[mrsorcerer:37771] Fwd: [လူဗိုလ်ဟူသည် ...] ၂၁ ရာစုနှင့်အာရှ-ပစိပိတ်ဒေသကာကွယ်ရေးဆိုင်ရာ မဟာဗျူဟာများ



---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: 2013/4/2
Subject: [လူဗိုလ်ဟူသည် ...] ၂၁ ရာစုနှင့်အာရှ-ပစိပိတ်ဒေသကာကွယ်ရေးဆိုင်ရာ မဟာဗျူဟာများ
To: lubo601@gmail.com



by Ye Min Tun (Notes) on Monday, April 1, 2013 at 7:31pm

ဧရာ ( သြစတြေးလျှ )

(၂၁)ရာစုအစမှာပင် ကမ္ဘာ့ငြိမ်းချမ်းရေးနဲ့ ဆိုင်တဲ့ တည်ဆောက်မှုများ ကင်းမဲ့နေပါသေးတယ်။ တဖက်မှာလည်း စစ်ပွဲတွေ၊ ကာကွယ်ရေးဆိုင်ရာ စိန်ခေါ်ချက်တွေဟာ ထူပြောစဲရှိနေတယ်။ ဒ့ါအပြင် အာရှ-ပစိပိတ်ဒေသမှာ စင်ပြိုင်လက်နတ်တပ်ဆင်လာမှုတွေ၊ စစ်အင်အားနဲ့ အပြန် အလှန် ယှဉ်ပြိုင်လိုမှုတွေဟာ မြန်မာနိုင်ငံ အပါအ၀င် ဒေသအတွင်းရှိ နိုင်ငံများ အတွက် ခြိမ်း ခြောက်ခံ နေရတယ်။


စစ်အေးခေတ်မှစစ်ရေးသစ်
၂၀၁၂ခုနှစ်၊စက်တင်ဘာလအတွင်းမှာ တရုတ်နိုင်ငံ၊ အရှေ့ မြောက်ပိုင်းဒေသမှ ပင်လယ်ဆိပ် ကမ်းမြို့ ဖြစ်တဲ့ ဒါလိုင်အန်း(Dalian)မြို့ မှာပထမဦးဆုံး တရုတ်လေယာဉ်တင်သင်္ဘော ရေချပွဲ အခမ်းအနားကို ပြုလုပ်ခဲ့တယ်။
ဒီအခမ်းအနားကို တရုတ်နိုင်ငံ သမတဖြစ်တဲ့ ဟူဂျင်းတောင် အပါအ၀င် ခေါင်းဆောင်အများအပြား တက်ရောက်ခဲ့ကြတယ်။ တရုတ်နိုင်ငံရဲ့  ပထမဦးဆုံး လေယာဉ်တင်သင်္ဘောဟာ ယူကရိန်းလုပ်လေယာဉ်တင်သင်္ဘောကို လိုင်အိုနင်း(liaoning) အမည်နဲ့  ပြန်လည်မွမ်းမံ တည်ဆောက်လိုက်တာဖြစ်တယ်။ တရုတ်နိုင်ငံရဲ့  လေယာဉ်တင် သင်္ဘောနဲ့ ပက်သက်ပြီး အနောက်နိုင်ငံမှ သတင်းထောက်များ၊ လေ့လာသူများမှ ရေပေါ်မှာ ပေါ်နေတဲ့ မကာအိုမှ လောင်းကစား ကာစီအိုအဆောက် အအုံကြီးတို့ ၊ ပြတိုက်ကြီိးတို့ ဆိုကာ တင်စားပြောဆိုနေပေမယ့်လည်း တိုက်လေယာဉ်တွေကတော့ ကုန်းပတ်ပေါ်မှာ စမ်းသပ်ပျံသန်း လို့ နေပြီဖြစ်တယ်။ တရုတ်နိုင်ငံခေါင်းဆောင် အပြောင်း အလဲကာလမှာ လေယာဉ်တင်သင်္ဘော ရေချခဲ့တာဟာ တရုတ်ရဲ့ သမုဒ္ဒရာလွှမ်းမိုးလိုသော မူဝါဒနဲ့ အရှိန်အ၀ါကို ဖော်ထုတ်ပြသလိုက်
ခြင်းပဲဖြစ်တယ်။ တရုတ်နိုင်ငံရဲ့ လေယာဉ်တင် သင်္ဘောဟာ ဒေသအတွင်း အခြေအနေအရသုံးစွဲ ဖို့ မလိုအပ်ဘူးလို့ အိမ်နီးချင်းနိုင်ငံများမှ ထုတ်ဖော်ပြောကြားခဲ့ကြတယ်။


