[mrsorcerer:37850] Fwd: [လူဗိုလ်ဟူသည် ...] ဘောလုံးလေးရဲ့ စကား......



---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: 2013/4/9
Subject: [လူဗိုလ်ဟူသည် ...] ဘောလုံးလေးရဲ့ စကား......
To: lubo601@gmail.com



ကျွန်တော်တို့ ငယ်ငယ် အိမ်နားက ဘူတာရုံကြီးနားမှာ ဂိုဒေါင်အကြီးကြီးတစ်ခုရှိတယ်.... အမိုးကလည်း အမြင့်ကြီး။ ပြီးတော့ အလည်မှာ ဘောလုံးကစားလို့ရလောက်အောင် ပေ(၄၀)လောက်ကျယ်တဲ့ တမံတလင်းအခင်းနဲ့... နံရံမှာလည်း (၄/၅)ပေလောက်အောက်ခြေကို ကွန်ကရစ်ကိုင်ထားတယ်...။

ကျွန်တော်က အသက်(၁၂)နှစ်လောက်မှာ အလယ်တန်းအဆင့်၊ မြို့နယ်ကျောင်းပေါင်းစုံ ဘောလုံးပြိုင်ပွဲ အတွက်ရွေးချယ် ခံထားရတဲ့ ဘောလုံးသမားတစ်ဦး၊ အလယ်တန်း ကစားသမားဖြစ်ပေမဲ့ အလွတ် တည်ကန်ဘောတွေ ၊ ထောင့်ကန်ဘောတွေကို ကန်ပေးရတဲ့ နောက်ချန်တိုက်စစ်အလယ်တန်း သမားလို နေရာမှာ ရွေးချယ်ခံထားရတယ်...။

ပြိုင်ပွဲရဲ့ ဗိုလ်လုပွဲ ကစားဖို့ (၃)ရက်အလိုမှာ..... ကျွန်တော် ဂိုဒေါင်ကြီးထဲ ၀င်ပြီး ဖေဖေ ၀ယ်ပေးထားတဲ့ မှော်ဘီဘောလုံးကြီးနဲ့ ( အဲဒီ တုံးကတော့ တော်ယုံနဲ့ အခုခေတ်လို adidas ဘောလုံးတွေ ၀ယ်ပြီး မကစားနိုင်ခဲ့ပါဘူး ) အလွတ် တည်ကန်ဘောလေ့ကျင့်နေခဲ့တယ်။ ဂိုးတိုင်ကတော့ (၃)ပေလောက်အကျယ်လေးကို သံပန်းတိုင်အဟောင်းတွေကို ကြေးနန်းကြိုးတွေနဲ့ ခိုင်ခိုင်ချည်ထားတဲ့

ဂိုးတိုင်လေးပေါ့....။ လူကြီးတွေ ကစားလို့ မရပေမဲ့ ကျွန်တော်တို့ အရွယ်တွေအတွက်ကတော့ အဆင်ပြေပါတယ်...။ အဲဒီနေ့က မှတ်မှတ်ရရ ဖေဖေရုံးဆင်းချိန်မှာ သတိမထားမိပဲ အနားရောက်နေတာကိုအရိပ်မြင်မှ သိလိုက်ရတယ် လှည့်ကြည့်ပြုံးပြရင်း `` ဖေဖေ ရောက်နေတာ ကြာပြီလား..´´ လို့မေးလိုက်တယ်...။

`` မကြာသေးပါဘူးသားရဲ့ သားကန်တာကို ဖေဖေကြည့်နေတာ....´´

`` အဆင်ပြေရဲ့လားဖေဖေ....´´ လို့ ခေါင်းကုတ်ရင်း မေးကြည့်မိတယ်... ဖေဖေက အပျော်တမ်း ဘောလုံးသမားလေ အဲဒီတုံးက အသက် (၄၀)လောက်ပေမဲ့ လူငယ်တွေနဲ့ သွေးပူတော့ ကောင်းကောင်း ၀င်ကန်နိုင်သေးတယ်...။

