[moemakadaily@moemaka.biz] 12th April - MoeMaKa Daily

ကာတွန်း စောငို - သင်္ကြန်မှာ ဒုက္ခတွေလည်း နှစ်ကူးမည်
ဧပြီ ၁၂၊ ၂၀၁၃

 0 comments  Labels: 

Ashin Zawana (Kon Zaung) - No Discrimination of Any Burmese ?

 | 


"လူမျိုးဘာသာ မခွဲခြား မြန်မာနိုင်ငံသား …" ဆိုပဲ
အရှင်ဇဝန (ကုန်းဇောင်း)၊ မိုးမခပေးစာ၊ ဧပြီ ၁၂၊ ၂၀၁၃
            အခုတစ်လော ဖြစ်ပေါ်နေတဲ့ ကျုပ်တို့မြန်မာပြည် အခြေအနေတွေကြောင့် စာတိုပေစလေးတွေ တစ်ကြောင်းတစ်လေ ရေးရမှာကို လက်တွန့်နေမိတယ်။ ကျုပ်တို့ မြန်မာလူမျိုးတိုင်းရဲ့ နှလုံးသားထဲမှာ အမျိုးဘာသာ သာသနာကို ချစ်မြတ်နိုးတဲ့စိတ်တွေကိုယ်စီ ပြည့်ပြည့်ဝဝ ရှိနေခဲ့ကြပါတယ်။ နှလုံးခုံသံကို နားထောင်ကြည့်ရင်တောင် မျိုးချစ် မျိုးချစ်လို့ မြည်ဟိန်းနေတာ အတိုင်းသား ကြားနေရပါတယ်။ ခန္ဓာကိုယ်တစ်ခုလုံးသို့ စီးဆင်းလည်ပတ်နေတဲ့ သွေးတွေကလည်း မျိုးချစ်သွေးတွေပါပဲ။ ဒီတော့ဗျာ ခန္ဓာကိုယ်အနှံ့ ဘယ်နေရာကို ဖောက်ကြည့်ဖောက်ကြည့် မျိုးချစ်သွေးတွေပဲ ထွက်လာမှာပါ။ ရင်နှင့်မဆန့်အောင်ခံစားရတဲ့ ခံစားချက်စာပေတွေရေးတဲ့အခါမှာလဲ မျိုးချစ်စိတ်ဓာတ် ပြင်းထန်လွန်းတဲ့ စာပေတွေပဲဖြစ်လာမှာပါ။
အဲဒီလို မျိုးချစ်စိတ်ဓာတ်ပြင်းထန်လွန်းတဲ့စာပေတွေ ရေးမိရင် ကျုပ်တို့ကို မျက်ကန်းမျိုးချစ် (သို့) အကြမ်းဖက်ဆူပူမှုတွေဖြစ်အောင် လှုံ့ဆော်သူလို့ ဝိုင်းပြီးကင်ပွန်းတပ်ကြဦးမယ်။ တစ်ချို့ကျတော့ ရက်ရက်စက်စက်ကြီးကို နာဇီလက်သစ်နာမည်တပ်လိုက်ကြသေးတယ်။ ဖေ့စ်ဘုတ်မှာ ကွန်မန့်လေး တစ်ချက်ရေးမိရင်တောင် အဖွကောင်၊ ဖေ့စ်ဘုတ်လူသတ်ကောင်လို့ အစွပ်စွဲခံရဦးမယ်။ ဒီတော့ ဘာမှမရေးတာပဲကောင်းပါတယ်ဆိုပြီး အသာလေးငြိမ်နေမိတာ။
"ဘာသာလူမျိုးမခွဲခြား မြန်မာနိုင်ငံသား …" ဆိုင်းဘုတ် စတစ်ကာတွေကို လိုက်ဝေနေကြတယ်၊ ဈေးဆိုင်တိုင်း ကားတိုင်းမှာ စတစ်ကာတွေ လိုက်ကပ်နေကြတယ်ဆိုတဲ့ သတင်းတွေ ကြည့်လိုက်ရတော့ ရင်ထဲမှာ အပ်နဲ့ဆွသလို ခံစားလိုက်ရတယ်။ အံမယ် သူတို့က နောက်က အဆစ်ကလေးကပါသေးတယ်ဗျာ "ကျွန်ုပ်ကြောင့် လူမျိုးရေး ဘာသာရေးပဋိပက္ခ မဖြစ်စေရ …" တဲ့။
လူမြင်ကောင်းအောင် လှုပ်ရှားနေတာက တစ်ခြား တကယ်တမ်း လုပ်နေတာက တစ်ခြားဆိုတာ အသိဉာဏ်ရှိကြတဲ့သူတိုင်း သိကြမှာပါ။ အဲဒီလို အပြောတစ်မျိုး အလုပ်တစ်မျိုးနဲ့ အဆီအငေါ်မတည့်တာ တွေကို တွေ့တွေ့နေရတော့ ရယ်လည်းရယ်ချင်တယ်၊ ငိုလည်းငိုချင်တယ်။ ဘာ့ကြောင့် ရယ်ချင်ရတာလဲ ဆိုတော့ ဒီအဖွဲ့ကို ဦးဆောင် ပါဝင်နေကြတဲ့သူတွေကကော တကယ့်ကို လူမျိုးဘာသာမခွဲခြားဘဲ ဗုဒ္ဓဘာသာတွေရဲ့ ဈေးဆိုင်တွေမှာ ဝယ်ယူအားပေးနေကြလို့လား။ လူမျိုးရေး ဘာသာရေးပဋိပက္ခဖြစ်အောင် ကော ဘယ်သူတွေက ဖန်တီးနေတာလဲ။ ကမ္ဘာအရပ်ရပ်ကို လှမ်းကြည့်လိုက် တစ်ကမ္ဘာလုံး လူမျိုးရေး ဘာသာရေး ပဋိပက္ခတွေ ဆူပူအကြမ်းဖက်မှုတွေကို ဘယ်သူတွေက ဖန်တီးနေကြတာလဲ မှန်မှန်ဖြေကြပါ၊ သေသေချာချာ မြင်အောင်ကြည့်ကြပါ။ အဲဒီလို မီးစတစ်ဖက် ရေမှုတ်တစ်ဖက် အရှက်မရှိတဲ့ မျက်နှာတွေကို မြင်ရလို့ကိုပဲ တစ်ကမ္ဘာလုံးကြားအောင် ဟားတိုက်ရယ်မောပစ်လိုက်ချင်တာ။
ဘာ့ကြောင့် ငိုချင်ရတာလဲဆိုတော့ ကိုးခြောက်ကိုးဆိုတဲ့ အမျိုးဘာသာ သာသနာကို ချစ်မြတ်နိုးတဲ့ မျိုးချစ်အဖွဲ့တွေကို ဆူပူအကြမ်းဖက်မှုတွေဖြစ်ပေါ်လာအောင် လှုံ့ဆော်တဲ့အဖွဲ့လို့ စွပ်စွဲလိုက်ကြလို့ပါပဲ။ ကိုယ့်အမျိုး ကိုယ့်ဘာသာ သာသနာအပေါ်မှာ ချစ်မြတ်နိုးတတ်လာအောင်၊ အမျိုးဘာသာ သာသနာ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ဖို့ အသိပညာတွေပေးနေတဲ့ မျိုးချစ်အဖွဲ့ကို အခုလို မတရားပုတ်ခတ် စော်ကားခံနေရတာကို ဘယ်သူတွေကမှ ပြန်လည်ချေပ ထောက်ပြဝေဖန်တာမျိုး မရှိခဲ့တာဟာလည်း ဝမ်းနည်းဖို့ အင်မတန်ကောင်းပါတယ်။
သူတို့ကတော့ လူမျိုးဘာသာမခွဲခြား မြန်မာနိုင်ငံသား - လို့ နာမည်လှလှလေးပေးလိုက်တဲ့အခါမှာ ကိုယ့်လူမျိုး ကိုယ့်ဘာသာဆိုင်ကိုပဲ အားပေးကြဖို့ စည်းရုံးတဲ့ "ကိုးခြောက်ကိုး" အဖွဲ့ကို နာမည်ဆိုး ထွက်သွားအောင် ထိုးနှက် လိုက်တာပါပဲ။ ဒါကို မြန်မာလူငယ်တွေက မသိရှာကြဘူး။ သူတို့ အဖွဲ့တွေမှာ တက်တက်ကြွကြွ ပါဝင်လှုပ်ရှားနေတာကို တွေ့ရပါတယ်။
တစ်နည်းအားဖြင့်ဆိုရင် ကိုးခြောက်ကိုးလှုပ်ရှားမှုတွေ အောင်မြင်သွားရင် သူတို့တစ်တွေဈေးဆိုင်တွေမှာ မြန်မာတွေ အားမပေးကြတော့ဘူး။ အဲဒီလို အားမပေးကြတော့ဘူးဆိုရင် မြန်မာအမျိုးသမီးတွေကို တစ်ယောက်ပြီး တစ်ယောက် သိမ်းပိုက်ပြီး လူလူချင်းမြိုမည့် စီမံကိန်းကြီးတွေ ကျဆင်းကုန်လိမ့်မယ်ဆိုတာ သိလို့ ကိုးခြောက်ကိုး နာမည်ပျက်အောင် အကြမ်းဖက်မှုတွေ မဖြစ်ဖြစ်အောင် သူတို့ကိုယ်တိုင်ဖန်တီးပြီး အကြမ်းဖက်မှုတွေ ဖြစ်လာတဲ့အခါမှာ ကိုးခြောက်ကိုးအဖွဲ့ရဲ့ လှုံ့ဆော်မှုကြောင့် ဒီလိုဖြစ်ရတာပါလို့ နာမည်ဆိုးတပ်ကြတော့မယ်လေ။ အဲဒီအခါမှာ လူတွေကလည်း နားယောင်ပြီး ကိုးခြောက်ကိုး တံဆိပ်ကြီးက အကြမ်းဖက်မှုဖြစ်အောင် လှုံ့ဆော်ပေးတတ်တယ်တဲ့ - ဆိုပြီး ကြောက်လန့်ပြီး သိမ်းထားကြတော့မယ်။ လူမျိုးဘာသာ မခွဲခြား မြန်မာနိုင်ငံသားဆိုတဲ့ ဆိုင်းဘုတ်ကလေးက လှပါတယ်။ ဒါလေးပဲ ကပ်ထားတာကောင်းပါတယ်ဆိုပြီး လူမျိုးခြားတွေရဲ့ လှည့်ကွက်ထဲကို ပြန်ရောက်သွားကြတော့မယ်။