စစ်ရေးခြေပုန်းခုတ်နေမှုများ
တရုတ်နိုင်ငံရဲ့ ကာကွယ်ရေးသုံးစွဲမှု စရိတ်မြင့်မားလာချိန်မှစလို့ အိမ်နီးချင်းနိုင်ငံများအပါအ၀င်
ဒေသအတွင်းရှိ နိုင်င်ငံများလည်း အဆင့်မြင့် လက်နတ်များဝယ်ယူ တပ်ဆင်လာကြတယ်။ဒီကနေ့  ကမ္ဘာမှာကာကွယ်ရေး အတွက်လက်နတ်ဝယ်ယူသုံးစွဲမှုအများဆုံးဟာ အာရှနိုင်ငံများဖြစ်တယ် လို့  ၀ါရှင်တန်(Washington)အခြေစိုက် အပြည်ပြည်ဆိုင်ရာ မဟာဗျူဟာလေ့လာရေးဌာန(Centre for Strategic and International Studies) မှ ထုတ်ဖော်ပြောဆို ခဲ့ပါတယ်။ ၂၀၁၁ ခုနှစ်မှာ အာရှနိုင်ငံများနဲ့ သမုဒ္ဒရာ ရပ်ဝန်းဒေသနိုင်ငံများ (Oceania States) ရဲ့ ကာကွယ်ရေး သုံးစွဲမှုစရိတ်ဟာ၂၅ရာခိုင်နှုန်းနဲ့ ၄၄ရာခိုင်နှုန်း အထိလက်နတ်ပစ္စည်းတင်သွင်းမှုတွေဖြစ်တယ် လို့ စတော့ဟုန်း (Stock holm) အခြေစိုက် အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးသုတေသနဌာနမှ (International Peace Research Institute) ထုတ်ဖော်ပြောဆိုခဲ့တယ်။ တရုတ်နိုင်ငံတနိုင်ငံ တည်းရဲ့ ကာကွယ်ရေးနှစ်စဉ် အသုံးစရိတ်ဟာ အမေရိကန်ဒေါ်လာ ဘီလျှံ (၉၀) သုံးပါတယ်။ တချိန်တည်းမှာ အမေရိကန်နိုင်ငံ အပါအ၀င် ဥရောပနိုင်ငံများမှာဘဏ္ဍာရေးနဲ့ စီးပွားရေးအကြပ် အတည်းတွေကြောင့် ကာကွယ်ရေး အသုံးစရိတ်ကို လျော့သုံးနေတယ်။ အာရှနိုင်ငံများရဲ့ လက် နတ် ပြိုင်ဆိုင် တပ်ဆင်နေမှုများကို အောက်ပါ အတိုင်းတွေ့ ရတယ်။