`` အင်း ပြောရရင်တော့ သားက လွဲမှာ ကြောက်နေတယ်ကွ.. မြေလှိမ့်လေးပဲ ကန်နေတယ်။ အဲဒီတော့ အရှိန်လည်း နှေးတယ်... ပြီးတော့ ကြွကြွရွရွ မဖြစ်ပဲနဲ့ ဘောလုံးကန်ပြီးတိုင်း ဘော်ဒီပါ လိုက်ယိမ်းနေတယ်.. ကြည့်မကောင်းဘူး....´´ တဲ့။

`` ဒါဆိုဖေဖေနဲ့ သားနဲ့ ဂိုးသွင်းမယ်.... ၃လုံး၊ ၅လုံး...´´

`` ဟား မရဘူး... အကြောမပေးတော့ဘူး... သားက အခု လက်ရွေးစင်တောင်ဖြစ်နေပြီ....´´

`` ရတယ် ချမယ်... ဘာကြေးလဲ.....´´

`` ဟဲဟဲ... ဆရာခေါ်ကြေးကွာ...´´ အဲဒီလိုနဲ့ ကျွန်တော်တို့ သားအဖ အလုံး(၅၀)စီလောက် ကန်ဖြစ်ကြတယ်...၊ ကျွန်တော် နှစ်ခါ ရှုံးတယ်

ဖေဖေကလည်း လုံးဝ အလျှော့မပေးခဲ့ဘူး....၊ စိတ်တိုတိုနဲ့ တစ်ပွဲပြီးတစ်ပွဲဖေဖေနဲ့ ဂိုးသွင်းပြိုင်ပြီးတော့ ကျွန်တော်ဂိုးတိုင်ထဲကို ရဲရဲတင်းတင်းမြန်မြန်ဆန်ဆန် ကန်သွင်းတတ်သွားပြီ ဆိုတာကို ဖေဖေပြောပြမှ သတိထားမိတယ်....။

အပြန်လမ်းမှာတော့ လူပျိုပေါက်ဖြစ်နေတဲ့ ကျွန်တော့်ရဲ့ ပုခုံးကို ဖက်ရင်း ဖေဖေက ပြောပြ ခဲ့တယ်.. ဂိုးတိုင်ထဲကို ကန်သွင်းတဲ့အခါ ကျွန်တော် သေသေချာချာ ချိန်ပြီး ကန်နေသလို ဖြေးဖြေးချင်း ကန်လို့ မရဘူးတဲ့....။ ဂိုးသမားရှိနေတယ်တဲ့..။ နောက်ပြီး အလေ့အကျင့်မရှိရင် မအောင်မြင်နိုင်ဘူးတဲ့။ အလေ့အကျင့် ကနေ အလေ့အထ ဖြစ်အောင်ကို လေ့ကျင့်ရတယ်တဲ့။ နောက်တစ်ခုကသိပ်ပြီး
အနိုင်လိုချင်နေရင် မှားယွင်းပြီး ရှုံးတတ်တယ်တဲ့...။ အသင်းအဖွဲ့နဲ့ ပြုလုပ်တဲ့ ပြိုင်ပွဲတိုင်းမှာ အချင်းချင်း စည်းလုံးဖို့ညီညွတ်ဖို့လိုအပ်တယ်တဲ့.၊

သားကအလယ်တန်း တိုက်စစ်ကစားမယ်ဆိုရင် သားရဲ့ အဓိကတာဝန်က ဂိုးသွင်းဖို့ မဟုတ်ဘူးတဲ့.၊ ရှေ့တန်းကစားသမားတွေ ဆီကိုကောင်းမွန်သော ဘောလုံးပေးဖို့ခြင်းသာ အဓိကဖြစ်တယ်တဲ့..၊ သူ့နေရာနဲ့သူ တာဝန်ကျေမှ ပြိုင်ပွဲဆိုတာ အနိုင်ရတတ်တယ်တဲ့...၊ တကယ်လို့ မနိုင်

