[mrsorcerer:37764] Fwd: [လူဗိုလ်ဟူသည် ...] ကဗျာလေးတောင် ငိုနေပြီ မောင်



---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: 2013/4/1
Subject: [လူဗိုလ်ဟူသည် ...] ကဗျာလေးတောင် ငိုနေပြီ မောင်
To: lubo601@gmail.com




အချစ်ဆိုသည်မှာ………….
ကိုယ်ဘက်က ပေးသလောက်လည်းပြန်ရချင်မှ ရတတ်ပါတယ် ။ တစ်ဖက်က ပြန်ချစ်သည်မချစ်သည်မှာ သူ၏ စိတ်ခံစားချက် သူ့အပိုင်းသာဖြစ်တယ် ။  ကိုယ့်ဖက်က သူ့ကို ချစ်နေဖို့သာ အဓိက ကျပါတယ် ။
လူ့တစ်ယောက်ကို အမှန်တစ်ကယ်ချစ်မိပါလျှင် သူ့အနားမှာ ရှိသည်ဖြစ်စေ ၊ မရှိသည်ဖြစ်စေ ထာဝရ ချစ်နေတတ်တဲ့ ခံစားမှုလေးပါ ။ ကိုယ်နှလုံးသားထဲကို ၀င်လာခဲ့တဲ့ ချစ်သူကို ဘာအကြောင်းပြချက်တွေနဲ့မှ မောင်းမထုတ်တတ်ကြပါဘူး ။ပြန်ရလိုမှုတွေ သိပ်ကိုကြီးစိုးနေပြီဆို အတ္တဖက်တဲ့ ချစ်ခြင်းတွေဆီကို ဦးတည်နေတတ်ပါတယ် ။ လူတစ်ယောက်ကို သိပ်ချစ်မိသွားပြီဆို သူ့ကို ချစ်မိတဲ့ စိတ်လေးတစ်ခုနဲ့ သူပျော်ရွင်နေတာကို ကြည်နူးပေးတဲ့ စိတ်လေးတစ်ခုနဲ့ တင် ရင်ခုန်ကြည်နူးနေရတဲ့ ခံစားချက်လေးကို တန်ဖိုးထားတတ်ပါတယ် ။ ဖတ်ခဲ့ဘူးတဲ့ စာလေးတစ်ခုရှိတယ် ။ သိပ်ကို သဘောကျလို့ ခုချိန်ထိ  မှတ်မိနေသေးတယ်မောင် ။
အချစ်ဆိုတဲ့အရာမှာ စေတနာများစွာပါတယ် ပေးဆပ်ခြင်းများစွာပါတယ် တကယ့်အချစ်စစ်မှာ ရယူလိုမှုဆိုတာမရှိဘူး လောဘကြီးစွာ တပ်မက်တယ်ဆိုတာလည်းမရှိဘူး ကြိမ်းသေတဲ့ နိယာမတစ်ခုကတော့ " ဘယ်သူမဆို ကိုယ်ချစ်တဲ့သူကို နစ်နာအောင်မလုပ်ကြဘူး " နစ်နာအောင် ကိုယ့်ကို နာကျင်အောင် လုပ်တယ်ဆိုရင်တော့အဲဒါအချစ်စစ်မဟုတ်လို့ပဲ ။ အချစ်ကြီးလို့ အမျက်ကြီးတာပါဆိုတာဟာ တကယ်တော့ အူကြောင်ကြောင် ဆင်ခြေတစ်ခုသာဖြစ်တယ် ။ တကယ်သာချစ်ကြည့် သူ့ကို လက်ဖျားနဲ့ထိဖို့မဆိုနဲ့ သူ့အနားရောက်မိရင်ပဲ ကမ္ဘာမြေဟာ ပန်းတွေပဲပွင့်လာသလိုလို ကိုယ်ဟာ သီးခြားကမ္ဘာတစ်ခုထဲရောက်သွားသလိုလို ရင်ဟာ တဒုန်းဒုန်းခုန်လာပြီးခြေဖျားလက်ဖျားတွေအေးဆက်လာလေ့ရှိတယ် ။

@ သက်တန့်ချို