ကျုပ်တို့ မြန်မာလူမျိုးတွေက အရမ်းအရမ်းကို သဘောထားကောင်းခဲ့ကြပါတယ်။ သူတို့ ဘာသာဝင်တံဆိပ်တွေ တပ်ထားတဲ့ဆိုင်တွေမှာ လူမျိုးဘာသာ မခွဲခြားပဲ အားပေးခဲ့ကြဘူးပါတယ်။ အဲဒီတုန်းကထဲက သူတို့လူမျိုးတွေကတော့ သူတို့ဘာသာဝင်ဆိုင်တွေမှာ အားပေးခဲ့ကြတာပါ။ မြန်မာဆိုင်ဆိုရင်တော့ အငတ်သာခံမယ် လုံးဝမစားဘူးဆိုတာမျိုး မျက်မြင်ကိုယ်တွေ့ တွေ့ခဲ့ဘူးပါတယ်။ သူတို့ဘက်ကျတော့ သိတတ်လိုက်ကြတာ။
လူ့အခွင့်အရေးတွေ၊ လွတ်လပ်တဲ့ သတင်းမီဒီယာတွေ ပေါ်ပေါက်လာတဲ့ ဒီကနေ့ခေတ်မှာ အမျိုးဘာသာ သာသနာအတွက် စည်းရုံးမှုတွေ၊ ယဉ်ကျေးလိမ္မာမှုတွေရှိအောင် သိမ်းသွင်းမှုတွေ မလုပ်ရင် မဖြစ်တော့လို့ ကိုးခြောက်ကိုးလှုပ်ရှားမှုကို မျိုးချစ်လူငယ်တွေ ကိုယ့်အသက်ကို ပဓာနမထားပဲ လုပ်ဆောင်ခဲ့ကြတာပါ။ ဒီနေ့ခေတ်မှာ အမျိုးဘာသာ သာသနာအတွက် စည်းရုံးမှုတွေက မဖြစ်မနေ လိုအပ်ပါသလဲဆိုတော့ လူ့အခွင့်အရေးနဲ့ လွတ်လပ်တဲ့သတင်းမီဒီယာတွေ ခေတ်စားလာတဲ့ ဒီနေ့လို အင်တာနက်ခေတ်မှာ ကမ္ဘာကြီးတစ်ခုလုံးမှာ တစ်နိုင်ငံနဲ့တစ်နိုင်ငံ ပေါင်းစည်းဆက်သွယ်ထားတဲ့ လမ်းတံတားကြီးများ တောက်လျှောက်ဖွင့်ထားလိုက်ပါပြီ။ ယဉ်ကျေးမှုချင်း လူမျိုးဘာသာချင်းမတူလို့ ပိတ်ကာထားခဲ့တဲ့ လူ့စည်းလူ့ဘောင်တံခါးကြီးဟာလည်း ဟင်းလင်းပွင့်သွားပါပြီ။ လူမျိုးခြား တိုင်းတစ်ပါး          ယဉ်ကျေးမှုတွေကလည်း မြန်မာနိုင်ငံထဲကို ဒလဟော စီးဝင်လာနေပါပြီ။
ဒီတော့ အပျော်အပါး လောင်းကစား အာရုံခံစားမှုတွေကလည်း ဒလကြမ်း ကြောက်ခမန်းလိလိ       ဖြစ်လာပါပြီ။ ဒီတော့ အာရုံခံစားမှုအတွက်ဆိုရင် လူမျိုးပျောက်မှာကိုလည်း မကြောက်ဘူး၊ ဘာသာစွန့်ရမှာလည်း ဝန်မလေးဘူးဆိုတာတွေက ဖြစ်လာနေပါပြီ။ ချမ်းချမ်းသာသာ ပျော်ပျော်ရွှင်ရွှင်သာ နေရမယ်ဆိုရင် ဘာပဲလုပ်ရလုပ်ရ ငရဲလည်းမကြောက် ထောင်လဲမမှုတဲ့ မိုက်ရူးရဲတွေကလည်း များလာနေပါပြီ။ ကိုယ်မွေးတဲ့မျောက်က ကိုယ့်ပြန်မချောက်ခင်   ကိုယ့်သားငယ်သမီးငယ် လေးများကို စောစောစီးစီး ကြိုကြိုတင်တင် သွန်သင်ဆုံးမကြဖို့ အမျိုးဘာသာ သာသနာအတွက် လှုပ်ရှားမှုတွေ မဖြစ်မနေ လိုအပ်လာပြီဆိုတာကို ပြောခဲ့တာပါ။
ကိုးခြောက်ကိုးရဲ့ အဓိပ္ပါယ်ကတော့ ကိုးဆိုတာ ဘုရားဂုဏ်တော်ကိုးပါး၊ ခြောက်ဆိုတာက တရားဂုဏ်တော် ခြောက်ပါး၊ ကိုးဆိုတာက သံဃာ့ဂုဏ်တော်ကိုးပါးကို ဆိုလိုတာပါ။ နောက်ခံဘက်ဂရောင်းကိုလည်း ကြည့်လိုက်ဦး၊ သာသနာ့အလံတော်၊ နှစ်ဆယ့်လေးပစ္စည်းစက်ဝိုင်း၊ အသောကကျောက်တိုင်တွေပါ။ ဒီလို စိတ်ကူးကောင်းကောင်းနဲ့ တီိထွင်ကြံဆထားတဲ့ အမြတ်ဆုံးရတနာသုံးပါး အမြတ်ဆုံးထားတဲ့တံဆိပ်တွေကို ကိုယ့်အိမ် ကိုယ့်ဆိုင် ကိုယ့်ယာဉ်တွေမှာ အမြတ်တနိုး ချိတ်ဆွဲထားခြင်းဖြင့် ဘေးဆိုးကပ်ဆိုး အန္တရာယ်ဆိုး တွေ ကင်းဝေးပြီး စည်းစိမ်ချမ်းသာ ကျက်သရေမင်္ဂလာအပေါင်းနှင့် ပြည့်စုံနေမှာပါ။ ဤတံဆိပ်ကို အိမ်မှာ ကပ်ထားခြင်းဖြင့် ကျွန်ုပ်တို့သည် ရတနာသုံးပါး အမြတ်ဆုံးထားပြီး အမျိုးဘာသာ သာသနာကို ချစ်မြတ်နိုးသော ဗုဒ္ဓဘာသာဝင်များဖြစ်ကြသည်။ ထို့ကြောင့် ဤအိမ် ဤဆိုင်သို့ ရောက်လာသူတိုင်း ဘေးရန်ကင်းကွာပြီး အေးချမ်းသာယာမင်္ဂလာ ရှိကြပါစေ-ဆိုတဲ့ အဓိပ္ပါယ်ကို ဆောင်နေပါတယ်။
လူ့အခွင့်အရေးနဲ့  ဘာသာရေးလွတ်လပ်ခွင့်ဆိုတဲ့ ဆိုင်းဘုတ်အောက်မှာ လူမျိုးခြား ဘာသာခြားတွေက ဒီအခွင့်အရေးတွေကို လက်တွေ့အသုံးချနေကြတယ်။ ဗုဒ္ဓဘာသာ မြန်မာတွေကတော့ ဖဲ့စားတာကိုလည်းခံရ လှီးစားတာကိုလည်းခံရ ဝါးမြိုတာကိုလည်း ခံနေကြရပါတယ်။ ဒါ့ကြောင့် ဒီနေ့ခေတ်မှာ အမျိုးဘာသာ သာသနာကို ချစ်မြတ်နိုးတဲ့စိတ် မရှိရင် မဖြစ်တော့လို့ ကိုးခြောက်ကိုး လှုပ်ရှားမှုတွေကို ဘုရားသားတော် သံဃာတော်တွေနဲ့ မျိုးချစ်လူငယ်တွေ စတင်လှုပ်ရှားခဲ့ကြခြင်းဖြစ်ပါတယ်။
ကိုးခြောက်ကိုးအဖွဲ့ရဲ့ ရည်ရွယ်ချက်က
(က) ဗုဒ္ဓဘာသာ အချင်းချင်း စည်းလုံးညီညွတ်ကြရန်၊
(ခ) ဗုဒ္ဓဘာသာ အချင်းချင်း ရိုင်းပင်းကူညီသောအားဖြင့် ဗုဒ္ဓဘာသာဈေးဆိုင်တွေမှာပဲ ဝယ်ယူအားပေးကြရန်၊
(ဂ) ဗုဒ္ဓဘာသာ အချင်းချင်းသာ ထိမ်းလက်ထပ်ရန်ဆိုတဲ့ ရည်ရွယ်ချက်တွေပါပဲ။ ဘယ်သူ့ကိုမှလည်း အကြမ်းမဖက်ပါဘူး။ အကြမ်းဖက်မှုတွေ ပေါ်ပေါက်လာအောင် ဘယ်သူ့ကိုမှလည်း မလှုံ့ဆော်ပါဘူး။
ကျုပ်တို့မြန်မာလူမျိုးတွေဟာ သမိုင်းအဆက်ဆက်ကထဲ ကိုယ့်နိုင်ငံနဲ့ ကိုယ့်ယဉ်ကျေးမှုနဲ့ ကိုယ့်ဘာသာ သာသနာနဲ့ အေးအေး ချမ်းချမ်းနေလာခဲ့ကြတဲ့သူတွေပါ။ ဗုဒ္ဓဘာသာရဲ့ အဆုံးအမအောက်မှာ မိသားစု အချင်းချင်း၊ ရွာသားအချင်းချင်း၊ မြို့သားအချင်းချင်း၊ နိုင်ငံတော်သားအချင်းချင်း ချစ်ချစ်ခင်ခင် စည်းစည်းလုံးလုံး ညီညီညွတ်ညွတ် အေးအတူပူအမျှ နေလာခဲ့ကြခဲ့ကြတဲ့သူတွေပါ။
