[mrsorcerer:37806] Fwd: [လူဗိုလ်ဟူသည် ...] သစ်ထူးလွင် သတင်းစုစည်းမှု (၅-၄)



---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: 2013/4/5
Subject: [လူဗိုလ်ဟူသည် ...] သစ်ထူးလွင် သတင်းစုစည်းမှု (၅-၄)
To: lubo601@gmail.com


သစ်ထူးလွင်



Posted: 05 Apr 2013 05:32 AM PDT
ကရင်အမျိုးသား အစည်းအရုံး (ကေအန်ယူ) ဒု-ဥက္ကဋ္ဌ နော်စီဖိုးရာစိန် စီးနင်းလာတဲ့ကား ဟာ ဒီနေ့ မွန်းလွဲ ၃ နာရီလောက်မှာ ထိုင်း-မြန်မာနယ်စပ် ထာ့ဆောင်ယန်းမြို့နယ် မယ်ရမတ်နဲ့ မယ်လ ဒုက္ခသည်စခန်းကြားမှာ တိမ်းမှောက်မှု ဖြစ်ပွားခဲ့သည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 05 Apr 2013 05:25 AM PDT
ပဋိပက္ခ ဂရုပြု သတင်းစာပညာ သင်တန်းသားများ စုပေါင်းရေးသားသည်။

အသက် ၃၀ အရွယ် မဝေဝေက သူ့အနေနဲ့ လွန်ခဲ့တဲ့ ၂ ပတ်ခန့်ကစပြီး တက္ကစီငှားရမ်းသည့် အခါ ၉၆၉ အမှတ်တံဆိပ်ပါတဲ့ တက္ကစီကိုသာ ငှားရမ်းစီးနင်းတဲ့အကြောင်း ပြောသည်။

သူ့အနေနဲ့ ဘာကြောင့် ၉၆၉ အမှတ်တံဆိပ်ပါသည့် ကားကိုရွေးချယ်ရသလဲဆိုသည်နှင့် ပတ်သက်၍တော့ "ဘာလို့အဲ့ဒီတံဆိပ်ပါတဲ့ကားကို စီးရတာလဲဆိုတော့ ကိုယ့်လူမျိုးဆိုတော့ ပိုလုံခြုံမယ်ထင်လို့ပါ။ ဗုဒ္ဓဘာသာ ဆိုတဲ့ ယုံကြည်ချက်ကြောင့်လည်း ပါတာပေါ့" ဟု ပြောသည်။

သူမသည် နိုက်ကလပ် တခုမှာ ကိုယ်ခန္ဒာကိုရင်းပြီး စီးပွားရှာနေတဲ့ မိသားစုတာဝန်အား တစ်ဦးတည်း ထမ်းဆောင်နေရသူလည်းဖြစ်သည်။

၎င်းသည် အမျိုးသားနှင့်  လင်မယားအဖြစ်မှ ပြတ်စဲသည်မှာ ၃ နှစ် ရှိပြီဖြစ်ပြီး ကလေး ငယ် ၃ ဦးနှင့်  အိမ်စရိတ်များအတွက် ညစဉ် အလုပ်တာဝန်မှာ ရပ်နား၍ မရကြောင်းသူမက ဆက်လက်ပြောသည်။

၉၆၉ အမှတ်တံဆိပ်၏ အဓိပ္ပါယ်မှာ ဘုရားဂုဏ်တော်(၉)ပါး၊ တရားဂုဏ်တော်(၆)ပါး၊ သံဃာဂုဏ်တော် (၉) ပါးတို့ စုပေါင်းထားသည့်အတွက် ထိုအမှတ်တံဆိပ်အား ဆောင်ထားပါက ဘေးအန္တရာယ်ကင်းခြင်း၊ လာဘ်လာဘပေါများခြင်းစသော ကောင်းကျိုးတရားများ ဖြစ်ပေါ်စေနိုင်သည်ဟု ၎င်း အမှတ်တံဆိပ်
ဆောင်ထားသူ မဝေေ၀ ၏ မိတ်ဆွေတက္ကစီသမားက ဆိုသည်။

၎င်းက "ကျွန်တော့် ကားမှာ ၉၆၉ အမှတ်တံဆိပ် တပ်ထားတယ်ဆိုတာ ဗုဒ္ဓဘာသာကားဆိုတာ သိပြီး လူတွေများများ တင်ရအောင်လို့ ပါ။ဒါပေမဲ့  မွတ်စလင်တွေ ငှားတာ၊ မွတ်စလင်တွေ စုပြီးနေတဲ့
နေရာတွေတော့ မသွားရဲဘူး"ပာု ပြောသည်။

၉၆၉ အမှတ်တံဆိပ် ပေါ်ထွက်လာပြီး နောက်ပိုင်းတွင် အခြေခံ လူတန်းစားအများစုမှာ မိမိတို့၏နေအိမ်များ၊ ကားများ၊ ဆိုင်ကယ်များနှင့် ဈေးဆိုင်များတွင် ၎င်းအမှတ်တံဆိပ်ကို ဆောင်ထားလာကြခြင်းဖြစ်သည်။

"လမ်းထဲကလူတွေ အိမ်ရှေ့တံခါးတွေမှာ ကပ်ထားတာတွေ့လို့ မေးကြည့်လိုက်တယ်။ အဲ့ဒီတံဆိပ်ကပ်ထားရင် ဘေးအန္တရာယ်ကင်းတယ်၊ဈေးရောင်းကောင်းတယ်။ လာဘ်ရွှင်တယ်။ ဗုဒ္ဓဘာသာ အိမ်မှန်းသိသာတယ်ဆိုလို့ ကပ်ထားတာ။ ကိုယ့်ဆန္ဒနဲ့ကိုယ်ကပ်ထားတာပါ။" မြောက်ဥက္ကလာပ မြို့ နယ်နေ ပန်းရောင်းသူ မခင်မေက ပြောသည်။

