[mrsorcerer:37881] သံဃာတော် အရှင်သူမြတ်တို့ကို လျှောက်ထားလိုသည်မှာ


ဝီရသူwallကကူးလာတာပါ ဗုဒ္ဓဘာသာဝင်တစ်ယောက်ရေးထားတာပါ။

Aung Aung
သံဃာတော် အရှင်သူမြတ်တို့ကို လျှောက်ထားလိုသည်မှာ. . .

မွတ်စလင်တွေ သာသနာပြုတာမှာ မရိုးသားတဲ့ နည်းလမ်းတွေ သုံးလို့ လို့ ပြောတော့၊ ဘယ်လို မရိုးသားတဲ့နည်းလမ်းတွေ လည်း လို့ ဟောပြောကြသူတွေရဲ့ တရားတွေကို ဆန်းစစ်တဲ့အခါမှာ
မြန်မာမတွေကို ယူပြီး၊ အစ္စလာမ်ဘာသာထဲကို ဇွတ်အတင်း သွပ်သွင်းပါသတဲ့။

နို့ ဘယ်သူ က သူတို့ကို ယူခိုင်းလို့လဲ၊
အတင်းအဓမ္မသိမ်းပိုက်တာဆို တရားဥပဒေအရ ကျနော်တို့ အရေးယူဖို့လိုပါတယ်။ ယူလို့ရပါတယ်။
လူတင်ပါလို့ နွားကျားဆွဲ ခံရတာ
လူတွေ ညံ့ လို့ လို့ သေချာ မြင်ပါ။

ဗုဒ္ဓဘာသာဝင်တွေက ကိုယ့်သာသနာရဲ့ အတိမ်အနက်ကို မသိတော့ဘဲ၊ တဖြေးဖြေး ပေါ့သထက်ပေါ့၊
အပေါ်ယံမိရိုးဖလာ ကိုးကွယ်ယုံကြည်မှု လို တိမ်သထက် တိမ် လာတာ ဘယ်သူတွေမှာ အဓိက တာဝန်
ရှိပါသလဲ။

ခုနောက်ပိုင်း ဆရာတော်တချို့ရဲ့ ခြိမ့်ခြိမ့်သဲ တရားပွဲတွေ၊ စောင်ရေသိန်းချီ တရားစာအုပ်တွေ အောင်မြင်တာ၊ ဗုဒ္ဓဘာသာရဲ့ အနှစ်သာရတွေ ပြန့်ပွားလို့ လူတွေ ကြည်ညိုသဒ္ဒါပွားများမှုတွေ မြင့်မားလာတာ ဥပမာအနေနဲ့ ပြောရရင် ဆရာတော်ဦးဇောတိက ဆို အင်္ဂလိပ်လို၊ ခေတ်ပညာနဲ့ နှိုင်းယှဉ်ပြီးဟောကြားပြသတဲ့အတွက် မြန်မာတွေသာမက၊ နိုင်ငံခြားသားတွေပါ ဗုဒ္ဓဘာသာထဲ ကူးပြောင်းလာတာတွေ ရှိလာတယ်။ ဆရာတော့် လိုပဲ တရားဟော ဓမ္မကထိက ဆရာတော်တွေ အများအပြားပါ။

ဒါဟာ မှန်ကန်တည့်မတ်တဲ့ သာသနာပြုနည်းပါ။ သာဓုခေါ်စရာဖြစ်သလို၊ ၀မ်းမြောက်ဝမ်းသာကြည်နူးရ
ပါတယ်။

အဲဒီလို မဟုတ်ဘဲ၊ တခြားဘာသာဝင်တွေ ရောင်းဝယ်ဖေါက်ကား ကြီးပွားနေတာကို မနာလိုမရှုစိမ့်စိတ်
တွေနဲ့ ဖျက်လို ဖျက်ဆီး လုပ်၊
သူတို့သာသနာ သူတို့ တည်ဆောက်ကြတာကို မီးရှို့ဖျက်ဆီး၊ သတ်ဖြတ် လုပ်ပြီး မတရားမမျှတ စွာ လုပ်တာ သာသနာပြုတယ် လို့ မခေါ်နိုင်ပါဘူး။