လူမျိုးခြား ဘာသာခြား တိုင်းတပါးကကောင်တွေ ဝင်လာမှ ကိုယ့်ယဉ်ကျေးမှုတွေ ကိုယ့်ဘာသာ သာသနာတွေကို အဖျက်အဆီးခံရ၊ ကိုယ့်လူမျိုးတွေ အဖျက်အဆီးခံရနဲ့ လူလိမ္မာလူယဉ်ကျေးလေးတွေကနေ လူကြမ်းကြီးတွေ ဖြစ်ကုန်ကြပါတော့တယ်။ ဒါတောင် ကျုပ်တို့မြန်မာလူမျိုးတွေက သည်းခံစိတ်တွေ သနားညှာတာစိတ်တွေ သိပ်လွန်ကဲခဲ့ကြပါတယ်။
အဲဒီလို သည်းခံစိတ် သနားညှာတာစိတ်လွန်ကဲခဲ့ကြလို့လဲ လူမျိုးခြားတွေက ကိုယ့်လူမျိုးကို         တစ်ဖြည်းဖြည်း ဝါးမြိုလာရာကနေ အခုတော့ သူတို့လူမျိုးတွေက ကြောက်ခမန်းလိလိ       ဒုနဲဒယ်နဲ့ဖြစ်လာပါပြီ။ ကိုယ့်လူမျိုးတွေကလည်း ကျောချမှ ဓားပြမှန်းသိကြတာမို့လား၊ ကိုယ့်သားသမီးကို မျိုးချစ်စိတ်ဓာတ် ထက်သန်အောင် ကြိုကြိုတင်တင် သွန်သင်ဆုံးမတာမျိုး မလုပ်ကြဘူးလေ။ အဲဒီတော့ တစ်ယောက်ပြီးတစ်ယောက် လူမျိုးခြားတွေ ဘာသာခြားတွေရဲ့ သွေးဆောင်ဖြားယောင်းမှုနောက်ကို ကောက်ကောက်ပါအောင် လိုက်သွားကြတာတွေ့နေရတယ်။ လူမျိုးခြား ဘာသာခြားတွေက နည်းလမ်းအမျိုးမျိုးတွေကို သုံးပြီး မြန်မာလူမျိုးတွေကို ဖဲ့စားလှီးစား ဝါးမြိုလာခဲ့တာ အခုဆိုရင် ဘယ်အခြေအနေထိရောက်နေပြီလဲဆိုတာ အားလုံးသိကြမှာပါ။
အဲဒါတွေကို မြင်တွေ့နေရတဲ့ မျိုးချစ်ဘုရားသားတော်တွေ၊ မျိုးချစ်လူငယ်တွေက ကိုယ့်လူမျိုး ကိုယ့်ဘာသာဝင်တွေ မသိသေးတာတွေကို သိရှိနားလည်အောင် သွန်သင်ဆုံးမရမည့်တာဝန်ရှိပါတယ်။ ကိုယ့်လူမျိုး ကိုယ့်ဘာသာဝင်တွေအပေါ် သူတို့တစ်တွေ သမိုင်းအဆက်ဆက်က ရက်စက်ယုတ်မာခဲ့ကြတာ တွေကို ဟောပြောဆုံးမမိခဲ့ရင် အကြမ်းဖက်မှုတွေ ဖြစ်အောင်လှုံ့ဆော်သူလို့ ကင်ပွန်းတပ်ကြမှာလား ? ကိုယ့်လူမျိုး ကိုယ့်ဘာသာ သာသနာအပေါ်မှာ မတရား အနိုင်ကျင့်ခံရတာကို မတရားအနိုင်ကျင့်ခံရပါတယ်    လို့ ပြန်ပြောပြခွင့် မရှိတော့ဘူးလား။ ဆူပူမှုတွေ အကြမ်းဖက်မှုတွေ ဖြစ်မှာစိုးလို့ ကိုယ့်ညီမတွေ ကိုယ့်သမီးတွေ လူမျိုးခြားနဲ့ ယဉ်ပါးနေရင်လည်း မသိချင်ယောင်ဆောင်နေရမှာလား ? ကိုယ့်ညီမတွေ ကိုယ့်သမီးတွေကို လူမျိုးခြားက မတရားစော်ကားသွားရင်ကော ကိုယ့်ဘာသာကျိတ်ခံစားနေရမှာလား? ကိုယ့်လူမျိုးကို လူမျိုးခြားတွေက အုပ်စုလိုက် ဝိုင်းသတ်နေကြရင်တောင် မမြင်ချင်ယောင်ဆောင်နေရမှာလား? တရားဥပဒေကကော အမှန်တရားဘက်ကနေ ရပ်တည်ပြီးတော့ အကာအကွယ်ပေးမှာလား ?           ဆိုတာကို သမာသမတ်ကျလှပါတယ်ဆိုတဲ့ ဆရာကြီးများကို မေးကြည့်လိုက်ချင်ပါတယ်။
အကြောင်းအမျိုးမျိုးကြောင့် အုပ်စုလိုက် ဆူပူမှုတွေ အကြမ်းဖက်မှုတွေ ဖြစ်လာခဲ့ရင်တော့ အခြေအနေတွေ လက်မလွန်ခင် ထိန်းသိမ်းပေးရမှာက အစိုးရနဲ့ တရားဥပဒေရဲ့တာဝန်ပဲဖြစ်ပါတယ်။ အမျိုးဘာသာ သာသနာ ကာကွယ်စောင့်ရှောက်သူများအဖွဲ့ကတော့ သူ့အလုပ်သူ လုပ်ပေးနေကြရမှာပါ။ ဆူပူမှု အကြမ်းဖက်မှုတွေ ဖြစ်လာမှာကို ကြောက်လို့ ဘယ်လူမျိုးခြားက ကိုယ့်လူမျိုးကို ဘယ်လောက်ပဲ ဝါးမြိုဝါးမြို၊ ဘယ်လောက်ပဲ လှီးစားဖဲ့စား မတရားစော်ကားနေနေ လက်ပိုက်ကြည့်နေကြမယ်ဆိုရင် ငါးနှစ်အတွင်းမှာပဲ မြန်မာနိုင်ငံမှာ အလွန်လှပတင့်တယ် ကျက်သရေမင်္ဂလာအပေါင်းနဲ့ ခညောင်းပြည့်စုံလှပါတယ်ဆိုတဲ့ စေတီပုထိုးတွေ ကျောင်းတော်ကြီးမျိုးစုံ ရိပ်သာဓမ္မာရုံတွေ ပြာပုံဘဝရောက်သွားနိုင်ကြောင်းကို ကောင်းကောင်းသိကြမှာပါ။
အဲဒီတော့ ကျုပ်တို့က ဘာလုပ်ကြရမှာလဲဆိုရင် ဘာသာခြားလူမျိုးခြားတွေနဲ့ သူတို့ အဆောက်အအုံတွေ ပစ္စည်းတွေကို လက်ဖျားလေးနဲ့တောင်သွားတို့စရာ မလိုပါဘူး။ ကျုပ်တို့လူမျိုးအချင်းချင်း ရှေးကထက်ပိုပြီးတော့ ချစ်ချစ်ခင်ခင် စည်းစည်းလုံးလုံး နေထိုင်ကြရမယ်၊ ကိုယ့်လူမျိုး ကိုယ့်ဘာသာဝင်ဆိုင်မှာပဲ ဈေးဝယ်ကြရမယ်၊ ကိုယ့်လူမျိုး ကိုယ့်ဘသာဝင်အချင်းချင်းသာ ထိမ်းမြားလက်ထပ်ကြရမယ်-ဆိုတဲ့ ကိုယ့်လူမျိုးရဲ့ သံမဏိအတွင်းစည်းကမ်းတွေကို ကိုယ့်မိသားစု အချင်းချင်း၊ ကိုယ့်ဆွေမျိုး ညီအစ်ကို မောင်နှမအချင်းချင်း နားလည်သဘောပေါက်အောင် သွန်သင်ညွှန်ပြ ဆိုဆုံးမပေးကြရပါမယ်။ ကိုယ့်သားသမီးလေးများကို ယဉ်ကျေးလိမ္မာဗုဒ္ဓဘာသာသင်တန်းကျောင်းများသို့ မဖြစ်မနေ (အချိန်ပိုင်းလေးပဲဖြစ်ဖြစ်) ပို့ပေးကြရမှာပါ။ လူတိုင်းလူတိုင်း ဗုဒ္ဓတရားတော်ကို နားလည်အောင် လေ့လာသင်ကြား မှတ်သားနာယူကြရမှာပါ။
ကျုပ်တို့ မြတ်စွာဘုရားက သူတစ်ပါးကို သတ်ဖြတ်ညှင်းဆဲတာတွေ၊ သူတစ်ပါး သားမယားကို မတရားစော်ကားတာတွေ၊ သူတစ်ပါး ပစ္စည်းလုယက်ဖျက်ဆီး ခိုးယူတာတွေ၊ လိမ်ညာလှည့်ဖြားတာတွေ၊ မူးယစ်ဆေးဝါး သောက်သုံးမှီဝဲတာတွေ၊ ကြမ်းကြမ်းတမ်းတမ်း ဆဲဆို၊ ဂုန်းတိုက်၊ မိုက်မိုက်ရိုင်းရိုင်း ညစ်ညမ်းယုတ်မာတဲ့ အပြောအဆိုတွေ အလုပ်တွေကို အမြဲတမ်း ရှောင်ကြဉ်ကြဖို့ မိန့်တော်မူခဲ့ပါတယ်။
အဲဒီတော့ ဗုဒ္ဓဘာသာပီပီ ဘယ်သူတွေက ဘယ်လောက်ပဲ ယုတ်မာနေနေ ကိုယ်ကတော့ သူတော်ကောင်းတရားလက်ကိုင်ထားပြီး စိတ်ကောင်းမွေးကာ ဘယ်သူတော်တော် မတော်တော် ကိုယ်တိုင်က တော်အောင်ကြိုးစားကြပါ။ ဘယ်သူတွေက ကောင်းကောင်း မကောင်းကောင်း ကိုယ်ကတော့ ကောင်းအောင်ကြိုးစားကြရမှာပါ-ဟု မေတ္တာဖြင့် ရေးသားတင်ပြလိုက်ပါတယ်။
အရှင်ဇဝန (ကုန်းဇောင်း)