နိုင်ငံအလိုက် လက်နတ်တပ်ဆင်မှုအခြေအနေ
၁) တရုတ်နိုင်ငံ တိုက်ချင်းပစ်ဒုံးကျည် (DF-41 intercontinental ballistic missile) ၊ သဘောင်္ဖျက်
ဒုံးကျည် (DF-21 anti ship missile) ၊ တိုက်/ထောက်လေယာဉ်သစ် (J-31 stealth fighter) ၊ ညူကလီယားစွမ်းအင်သုံးရေငုတ်သင်္ဘော (nuclear powered submarine fleet) ၊ လေယာဉ်တင်သင်္ဘောအစီအစဉ် (aircraft carrier program) ၊ဖျက်သင်္ဘောများတည်ဆောက်ရေး (building new destroyers) ၊ဒုံးကာကွယ်ရေး စံနစ်ကိုရည်မှန်းချက်ထားခြင်း၊
၂) မြောက်ကိုရီးယားနိုင်ငံ ပြည်တွင်း ကုန်ထုတ်လုပ်မှုရဲ့ သုံးပုံတပုံခန့် ကိုကာကွယ်ရေးအတွက်အသုံးပြုခြင်း၊ ၂၀၁၂ခုနှစ် ဧပြီလအတွင်းမှာ ဒုံးကျည်ပေါင်း၈၀၀အထက် တပ်ဆင်ထားပြီးဖြစ်ခြင်း၊ တိုက်ချင်းပစ်ဒုံးကျည် (Taepodong Ballistic Missile) အပါအ၀င် ညူကလီယားစီမံကိန်းအတွက် ယူရေနီယံထုတ်လုပ်မှုများလုပ်ကိုင်နေကြောင်း
သတင်းများပေါ်ထွက်နေခြင်း၊ KF16 အမျိုးအစားဂျက်တိုက်လေယာဉ်များရှိခြင်း၊
၃) တောင်ကိုရီးယားနိုင်ငံ ပေါက်ကွဲအားပြင်းထန်တဲ့ အဝေးပစ်ဒုံးကျည်နည်း ပညာစနစ်သစ်များ ၀ယ်ယူဖြည့်တင်းထားခြင်း၊ ရေဒါနည်းပညာပိုင်းဖြစ်တဲ့ဒုံးဖျက်ဒုံးနဲ့ ဒုံးကာကွယ်ရေးစံနစ် (Aegic radar)ကိုဝယ်ယူတပ်ဆင်ထားခြင်း၊ရေငုတ်သင်္ဘော၆စင်းကို တည်ဆောက်ရန် စီမံကိန်းရှိခြင်း၊
၎)ဂျပန်နိုင်ငံ F-35တိုက်လေယာဉ်အမျိုးအစား(၄၂)စင်းဝယ်ယူခြင်း၊ဒုံးကာကွယ်ရေးစံနစ်ဖြစ် တဲ့အမေရိကန်နည်းပညာ PAC3, SM3 ဒုံးကျည်များနဲ့ (aegic radar) စံနစ်ကို ၀ယ်ယူခြင်း၊ ဂျပန်နိုင်ငံ-တောင်ပိုင်းဒေသမှာ (X band radar) စံနစ်သစ်ကိုတပ်ဆင်တည်ဆောက်ခြင်း၊
၅) အမေရိကန်နိုင်ငံ အာရှ-ပစိပိတ်ဒေသလုံခြုံရေးအတွက် လေယာဉ်တင်သင်္ဘောအုပ်စုအပါအ၀င် စစ်အင်အား(၆၀)ရာခိုင်နှုန်းတိုးချဲ့ လာခြင်း၊ (new littoral) အမည်ရှိ တိုက်ခိုက် ရေးစစ် သင်္ဘောသစ်များကို စင်င်္ကာပူနိုင်ငံမှနေ ဖြန့် ကျက်ချထားခြင်း၊ F-22 တိုက်လေယာဉ်များကို ဂျပန်နိုင်ငံ-အိုကီနာဝါကျွန်းအထိဖြန့် ကျက်ချထားခြင်း၊ (ballistic missile) ဒုံးကျည်ကာကွယ်ရေးစံနစ်ကို ဂျပန်နိုင်ငံနဲ့ အတူဆောင်ရွက်နေခြင်း၊(Stealth destroyer) ဖျက်/ထောက်သင်္ဘောတည်ဆောက်ခြင်း၊
၆) ပါကစ္စတန်နိုင်ငံ ကိုယ်ပိုင်ဒုံးကျည်ထုတ်လုပ်ရေးအစီအစဉ်များဆောင်ရွက်နေခြင်း၊ F-16 တိုက် လေယာဉ်များအမေရိကန်မှဝယ်ယူထားခြင်း၊ F-22P Frigates ခေါ်စစ်သင်္ဘော များကို တရုတ်နိုင်ငံနဲ့ တည်ဆောက်နေခြင်း၊
၇ )အိန္ဒိယနိုင်ငံ ရုရှားလုပ်ညူကလီယားစွမ်းအင်သုံးတိုက်ခိုက်ရေးရေငုတ်သင်္ဘောတပ်ဆင်ခြင်း၊ ညူကလီးယားထိပ်ဖူးတပ်တိုက်ချင်းပစ်ဒုံးကျည်စခန်း(၃)ခုတည်ဆောက်ခြင်း၊ Dassault Rafale အမျိုးးအစားတိုက်လေယာဉ်အစင်း(၁၂၆)စင်းဝယ်ယူခြင်း၊တရုတ် နိုင်ငံကိုအဓိကရည်စူးထားတဲ့ (Agni-V missile) ဒုံးကျည်စံနစ်ရှိနေခြင်း၊ ရုရှားလုပ် လေယာဉ်တင် သင်္ဘောတစင်းနဲ့ လေယာဉ်တင် သင်္ဘောနှစ်စင်းကို တည်ဆောက်နေ ခြင်း၊ (Brahmos missile) ဒုံးကျည်စံနစ်ကိုပြင်သစ်နိုင်ငံမှဝယ်ယူထားခြင်း၊
၈ )ဗီယက်နမ်နိုင်ငံ ရုရှားနိုင်ငံမှဒီဇယ်စွမ်းအင်သုံးရေငုတ်သင်္ဘော(၆)စင်းဝယ်ယူထားခြင်း၊ Sukohoi Fighter Aircraft အမျိုးအစားကိုဝယ်ယူခြင်း၊

