့ တောနင်းပြီး နယ်မြေရှင်းလင်းရေးလို့အခုလိုဖြစ်ရတာ" - တန့်ယန်းမြို့ ကျားဖြူပါတီဝင် ရပ်မိရပ်ဖတဦးက ပြောပါသည်။

သျှမ်းပြည်တိုးတက်ရေးပါတီ သျှမ်းပြည်တပ်မတော် SSPP/SSA နှင့် မြန်မာအစိုးရတို့သည် အပစ်ရပ်ပြီး ငြိမ်းချမ်းရေး စုပေါင်းတည်ဆောက်နေသည်ဟု ဆိုတော်လည်း ယနေ့တိုင် စစ်မီးငြိမ်းခြင်းမရှိပဲ အပစ်ရပ်ပြီးနောက်ပိုင်း တိုက်ပွဲပေါင်း တရာထက်မနည်းဖြစ်ပွားပြီးဖြစ်သည်။

ရွှေလီမြစ်ဝှမ်း RCSS/SSA ထိန်းချုပ်ရာဒေသ၌ ပထမဆုံးအကြိမ်မူးယစ်ဆေးဝါး မီးရှို့ဖျက်ဆီး

Posted: 08 Apr 2013 06:57 AM PDT

သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ရွှေလီမြစ်တဘက်ကမ်းရှိ RCSS/SSA သျှမ်းပြည်တပ်မတော်ထိန်းချုပ်ရာ တပ်ရင်း ၇၀၁ နယ်မြေ နောင်မတာကျေးရွာ တွင် ယမန်နေ့ မွန်းလွဲပိုင်းက ဖမ်းဆီးရမိသော မူးယစ်ဆေးဝါး များကို အများပြည် သူလူထုရှေ့တွင် မီးရှို့ဖျက်ဆီးလိုက်ကြောင်း သတင်းရရှိသည်။

001-
"ကျနော်တို့  ၂၀၁၂ - ၂၀၁၃ မှာ ဖမ်းမိတဲ့  မူးယစ်ဆေးဝါးတချို့ကို အခုနှစ်ဆန်းက တရုတ် အာဏာပိုင်ထံ လွှဲအပ် တယ်၊ အဲဒီမှာဘာတွေပါလဲဆိုတော့ ယာဘစိတ်ကြွ ဆေးပြား ၁ သိန်း ၃ သောင်းကျော်၊ ဘိန်းမဲ ၆ ပိဿာခွဲ နဲ့ ဘိန်း ဖြူ တချို့ပေါ့။   မနေ့က မွန်းလွဲ ၂ နာရီမှာ မီးရှို့ဖျက်ဆီးလိုက်တာက ဘိန်းဖြူ ၁ ပုလင်း ၊ ယာဘစိတ်ကြွဆေး ပြား (၅၅,၁၇၁) ပြားနဲ့ ဘိန်းမဲ ၆ ပိဿာခွဲ " ဟု ၇၀၁ တပ်ရင်းမှ အရာရှိတစ်ဦးကပြောပါသည်။

အဆိုပါအခမ်းအနားတွင် ရ၀၁ တပ်ရင်းမှ အရာရှိက မိန့်ခွန်းပြောကြားရာ မူးယစ်ဆေးတိုက်ဖျက်ရေးတွင် ပြည်သူ လူထုမှ ပူးပေါင်းလက်တွဲကြရန်တိုက်တွန်းပြောကြားသွားခဲ့သည်။ 

"မူးယစ်ဆေးဟာ ကျနော်တို့ကို နေ့စဉ် ဒုက္ခပေးနေတဲ့ အရာဖြစ်ပါတယ်၊ မူးယစ်ဆေးဟာ တခြားသော လက်နက် ကြီးတွေထက် ကြောက်စရာကောင်းတဲ့ အရာဖြစ်တယ်။ သျှမ်းပြည်သူအားလုံးကလဲကျနော်တို့ နဲ့လက်တွဲပြီး မူး ယစ်ဆေးဝါး  တိုက်ဖျက်ကြပါရန် တိုက်တွန်းဖိတ်ခေါ်အပ်ပါတယ် "

ထို့ပြင် RCSS/SSA သျှမ်းပြည်တပ်မတော် ၇၀၁ တပ်ရင်း ထိန်းချုပ်နယ်မြေတွင်လည်း  မူးယစ်ဆေးစွဲသော လူငယ် များ၏ အကျင့်စာရိတ္တပြုပြင်ရေးစခန်းကိုလည်း  ခုဆောက်လုပ်နေဆဲဖြစ်ကြောင်း၊ ဆောက်လုပ်ပြီးပါက ဆေးစွဲသူ များအား စတင် ဆေးဖြတ်ပေးမည်ဖြစ်ကြောင်း၊ တဖက်တွင်လည်း မူးယစ်ဆေးဝါးကို  အဓိကရန်သူအဖြစ် ရှေ့ ဆက် ဆက်လက် တိုက်ဖျက် သွားမည်ဖြစ် ကြောင်း၎င်းက ဆိုသည်။

မူးယစ်ဆေးဝါးမီးရှို့ပွဲသို့ မူစယ် ၊ နမ့်ခမ်း၊ပန်ဆိုင်း မြို့များမှ နိုင်ငံရေးပါတီများ၏ ကိုယ်စားလှယ်များ၊သျှမ်းစာ/ယဉ် မှ တာဝန်ရှိသူများနှင့် ဒေသခံလူထု နှစ်ရာကျော် လာရောက် အားပေးကြောင်း၊  ညနေစာအား တပ်ရင်း ၇၀၁ မှ တည်ခင်းကျွေးမွေးကြောင်း နမ့်ခမ်းဒေသခံ လုံး စိုင်းယီကပြောသည်။

ယမန်နေ့က  မီးရှို့ဖျက်ဆီးလိုက်သောမူးယစ်ဆေးဝါးများနှင့် ယမန်နှစ် ဒီဇင်ဘာလက တရုတ်အာဏာပိုင်ထံ အပ်နှံလိုက်သော မူးယစ်ဆေးဝါး များသည် RCSS/SSA သျှမ်းပြည်တပ်မတော် လှုပ်ရှားရာ  နမ့်ခမ်း၊ မူစယ်၊ ပန်ဆိုင်း မြို့များမှ ဖမ်းဆီးရရှိသော မူးယစ်ဆေးဝါးများဖြစ်ကြောင်းသိရှိ ရသည်။