88 Generation Ko Htay Kywe - Talk, Discussion, Q & A

 | 


၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုဌေးကြွယ်နှင့်
ဆန်ဖရန်စစ္စကိုဘေးဧရိယာ မြန်မာတိုင်းရင်းသားမိသားစုများ တွေ့ဆုံဆွေးနွေးပွဲ ရုပ်သံ (၂)
SFBC ရုပ်သံရိုက်ကူးချက်၊ မိုးမခပြန်လည် တင်ဆက်၊ ဧပြီ ၁၂၊ ၂၀၁၃
မတ်လ ၂၉ ၊ ၂၀၁၃၊ ဆန်ဖရန်စစ္စကို ဘေးဧရိယာ၊ ဖရီးမာင့်မြို့၊ ကွန်မြူနီတီရိပ်သာမှာ မြန်မာတိုင်းရင်သားမိသားစုများနဲ့ တွေ့ဆုံဆွေးနွေးပွဲမှာ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် ကိုဌေးကြွယ်က ၎င်းရဲ့ အတွေ့အကြုံ အတွေးအမြင်များကို ပြောကြားခဲ့သလို ပရိသတ်ရဲ့ မေးခွန်းများကို ရင်းနီး ခင်မင်စွာ ဖြေကြားသွားခဲ့ပါတယ်။
လက်ရှိ နိုင်ငံရေးအခြေအနေ၊ မြန်မာပြည် နှင့် ၈၈ တို့၏ ခြေလှမ်းများ
            ၈၈ ပွင့်လင်းလူ့အဖွဲ့အစည်း နဲ့ US ကOSI  ဆက်စပ်မှု ရှိမရှိ
၈၈ အဖွဲ့အတွင်းမှာ သဘောကွဲလွဲတာတွေ ရှိသလား
၈၈ အဖွဲ့အတွင်းမှာ ဘယ်လိုမျိုး ဆုံးဖြတ်လုပ်ကိုင်ကြသလဲ
ပြည်ပရောက် မြန်မာတွေကို ဘယ်လို မြင်သလဲ
ဖယ်ဒရယ် ဆိုတာကို ဘယ်လိုမျိုး နားလည်ကြသလဲ၊ ကွဲပြားမှု ရှိသလား
အခြေခံဥပဒေကို ဘယ်လိုပြောင်းမှာလဲ
လက်ရှိအပြောင်းအလဲမှာ ခရိုနီနဲ့ ထိပ်တန်းခေါင်းဆောင်တွေအတွက်ပဲ ပြောင်းလဲတာလား
လူထုအတွက် တကယ်အပြောင်းအလဲကို ဘယ်လိုလုပ်မလဲ …
စတဲ့ မေးခွန်းတွေ ဖြစ်ပါတယ်။

 0 comments  Labels: 

Aung Way - Michigan Mei Zar

 | 


 စ် ရှီ  န် မဲ  
အောင်ဝေး၊ ဧပြီ ၁၂၊ ၂၀၁၃

တစှ်စ်လုံး
စိတ်တွေက ရေခဲသလို ခဲလို့ ။

တစ်နေ့ လုံး မြတွေ မှိင်းလို့ ။

တစ်ညလုံး မိုးတွေ သည်းလို့ ။

တစ်လမ်းလုံှးင်းတွေ ဖုံးလို့ ။

တစ်ကောလုံး သစ်ရွက်တွေ ကွလို့ ။

တစ်ချိန်လုံး တိမ်တွေ အုံ့ လို့ ။

တစ်ကွင်းလုံး လေပြင်းတွေ တိုက်လို့ ။

တစ်ခေတ်လုံး
တစ်ဘ၀လုံး
ဘာမှ အသုံးမကျတဲ့
အိမ်လွမ်းစိတ်ကိုပဲ
မြက်ရိတ်သလို ရိတ်ရိတ်ပစ်နေရတော့တယ်။     

အောင်ဝေး
ပီ ၁၁၂၀၁၃။

 0 comments  Labels: 

Cartoon Wai Yan (Taung Gyi) - 2013 Thagyan Cartoon

 | 

ကာတွန်း ဝေယံ (တောင်ကြီး) - ၂၀၁၃ သင်္ကြန်မှာ မိုးမခ အရမ်းစိုးရိမ်မိသည်
ဧပြီ ၁၂၊ ၂၀၁၃