ရင်လည်း ပြိုင်ပွဲကို ပြန်လည်စဉ်းစားတဲ့အခါ သူတစ်ပါးရဲ့မှားကွက်နဲ့အားနည်းချက်တွေကို မြင်ရသလို ကိုယ့်ရဲ့ အားနည်းချက်တွေ အမှားတွေကိုလည်း ပြင်ဆင်ဖို့ လိုအပ်တယ်တဲ့....။ ပြိုင်ပွဲတစ်ခုကို အားကြိုး မာန်တက်ယှဉ်ပြိုင်ကြတဲ့ အခါမှာ အချင်းချင်းစည်းလုံးညီညွတ်မှုနဲ့ စုပေါင်းဆောင်ရွက်ခြင်းဆိုတဲ့ သမဂ္ဂ စိတ်ကို ဖြစ်ပေါ်စေတယ်...။ အားကစား လှုပ်ရှားမှုတွေ လုပ်တဲ့အခါမှာ ကိုယ်ခန္ဓာ ကြံ့ခိုင်သန်စွမ်းစေ တဲ့အပြင်...

စိတ်ကို ကြည်လင်လန်းဆန်းစေတယ်တဲ့။ နောက်အရေးအကြီးဆုံးက လူပျိုပေါက်ဖြစ်နေတဲ့ သားတို့အရွယ်တွေမှာအားကစားလိုက်စားခြင်းဖြင့် လူငယ်သဘာဝ ဖြစ်တတ်တဲ့ အခြားသော မကောင်းတဲ့ စိတ်ထားတွေ ၀င်ရောက်ခြင်းကိုလည်း တားဆီးပြီးသား ဖြစ်တယ်တဲ့...။

ဖေဖေ့ဆုံးမစကားတွေကို နားထဲမှာ စွဲနေအောင် မှတ်မိခဲ့ပြီး နောက်ရက်တွေမှာ ကျွန်တော် ရဲရဲတင်းတင်း ဆက်ပြီးလေ့ကျင့်ဖြစ်ခဲ့တယ်...၊ ဗိုလ်လုပွဲကစားဖို့ ဖေဖေက တရုတ်ကင်းဘတ် အဖြူလေးတစ်ရံ ၀ယ်ပေးခဲ့တယ်။ ဖေဖေရဲ့ စိတ်ဓါတ် မြှင့်တင်ရေးနဲ့ ဂရုစိုက်မှုတွေက အဲဒီ ဗိုလ်လုပွဲမှာ ကျွန်တော်က ဂိုးသွင်းအများဆုံး ဆုရရှိစေခဲ့တာပါပဲ..၊ ပွဲကစားပြီးမှစဉ်းစားဖြစ်တာက ကျွန်တော့်ရဲ့ လိုအပ်နေတဲ့ အလွတ်တည်ကန်ဘောတွေကို အချိန်တိုလေးအတွင်းမှာ ဖေဖေလာရောက်လေ့ကျင့်ပေးသွားခဲ့တယ်လို့...ပေါ့။ ဒါပေမဲ့လည်း ကျွန်တော် ထူးချွန်တဲ့ဘောလုံးသမားတစ်ယောက် မဖြစ်ခဲ့ပါဘူး၊ အသက်(၂၅)နှစ်လောက် ပညာစုံတဲ့အရွယ်မှာ ကျွန်တော်လည်းဖေဖေ့ကိုခွဲခွါပြီး လောကကြီးထဲကို တစ်ယောက်ထဲဝင်ရောက်ဖြစ်ခဲ့တယ်။ ဖေဖေကတော့ ကျွန်တော့်ကိုနှစ်ပေါင်းအစိတ်လောက် မမောမပန်း ချစ်ခဲ့မှာပါ.....၊ အခုထိလည်း ဆက်ချစ်နေဦးမှာပေါ့.....။