၉ )စင်င်္ကာပူနိုင်ငံ F-15 Boeing Fighter Jets တိုက်လေယာဉ်များဝယ်ယူခြင်း၊ ဆွီဒင်နိုင်ငံမှဒီဇယ် စွမ်းအင်သုံးရေငုတ်သင်္ဘော(၂)စင်းဝယ်ယူထားခြင်း၊
၁၀) အင်ဒိုနီးရှားနိုင်ငံ တောင်ကိုရီးယားနိုင်ငံမှရေငုတ်သင်္ဘော(၃)စင်းဝယ်ယူထားခြင်း၊ရုရှားနိုင်ငံထုတ် ဒီဇယ်စွမ်းအင်သုံး Kilo-class ရေငုတ်သင်္ဘောများဝယ်ယူထားခြင်း၊တရုတ်နိုင်ငံ ထုတ်သင်္ဘောဖျက် C801ဒုံးကျည်တပ်ဆင်ထားသောစစ်သင်္ဘောအမျိုးအစားဝယ်ယူထားခြင်း၊ F-16နှင့် Sukhoi အမျိုးးအစားတိုက်လေယာဉ်များဝယ်ယူခြင်း၊
၁၁) သြစတြေးလျှ နိုင်ငံ Collins အမျိုးအစား ရေငုတ်သင်္ဘောများမှာ အစား ထိုးဝင်ရောက်လာမည့် ရေငုတ်သင်္ဘော(၁၂) စင်းဝယ်ယူခြင်းနှင့်တည်ဆောက်ခြင်း၊F35ဂျက်တိုက်လေယာဉ်အစင်း (၁၀၀)၀ယ်ယူရန်သဘောတူခြင်း၊