တစ်ကယ်ချစ်တဲ့သူဆိုတာ ကိုယ့်ချစ်သူကို ဘယ်တော့မှ နာကျင်အောင် မလုပ်ဘူးတဲ့မောင် ။ ခု ကျွန်မ ရင်အစုံနာကျင်ကြေကွဲနေရပါပြီ ။ အဲဒီနာကျင်မှုတွေကို ဖန်တီးခဲ့သူက မောင်ဆိုရင် နာကျင်မှုတွေကို ဖန်တီးစေဖို့ အခြေခံအစက ကျွန်မများဖြစ်နေရော့လား ။ ကျွန်မ မောင်ကို သိပ်ချစ်တယ်မောင် ။ အခက်ခဲအတားဆီးတွေနဲ့ ရင်ဆိုင်ရချိန်မှာ မောင် ကျွန်မလက်ကို မြဲမြဲ တွဲထားလိမ့်မယ်လို့ဘဲ တွေးထင် ယုံကြည်ခဲ့ဘူးတယ် ။ ခုတော့ ဒါတွေ အဝေးဆုံးကို လွင့်စင်ပျောက်ကွယ်ကုန်ပါပြီ။ တွေ့ဆုံကြုံကွဲဆိုတဲ့ စကားကို ကြားဖူးနေပေမယ့် ဒီစကားလေးဟာ ကျွန်မအတွက်ဖြစ်လာမယ်လို့ မထင်မိခဲ့တာ မောင်အချစ်ကို ယုံကြည်မိခဲ့လိုပါ မောင် ။တခါတလေမှာ ကျွန်မတွေးမိတယ် ။ မောင်ကို သိပ်ချစ်ဖို့များ ကျွန်မမွေးဖွားလာသလားလို့လေ ။ အချစ်ဆိုတာ သဘာဝကပေးတဲ့ လက်ဆောင်တစ်ခုပါမောင် ။ရတာချင်းတူပေမယ့်  တန်ဖိုးထားတာချင်းမတူတဲ့အခါမှာ ပျော်ရွှင်မှု့ရလဒ်ချင်းလဲ တူမှာမဟုတ်ပါဘူး။ ချစ်မိခဲ့တာ အပြစ်တစ်ခုများလားလို့ ခဏခဏ တွေးမိတယ် ။ ဟင့်အင်း ! မဟုတ်ဘူးမောင် ။ မောင့်ကို ကျွန်မချစ်နေရတာ သိပ်ကိုကြည်နူးစရာကောင်းပါတယ် ။ ချစ်သူ သက်တမ်3းနှစ်ကျော်ကြာခဲ့ပါပြီနော် ။ ရှေးခေတ်ခါက ပြောကြတဲ့ 3နှစ်3မိုးဆိုတာကို မောင်နဲ့ကျွန်မ သာလွန်ခဲ့ပါတယ် ။ နေ့စဉ်နေ့တိုင်း မောင့်မျက်နှာကို vzoထဲကြည့်ပြီး ကြည်ကြည်နူးနူး စကားတွေ ပြောခဲ့ကြဘူးတယ် ။ ဘယ်သူတွေ ဘာတွေ ပြောပြော မောင့်ကို အရမ်းချစ်ခဲ့တယ် ။ မောင့်ဆီမှာ ရှိနေတဲ့ အပြစ်ဆိုတာတွေကိုလည်း နားလည်မှု ခဲဖျက်နဲ့ ဖျက်ပေးခဲ့ဘူးတယ် ။ မြန်မာပြည်ပြန်လာပါရဲ့နဲ့ ကျွန်မဆီလာမတွေ့ခဲ့တဲ့ မောင်ကိုလည်း နားလည်ပေးခဲ့ဘူးတယ်။ ဒီအတွက် ရလာဒ်က ကျွန်မ မိဘတွေက မောင်ကို လုံးဝ လက်မခံနိုင်တော့ပါပဲ ။ မြန်မာပြည်ကို ပြန်လာရက်နဲ့တောင် ကိုယ့်ဆီကို လာမတွေ့တဲ့ သူတစ်ယောက်ကို ဘာမှ ပတ်သတ်စရာ မလိုတော့ဘူးတဲ့လေ ။ ကျွန်မမိဘတွေ တားမြစ်တာ လွန်လားမောင်။ ခုဆို ကျွန်မအွန်လိုင်းသုံးခွင့် လုံးဝမရှိတော့ဘူး ။ ဒါပေမယ့် ကျွန်မယုံကြည်ခဲ့တယ် ။ မောင် ကျွန်မအပေါ် သစ္စာရှိမယ်လို့ ။ တစ်ကယ်ချစ်ခဲ့ကြတယ်လေ ။ မတွေ့ရတော့တဲ့ ရက်တွေမှာ မောင်ကို ကျွန်မအသေကြေလွမ်းဆွတ်ခဲ့တယ် မောင် ။ ကျွန်မ ဒီလိုလွမ်းနေချိန်မှာ မောင်လဲ လွမ်းနေမှာဘဲဆိုတဲ့ အသိလေးတစ်ခုနဲ့ ဖြေသိမ့်ခဲ့တယ် ။ တကယ်တမ်းကြတော့ မောင်က လွမ်းမနေခဲ့ပါဘူး။ မောင်မှာ ဖြေသိမ့်စရာ လေးတစ်ခုရှိနေခဲ့ပြီလေ ။ လေလှိုင်းထဲက အသံတစ်ခုကို မောင်သာယာနေတတ်ခဲ့ပြီ ။ ကျွန်မ အရူးတစ်ယောက်လို ဆောက်တည်ရာမဲ့ ခံစားချက်တွေနဲ့ အိပ်မပျော်တဲ့ညပေါင်းများစွာကို ခက်ခက်ခဲခဲ ကျော်ဖြတ်နေချိန်မှာ  ဆက်သွယ်မှုတစ်ခုရဲ့ လေထဲက အသံလှိုင်းတစ်ခုပေါ်မှာ မောင်ကတော့ သာယာကြည်နူးနေခဲ့တယ် ။ အားလုံးက မောင့်ကို အပြစ်တွေ ဖို့ကြပေမယ့် ကျွန်မ မောင်ကို မမုန်းရက်နိုင်ပါဘူး ။ ကျွန်မကို နာကျင်အောင် လုပ်ရက်တယ်ဆိုကတည်းက မောင် ကျွန်မကို အမှန်တကယ် မချစ်ခဲ့လို့ ဆိုတာ အသေချာပေါ့ ။ မောင့် အတွက် အချစ်စစ်တစ်ခုကိုလည်း ထပ်မံ တွေ့ရှိခွင့်ရှိနေနိုင်တာဘဲလေ။ မောင် လိုအင်ဆန္ဒတွေကို သူက တော်တော်များများ ဖြည့်ပေးနိုင်တယ်လို့ ကျွန်မသိရချိန်မှာ ငိုချင်ပေမယ့် မောင်အတွက် ပြုံးပေးခဲ့ပါတယ် ။ ကျွန်မ မှာတော့ မောင်ကိုပေးစရာ စစ်မှန်တဲ့ ချစ်ခြင်းတရားနဲ့ မောင့်အပေါ် ထားတဲ့ ကျွန်မရဲ့ သစ္စာတရားတွေဘဲ ရှိခဲ့ပါတယ် ။ မောင်တို့ ပျော်ရွင်ကြည်နူးချိန်တိုင်းမှာ ကျွန်မနာကျင်ကြေကွဲနေရပေမယ့် ချစ်ရတဲ့ မောင် စိတ်ချမ်းသာနေပါလားဆိုတဲ့ အသိနဲ့ မျက်ရည်တွေနဲ့ ပြုံးတတ်နေပါပြီ ။ ကျွန်မလေ ဂီတာတီးပြီး သီချင်းဆိုနေတဲ့ ကောင်လေးတွေကို မြင်ရတိုင်း မျက်ရည်တွေ ပါးပြင်ပေါ်ကို စီးကျလာတတ်တယ် ။ ခုချိန်ဆို မောင် သူ့ကို ကျွန်မတုန်းကလို ဂီတာလေးတီး သီချင်းတွေ ဆိုပြနေလောက်ပါပြီဆိုတဲ့ အသိနဲ့ နာကျင်ခံစားရတယ် ။ မောင်သူ့ငယ်ချင်းကပြောတယ်တဲ့ မောင့်ရဲ့ ခုကောင်မလေးက သနားဖို့ကောင်းတယ်တဲ့