အဲဒီလို သာသနာပြုတာကိုလည်း ဗုဒ္ဓဘုရားရှင် ကိုယ်တိုင် အားပေးမှာလည်း မဟုတ်ပါဘူး။

မြန်မာပြည်သားတိုင်း ရာဇဂြိုဟ်ပြည်သားတွေလို နွားစားစဉ်းရင်း၊ လယ်ထွန်ရင်း၊ သောတပန်၊ သကဒါဂန်တွေ တည်နေကြမယ်ဆို ဘယ်က၀င်လာတဲ့ ဘယ်ဘာသာပဲ ဖြစ်ဖြစ်၊
သူတို့သာ ကိုယ့်ဘာသပြောင်း ရ ရှိမယ်၊ ကိုယ်တွေက ဘယ်လိုစည်းရုံးမှုမျိုးမှာမှ ပါ သွားစရာ အကြောင်းမရှိပါ။

ကိုယ့်ခြံစည်းရိုး ကိုယ် လုံအောင် ကာ ဖို့က အဓိက ပါ။

လောဘ၊ ဒေါသ၊ မောဟ တွေနဲ့ သူတပါးကို ဖျက်လိုဖျက်ဆီး ကျူးလွန်လိုက်ပြီ ဆိုတာနဲ့ ကိုယ့်ခြံစည်း
ရိုး ကိုယ်ဖျက်သလို ဖြစ်သွားပါပြီ။

အစွန်းရောက် လွဲမှားနေသူ တွေ ကို မေးခွန်းထုတ်ချင်တာက
ဗုဒ္ဓဘာသာ ဟာ သူတော်ကောင်းတရား ဟုတ်သလား မဟုတ်ဘူးလား ဆိုတာပါ။
သူတော်ကောင်း တရား စစ်မှန်ရင်၊ ဘယ်သူ့ကိုမှ ဘယ်လို တိုက်ခိုက်မှုမျိုးမှ လုပ်စရာအကြောင်းမရှိပါ။

သာသနာကြီး မတိမ်ကောသေးတဲ့ ကာလ ပါ။

အမှန်တကယ် သာသနာကို ပြန့်ပွားတည်တံ့စောင့်ရှောက် ချင် တဲ့ ရဟန်းသံဃာ မှန်ရင်၊ အဓိက လုပ်ရမယ့် အလုပ်က ရဟန်းကိစ္စပြီးအောင် လုပ်ရမှာ၊
ပြီးရင် သူ့ရဲ့ အဝေနေယျတွေကို ချွတ်လို့ သာသနာကြီး ပြန့်ပွားတည်တံ့အောင် အားထုတ်ရမှာ။

ရဟန်းသံဃာ ဆရာရှင်မြတ်တို့ ကို အထူးပဲ အားကိုးအားထားဖြင့် သာသနာပြန့်ပွားတည်တံ့ရေး အတွက် ဗုဒ္ဓဘုရားရှင်ဟောကြားတော်မူခဲ့တဲ့အတိုင်း အားထုတ်ပေးကြဖို့ အထူးမေတ္တာရပ်ခံလျှောက်
ထားပါတယ်။

ဒါ့ထက် တိတိကျကျ ပြောရရင်
၉၆၉ ဟာ ဗြဟ္မစိုရ် တရား ကင်းကွာနေတဲ့
အကာ ကိုပဲ ကြည့်တဲ့၊ သာသနာလွဲ အယူပါ။

အနှစ် ကို သေချာ စိစစ်ပြီး သာသနာပြုကြစေချင်ပါတယ်။

--

May Peace Be Upon You
Regards,
Ruby

--
မှော်ဆရာအဖွဲ့မှ နေ့စဉ် Mail များရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en
Member များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို့စာပို့နိုင်ပါသည်။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး စာပို့ပေးပါရန်။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en
အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
Facebook Page နှင့်ဆက်သွယ်လိုလျှင် www.facebook.com/mrsorcerergroup
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
---
You received this message because you are subscribed to the Google Groups "မှော်ဆရာ အဖွဲ့  ( Ѧя Ƨσяcɛяɛя )" group.
Visit this group at http://groups.google.com/group/mrsorcerer?hl=en.