ပင်လယ်ပြင်ပဌိပက္ခ
တောင်တရုတ်ပင်လယ်ပြင်အရေးဟာ စစ်ရေး၊ စီးပွားရေးဆိုင်ရာများနဲ့အတူ မြင့်မားလာနေ
တယ်။ကမ္ဘာ့ရေကြောင်းကိုအသုံးပြုနေတဲ့ သင်္ဘောရာခိုင်နှုန်းတ၀က်ကျော်ဟာ တောင်တရုတ်
ပင်လယ်ကို အသုံးပြုနေကြတယ်။ တောင်တရုတ်ပင်လယ်ကူးသန်းရောင်းဝယ်မှုဟာ နှစ်စဉ်
အမေရိကန်ဒေါ်လာ၁.၂ ထရီလီယံ (1.2 trillions) ကိုရရှိတယ်။ ဒါ့အပြင်သဘာဝဓါတ်ငွေ့  (Natural Gas) အပါအ၀င် စွမ်းအင်သံယံဇာတ (Hydrocarbon resources) နဲ့ ငါးဖမ်း လုပ်ငန်းတို့ အပြင် မဟာဗျူဟာအရလည်းအရေးပါနေလို့  တရုတ်နိုင်ငံနဲ့ ဖိလစ်ပိုင်၊ဗီယက်နမ်၊ ထိုင်ဝမ်၊မလေးရှား၊အင်ဒိုနီးရှားနိုင်ငံတို့ ဟာ ပင်လယ်ပြင်နယ်နမိတ်အရေးနဲ့ ပက်သက်ကာ အငြင်းပွားနေကြတယ်။ ဒီလိုတင်းမာနေတဲ့ အခြေအနေတွေအကြားမှာ အမေရိကန်နိုင်ငံရဲ့ စစ် အင်အားရာခိုင်နှုန်း(၆၀)ကို အာရှ-ပစိပိတ်ဒေသဆီသို့ ရွေ့ ပြောင်းဝင်ရောက်လာတယ်။ အမေ ရိကန်နိုင်ငံ အနောက်ဘက်ကမ်းခြေဒေသမှ ဂျော့ဝါရှင်တန်အမည်ရှိ လေယာဉ်တင်သင်္ဘော (USS George Washington Aircraft Carrier) အုပ်စုကို ဂျပန်နိုင်ငံ၊ယိုကိုဆုကာ (Yokosuka) ရေတပ် စခန်းမှာအခြေစိုက်ခြင်း၊ F-22 ဂျက်တိုက်လေယာဉ်များကို ဂျပန်နိုင်ငံ၊ အိုကီနာဝါအခြေစိုက် စခန်းများမှာအားဖြည့်ခြင်း၊ ကမ်းခြေစောင့်စစ်သင်္ဘောသစ်(၄)စင်း (Four New Littoral Vessels) ကို စင်င်္ကာပူနိုင်ငံဒေသတလျှောက်မှာဖြန့် ကျက်ချထားခြင်း၊ ညူကလီယားစွမ်းအင်သုံး ရေငုတ်သင်္ဘော (၉) စင်း အပါအ၀င် အမေရိကန်ရေငုတ်သင်္ဘောအစင်း (၆၀)ခန့် ထဲမှ အများ စုကို အာရှ-ပစိပတ်ဒေသအတွင်းမှာ ဖြန့် ကျက်ချထားခြင်းတို့ နဲ့  အမေရိကန်နိုင်ငံရဲ့ ကာကွယ်ရေး မဟာဗျူဟာတွေ ပေါ်ထွက်လာတယ်။ စစ်ရေးကျွမ်းကျင်သူ များရဲ့ လေ့လာချက်တွေထဲမှာ အမေရိကန်စစ်သားတဦးအတွက် ဒေါ်လာ(၅)သိန်း၊ ဂျပန်စစ် သားတဦးအတွက်ဒေါ်လာ (၂၄၀.၀၀၀) နဲ့  တရုတ်စစ်သားတဦးအတွက် ဒေါ်လာ (၄၀.၀၀၀) ကုန်ကျတာကို ဖော်ပြကြတယ်။