မောင့်ကို သိပ် ချစ်ပြီး မောင့်ဆီကိုလည်း သူကဘဲ ဖုန်းခေါ်တယ်ဆိုဘဲနော် ။ ကျွန်မတစ်ခုလောက်မေးချင်တယ် ။  ၃နှစ်ကျော် မောင်နဲ့ ကျွန်မ vzo နေ့တိုင်းချက်ခဲ့ဖူးတယ် ။ ချက်တင်ထဲက မောင်ကို ကျွန်မပတ်ဝန်းကျင်ကသူတွေ အားလုံးသိခဲ့ မြင်ခဲ့ကြတယ် ။ နေ့တိုင်း ဖုန်း ခေါ်ခဲ့ဘူးတယ် ။ကျွန်မရဲ့ ဖုန်းခေါ်ဆိုမှုတွေကလည်း အလကားရခဲ့တာမှ မဟုတ်တာ ။ နှစ်နဲ့ချီ ပတ်သတ်ချစ်ခဲ့ဘူးတဲ့ ကျွန်မကိုထားခဲ့နိုင်တယ်နော် ။  လပိုင်းလောက်လေးနဲ့ သူမအပေါ် ယိမ်းယိုင်သွားတဲ့ မောင့်စိတ်တွေကသူ့ကို တကယ်ချစ်မိသွားတယ်ဆိုတဲ့ သက်သေတွေ များလားမောင် ။ ကျွန်မရဲ့ အချစ်တွေကို မောင်က မလိုအပ်တော့တဲ့ ခုချိန်မှာ ပြန်ပေးခဲ့ပြီ ။ မောင့်ကို သိပ်ချစ်တဲ့  စိတ်တစ်ခုနဲ့ နားလည်ပေးနိုင်အောင် ကြိုးစားနေရပေမယ့် ကျွန်မရင်တွေ နာကျင်လှပြီ ။ ဒီလောက်ဆိုးတဲ့ ဝေဒနာတွေကို  ဆက်ပြီး ခံစားဖို့ ခံနိုင်၇ည်တွေ အတော်လေးကို နည်းနေပါပြီ ။ ဘာဆို ဘာမှ မသိတော့တဲ့ ဘ၀သစ်တစ်ခုမှာ နေချင်တယ်မောင် ။ ဇာတ်မသိမ်းချင်ဘဲ ဇာတ်သိမ်းနေရတဲ့  ကျွန်မနေရာကို ခဏလောက် မောင် ခံစားကြည့်ပေးပါ ။ တဖြေးဖြေး မှုံဝါးလာတဲ့ မျက်လုံးအစုံမှာ မျက်ရည်တွေ ပြည့်လျှံနေတယ် ။ လက်ထဲမှာ ကဗျာ စာရွက်လေး တစ်ရွက် ကိုင်ထားမိတယ်မောင် ။ ဒီကဗျာလေးကို ဖတ်နေရင်း အတိတ်ဆီကို ရောက်ရှိသွားတဲ့ စိတ်တွေက အလွမ်းတွေကို ဒီဂရီတွေတိုးပေးနေတယ်မောင် ။ ကျွန်မ ရင်ဘတ်အစုံ နာကျင်လှပြီ ။ မခံနိုင်အောင်ကို အောင့်လာတယ် ။ တခုခု ဖြစ်တော့မှာလား။ မောင့်ကို တစ်ခါလောက်တော့ အပြင်မှာ ကျွန်မ မြင်ဖူးချင်လိုက်တာ ။ vzoထဲက မောင့်ပုံရိပ်နဲ့ အပြင်က ပုံရိပ်လွှာထပ်တူကြနေမယ်ဆိုတာ သိပေမယ့် မြင်ဖူးချင်တယ် ။ ကျွန်မချစ်တဲ့ မောင့် မျက်နှာကို စေ့စေ့ကြည့်ပြီး * မောင့်ကို သိပ်ချစ်တယ်လို့ ပြောချင်မိတယ်  * ။ ကျွန်မ ရူးနေပြီထင်တယ်နော် ။ ကျွန်မမ လက်ဖျားတွေ အေးစက်လာပြီ ။ တုန်ရီမောဟိုက်လာပါတယ် ။ တုန်ရီလာတဲ့လက်တွေက ဆုပ်ကိုင်ထားတဲ့ ကဗျာစာရွက်လေး ကိုတောင် မနိုင်ချင်တော့ပါဘူး ။တကိုယ်တည်း ဖြတ်သန်းရတဲ့ မောင်ကို လွမ်းခဲ့ရတဲ့နေ့တွေ  အဆုံးသတ်ရတော့မယ်ထင်တယ် မောင် ။ အလွမ်းများစွာနဲ့ တင်းကျပ်နေတဲ့ ကျွန်မ လွတ်မြောက်တော့မယ် ။