Kamarpale - Poem

 | 

ပိတောက် ... စကား
ကမာပုလဲ
ဧပြီ ၁၁၊ ၂၀၁၃


ကျနော်တို့ ပိတောက်ကိုလွမ်းရင်း
ပိတောက်အကြောင်း ကဗျာရေးခဲ့တယ် ...။

ကျနော်တို့ဟာ
အမေ့ကို လွမ်းရင်း
သင်္ကြန်ကို ချစ်ခဲ့ကြသူတွေပေါ့ ...။

"ရာသီစာ" လို့ ညွှန်းညွှန်း
"ရာသီဆာ" ပဲ ဆိုဆို ...။
ကျနော်တို့ ပိတောက်ကို ချစ်ခဲ့တယ် ...။

"ဒါ ... ငှက်ဖျားငန်းဖမ်းဇာတ်ပဲ "
တောင်ပေါ်မှာ ကျွန်းတွေ အပွင့်ပွင့်ချိန်
အမေ့အိမ်ကို ...
ကျနော်တို့ " တူးပို့ ... တူးပို့ " နဲ့
လွမ်းခဲ့တယ် ...။

ပိတောက်ပွင့်ကလေးတွေ ဖင်ဆိတ်ပြီး
သူ့အစီးနဲ့ ...
ကျနော်တို့ နဖူး ... ပါးပြင်ကလေးပေါ် တို့တို့ပေးတော့
ကျနော်တို့မျက်နှာ တပြင်လုံး
အမေ့ အချစ်နဲ့ ပိတောက်တွေပွင့်
ကျနော်တို့ အားလုံး ပိတောက်ပင်တွေ ဖြစ်
အဲဒါ ...သင်္ကြန်ဖြစ်ခဲ့တယ် ...။ ။


+ (+) = မောင်သာနိုး ဗမာဘာသာပြန် မာယာကော့်ဗ်စကီး၏ ဘောင်းဘီဝတ်မိုးတိမ်ကဗျာမှ ...

Aung Maw- Cartoon

 | 

ခြေထိုးကျင့်နေပါတယ်
ကာတွန်း-အောင်မော် 
ဧပြီ ၁၁၊ ၂၀၁၃ 
 

ကာတွန်းအောင်မော် ဖေ့ဘုတ်ခ် ပြန်လည်ကူးယူပါသည်။

Jaw Dee - Strire

 | 

ငရဲခွေးကြီး လွတ်နေသည်
ဂျော်ဒီး
ဧပြီ ၁၁၊ ၂၀၁၃


သင်္ကြန်နားနီး လာပေမယ့်  ဂျော်ဒီးတို့  ကလေး တသိုက်မှာမပျော်နိုင်..။သူများ ပျော်လို့  မပျော်နိုင်  ရည်းစားပျောက်လို့မှိုင်.....လို့ တောင်   မအော်နိုင်..။အကြောင်းမူကား မိုးမခရွာ အရေးမအေးသောကြောင့်ပင်တည်း...။တိုင်းကား ပြည်ရွာ မသာယာတော့  ...  တရွာလုံး  ကြိ မ် မီးအုံးနေကြရ သည်..ကိုး.။ လူကြီးတွေ   မျက်နှာ  မသာယာတော့ ကလေးတွေခမျာလည်း   ဟိုချောင်တိုးရမလို..။ဒီချောင် တိုးရမလို..။ နောက်ဆုံး တော့    အိမ်မှာ    နေစရာမရှိသည့် အတူတူ  လွတ်မြောက်နယ်မြေ  ဖြစ်သောရွာထိပ်ညောင်ပင်ကြီး အောက် ဆီသို့သာ.စုရုံး ရောက်ရှိလာကြသည်.။  ဒါတောင်  လူကြီးတွေကလှမ်းဟန့်လိုက်သေးသည်..။

"ဟဲ့  ကလေးတွေ..တွေ့ ကရာတွေ  လျှောက်သွားမနေကြနဲ့..။ရွာထဲမှာပဲနေ..။ခေတ်ကြီးကပြောင်းမယ်မကျန်သေးဘူး..။နောက်ကြောင်းပြန်ချင်သူတွေက   ကပြောင်းကပြန်ဗြောင်းဆန်နေတယ် ဟေ့.."

ဒီလို နဲ့    ရွာထိပ်ညောင်ပင်ကြီး အောက်တွင် ဂျော်ဒီးတို့ ကလေးတသိုက်..မျက်နှာလေးတွေမသာမယာနဲ့  ရောက်တတ်ရာရာ..ပြောနေကြသည်..။ဂျော်ဒီးတို့ ကလေးစကားဝိုင်းကားလူကြီးတွေတွတ်ထိုး လေ့  ရှိသော ဖေ့စ်ဘုတ် ဆိုတာကြီးလို ပင်  ဟုတ်တာရောမဟုတ်တာပါ..သတင်းစုံလှသည်..။သို့သော်..ဂျော်ဒီးတို့ကလေး စကားဝိုင်းတွင်မူ  .ဖေ့စ်ဘုတ်ဆိုတာကြီးထဲက လူတွေလိုရန်မဖြစ်ကြ..။အယုတ္တ အနတ္တ မဆဲကြ..။တယောက်တည်းက  အကောင့်အမျိုးမျိုး သုံးပြီး  ဆယ်ကိုယ်ခွဲ   လုပ်ကာကိုယ်သန်ရာကိုယ်  မဖွကြ.။ အထူး သဖြင့်  တော့.. မီးပြတ်မှာ မပူရ..။အင်တာနက်     လိုင်း မမိမှာ  ..မပူရ..။ဝိုင်ဖိုင်..တင်မက..ဇက်ဖိုင်..အီးဖိုင် တွေပါ  အကုန်ရပေသည်..။

"ဟေ့.. ယာကွတ်..တယောက်  တို့ဆီ  မလာတာကြာပြီနော်"  လို့ ဖိုးထက်က       တတမ်းတတ..ပြောရှာသည်။ ကမာပုလဲကား...ကဗျာ ဆန်သူပီပီ.."ဟို..ကဂျာဆြာကြီး  မောင်ချောနွယ် ကဂျာထဲကလို..ယာတွေများ  ကွပ်ကဲ  နေရလို့  ညားလား"

"မင်း..ဘိုးအေ။  ယာတွေ ကွပ်ကဲ  ရမှာလား..။အဓိကရုဏ်းတွေ ဖြစ်လို့နွားကျောင်းတောင် မထွက်နိုင်ဘူး"ကူမိုးကြိုးက  ငေါက်လိုက်သည်..။ ကလေး  အားလုံး အဓိကရုဏ်း  ဆိုတာကြီးကိုမျက်စိထဲ ပြန်မြင်ကာ မျက်နှာလေးတွေ  ဇီးစေ့ လောက် ဖြစ်သွားကြသည်..။ပြီးခဲ့ တဲ့   ရက်က    ဒီအဓိကရုဏ်း  ဆိုတာကြီးက  သူတို့ တရွာလုံး ကို   ထောင်းထောင်း ကြေအောင်  ၀င်မွှေသွားသည်ကိုး..။ရွာတောင်ဖျားမှာ မီးတွေ ရှို့ လားရှို့  ရဲ့ ..။ဘယ်က မှန်းမသိတဲ့  လူစိမ်းစိမ်းကြီးတွေက ညာသံတွေ ပေးပြီးရွာစွန်ရွာဖျားက ၀င်လာလား..လာရဲ့ ..။ပြီးတော့    ရွာသားတွေကို  ဘာသာရေး၊လူမျိုးရေးတွေ  နဲ့  အဓိကရုဏ်းဖြစ်အောင် လှုံ့ ဆော်သည်..။ပြီးတော့  တုတ်တွေဒါးတွေ နဲ့   ဟိုဖျက်သည်ဖျက်..။ဟို မီးရှို့  ဒီမီးရှို့ တို့မီး ရှို့ မီး လုပ်ကြသည်...။

"အဓိကရုဏ်း  ဆိုတာ  ထိကရုန်းလို  ပဲ တွ.."   သာဂိက  ရုပ်တည်ကြီးနဲ့  ဆရာကြီး စတိုင်ဖမ်းရင်းပြောသည်။

"ဘာချိုင်ရို့ ရဲ တွ..တွတ်တောင် မ၀င်ဘူး" ရန်လိုကျွဲက  ၀င်ခွပ်သည်..။        "အဓိကရုဏ်းဆိုတာ  ထိကရုန်းလိုပဲ..ထိလိုက်ရင်  ထိတဲ့ သူတွေ  ကို စူးတယ်..။ရှတယ်.။ထိခိုက်နာကျင်စေတယ်...။ပြီးရင် ရုန်းထွက်တွားရော ကွာ။အိပ်ချင်ယောင်ဆောင်နေရောကွာ..။သူမလုပ်သလိုလိုနဲ့ "

" ဘာပဲ  ပြောပြော  တို့ ရွာမှာ ဒီ အဓိကရုဏ်းကြီး မဖြစ်ခင်   အန္တရာယ်အနံ့တွေ  ရနေတာတဲ့တွ..။ရွာထဲတွေ..ဈေးထဲတွေမှာ  ဘာသာရေး လှုံ့ ဆော်စာ တွေ  အခွေတွေ  လိုက်ဖြန့်နေတာတွေကအန္တရာယ်ကို မီးပျိုးပေးနေတာတဲ့ ..ကွ။ဘကြီးစွမ်း   တို့ စကားဝိုင်းမှာ မနေ့က  ပြောနေတာ..ကြားခဲ့ တယ်.."