ထို့ပြင် ပဋိပက္ခများ ဖြစ်ပွားခဲ့သော အုတ်ဖို၊ မင်းလှ၊ မိတ္တီလာ စသည့်မြို့များအပြင် အခြားမြို့အသီးသီး၌လည်း ဗုဒ္ဓဘာသာအိမ် အဖြစ် သိသာစေရန်အတွက် ၉၆၉ အမှတ်တံဆိပ်အား ဗုဒ္ဓဘာသာဝင် အများအပြား ကိုင်ဆောင်ထားလျက်ရှိသည်ဟု ဒေသခံများထံမှ သိရှိရသည်။

မိထ္ထီလာအပါအ၀င် အဓိကရုဏ်းများ ဖြစ်ပွားခဲ့သော ဒေသများတွင် ပဋိပက္ခ မဖြစ်ပွားမီ အချိန်နှင့်ဖြစ်ပွား ချိန်များ တွင် ၉၆၉ တံဆိပ် များ ၊တရားခွေများအား လိုက်လံဖြန့်ချီမှုများ ရှိခဲ့သည်ပာု အဆိုပါမြို့များမှ
ဒေသခံများက ဆိုသည်။

"အဓိကရုဏ်းတွေ စဖြစ်တဲ့နေ့မှာပဲ ၉၆၉ တံဆိပ်တွေ တရားခွေတွေ လူစည်ကားတဲ့နေရာမှာ လိုက်ဖြန့်တာတွေ ရှိပါတယ်။ မြို့လည်ခေါင်က ဆိုင်ကြီးတွေမှာ အဲ့ဒီတံဆိပ်တွေ ကပ်ထားတယ်" ဟု အုတ်ဖိုမြို့နယ်မှ ကိုကျော်ဇေယျက ပြောသည်။

၎င်းအမှတ်တံဆိပ်သည် ၁၉၉၈ ခုနှစ်က သာဿနာပြန့်ပွားရေး ဌာနမှ ညွှန်ကြားရေးမှုးချုပ်အဖြစ် တာဝန်ထမ်း
ဆောင်ခဲ့သော နှစ်ဖက်လှ ဦးကျော်လွှင်က ဖန်တီးခဲ့ကြောင်း သာသနာ့အသိုင်းအ၀ိုင်းနှင့် အင်တာနက် စာမျက်နှာများ၌ ဖော်ပြထားသည်။

၉၆၉ သည် မြန်မာနိုင်ငံ၌ အခြေတည်ခြင်းမှာ ဆယ်စုနှစ် နှစ်ခု နီးပါး ရှိပြီ ဖြစ်ကြောင်း ပြောစကားများအရ သိရသော်လည်း တွေရှိထားသော သတင်းအချက်အလက်များအရ ယခုနောက်ပိုင်းတွင် အတိအလင်း ထွက်ပေါ်လာချိန်မှာ ၂၀၁၂ ခုနှစ် အောက်တိုဘာလ ၃၀ ရက်နေ့တွင် ဂဏ၀ါစကသံဃကွန်ရက်မှ စတင်ထုတ်လုပ်ခဲ့ခြင်း ဖြစ်သည်ဟု အဆိုပါကွန်ရက်မှ ဆိုသည်။

မြန်မာနိုင်ငံတွင် ဆင်းရဲမှု ပြဿနာသည် ထိပ်သီးအခြေခံ ပြဿနာတစ်ခု အဖြစ် နှစ်စဉ် နှစ်တိုင်း ပြည်သူများ ကြုံတွေ့ လျက်ရှိပြီး ပြည်သူများထဲတွင် ဗုဒ္ဓဘာသာဦးရေမှာ အများဆုံးဖြစ်ကာ လူတန်းစား အလွှာ အစုံ၌ရှိကြသည်။

၉၆၉ သည် ယခု ရက်သတ္တပတ်များအတွင်း ဖြစ်ပေါ်ခဲ့သော အဓိကရုဏ်းဒေသများနှင့်  ပတ်သတ် ဆက်နွယ်နိုင်ကြောင်း သတင်းမီဒီယာ အချို့ တွင်လည်း ဖော်ပြခဲ့ကြပြီး အစ္စလာမ်ဘာသာဝင်အချို့ကလည်း ထင်မြင်ပြောဆိုလျက်ရှိသည်။

၉၆၉လှုပ်ရှားမှုများကြောင့် ရန်ကုန်မြို့ရှိ အစ္စလာမ်ဘာသာဝင်များ၏ စီးပွားရေးလုပ်ငန်းများ အပေါ်အကျိုး သက်ရောက်မှု မရှိသော်လည်း နယ်မြို့များတွင်မူ အကျိုးသက်ရောက်မှုများ ဖြစ်ပေါ်လျက်ရှိသည်ဟု အစ္စလာမ်ဘာဘာသာဝင်အချို့က ဆိုသည်။

အဆိုပါ အမှတ်တံဆိပ်အား စီးပွာရေးအရအသုံးပြုမှုများရှိခြင်းကြောင့်  အခြားဘာသာဝင်များ၏ စီပွားရေးမှာ ထိခိုက်မှုများရှိကြောင်း မော်လမြိုင်မြို့မှ အစ္စလာမ်ဘာသာဝင် ဦးကျော်စိုးကပြောသည်။