ကဗျာစာရွက်လေး လေထဲမှာ လွင့်ပျံလို့ သွားခဲပြီ ။ ပေါ့ပါးလှတဲ့ စက္ကူစာရွက်လေးကိုပင် ဆုပ်ကိုင်ဖို့ အင်အားတွေ မဲ့သွားခဲ့ပါပြီ ။ ကဗျာစာရွက်လေး ကြမ်းပြင်ပေါ် ခစားချိန်မှာ ကုတင်တလုံးပေါ်မှာ မလှုပ်မရှက် လောကကြီးထဲက ထွက်ခွာသွားသူမိန်းကလေး တစ်ယောက် ။ ကြမ်းပြင်ပေါ်မှာ လွင့်ကျနေတဲ့ ကဗျာစာရွက်လေး တစ်ရွက်  ။ ဘာတွေ ရေးထားသလဲ ။ သူမ ခံစားချက်နဲ့ တူညီနေတဲ့ ကဗျာစာသားတွေ ။ ထူးခြားတာက အဲဒီ ကဗျာလေးက  ငိုနေသတဲ့…………………


နင်ပြန်လာရင် .. ကြိုဆိုနိုင်ဖို့…
အကွာအဝေးတခုမှာ ငါစောင့်မျှော်နေမယ်…။
ဝမ်းနည်းမှုတစ်ခု….
နင်ပြန်လာရင် .. မြင်ခွင့်ရဖို့…
အိမ်မက်တွေနဲ့ ငါရှင်သန်နေမယ်…။
အလွမ်းလေးတစ်ခု…
နင်ပြန်လာရင် ပြောပြနိုင်ဖို့
မျက်ရည်တချို့ကို ငါသိမ်းထားမယ်….။
အချစ်တစ်ခု …
နင်ပြန်လာရင် သက်သေပြနိုင်ဖို့……
ငါ့နှလုံးသားထဲမှာ ထာဝရရှိနေမယ်…..။


စာဖတ်သူ သူငယ်ချင်းများအားလုံး ခိုင်လေး စိတ်ကူးယဉ် အချစ်ဝတ္ထုတိုလေးကိုဖတ်ရှု့ ပြီးချိန်မှာ မိမိတို့ ချစ်သူ အိမ်ထောင်ဖက်တွေ အပေါ် သစ္စာစောင့်တည်နိုင်ကြပါစေရှင် ။



--
Posted By Blogger to လူဗိုလ်ဟူသည် ... at 4/02/2013 08:20:00 AM

--
မှော်ဆရာအဖွဲ့မှ နေ့စဉ် Mail များရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en
Member များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို့စာပို့နိုင်ပါသည်။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး စာပို့ပေးပါရန်။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en
အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
Facebook Page နှင့်ဆက်သွယ်လိုလျှင် www.facebook.com/mrsorcerergroup
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
---
You received this message because you are subscribed to the Google Groups "မှော်ဆရာ အဖွဲ့  ( Ѧя Ƨσяcɛяɛя )" group.
Visit this group at http://groups.google.com/group/mrsorcerer?hl=en.