ကျွန်တော့်ဘ၀ ဘ၀တစ်လျှောက်လုံးမှာလည်း ကွင်းဘေး နည်းစနစ် ဧရိယာထဲကနေ ဖြတ် တင်ဘောတွေ ပေးဖို့...၊

ရုတ်တရက် တစ်ဘက်ကို ဆတ်ကနဲ ခေါက်ဖို့...၊ အဝေးမှာ နေရာ ယူထားကြတဲ့ ကိုယ့်အသင်းသားတွေကို မြင်တတ်ဖို့နဲ့ ကိုယ့်အသင်းသားတွေအတွက် နေရာလွတ်တွေ ဖန်တီးတတ်အောင် အမြဲ သင်ကြားပေးခဲ့တာပါ...

အခု ကျွန်တော်သားလေးက အသက်(၁၁)နှစ်နဲ့ လူငယ် ဘောလုံးပြိုင်ပွဲမှာ အရွေးခံ ထားရပြီ....။ ခေတ်တွေ စနစ်တွေလည်း အများကြီးပြောင်းလဲခဲ့ပြီ။ မြန်မာနိုင်ငံကြီးလည်း ဆုကြေးစားဘောလုံးလောကကိုလည်း ချဉ်းနင်းဝင်ရောက်ခဲ့ပြီ.... လူငယ်အကယ်

ဒမီတွေလည်း အများကြီး ပေါ်ပေါက်ခဲ့ပြီ......။ နောက်ပြီး ကမ္ဘာအရပ်ရပ်က ဘောလုံးပွဲတွေကိုလည်း တိုက်ရိုက် ကြည့်ရှုနိုင်ခဲ့ပြီ၊ ကမ္ဘာကျော်ဘောလုံးသမားတွေနဲ့လည်း ကိုယ့်နိုင်ငံမှာတင် ထိတွေ့ နိုင်ခဲ့ပြီလေ.....။

သားတို့ကတော့ ကျွန်တော်တို့ ငယ်ငယ်ကလို လယ်ကွင်းရိုးပြတ်တွေကြားထဲမှာ ဘောလုံးကန်စရာ မလိုတော့ဘူးလေ တကယ့်မြက်တွေ စိုက်ထားတဲ့ လေ့ကျင့်ရေးကွင်းလေးတွေမှာ...။ တကယ့်ပြိုင်ပွဲဝင် ဘောလုံးတွေ...။ တကယ့် ဘောကန်ဖိနပ် အကောင်းစားတွေနဲ့ လေ့ကျင့်နေကြပြီ....။

ကွင်းဘေးက ဖြတ်လာတဲ့ ကျွန်တော့်ကို မြင်တော့ သားက `` ဖေဖေ.. တစ်ပွဲလောက်ကြည့်သွားမလား စီရော်နယ်ဒို ကစားတာ မြင်ဘူးအောင်လေ.... ဟဲဟဲ´´ ဆိုပြီး လှမ်းနောက်လိုက်တယ်....။

`` တော်ပါပြီသားရာ.... ဖေဖေ မအားသေးဘူးကွ..... ဒီလိုလုပ်ကွာ ပတ်တီးနဲ့ ဒဏ်ကြေလိမ်းဆေး ဖေဖေ ၀ယ်ထားလိုက်မယ်.... စီရောနယ်ဒိုအတွက်လို့.....´´