"ဗမာစိုက်တဲ့ဆန် ကုလားစားတယ် ကုလားထုတ်တဲ့ရေ ဗမာသောက်တယ်။ ဒီလိုမှ မစားသောက်ရင် သတ္တ၀ါတွေ သေကြေပျက်စီးကုန်ကြမှာပေါ့" ဟု အစ္စလာမ်ဘာသာဝင် စီးပွားရေးလုပ်ငန်းရှင် ဦးရွှေကြည်က ဆိုသည်။

၉၆၉ ဘာသာရေးတရားပွဲ အချို့တွင် ဘာသာရေး ခွဲခြားကာ ဗုဒ္ဓဘာသာများအနေဖြင့်  မိမိဘာသာဝင်များ၏ အကျိုးစီးပွားသာ ရှေးရှု၍ စီပွားရေး တိုးတက်စေရန်ဖော်ဆောင်သင့်ကြောင်း သို့ မှသာ ဘာသာသာဿနာ
ပြန့်ပွားမည် လမ်းညွှန်ပြသနေသည်ကို ၉၆၉ တရားခွေများမှ သိရသည်။

ဒုတိယ ကမ္ဘာစစ် မတိုင်မီ အချိန်က မြန်မာနိုင်ငံ၌ မော်လ၀ီဆရာတစ်ဦး ၏ စာအုပ်တစ်အုပ်ကြောင် ဘာသာရေး အဓိကရုဏ်း တစ်ခုအပါအဝင် ကိုလိုနီခေတ်တွင် ဘာသာရေး အဓိကရုဏ်း (၃) ခု ဖြစ်ပွားမှုရှိခဲ့ကြောင်း မြန်မာ့သမိုင်းသုတေသီ ဆရာတစ်ဦးကဆိုသည်။

လွတ်လပ်ရေးရပြီးနောက်ပိုင်း ၁၉၄၉-၅၀ ၀န်းကျင်တွင် ဘူးသီးတောင်-မောင်တော၌လည်းကောင်း၊ ၁၉၈၂ ခုနှစ်တွင် မော်လမြိုင်-ကျူံဒိုး ၌လည်းကောင်း၊ ၁၉၈၈ ခုနှစ်မတိုင်ခင် တောင်ကြီးနှင့် ပြည်မြို့တို့၌ လည်းကောင်း ဘာသာရေးနှင့် ဆက်နွယ်သော ဒေသတွင်း အဓိကရုဏ်းများ ပေါ်ပေါက်ခဲ့သည်။

၉၆၉ သည် အခြားဘာသာ အမှတ်တံဆိပ်များကို တုပသည့် အနေဖြင့်  ထုတ်ဝေ ခြင်းဖြစ်ပြီး ၇၈၆ လမ်းစဉ်အတိုင်းသာ သွားနေခြင်းဖြစ်ကြောင်း THE VOICE နေ့ စဉ်ထုတ် သတင်းစာ၌ ဆရာတော် ဦးဝီရသူက မိန့်ကြားထားသည်။

ယခုဖြစ်ပွားခဲ့သော အဓိကရုဏ်းများတွင် ၉၆၉ကြောင့် မဟုတ်ကြောင်း ၊၉၆၉ကြောင့် အဓိကရုဏ်း ဖြစ်ပွားသည်ဟု အထောက်အထား ပြနိုင်ပါက ၉၆၉ လှုပ်ရှားမှုအား ရပ်တန့်ပေးမည်ဖြစ်ကြောင်း ဆရာတော် ဦးဝီရသူက နေ့စဉ်ထုတ် ပုဂ္ဂလိကသတင်းစာ တစ်စောင်၌ မိန့်ကြားခဲ့သည်။

ဂဏဝါစကသံဃကွန်ရက် ၏ ၉၆၉ အမှတ်တံဆိပ် ထုတ်ဝေခဲ့ခြင်းမှာ အခြားဘာသာများအား တိုက်ခိုက်ချင် သော ရည်ရွယ်ချက်မရှိကြောင်း၊ ဗုဒ္ဓဘာသာဝင်များ စည်းကမ်းရှိစွာ ဘာသာရေး ထွန်းကားလာစေရန်
ဖြစ်ကြောင်း အရှင်ဝိမလာဘိဝံသ (ဟိစာဓရဆရာတော်၊ မဟာမြိုင်ပရိယတ္တိစာသင်တိုက်၊ မော်လမြိုင်မြို့) က မိန့်ကြားသည်။

"ဒီ ၉၆၉ ကိုထုတ်ရတာက အခြားရည်ရွယ်ချက်မရှိပါဘူး။ အခုက မျှော်မှန်းထားတာထက်ကို ပိုပြီး အောင်မြင်လာတယ်။ ဒီတော့ အသုံးချချင်တဲ့သူတွေ ပေါ်လာတယ်။ ၉၆၉ ရဲ့နာမည်ကို အသုံးချပြီး စီးပွားရေး လုပ်နေတဲ့ သူတွေလည်း တွေ့နေရတယ်" အရှင်ဝိမလာဘိဝံသက ပြောသည်။

အဆိုပါ ကွန်ရက်အနေဖြင့် ထိုသို့  ၉၆၉ တံဆိပ်တော်အား နည်းလမ်းအမျိုးမျိုးဖြင့် အသုံးချနေခြင်းအား လက်မခံကြောင်းနှင့် ၉၆၉ နာမည်သုံး၍ ကိုယ်ကျိုးစီးပွားရှာနေသူများအား အရေးယူဆောင်ရွက် သွားမည်ဖြစ်ကြောင်း အဆိုပါကွန်ရက် မှသိရသည်။

နိုင်ငံတော်သမ္မတ ၏ မတ်လ (၂၉) ရက်နေ့က ပြောကြားခဲ့သော မိန့် ခွန်းအပြီးတွင် ရန်ကုန်တိုင်းဝန်ကြီးချုပ် အနေဖြင့်  ဘာသာရေး အဓိကရုဏ်းများ ဖြစ်ပွားရန် ကြိုးပမ်းမှုအား အရေးယူသွားမည်ဖြစ်ကြောင်း ဒဂုံဆိပ်ကမ်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသိန်းကျော်အောင်ထံက သိရသည်။