အိန္ဒိယသမုဒ္ဒရာနှင့်ပုလဲကြိုးတရုတ်မဟာဗျူဟာ
၁၉၈၀နှစ်လွန်ကာလများမှစကာ တရုတ်နိုင်ငံရဲ့ ရေတပ်ကို ရေတပ်ပြာ(Blue Water Navy) စီမံကိန်းနဲ့ ချမှတ် အကောင်အထည်ဖော်ခဲ့တယ်။ တရုတ်ရေတပ်ရဲ့ အဓိက ဦးစားပေးမှုဟာ ထိုင်ဝမ် ရေလက်ကြား နဲ့ အနောက်ဘက်ပစိပိတ်သမုဒ္ဒအတွင်းရှိ တရုတ်အကျိုးစီးပွားများကို ကာကွယ်ရန်ဖြစ်တယ်။ တရုတ်နိုင်ငံ၊ တောင်ပိုင်းဒေသဆိပ်ကမ်းများမှနေ အိန္ဒိယသမုဒ္ဒရာကို စိုးမိုးရေးဟာ ပထ၀ီအနေအထားအရကွာဝေးနေမှုနဲ့ ထောက်ပံ့ရေးလမ်းကြောင်းကင်းမဲ့နေခြင်း ဖြစ်တယ်။ တရုတ်နိုင်ငံရဲ့ အခက်အခဲများကို ဖြေရှင်းနိုင်ရန်အတွက် ပုလဲကြိုးမဟာဗျူဟာကို ရေးဆွဲခဲ့ခြင်းဖြစ်တယ်။ ဒီမဟာဗျူဟာမှာ အိန္ဒိယသမုဒ္ဒရာမှနေ မာလကာရေလက်ကြားအထိ ဖြတ်သန်းရေးအတွက် စစ်ရေးအသာစီးမှုအရ စခန်းထောက်၊ စခန်းထိုင်များအနေနဲ့ ဖြန့် ကျက် ချထားရေးဖြစ်တယ်။ တရုတ်နိုင်ငံရဲ့ စီးပွားရေးဖွံ့ ဖြိုးနှုန်းနဲ့ အတူ စွမ်းအင်လိုအပ်ချက်လည်းမြင့် မားလာကာ အရှေ့ အလယ်ပိုင်းမှရေနံတင်သွင်းရေးဟာ အိန္ဒိယသမုဒ္ဒရာကို ဖြတ်သန်းရမှာဖြစ် တယ်။ အိန္ဒိယသမုဒ္ဒရာဒေသအတွင်းမှ နိုင်ငံများကို တရုတ်နိုင်ငံမှ စီးပွားရေး၊ဘဏ္ဍာရေး အကူ အညီများနဲ့ ချည်းကပ်ပါတယ်။တရုတ်နိုင်ငံနဲ့ နိုင်ငံရေး၊စီးပွားရေးဆက်ဆံမှုကောင်းမွန်တဲ့ နိုင်ငံ တွေထဲမှာ မြန်မာနိုင်ငံအပါအ၀င်ဘင်္ဂလားဒေ့ရှ်၊သီရိလင်္ကာနဲ့ ပါကစ္စတန်နိုင်ငံများဖြစ်ကြတယ်။ အိန္ဒိယသမုဒ္ဒရာဒေသအတွင်းရှိနိုင်ငံများမှာ တရုတ်နိုင်ငံမှစစ်ရေးအကူအညီပြုမှုနဲ့ စစ်ရေးဆိုင် ရာတည်ဆောက်မှုတွေပြုလုပ်တယ်။ အိန္ဒိယသမုဒ္ဒရာရဲ့ တစိတ်တပိုင်းဖြစ်နေတဲ့ အက်ဒမန်ပင် လယ်အတွင်းမှမြန်မာနိုင်ငံရဲ့ ကိုကိုးကျွန်း၊ဟိုင်းကြီးကျွန်းများမှာရေဒါစခန်းများ တည်ဆောက် ခြင်း၊ ထောက်ပံ့ရေးလမ်းကြောင်း (logistical support) အရ ရခိုင်ပြည်နယ်၊ စစ်တွေနဲ့  ကျောက်ဖြူဒေသများမှပင်လယ်ရေနက်ဆိပ်ကမ်းများတည်ဆောက်ခြင်း၊သဘာဝဓါတ်ငွေ့ အပါ အ၀င်အရှေ့ အလယ်ပိုင်းဒေသမှတင်သွင်းတဲ့ရေနံသယ်ဆောင်ရေးလမ်းကြောင်းတည်ဆောက် ခြင်းတို့ ဟာ ပုလဲကုန်းမဟာဗျူဟာအရ မြန်မာနဲ့ တရုတ်ပက်သက်ပါဝင်နေတယ်။ အက်ဒမန် ပင်လယ်နဲ့ မြန်မာပိုင်ကျွန်းများမှာ တရုတ်ရေတပ်တည်ရှိနေခြင်းဟာ အိန္ဒိယသမုဒ္ဒရာမြောက် ပိုင်းအရေးအတွက် အိန္ဒိယအစိုးရဘက်မှ ထုတ်ဖော်ပြောဆိုလာတယ်။ ဒီလို့ ထုတ်ဖော်ပြောဆို မှုထဲမှာ ပင်လယ်ပြင်ဆက်သွယ်ရေးနယ်နမိတ်မျဉ်းကြောင်း (Sea Lines of Communication -SLOCS) ကာကွယ်ရေးဆိုင်ရာအကျိုးအမြတ်များနဲ့ ပက်သက်ကာ တရုတ်နိုင်ငံမှအိန္ဒိယနိုင်ငံ ကိုလှည့်စားခြင်းမရှိပေမယ့်လည်း အိန္ဒိယသမုဒ္ဒရာဒေသအတွင်းရှိ နိုင်ငံများနဲ့ တရုတ်နိုင်ငံရဲ့  ဆက်ဆံရေးမှာ မဟာဗျူဟာနဲ့ တရုတ်စီးပွားရေးဆိုင်ရာ အကျိုးအမြတ်အတွက် တောင်အာရှ ဒေသကို လက်ဦးမှုယူထားခြင်းရှိနေတယ်။ ဒီအခြေအနေများက အိန္ဒိယနိုင်ငံရဲ့ ရေတပ်ကို ရေရှည်ဖွံ့ ဖြိုးတိုးတက်နေစေဖို့ တွန်းအားပြုလာတယ်။ အာရှအင်အားကြီး နှစ်နိုင်ငံဖြစ်ကြတဲ့ တရုတ်နဲ့ အိန္ဒိယနိုင်ငံတို့ ရဲ့ ရေတပ်တွေမှာ အရည်အတွက်အရရော၊အရည်အချင်းအရရော ယှဉ်ပြိုင်နိုင်ရေးဟာအရေးပါလာတယ်။



အပိုင်း(၂) ကိုဆက်လက် ဖတ်ရူ့ပေးပါရန်....


--
Posted By Blogger to လူဗိုလ်ဟူသည် ... at 4/02/2013 11:01:00 PM

--
မှော်ဆရာအဖွဲ့မှ နေ့စဉ် Mail များရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en
Member များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို့စာပို့နိုင်ပါသည်။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး စာပို့ပေးပါရန်။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en
အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
Facebook Page နှင့်ဆက်သွယ်လိုလျှင် www.facebook.com/mrsorcerergroup
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
---
You received this message because you are subscribed to the Google Groups "မှော်ဆရာ အဖွဲ့  ( Ѧя Ƨσяcɛяɛя )" group.
Visit this group at http://groups.google.com/group/mrsorcerer?hl=en.