သားလည်း ရယ်ရင်း ကျန်ခဲ့တယ်။ ကျွန်တော် တစ်ယောက်ထဲ ပြုံးရင်း တစ်ယောက်ထဲ စဉ်းစားဖြစ်ခဲ့တယ်၊ ကျွန်တော်ဖေဖေ့ရင်ခွင်ထဲမှာ အသက်(၂၅)နှစ်လောက်အထိ ပျော်ရွှင်စွာ နေထိုင်ကြီးပြင်းခဲ့တယ်...၊ ဘ၀အတွက် လိုအပ်ချက်တွေကိုသာမက သိသင့်သိထိုက်တာတွေကို ဖေဖေက အများကြီး ဂရုတစိုက်နဲ့ လက်ထပ် သင်ကြားပေးခဲ့တယ်....၊ ပြန် စဉ်းစားကြည့်ဖြစ်တော့ ကျွန်တော့်အတွက် လုံလောက်မှု ဖြစ်စေ ခဲ့ပါတယ်...။

အခု သားလေးလည်း ကြီးကောင်ဝင်လာပြီ ကျွန်တော်ကတော့ သားကို ပျော်ပျော်ရွှင်ရွှင်နဲ့ လွတ်လပ်ပေါ့ပါး စွာ ကြီးပြင်းစေခဲ့တယ်...၊ သားကို သိသင့်တာလေးတွေသင်ကြားပေးခဲ့ပေမဲ့ ဖေဖေ ကျွန်တော့်ကို ပြောပြ သလို ရှည်ရှည်ဝေးဝေး လုံးစေ့ပတ်စေ့ မပြောပြဖြစ်ခဲ့ပါဘူး...။ ကျွန်တော် ဖေဖေ့ဆီက အများကြီးရခဲ့သလို သားကရော ကျွန်တော့်ဆီက ဘယ်လောက် ရခဲ့သလဲ၊ နောက်ပြီး ကျွန်တော်နဲ့ပတ်သက်လို့ သားကျေနပ်မှု ရှိရဲ့လား....လို့။

ပညာစုံတဲ့ အရွယ်ဆိုရင် သားက အသက်(၂၁)နှစ်လောက်ပေါ့....၊ နောက်ထပ် ဘွဲ့တစ်ခု ထပ်ယူရင်တောင် ကျွန်တော့်လိုအသက်အစိပ် လောက်မှာပဲ သားက ကျွန်တော့်ရင်ခွင်ထဲက ထွက်ခွါသွားတော့မယ်...၊ ဒါဆိုရင် နောက်ထပ် အများဆုံး (၁၄)နှစ် ၀န်းကျင်ပေါ့..၊

ဒါကလည်း လောကဓမ္မတာ ဖြစ်ရိုးဖြစ်စဉ်တွေပါပဲ မလွဲမသွေ... ရင်ဆိုင်ရမှာပေါ့။

ဒီလိုလေး တွေဖြစ်တော့... ဖေဖေ့ကိုလည်း လွမ်းမိတယ်...။ နောက်ပြီး ကျွန်တော်လည်း တစ်ယောက်ထဲကျန်ရစ်ရတော့မယ်...။ မမြင်ကွယ်ရာမှာ သားလေးလည်း တစ်ယောက်ထဲ ကျင်လည်ဖို့ တော်တော်နီးကပ်နေပြီလို့ စဉ်းစားဖြစ်တော့ ၀မ်းနည်းစိတ်လေးလည်း
ဖြစ်ခဲ့မိပါတယ်၊ ဒီအချိန်တို ကာလလေးမှာ သားအတွက်လုံလောက်တဲ့ အသိပညာ၊ ဗဟုသုတတွေကို ပေးနိုင်အောင် ကျွန်တော်ကြိုးစားရတော့မှာပေါ့...။

သားလေး ဘ၀ဆိုတဲ့ ဘောလုံးပွဲကို ၀င်ရောက် ယှဉ်ပြိုင်နေတဲ့အခါ ကျွန်တော်က ပရိသတ် တစ်ဦး ဖြစ်သွားမလား၊ ဒါမှမဟုတ် ကွင်းဘေး နည်းစနစ် ဧရိယာထဲက နည်းပြများ ဖြစ်နေမလား မသိနိုင်ခဲ့ပေမဲ့ ကျွန်တော့်ဘ၀ရဲ့ နည်းပြကြီးကိုတော့ အခုထိ ကျွန်တော်လေးစား ချစ်ခင်နေတုန်း၊ သူ့ရဲ့ ဆုံးမစကားတွေအတိုင်း ကျွန်တော် ပွဲကစားနေတုန်းပါပဲ....။