၎င်း အဓိကရုဏ်းများကြောင့် ပင် ဦးသိန်းကျော်အောင်က "ဒီ အဓိကရုဏ်းကြောင့် အလုပ်ရှင်တွေက အစ အလုပ်သမားတွေအဆုံး စီးပွားရေးကို အနည်းနဲ့အများထိခိုက်စေပါတယ်။" ပာု ပြောသည်။

အထက်ပါ လှုပ်ရှားမှုအနေဖြင့် မည်သည့်အတိုင်းအတာအထိ ရှိလာမည်ကို စောင့်ကြည့်ရမည် ဖြစ်ကြောင်း လသာမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကြည်မြင့်က သုံးသပ်သည်။

အဓိကရုဏ်းများနှင့် ၉၆၉ လှုပ်ရှားမှုသည် အားကောင်းလာသည့်  အတွက် ညဥ့်ငှက် တစ်ဦး အနေဖြင့် အန္တရာယ်အား ကြောက်ရွံ့သော်လည်း လုပ်ငန်းခွင်၌ ဘာသာစုံ လူမျိုးစုံအား ကြည်နှုး ပာန်ဆောင်ကာ ဆက်ဆံနေရကြောင်း မဝေေ၀ကဆိုသည်။

"ဘယ်လောက်ဘဲ ယုံကြည်မှုတွေရှိနေပေမဲ့ ည အလုပ်လုပ်ရင်တော့ လူမည်းကိုလဲ အဖော်ပြုရတယ်။ လူဖြူကိုလဲ အဖော်ပြုရတယ်။ ဒါမှမပာုတ်ရင် မနက်ဖြန် အိမ်စရိတ်အတွက် အခက်အခဲရှိတယ်" ပာု ၎င်း၏ ဘဝအခက်အခဲအား ပြောသည်။

မဇ္ဈိမသတင်းဌာန


Posted: 05 Apr 2013 05:17 AM PDT
တနင်္သာရီတိုင်း၊ ကော့သောင်းခရိုင် ထိုင်းနယ်စပ်တွင် ယနေ့ ပစ်ခတ်မှု ဖြစ်ပွားခဲ့ရာ မြန်မာ့ တပ်မတော်မှ ၁၃ ဦး ကျဆုံးခဲ့ရပြီး နှစ်ဦး ပျောက်ဆုံးနေကြောင်း ထိုင်းလုံခြုံရေး ဆိုင်ရာအား ကိုးကား၍ ဘန်ကောက်ပို့စ် သတင်းတရပ်တွင် ဖော်ပြထားသည်။ မြန်မာ အစိုးရတပ်များ နယ်စပ် ကင်းလှည့်စဉ် တိုက်ပွဲဖြစ်ပွားခဲ့ပြီး ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 05 Apr 2013 03:32 AM PDT
မိတ္ထီလာခရိုင် အခြေအနေဟာ အေးချမ်းတည်ငြိမ်စပြုနေပြီး အစိုးရက ဒုက္ခသည်တွေကို ကျပ်ငွေ ၃၅ သိန်းခွဲတန် အိမ်တလုံးစီ ဆောက်လုပ်ပေးဖို့ ဆုံးဖြတ်ခဲ့ပြီးပြီလို့ မိတ္ထီလာမြို့နယ် အမတ် ဦးဝင်းထိန်က ပြောပါတယ်။ "မိတ္ထီလာ အခြေအနေကတော့ တိုးတက်နေပါပြီ။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




Posted: 05 Apr 2013 03:24 AM PDT
ပင်လယ် ဓါးပြများ၏ လက်ချက်ကြောင့် ဘင်္ဂလာဒေခ်ျ့ ငါးဖမ်းသမား ၂၇ ဦး သေဆုံးခဲ့ပြီး ၄ ဦးမှာ ယခုအချိန်ထိ ပျောက်ဆုံးနေကြောင်း သတင်း ရရှိသည်။ လွန်ခဲ့သော (၂) ရက် အတွင်း နောက်ထပ် အလောင်း (၆) လောင်းကို ရှာဖွေတွေ့ရှိပြီးနောက် သေဆုံးသူ ငါးဖမ်းသမား  အလောင်း ၂၇ လောင်းကို ရရှိပြီ ဖြစ်ကြောင်း ဘင်္ဂလာဒေခ်ျ့ အာဏာပိုင်များက ပြောသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


ပူဆွေးနေသော မိသားစု တစ်ခု (ဓါတ်ပုံ-အင်တာနက်)

Posted: 05 Apr 2013 03:24 AM PDT
မတ်လ (၂၈) ရက်နေ့က ဘူးသီးတောင်မြို့ ၊ ဓမ္မမဏ္ဍိုင်ကျောင်းမှ ဦးပညာသီရိအား မူဆလင်ဘာသာဝင် ဘင်္ဂလီသုံးဦးမှ ကိုယ်ထိလက်ရောက် ပါးရိုက်ကာ စော်ကားရာတွင် ပြစ်မှု ကျူးလွန်သူ နှစ်ဦးအား ယနေ့ တွင် ပုဒ်မ (၃) ခုဖြင့် ထောင်ဒဏ် (၁၀) နှစ်စီ ချမှတ်လိုက်ကြောင်း ဘူးသီးတောင် တရားရုံးက ဆိုသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