" အေး လေ..။ဟို နိုင်ဂံရေး လှုံ့ဆော်စာတွေ  ဝေရင်  ဖမ်းတဲ့လူဂျီးတွေ..။ အခု ဟာတွေကျတော့ မသိချင်ယောင်  ဆောင်နေကြတယ်..ဒဲ့ "

ကလေးတို့ သဘာဝ  ရောက်တတ်ရာရာ ပြောနေရင်း  မောင်ရစ်က အကြံတခုရ သွားသည်..။

"ဟေ့...ပျင်းတယ်တွာ..။တို့တွေ  အဓိကရုဏ်းလုပ်တမ်း ကဂျားကြမယ်.."

အဓိကရုဏ်း လုပ်တမ်း  ဆိုသဖြင့် ကလေးများ အားလုံး စိတ်ဝင်စားသွားကြသည်..။

မောင်ရစ်ကား... ဒါရိုက်တာ မောင်သီနှင့် နံမယ်တလုံးထဲ ကပ်လွဲသဖြင့်ဒါရိုက်တာ ဖြစ်ဖို့ အလွန်နီးစပ်သည်ဟု..သူ့ကိုယ်သူအထင်ရှိနေပုံဖြင့်......

"စောငိုနဲ့ ကူမိုးကြိုး..မင်းတို့က  ရဲလုပ်။ရန်လိုကျွဲနဲ့ သာဂိကစစ်တပ်  လုပ်တွာ..။  ရီရသူက  ၅၆၅  အခွေတွေထုတ်..။ဆောင်းသဇင်တို့  မေခတို့ကွေသယ်တို့ မုန့်ချိုသင်းတို့ ဂျော်ဒီးတို့ မိန်းကလေးတွေ ကရွာသူရွာသားတွေလုပ်"

"ဟေး...ငါးးလဲ  ပါမယ်တွ..။ငါး က  ဘာလုပ်ရမလဲ ."

ပျောက်နေတာ ကြာပြီဖြစ်သော    ယာကွတ်ကား  အဓိကရုဏ်းလုပ်တမ်း ကစားပွဲအမီ   ကံဆိုးစွာ   အပြေးအလွှား  ရောက် လာရှာသည်..။  ဒါရိုက်တာမောင်ရစ်က..  ခေါင်းတချက်ကုပ်  ကာ စဉ်းစားရင်း..

"အင်းးးမင်းကတော့    အပြင်ကအတိုင်း ပဲ  မင်းတို့ အဖြစ်ကိုသရုပ်ဆောင် ပေါ့ကွာ"

စောငိုနှင့် ကူမိုးကြိုးကား  ရဲလုပ်ရမည်ကို မကျေနပ်..။ပေကပ်ကပ်နှင့်        " ဟေ့အေးတွာ..။တို့က  ရဲ လုပ်ချင်ဘူး..။နံမယ်ကပျက်ဦးမယ်..။ပြီးခဲ့ တဲ့    လက်ပံတောင်းတောင်တို့ မလက်တိုရွာ  တို့ကအဓိကရုဏ်းတွေတုံးကဆို  ရဲတွေ ဘယ်လောက် နံမယ်ပျက်လဲ..။မောင်ရစ်..မင်း ပဲရဲလုပ်"

" ငါက  ဒါရိုက်တာဆိုတော့  နောက်ကွယ်က ကြိုးကိုင်ရဦးမှာတွ..။လုပ်ပါတွာ..။ဒီတခါ  အဓိကရုဏ်းမှာရဲတွေကို အကြမ်းမဖက်ခိုင်းပါဘူး.။မီးလောင်ဗုံးတွေ..အဲ..အဲ..မီးခိုးဗုံးတွေ နဲ့   မဖြိုခွဲခိုင်းပါဘူး..။တကယ်တော့  ရဲ တွေခမျာ  အပစ်မရှိရှာပါဘူး..တွာ..။သူများ အမိန့်ပေးတာ  လုပ်ရရှာတာကိုး...။ခံရတဲ့ ရဟန်းရှင်လူ..ပြည်သူတွေ  ကတောင်    ပြန်တနားသင့်ပါတယ်..တွာ.။  ဒီတခေါက်တော့  မင်းတို့  ရဲတွေက     လူဆိုးတွေ  အကြမ်းဖက်   ဖျက်ဆီးတာတွေကို  ဒီအတိုင်းကြည့်နေရုံ  ပါပဲတွ။    လူဆိုးတွေ  အကုန်ဖျက်ဆီး   မီးရှို့ ပြီးမှမင်းတို့က  ဟိုလျှောက်သည်လျှောက် လုပ်ယုံလေးလုပ်ရမှာ..တွ။နော်..နော်.."

ဒါရိုက်တာ မောင်ရစ်က  ပေကပ်ကပ် လုပ်နေသော  စောငိုနှင့် ကူမိုးကြိုးကိုဖျောင်းဖြ နားချ နေရှာသည်...။ယာကွတ်ကလည်း   ၀င်ပြောသည်..။

"ဟုတ်တယ်တွ..။မင်းတို့ မတိရို့ ...။ရဲ လုပ်ရ တာ ကောင်းတယ် တွ..။ငါး တောင် ရဲ လုပ်ချင်တာ..။ရဲလုပ်ရင်  တို့ တွေလာဘ်ထိုးတာတွေ  စားရမှာ..။ပြီးခဲ့တဲ့  အဓိကရုဏ်းတုံးက  ဆို   တို့တွေက  အိမ်တွေ ဗလီတွေအဖျက်ခံရမှာစိုးတော့  မင်းတို့ ရဲ တွေကို  ပိုက်ဆံတွေ   အများကြီး
ပေးပြီး လာဘ်ထိုးရသေးတာ.။ဒါပေမဲ့  မရပါဘူးကွာ..။ဖျက်ခံရတာပါပဲ...။ပြီးမှငါးတို့ ကျေနပ်အောင်  မဟုတ်တဲ့ သူတွေ  အဖမ်းပြထားတာ...။ငါး ကတော့ ကွာ..အိုးဖျက်အိမ်ဖျက်  လုပ်ခံရမယ့် အစား..လာဘ်စား ရတဲ့  စစ်တပ်တို့ ရဲတို့ပဲ  လုပ်ချင်တာတွ"  .

ထိုအချိန် တွင်    စစ်တပ်လုပ်ရမည့်   သာဂိနှင့်ရန်လိုကျွဲကား  .ပါးစပ်မှ  လေယဉ်ပျံသံ ပေးပြီးလက်နှစ်ဖက်ကို  ဘေးကားကာ ပျံဝဲနေဟန်  ဖြင့်  အစွမ်းကုန်  စစ်ရေးပြနေကြလေသည်...။

"ရွှီးးးးးးးးဝီးးးးးးးဝီးးး"

"ဟဲ့ .... ဟဲ့ ..အဲဒါက  ဘာလဲဟေ..။နတ်လေချွန် ၀င်တာလား"

ပါးစပ်ထဲကို  စားစရာတွေ ပလုပ်ပလောင်း မပြတ်တမ်း   ထိုးသိပ်စားနေသောမိုးချုပ်သင်းက  မျက်လုံးပြူး မျက်ဆံပြူး နဲ့   မေးလိုက်သည်..။

"အဲဒါ ..မြောက်ကိုရီးယား က    ခိုး ၀ယ်ထားတဲ့ ဒုံးကျည် တဲ့ ဟ.."