သားလေးက တိုက်စစ်မှူးတစ်ဦးဆိုရင်တော့ သူဘောလုံးရသွားတဲ့ အခါ ကျွန်တော်တို့ ဂိုးရဖို့ မျှော်လင့်ရတော့မယ်...၊

သားလေးက ကွင်းလယ် ကစားသမားဆိုရင်တော့... သူ ဘောလုံးရသွားရင် တိုက်စစ်မှူးတွေ ဂိုးသွင်းနိုင်အောင် သူ ဘယ်လို ဖန်တီးပေးမလဲဆိုတာ အရသာခံပြီး ကြည့်ရှုရတော့မယ်...။ နောက်ပြီး သားက နောက်တန်းခံစစ်သမား ဆိုရင်တော့ တစ်ဘက်အသင်းရဲ့ တိုက်စစ်မှူးတွေကိုဘယ်လိုများ လှလှပပ ဟန့်တားချေဖျက် ထားမလဲဆိုတာ စိတ်ဝင်တစား ကြည့်ရဦးမှာပါပဲ။ ဘာပဲဖြစ်ဖြစ် အ၀ါကဒ် အပြခံရရင်တော့ ဘယ်လိုဆင်ခြင်သင့်တယ် ဆိုတာ သူသိသွားမှာပါ.. အဓိကကတော့ သားလေးဘ၀မှာ အနီကဒ် အပြမခံရဖို့တော့ ကျွန်တော် တောက်လျှောက် သတိပေးနေမှာပါ....။

ကျွန်တော် အချိန်ရရင် ငယ်ငယ်က ဖေဖေ ပြောပြခဲ့တဲ့ ဘောလုံးကစားခြင်းဆိုင်ရာ ဆုံးမစကားလေးတွေ သားကို ပြောပြရဦးမယ်... ကျွန်တော် ငယ်ငယ်က သူ့အဖိုးပြောပြခဲ့တာ ဆိုပြီးတော့ပေါ့.....။ ဒါပေမဲ့လည်း ခေတ်တွေ စနစ်တွေက ပြောင်းလဲနေတော့ ပရော်ဖက်ရှင်နယ် ဘောလုံးနည်းစနစ်တွေ ကလည်း ပြောင်းလဲနေတာပါပဲ.. သူ့ခေတ်နဲ့သူ သားလေး အဆင်ပြေမှာပါ...။

ကျွန်တော်တို့က နည်းပြစကားကို နားထောင်တတ်တဲ့ ဘောလုံးသမားတွေဖြစ်တဲ့အပြင် Teamwork လည်း ကောင်းတဲ့ အသင်းသားတွေပဲလို့.... စဉ်းစားဖြစ်ခဲ့တော့.......။

(ကွန်ဆူးမား) (၁၀-၄-၂၀၁၃)


--
Posted By Blogger to လူဗိုလ်ဟူသည် ... at 4/10/2013 11:39:00 AM

--
မှော်ဆရာအဖွဲ့မှ နေ့စဉ် Mail များရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en
Member များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို့စာပို့နိုင်ပါသည်။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး စာပို့ပေးပါရန်။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en
အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
Facebook Page နှင့်ဆက်သွယ်လိုလျှင် www.facebook.com/mrsorcerergroup
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
---
You received this message because you are subscribed to the Google Groups "မှော်ဆရာ အဖွဲ့  ( Ѧя Ƨσяcɛяɛя )" group.
Visit this group at http://groups.google.com/group/mrsorcerer?hl=en.