ဘူးသီးတောင် အကျဉ်းထောင်

Posted: 05 Apr 2013 03:00 AM PDT
ဧပြီလ (၄)ရက်နေ့ ထုတ် မြန်မာအင်ဒီပဲန်ဒင့် သတင်းဂျာနယ် အမှတ် (၄၇)

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ



Posted: 05 Apr 2013 02:59 AM PDT
ဧပြီလ (၁)ရက်နေ့ ထုတ် အိုင်စီတီ ဂျာနယ် အတွဲ ၂၊ အမှတ် ၁၃

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ



Posted: 05 Apr 2013 02:39 AM PDT
အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့တော်တွင် ရူပီး ၁၅ ကုဋေ (ဒေါ်လာ ၂ သန်း ၇ သောင်းကျော်) တန်ဖိုးရှိ ဆူဒိုဖက်ဒရင်း ဆေးများနှင့်အတူ လူ ငါးဦး ဖမ်းဆီးရမိရာ ၎င်းတို့အထဲတွင် မြန်မာနိုင်ငံသား နှစ်ဦး ပါဝင်ကြောင်း ရဲမင်းကြီး Ravindra Singh Yadav က ထုတ်ဖော်ပြောဆိုလိုက်သည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 05 Apr 2013 02:13 AM PDT
အင်ဒိုနီးရှားနိုင်ငံ၊ ဆူမားထြား ကျွန်းပေါ်ရှိ ထိန်းသိမ်းရေး စခန်းတခုတွင် မြန်မာများအကြား သောကြာနေ့ နံနက်က တိုက်ခိုက်မှုများ ဖြစ်ပွားပြီး လူ ရှစ်ဦး သေဆုံးခဲ့ကာ ၁၅ ဦး ဒဏ်ရာရ ရှိသွားကြောင်း ရဲအရာရှိက ပြောသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

အင်ဒိုနီးရှား ထိန်းသိမ်းရေးစခန်းတွင်း မြန်မာ အုပ်စုချင်း ခိုက်ရန်ဖြစ်၊ ရှစ်ဦး သေဆုံး

Posted: 05 Apr 2013 01:21 AM PDT
မြောက်ကိုရီးယားနိုင်ငံနဲ့ တောင်ကိုရီးယားနိုင်ငံ အကြား စစ်ဖြစ်ပွားရင် တောင်ကိုရီး ယားနိုင်ငံ ရောက် မြန်မာနိုင်ငံ သားတွေရဲ့ အရေးကို ကူညီဖြေရှင်ပေးဖို့ ကိုရီးယား အခြေစိုက် မြန်မာသံရုံးက ပြောပါတယ်။ မနေ့က သံအမတ် ဦးညွန့်လှိုင်ဟာ တောင်ကိုရီးယားနိုင်ငံ အစိုးရတာဝန်ရှိ သူတွေနဲ့ သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့တယ်လို့ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 05 Apr 2013 01:08 AM PDT
ကျောက်တံတား တရားရုံး ရာကြီး ၁၀၄/၂၀၁၃၊ ပုဒ်မ ၅၀၅(ခ) ဖြင့်  အရေးယူထားသည့် ကိုရဲမင်းဦးအား  မနေ့က ရုံးထုတ်စစ်ဆေးပြီး  အင်းစိန်အကျဉ်းထောင် ပြန်ရန် ခေါ်လာစဉ်  ကားနား အရောက်မှာ ပဋိပက္ခ ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိပါသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 05 Apr 2013 12:57 AM PDT
အိန္ဒိယ အလယ်ပိုင်း ဒေသရှိ ကျေးရွာငယ် တစ်ခုတွင် လူတစ်ဦးသည် ဒေါသတကြီးဖြင့် ပုဆိန်ကို ဝှေ့ယမ်း ခုတ်ထစ်ခဲ့ရာ အမျိုးသမီး (၄)ဦးနှင့် မိန်းကလေးငယ် (၅)ဦး သေဆုံးခဲ့ကြသည်။ အိန္ဒိယ နိုင်ငံတွင် လူတစ်ဦး၏ ပုဆိန်အသုံးပြုကာ ရမ်းကား တိုက်ခိုက် မှုကြောင့် လူပေါင်း(၉)ဦး သေဆုံးသွားကြောင်း သိရှိရသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 05 Apr 2013 12:50 AM PDT
မြန်မာနိုင်ငံရှိ ရိုဟင်ဂျာ မွတ်ဆလင်များ အရေးနှင့် ပတ်သက်၍ ထောက်ခံသည့် နိုင်ငံများ ထဲတွင် အီရန်နိုင်သည် ဒေသတွင်း အာရပ်နိုင်ငံများနှင့် နှိုင်းယှဉ်ပါက ပိုမိုခိုင်မာသည့် အနေအထား တရပ်တွင်ရှိနေပြီး ဦးဆောင် နိုင်ငံတစ်ခု ဖြစ်လာနေကြောင်း ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 05 Apr 2013 01:21 AM PDT
(၃-၄-၂၀၁၃)ရက်နေ့ ညနေ(၀၄၀၀)နာရီတွင် သာသနာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး
ဦးဆန်းဆင့်နှင့် တာဝန်ရှိသူများသည် သာသနာရေးဝန်ကြီးဌာနကွပ်ကဲမှုအောက်ရှိ
ပခုက္ကူမြို့၊ တောင်ဇလပ်လူငယ်ပျိုးခင်း သင်တန်းကျောင်းသို့ သွားရောက်စစ်ဆေးခဲ့သည်။