ဒါရိုက်တာမောင်ရစ် ဧ။် ဇာတ်ညွှန်းများကိုတိတ်တိတ်ဖတ်ထားပုံရသော  ဆောင်းသဇင်က  ၀င်သတင်းပေးဧ။်..။

"ဟင်...စစ်ရေးပြပွဲ ကြီးကြည့်ရတာ..နင်တင်တင်ကြီး.။ဗိုလ်ချုပ်အောင်ဆန်း ရဲ့  တပ်ထွက်မိန့်ခွန်းလိုလဲ..ရဲဘော်တို့ အနီးကပ်ဆုံး  ရန်သူကို   ရှာတိုက်ကြ..ဘာညာ လေးများ  ပြောမလားလို့"

အဆိုးမြင်ဝါဒီတဦး ဖြစ်ဟန်တူသော  ကွေသယ်က  ပညာရှင်ဂိုက်ဖြင့်သုံးသပ်ဝေဖန်လိုက်သည်..။

"အို..ဘာပဲ ဖြစ်ဖြစ်  တပ်မတော်ကြီး  အင်အားရှိတာ ကျမတော့ သိပ်သဘောကျတာ.."
ဂျော်ဒီးကား ဒီမိုမယ်တော်ကြီး စတိုင်ဖမ်းကာ  လက်ခုပ်လက်ဝါးတီးပြီးရန်လိုကျွဲ တို့ ဧ။်  စစ်ရေးပြပွဲ ကြီးကို  အားပေးနေလေသည်..။

သာဂိကား  ရွာထိပ် အမှိုက်ပုံမှ  ကောက်လာသော  ဘိလပ်ရေပုလင်းအဖုံးများကို  ရင်ဘတ်တွင်  တန်းစီ ချိတ်ကာ  တပ်ချုပ်ကြီးတဦးပုံစံနှင့်   မိန့်ခွန်းချွေနေလေသည်..။

" ကျုပ်တို့  တပ်မတော်ဟာ  ဘာ လူမျိုးတုံး သတ်ဖြတ်မှု မှမရှိဘူး..။လူညွှန့်တုံး သတ်ဖြတ်မှုပဲ  ရှိတယ်...။ယုံချင်ယုံမယုံချင်နေ..။ကျုပ်လဲ  နောက်ကွယ်က ကြိုးကိုင်သူ..အဲလေ.. ဒါရိုက်တာ.ရေးပေးတဲ့  အတိုင်းဖတ်နေတာပဲ..ထွီ။အခုကိုပဲ ကြည့်  ..။အဓိကရုန်းတွေဖြစ်ရင်  ..ကျုပ်တို့ တပ်မတော်ဝင်လာမှ ငြိမ်ဝပ်ပိပြားတယ်..။အပ်ကျသံတောင်မကြားရဘူး..။တွေ့ တယ်နော်.။ဒါကြောင့် ကျုပ်တို့ တပ်မတော်က  နိုင်ငံတော်ရဲ့  အမျိုးသားနိုင်ငံရေး ဦးဆောင်မှု အခန်း  ကဏ္ဍမှာ ပါလေရာငပိချက်ဖြစ်နေရတာပဲ..။ဒီလိုဖြစ်အောင်  အဓိကရုဏ်းတွေ ဖြစ်အောင်  တဖက်လှည့် နဲ့ မြှောက်ပေးမယ်..။ပြီးရင် ကျုပ်တို့  က  လက်တလုံးလောက်  အလိုမှာဝင်ကယ်မယ်။ဒါမျိုး  ကျုပ်တို့  လုပ်စားလာတာ  အနှစ်(၆၀)ရှိပြီ..။"

မိုးမခရွာသားကလေးများဧ။်   အဓိကရုဏ်း လုပ်တမ်းကစားနေခြင်းကို  အဝေးကြည့် အနီးကြည့် သုံးသပ်နေသော  ကလေးဗိုလ်ကြီးအောင်ဒင်   က  တပ်ချုပ်ကြီး   သာဂိဧ။်  လေလုံး မိုးလုံးကို     နားခါးလာပြီး  အနှီကဲ့ သို့  ၀င်ဆော်လေသည်..။

" အေးပါကွာ..။ဟို   ဟာသ  စာရေးဆရာကြီးသော်တာဆွေ  ရေးတဲ့ စာတပုဒ်ထဲကလိုပဲ..။စာရေးဆရာမကြီး လုံချည်ပြဲနေတာကို  မြင်ရက်နဲ့ ချက်ချင်းမပြောဘူး..။အကြီးကြီး ပြဲမှ  ပြောတော့   သူ့ကိုကျေးဇူးပိုတင်အောင် ဆိုသလိုမျိုးပဲ..။ရှင်းလို့  ရတဲ့ အချိန်မှာမရှင်းပဲထားပြီး..။အကြီးအကျယ်ဖြစ်မှ ၀င်ရှင်း..။ကျေးဇူးရှင် ဘ၀ခံယူ...။အဲလိုလုပ်မှ   မင်းတို့  တနိုင်ငံလုံး  ရှိသမျှ မြေသိမ်းယာသိမ်းအကုန်သိမ်းပြီး ပျက်နေတဲ့  နံမယ်ကို အဖတ်ဆည်  ဦးမယ်  မဟုတ်လား..။  ဒီ အချိုးတွေကို  လူတွေကသိနေတော့  အရည်တောင်စစ်ရမယ် မထင်"

နောက် ကလေးသရုပ်ဆောင်  တဦး ကား ကျော်သူ..စိုးသူတို့ကိုအားကျသူဖြစ်သဖြင့်      ရီရသူ   ဟု မိုးမခရွာ ကလေးများကြားတွင်အမည်တွင်သူ ပင်တည်း..။ ရီရသူကတော့    .လူတွေ သိပ်မသုံးတော့သော.လှေကြီးထိုး ရိုးရိုးလိုက် ခေတ်က   ရှေးဟောင်းလှေကြီး တခုပေါ်တက်ကာ ဆော့ရင်း  သူကျရာဇာတ်ရုပ်ကို ပီပြင်စွာ သရုပ်ဖော်လေဧ။်..။

"ကျုပ်က အမျိုး၊ဘာသာ။သာသနာအတွက် ကျုပ်   ငါးခြောက်ငါး  အခွေတွေကိုဖြန့်ပြီး  တနိုင်ငံလုံး အနှံ့  တပ်လှန့်ထားတယ်..။  လောင်စာဆီ   ဖြန်းပေးထားတယ်..။ဟော....မီးစ သေးသေးလေးနဲ့  တွေ့ လိုက်ရင်   မျိုးချစ်စိတ်မီးတောက်ကြီး က  ဟုန်းခနဲထတောက် သွားစေရမယ်...။မီးလောင်ရာလေပင့်ချင်သူတွေ အတွက်ကတော့  မျက်ဖြူဆိုက်လေ  ဆရာကြိုက်လေပေါ့ဗျာ။ဘာပဲပြောပြော  အမျိုး၊ဘာသာ၊သာသနာ အတွက်  လှုံ့ဆော်ပြီးရင် ဘာသာပေါင်းစုံ ညီညွတ်ရေး ကိစ္စကြီးကိုလဲဝင်ပါရဦးမယ်.."

စကားမှမဆုံးမီ ရီရသူ တယောက်  လှေကြီးထိုး ရိုးရိုး ကိုမှလှေနံနှစ်ဖက် နင်းမိသဖြင့်  အောက်သို့ကားရယား ကျသွားလေသည်..။

ကလေးများကား..ကလေးတို့  ထုံးစံအတိုင်း   သူတို့ပတ်ဝန်းကျင်တွင် ဖြစ်ပျက်ကြားသိခဲ့ ရသော ပူပူနွေးနွေး  ယခုတိုင်  မအေးရှာသေးသော   အဓိကရုဏ်းကြီး ဧ။် အတွင်း သရုပ်များကို သဏ္ဍန်လုပ်သရုပ်ပြကာ ရှာရှာဖွေဖွေ  ကစားနေကြသော်လည်း      ကလေးတသိုက် မှာထောင့်တထောင့်တွင်  ငြိမ်သက်စွာနေနေကြရလေသည်..။ သို့သော်  သူတို့ကလဲကျရာဇာတ်ရုပ် သရုပ်ဆောင်လိုကြရကား  .."ကျနော်တို့ကကော  ဘာလုပ်ရမလဲ ဂျ"   လို့   မေးလိုက်ရာ..နောက်ကွယ်မှကြိုးကိုင်သူ ဒါရိုက်တာကြီးက 

"မင်း တို့ထဲ က တချို့ ကနိုင်ငံရေးလှုပ်ရှားနေကျမို့   အမြင်ကပ် ပုဒ်မနဲ့     ရမယ်ရှာဆွဲထားခံရမယ့်သူ တွေလုပ်ရမယ်...။တချို့ က  ဘုမသိ ဘမသိ..သူများ  ၅၆၅တိုင်း  လိုက်  ယောင်ပြီး...သူခိုးသူခိုး  ဆိုမှ ခြေထဆေးတတ်လို့  ရောယောင် အဖမ်းခံရတဲ့   သူတွေ တို့  လုပ်ရဦးမယ်လေ..။ဒါမှ  တကယ့်တရားခံ  အစစ်ကလွတ်မှာပေါ့ကွ..။အင်းးးးဒီအဓိကရုဏ်း အခြေခံဇာတ်ကားကို  နံမယ်  ဘယ်လို ပေးရင်ကောင်းမလဲ...."

မိုးမခရွာသား ကလေးများကား  ခေသူမဟုတ်ကြပေ..။အားလုံး တညီတညွတ်တည်း ၀ိုင်းဝန်းအမည်ပေးလိုက်ပုံကား..