ပထမဦးစွာ ကျောင်းအုပ်အဖြစ် တာဝန်ယူဆောင်ရွက်နေသော ဆရာတော် အား ဦးခိုက်ဖူးမြော်ပြီးနောက် ဒုကျောင်းအုပ် လက်ထောက်ညွှန်ကြားရေးမှူး ဦးနေ၀င်းနိုင်မှ ကျောင်း၏ အခြေအနေများကို တင်ပြရာ ပြည်ထောင်စုဝန်ကြီးမှ အခြေခံလိုအပ်ချက်များ၊ ၀န်ထမ်းများ၏ အခက်အခဲများကို ပွင့် ပွင့်လင်းလင်းတင်ပြစေပြီး ကျောင်းသားအများစုမှာ ချင်းတောင်တန်းဒေသမှ ဖြစ်သည့်အတွက် မိဝေးဖဝေးဖြစ်သည့်အတွက် ကျန်းမာရေးကအစ အစစ အ၇ာရာ ဂရုစိုက်ရန်လိုကြောင်း၊ စားဝတ်နေရေးကိုလည်း ထပ်မံဖြည့်ဆည်းဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ကျောင်းသားအင်အားနှင့် ဆရာ/များ၏ အင်အားကိုက်ညီရန် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ဖြည့်စွက်ပြောကြားခဲ့ပါသည်။

ဆက်လက်၍ သာသနာရေးဝန်ကြီးဌာနမှ အလှူငွေများ ပေးအပ်လှူဒါန်းခဲ့ပါသည်။

Myanmar News Now





Posted: 04 Apr 2013 09:16 PM PDT
မြန်မာနိုင်ငံက လူငယ်အမျိုးသမီး တေးသံရှင် ၅ ဦးရဲ့ Me N Ma အဖွဲ့ဟာ နယူးယောက်မြို့မှာ ကျင်းပနေတဲ့ လေးကြိမ်မြောက် ကမ္ဘာပေါ်က အမျိုးသမီးများရဲ့ ဆွေးနွေးပွဲမှာ ပါဝင် ဖျော်ဖြေဖို့ ရှိနေပါတယ်။ ဧပြီလ ၄ ရက်နဲ့ ၅ ရက်နေ့တွေမှာ ပြုလုပ်တဲ့ ဒီအမျိုးသမီးများရဲ့ အခမ်းအနားကို နံမည်ကြီး အနုပညာရှင်တွေ အပါအ၀င် ကမ္ဘာကျော် လူပုဂ္ဂိုလ်တွေ အများအပြား တက်ရောက်နေတာ ဖြစ်သလို ဒီလိုပွဲမျိုးမှာ ပါဝင်ဖျော်ဖြေခွင့်ရတဲ့အတွက် Me N Ma အဖွဲ့က အထူးဂုဏ်ယူတယ်လို့ ဗွီအိုအေကို ပြောပါတယ်။ တကမ္ဘာလုံးက အမျိုးသမီးတွေနဲ့ ဆိုင်တဲ့ အခုလိုပွဲမျိုးမှာ သူတို့အဖွဲ့ ဖျော်ဖြေဖို့ ဖြစ်လာခဲ့ပုံကို Me N Maအဖွဲ့က အမွန်းက အခုလို ပြောပြပါတယ်။

 "မနှစ်က Women in the World Summit အစီအစဉ်မှာ ကျမတို့ရဲ့ မင်္ဂလာပါ ဆိုတဲ့ သီချင်းကို ဖွင့်ပွဲအပြီးမှာ ဖွင့်ပြလိုက်တယ်။ ဖွင့်ပြလိုက်တော့ အရမ်း သဘောကျကြတယ်ပေါ့။ Melanne Verveer ကလည်း  မြန်မာနိုင်ငံကို သူလာလည်တဲ့ အချိန်မှာလည်း ကျမတို့ကို ဖိတ်ပြီးမှ အတူစားကြတယ်။ ကျမတို့သီချင်းဆိုပြတယ်။ အဲ့ဒီ့မှာ သူက အရမ်းကို သဘောကျပြီးမှ State ကို လာခဲ့ပါလို့ ဖိတ်သွားတယ်။ လွန်ခဲ့တဲ့ နှစ်တွေက ဖိတ်ထားတာပေါ့နော်။ "

အခမ်းအနား ဒုတိယနေ့ဖြစ်တဲ့ ဒီနေ့ ဧပြီလ ၅ ရက်နေ့မှာ Me N Ma အဖွဲ့က အဆိုအကတွေနဲ့ ဖျော်ဖြေမှာဖြစ်ပါတယ်။ သူတို့အဖွဲ့ရဲ့ နံမည်ကြီး သီချင်းတပုဒ်ဖြစ်တဲ့ "မင်္ဂလာပါ" ဆိုတဲ့ သီချင်းနဲ့အတူ အခု အမေရိကန်နိုင်ငံမှာ လာရောက် အသံသွင်းနေတဲ့ "Girl Strong" ဆိုတဲ့ သီချင်းသစ်တပုဒ်နဲ့ စုစုပေါင်း သီချင်းနှစ်ပုဒ် ဖျော်ဖြေမယ်လို့ အမွန်းက ပြောပြပါတယ်။ ခုလို ကမ္ဘာတ၀ှမ်းက အမျိုးသမီးများတွေ ပါဝင်လှုပ်ရှားတဲ့ ပွဲမှာ ဖျော်ဖြေခွင့်ရတဲ့အတွက် ဂုဏ်ယူစရာကောင်းတယ် လို့လည်း အမွန်းက ပြောသွားပါတယ်။

 "အရမ်းပျော်ပါတယ်အမ။ အရမ်းကိုပျော်ပြီးတော့ ဂုဏ်လည်းဂုဏ်ယူပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ဒီလိုမျိုးပွဲမျိုးမှာ ဖျော်ဖြေဖို့ဆိုတာ မလွယ်ဘူးပေါ့နော်။ အိမ်မက်လည်း မမက်ဘူးပါဘူး။ ဒါအိမ်မက်လိုဖြစ်နေတယ် ညီမတို့အားလုံးအတွက်။ မနေ့က ညီမတို့ ရီဟာဇယ်သွားကြတယ် လင်ကွန်းစင်တာမှာ အရမ်းကြီးကို ကြီးကျယ်တဲ့ပွဲကြီးတစ်ခုပေါ့။"