"ငရဲခွေးကြီး လွတ်နေသည်"
"ငရဲ ခွေးကြီး  လွတ်နေသည် "

(မိုးမခတွင်  စာရေးနေသူ အချို့ ကို  လူချင်းမသိသော်လည်း စာဖတ်ပရိသတ်တဦးအနေဖြင့် ခင်မင်ရင်းနှီးစွာ ထဲ့ရေးထားပါတယ်..။စိတ်ဆိုးလျှင်  မိုးမခ အယ်ဒီတာများကတောင်းပန်ပါလိမ့်မည်..း))

Kyaw Thu - FFSS Yangon Activity,

 | 

စစ်မှန်သော ငြိမ်းချမ်းမှုရှိရာသို့
ကျော်သူ (နာရေးကူညီမှုအသင်း - ရန်ကုန်)
ဧပြီ ၁၁၊ ၂၀၁၃


လူသားတိုင်းသည် ငြိမ်းချမ်းရေးကို လိုလားနှစ်သက်ကြသူများဖြစ်သလို ဘာသာတရားတိုင်းသည် လည်း ငြိမ်းချမ်းရေးကိုသာ လိုလားပေသည်။ ယနေ့ခေတ် ကမ္ဘာ့တိုင်းပြည်အချို့၌ ပြည်တွင်းစစ်မီးများ လောင်မြိုက်ကာ ငြိမ်းချမ်းရေးနှင့် ဝေးနေရသည်ကို မြင်တွေ့ကြရသည်။ ငြိမ်းချမ်းရေးရရှိနိုင်ကြစေရန် အတွက် ကမ္ဘာ့နိုင်ငံအသီးသီးမှ လူ့အဖွဲ့အစည်းများ ကြိုးပမ်းနေကြသလို မြန်မာနိုင်ငံတွင်လည်း ကချင် စစ်ဘေးကြောင့် ဒုက္ခရောက်နေကြသော တိုင်းရင်းသား ညီအစ်ကိုမောင်နှမများ၏ ဘဝများ အေးချမ်းစွာ နေထိုင်နိုင်ရန်အတွက် လူမှုရေးအဖွဲ့အစည်းများ၊ နိုင်ငံရေးအဖွဲ့အစည်းများ၊ NGO, INGO များနှင့် လူ့အဖွဲ့ အစည်းများမှ ကြိုးပမ်းဆောင်ရွက်နေချိန်တွင် နာရေးကူညီမှုအသင်း(ရန်ကုန်)သည်လည်း ကချင်ပြည်နယ် ငြိမ်းချမ်းရေးအတွက် အကြိမ်ကြိမ် လှုပ်ရှားပါဝင်ခဲ့သည်။ သို့သော် ယခုအကြိမ်တွင်မှု တကယ်စစ်မှန်သော ငြိမ်းချမ်းမှုကိုရရှိစေမည့် ငြိမ်းချမ်းရေးအလှူပွဲကြီးအား ကျင်းပခဲ့ပါတော့သည်။

 
  


ယနေ့ ၁ဝ.၄.၂ဝ၁၃ ရက်နေ့တွင် နာရေးကူညီမှုအသင်း(ရန်ကုန်)မှ အများပြည်သူအလှူရှင်များ၏ ကုသိုလ်ကောင်းမှုအဖြစ် အမှန်တကယ် ငြိမ်းချမ်းမှုအစစ်ကိုရရှိစေမည့် အလှူတစ်ခုအဖြစ် ကချင်ပြည်နယ် ငြိမ်းချမ်းရေးအတွက် ရန်ကုန်မြို့မှ ကချင်ပြည်နယ် လိုင်ဇာမြို့အထိ လမ်းလျှောက်ခဲ့ကြသော ငြိမ်းချမ်းရေး လမ်းလျှောက်အဖွဲ့တွင် ပါဝင်ခဲ့သော သံဃာတော် (၁၅) ပါးနှင့် လူငယ် (၁၉) ဦးနှင့် ကိုရင် (၂) ပါးတို့အား သိက္ခာထပ်၊ ရဟန်းခံ ငြိမ်းချမ်းရေးအလှူတော်မင်္ဂလာပွဲကြီးအား မြောက်ဒဂုံမြို့နယ်၊ ၇ - ရပ်ကွက်ရှိ တက္က သီလာမဟာဇေယျသဒ္ဓိပဋ္ဌါန်းကျောင်းတိုက်ကြီးတွင် ကျင်းပပြုလုပ်ခဲ့ကြသည်။ ယင်း ငြိမ်းချမ်းရေးအဖွဲ့အား ရန်ကုန်လိုင်ဇာခရီးစဉ်တွင် နာရေးကူညီမှုအသင်း(ရန်ကုန်)မှ အလှူငွေများနှင့် အသုံးပစ္စည်းများအား လှည်းကူးမြို့တွင် တစ်ကြိမ်၊ မန္တလေးမြို့တွင် တစ်ကြိမ် လှူဒါန်းကူညီ ပံ့ပိုးပေးခဲ့သည်။ ထိုငြိမ်းချမ်းရေး လမ်းလျှောက်အဖွဲ့သည် လိုင်ဇာမြို့အထိ အောင်မြင်စွာလမ်းလျှောက်ကာ ရန်ကုန်သို့ ပြန်လည်ရောက်ရှိခဲ့ ကြသော်လည်း ကချင်ပြည်နယ်တွင် စစ်ပွဲများထပ်မံဖြစ်ပွားနေခဲ့သည်။ ထို့ကြောင့် စစ်မှန်သော ငြိမ်းချမ်းမှု ကိုရရှိစေရန်အလို့အငှာ သာသနာ့ဘောင်သို့ဝင်ရောက်ရန် ဆန္ဒဖြစ်ပေါ်လာသဖြင့် နာရေးကူညီမှုအသင်း (ရန်ကုန်)မှ ရှင်ပြုရဟန်းခံ၊ သိက္ခာထပ်အလှူပွဲကြီးအား စီစဉ်ကျင်းပ ပြုလုပ်ပေးခဲ့သည်။ အလှူပွဲအား နံနက် (၉းဝဝ) နာရီအချိန်တွင် ဦးကျော်သူနှင့် အသင်းသူ/သားများတို့မှ ရေစက်သွန်းချကာ သတ္တဝါ အားလုံးက အမျှဝေခဲ့ကြသည်။ ၄င်းအလှူပွဲသို့ ရွှေညဝါဆရာတော်ကြီး တက်ရောက်ချီးမြှင့်ကာ ဖိတ်ကြား ထားသော ဧည့်သည်များနှင့် နိုင်ငံရေးအဖွဲ့အစည်းများ၊ လူမှုရေးအဖွဲ့အစည်းများနှင့် မီဒီယာအသီးသီးတို့မှ တက်ရောက်ခဲ့ကြသည်။

  
 
ယခုကဲ့သို့ ငြိမ်းချမ်းမှုကိုလိုလား၍ သာသနာ့ဘောင်အတွင်းသို့ ဝင်ရောက်ကာ ငြိမ်းချမ်းမှုကို ရှာဖွေ ကြသော ရန်ကုန်-လိုင်ဇာ ငြိမ်းချမ်းရေးလမ်းလျှောက်အဖွဲ့သားများတစ်ဖြစ်လည်း ဗုဒ္ဓ၏ သားတော်များ သည် ငြိမ်းချမ်းမှုအစစ်ကိုရရှိသကဲ့သို့ အများပြည်သူ၊ အလှူရှင်များ၊ နိုင်ငံသူ/သားများ အားလုံးသည်လည်း ယနေ့ယခု ဤအချိန်မှစ၍ လာမည့်နှစ်သစ်အခါသမယတွင် မြန်မာပြည်ကြီး ငြိမ်းချမ်းပါစေ၊ ကချင်ပြည်ကြီး ငြိမ်းချမ်းပါစေ၊ လူသားအားလုံး ဘေးကင်းရန်ကွာစွာဖြင့် "ငြိမ်းချမ်းမှုအစစ်" ရှိရာသို့ လျှောက်လှမ်းနိုင်ကြ ပါစေဟု နာရေးကူညီမှုအသင်း(ရန်ကုန်)မှ ငြိမ်းချမ်းရေး ဆုတောင်းစကားပါး လိုက်ရပါတော့သည်။

Cartoon ATH - Thgyar King will visit Hle Dan Overpass Bridge during Thagyan

Wednesday, April 10, 2013 | 

ကာတွန်း ATH - သိကြားမင်း လှည်းတန်းထိပ်မှာ သင်္ကြန်ကျမည်
ဧပြီ ၁၁၊ ၂၀၁၃



--
Send email to - editors@moemaka.com to contact and contribute with MoEmAKa

MoeMaKa on Facebook Page from here  (For Burma / Myanmar User)

MoeMaKa News & Media covering Burmese Community
PO Box 320-207, San Francisco, CA 94132-0207, USA.
http://MoeMaKa.Com - Burmese Language
http://MoeMaKa.Org - English Edition
http://MoeMaKa.Net - Audio & Video Archives