အခုပွဲမှာ Me N Ma အဖွဲ့က သီချင်းတွေ ဆိုတာအပြင် အမေးအဖြေ ကဏ္ဍမှာ လည်း ပါဝင်မှာဖြစ်ပါတယ်။ Me N Ma အဖွဲ့ ဖွဲ့စည်းဖြစ်ခဲ့တဲ့အကြောင်းကစလို အရင် မြန်မာနိုင်ငံမှာ ဆင်ဆာ တင်းကျပ်မှု များခဲ့ချိန်က သူတို့ အဖွဲ့ ဘယ်လို ဖြတ်သန်း လှုပ်ရှားခဲ့လဲ၊ မြန်မာအမျိုးသမီးတွေအတွက် စံပြဖြစ်ချင်တဲ့ သူတို့အဖွဲ့ရဲ့ ရည်ရွယ်ချက်လေးတွေနဲ့ မြန်မာနိုင်ငံမှာ လတ်တလော ပြောင်းလဲ လာတဲ့ အခြေအနေ အဆုံး မေးမြန်းလာနိုင်ဖွယ် ရှိတာတွေကို ဖြေသွားဖို့ သူတို့အဖွဲ့က ပြင်ဆင်ထားတယ်လို့ လည်း အမွန်း က ပြောပြပါတယ်။

Me N Ma အဖွဲ့ဟာ သူတို့နဲ့ တေးသံသွင်းစာချုပ်ချုပ်ထားတဲ့ ကယ်လီဖိုးနီးယားပြည်နယ် လော့စ်အိန်ဂျဲလိစ်မြို့က Power Music အဖွဲ့နဲ့အတူ သီချင်းတွေ အသံသွင်းဖို့ အတွက်လည်း မတ်လ ၂၉ ရက်နေ့ကတည်းက အမေရိကန်ပြည်ထောင်စုကို ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။ သူတို့အဖွဲ့ရဲ့ သီချင်းတွေနဲ့ ဖျော်ဖြေဟန်တွေကို သဘောကျတဲ့ Power Music အဖွဲ့က ဟောလိဝုဒ်မှာ သူတို့သီချင်းတွေကို ထုတ်လုပ်ဖြန့်ချိဖို့ ကမ်းလှမ်းခဲ့တာဖြစ်တဲ့ အကြောင်းလည်း Me N Ma အဖွဲ့က ရှင်းပြပါတယ်။

သူတို့ အဖွဲ့ဟာ အနုပညာအပြင် လူမှုရေးလုပ်ငန်းတွေနဲ့ အမျိုးသမီး ဘ၀မြှင့်တင်ရေး လှုပ်ရှားမှုတွေမှာလည်း တက်တက်ကြွကြွ ပါဝင်ဆောင်ရွက်နေတဲ့ အဖွဲ့တခုဖြစ်ပါတယ်။

" မြန်မာနိုင်ငံက အမျိုးသမီးတွေပေါ့ အလုပ်မရှိတဲ့ အမျိုးသမီးတွေ၊ ပညာ လည်း ကောင်းကောင်း မသင်ရဘဲ နဲ့ အလုပ်လက်မဲ့ဖြစ်နေတာ၊ တချို့ ထောင် ကျပြီးတော့ အလုပ် လက်မဲ့ဖြစ်နေတာတွေကို မုန့်ဖုတ်တဲ့ သင်တန်းပေးတယ်။ သင်ပေးပြီးရင် ပြန်ပြီးတော့ အလုပ်သွင်းပေးတယ်။ အဲ့လိုမျိုး NGO သဘောမျိုးပေါ့၊ အဲ့လိုမျိုး ညီမတို့ Documentary သဘောမျိုး ရိုက်ပြီး ကူညီပေးခဲ့ဖူးတယ်။ အဖိနှိပ်ခံရတဲ့ မိန်းကလေးတွေကို အကာအကွယ်ပေးဖို့ ဖွဲ့ထားတဲ့ အဖွဲ့အစည်းပေါ့။ အဲ့တာမှာလည်း အကူအညီပေးနေပါတယ်။ ကမ်ပိန်းတို့ ဘာတို့ပေါ့။ ဘစ်ကားပေါ်မှာ ယောက်ျားလေးတွေ ဟိုကြည့်ဒီကြည့် ကအစပေါ့။ ဝီဆယ်လ်လေးတွေ လိုက်ဝေတယ်။ တခုခုဖြစ်လာရင် မှုတ်ပြီး အကြောင်းကြားဖို့၊  အဲ့လိုဟာမျိုးလေးတွေမှာ ညီမတို့ကူညီကြတာရှိပါတယ်။"

ကမ္ဘာအ၀ှမ်းက အမျိုးသမီးရေး လှုပ်ရှားသူတွေ ထောင်နဲ့ချီ တက်ရောက်တဲ့ Women in the World Summit လို့ခေါ်တဲ့ နယူးယောက်မြို့က အမျိုးသမီးဆွေးနွေးပွဲကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဟောင်း ဟီလာရီကလင်တန်၊ အမေရိကန်ရဲ့ နိုင်ငံတကာအမျိုးသမီးရေးရာ သံအမတ်ကြီးဟောင်း Melanne Verveer စတဲ့ အမျိုးသမီးခေါင်းဆောင်တွေအပြင် နံမည်ကျော် တီဗွီဆွေးနွေးခန်း အစီအစဉ်တွေ ထုတ်လုပ်တဲ့ Oprah Winfrey၊ နံမည်ကြီး ဟောလိဝုဒ် အနုပညာရှင်တွေ ဖြစ်ကြတဲ့ Meryl Streep, Angelina Jolie စတဲ့ နံမည်ကျော် အနုပညာရှင်တွေ အများအပြားလည်း တက်ရောက်နေတာဖြစ်ပါတယ်။

မခင်ဖြူထွေး (ဗွီအိုအေ)


Posted: 04 Apr 2013 09:10 PM PDT
မြောက်ကိုရီးယားက Missile ဒုံးလက်နက်တွေကို လာမယ့် ရက်တွေအတွင်းမှာ ပစ်လွှတ်လိမ့်မယ်လို့ အမေရိကန်က ခန့်မှန်းနေ ပါတယ်၊ မြောက်ကိုရီးယား ဖက်က Missile ဒုံးလက်နက်ပစ်လွှတ်မှုကို ကာကွယ်နိုင်ဖို့ အသင့် ပြင်ဆင် ထားပြီး မြောက်ကိုရီးယားအစိုးရရဲ့ ခြိမ်းခြောက်မှုတွေကို အလေးအနက် ထားတယ်လို့  ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 04 Apr 2013 08:33 PM PDT
မြောက်ကိုရီးယားက သူ့ရဲ့ လက်နက်ကိုင် တပ်ဖွဲ့တွေကို အမေရိကန်ကို တိုက်ခိုက်ရေး အတွက် အမိန့်ပေး အတည်ပြု ပြီးပြီလို့ ဆိုလိုက်ပြီး လိုအပ်ရင် နျူးကလီးယား လက်နက်ကို အသုံးပြုဖို့ပါ မီးစိမ်းပြထားတယ်လို့လည်း ဆိုနေပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

မြောက်ကိုရီးယား ဖက်က စစ်အင်အားပြ

Posted: 04 Apr 2013 08:21 PM PDT
မြန်မာနိုင်ငံမှာ မိုဘိုင်းဖုန်း လုပ်ငန်း လိုင်စင် လုပ်ကိုင်ခွင့် ရဖို့ တရုတ် မိုဘိုင်း ကုမ္ပဏီ(0941.HK) ၊ ယူကေက Vodafone နဲ့ ဂျော့ခ်ျ ဆိုးရော့စ် က ကျောထောက်နောက်ခံ ပေးထားတဲ့ ကုမ္ပဏီတို့တွေကနေ အပြိုင်အဆိုင် ကြိုးပမ်း နေကြပါတယ်။---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


ဗြိတိန် အခြေစိုက် Vodafone မြန်မာပြည်မှာ မိုဘိုင်းလိုင်စင် ရဖို့ ကြိုးစား

Posted: 04 Apr 2013 08:03 PM PDT
ဧပြီလ(၅)ရက်နေ့ ထုတ်  EURO SPORTS Journal အတွဲ ၄၊ အမှတ် ၅၁

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ



Posted: 04 Apr 2013 08:01 PM PDT
မတ်လ(၂၈)ရက်နေ့ ထုတ် မြန်မာအင်ဒီပဲန်ဒင့် သတင်းဂျာနယ် အမှတ်(၄၆)

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ


Posted: 04 Apr 2013 07:56 PM PDT
Posted: 04 Apr 2013 07:53 PM PDT
မြန်မာတိုင်း(မ်) ဂျာနယ် အတွဲ (၃၁)၊ အမှတ် (၆၁၄)

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ



Posted: 04 Apr 2013 02:55 PM PDT
မြန်မာ နိုင်ငံ မှာ GSM ဂျီအက်စ်အမ် မိုဘိုင်း တယ်လီဖုန်း တွေ အသုံးပြု နိုင်အောင် ဆက်သွယ် ပေးနိုင်တဲ့ စခန်း တွေ မလုံ လောက်တဲ့ အတွက် လောလောဆယ် ရောင်းချ ပေးနိုင်ခြင်း မရှိ သေးဘူးလို့ မြန်မာ့ မိုဘိုင်း ဆက်သွယ်ရေး အင်ဂျင် နီယာချုပ်က ပြောပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 04 Apr 2013 02:46 PM PDT
ဧရာဝတီတိုင်း ပန်းတနော်မြို့နယ် အိုးဘိုကျေးရွာအုပ်စု၊ ဘုရားစုကျေးရွာက လယ်သမား ၄၀၀ ကျော်တို့ဟာ မတရား သိမ်းဆည်းခံထားရတဲ့ လယ်မြေတွေပြန်ရဖို့ ဒီကနေ့ တောင်းဆို ဆန္ဒပြခဲ့ကြပါတယ်။ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ လွှတ်တော်ကိုယ်စားလှယ် ဦးငြိမ်းမြိုင် သိမ်းယူထားတဲ့ လယ်ဧက ၁၇၅၀ ကျော် ပြန်လည်ရ ရှိရေးအတွက် ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ





--
Posted By Blogger to လူဗိုလ်ဟူသည် ... at 4/06/2013 09:06:00 AM

--
မှော်ဆရာအဖွဲ့မှ နေ့စဉ် Mail များရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en
Member များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို့စာပို့နိုင်ပါသည်။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး စာပို့ပေးပါရန်။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en
အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
Facebook Page နှင့်ဆက်သွယ်လိုလျှင် www.facebook.com/mrsorcerergroup
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
---
You received this message because you are subscribed to the Google Groups "မှော်ဆရာ အဖွဲ့  ( Ѧя Ƨσяcɛяɛя )" group.
Visit this group at http://groups.google.com/group/mrsorcerer?hl=en.