[mrsorcerer:37884] Fwd: [လူဗိုလ်ဟူသည် ...] သစ်ထူးလွင် သတင်းစုစည်းမှု (၁၂-၄)



---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: 2013/4/12
Subject: [လူဗိုလ်ဟူသည် ...] သစ်ထူးလွင် သတင်းစုစည်းမှု (၁၂-၄)
To: lubo601@gmail.com


သစ်ထူးလွင်



Posted: 12 Apr 2013 03:34 AM PDT
မိုင် (၅၀၀) ရှည်လျားတဲ့ မြန်မာ တရုတ် ဓါတ်ငွေ့ပိုက်လိုင်းမှာ ယိုစိမ့်မှုတွေ အများအပြားတွေ့ရှိရတယ်လို့ ရှမ်းပြည်နယ် ဒေသခံ အဖွဲ့အစည်းတွေက ပြောဆိုကြောင်း ဘန်ကောက်ပို့စ်သတင်းက ဖေါ်ပြပါတယ်။ တာဝန်ရှိသူတွေက ပိုက်လိုင်းတလျှောက်ရေနဲ့ စမ်းသပ်ကြည့်တဲ့အခါ နေရာအတော်များများမှာ ယိုစိမ့် နေတဲ့အပေါက်တွေ တွေ့ရှိရကြောင်း၊---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

မြန်မာ-တရုတ် ဓါတ်ငွေ့ပိုက်လိုင်း

Posted: 12 Apr 2013 03:00 AM PDT
သက်တမ်း ၈၈ နှစ်ရှိပြီဖြစ်တဲ့ မန္တလေးမြို့ဂုဏ်ဆောင် မြို့မအသင်းကြီးက ဧပြီလ ၁၂ ရက်နေ့ မွန်းလွဲ ၁ နာရီမှာ နာယကပူဇော်ပွဲကို ကျင်းပပါတယ်။ နာယကကြီးတွေဖြစ်တဲ့ ဦးစိန်ထွန်း (မြင်းမူ-မြို့မတူရိယာအသင်း)၊ မြို့မ ကိုပေါ၊ ဦးဝင်း၊ ဦးချစ်ဝိန့်၊ ဦးကျော်ညွန့် တို့ကို မြို့မအသင်းသူ အသင်းသားများက ကန်တော့ကြတာ ဖြစ်ပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 12 Apr 2013 02:06 AM PDT
မြန်မာနိုင်ငံတွင်း မိုဘိုင်းလက်ကိုင်ဖုန်း ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းတွေ လုပ်ကိုင်ခွင့်ရဖို့ အတွက် ကမ္ဘာ့တ၀ှမ်းက မိုဘိုင်းဆက်သွယ်ရေး ကုမ္ပဏီတွေ ကြိုးစားနေကြတာမှာ အခုနောက်ဆုံး ကုမ္ပဏီကြီး ၁၂ ခုကို မြန်မာအစိုးရ က ဈေးပြိုင်ခေါ်ခွင့်ပြုလိုက်ပြီဖြစ်ပါတယ်။ ဒီကုမ္ပဏီ ၁၂ ခုထဲကမှ ၂ ခုကိုပဲ မြန်မာအစိုးရက လုပ်ငန်းလိုင်စင် ထုတ်ပေးမှာ ဖြစ်ပါတယ်။ အခု ပထမအဆင့် စိစစ်ပြီး ဈေးပြိုင်ခေါ်ခွင့်ပြုလိုက်တဲ့ ကုမ္ပဏီတွေထဲမှာ ဘယ်ကုမ္ပဏီတွေ ပါဝင်လဲ။ ဒီကုမ္ပဏီတွေထဲက နှစ်ခုကို ဘယ်အချိန်မှာ လိုင်စင်ခွင့်ပြုချက် ထုတ်ပေးမှာပါလဲဆိုတာကို ကြည့်ရအောင်ပါ။

လက်ရှိမြန်မာနိုင်ငံတွင်းက ပြည်တွင်းဆက်သွယ်ရေးလုပ်ငန်း နှစ်ခုနဲ့အတူ မိုဘိုင်း ဆက်သွယ်ရေး ၀န်ဆောင်မှု လုပ်ငန်းတွေ လက်တွဲ လုပ်ကိုင်နိုင်ဖို့ အတွက် ပြည်တွင်းပြည်ပကုမ္ပဏီတွေ ပထမအဆင့် လျှောက်လွှာတွေ တင်ခဲ့ကြပြီးတဲ့နောက် အခုအခါ ကုမ္ပဏီ ၁၂ခုကို မြန်မာအစိုးရ က ဈေးပြိုင်ခေါ်ခွင့် ပြု လိုက်တာဖြစ်ပါတယ်။

ဒီအထဲမှာတော့ အိန္ဒိယ Bharti Airtel Ltd, China Mobile, Japan's KDDI Corp, Africa's MTN, Singapore Telecommunications Ltd, Norway's Telenor SA and Digicel ကုမ္ပဏီတွေ ပါဝင်ပါတယ်။ ဒီကုမ္ပဏီတွေအနေနဲ့ ဇွန်လ ၃ ရက်နေ့ နောက်ဆုံးထားပြီး သူတို့ရဲ့ လျှောက်လွှာတွေကို တင်ရမှာဖြစ်တဲ့ အကြောင်း တယ်လီဖုန်း ဆက်သွယ်ရေး ဈေးပြိုင် ကမ်းလှမ်းမှုတွေကို သုံးသပ် ရွေးချယ်မယ့် ကော်မတီရဲ့ ဝက်ဘ်ဆိုက်မှာ ဖော်ပြထားတာဖြစ်ပါတယ်။

မြန်မာနိုင်ငံထဲမှာ မိုဘိုင်းတယ်လီဖုန်း ဆက်သွယ်ရေးလုပ်ငန်းတွေ လုပ်ကိုင်ခွင့်ရဖို့ အတွက် နိုင်ငံခြားကုမ္ပဏီတွေ ဈေးပြိုင်ကမ်းလှမ်း နေကြရာမှာ China Mobile ကုမ္ပဏီက Vodafone နဲ့ ပူးတွဲ လျှောက်လွှာ တင်ထားသလို ပြင်သစ် Telecom-Orange ကလည်း Murabeni ကုမ္ပဏီနဲ့ ပူးတွဲ လျှောက်လွှာ တင်ထားတာဖြစ်ပါတယ်။ အာဖရိကရဲ့ အကြီးဆုံး မိုဘိုင်းကုမ္ပဏီကြီးဖြစ်တဲ့ တောင်အာဖရိက MTN ကုမ္ပဏီ ကတော့ M1 Telecom and Amara Communications ကုမ္ပဏီနဲ့ ပူးပေါင်းပြီး လုပ်ငန်းလုပ်ကိုင်ခွင့် လျှောက်ထားတာဖြစ်ပါတယ်။

MTN ကုမ္ပဏီအနေနဲ့ ဒုတိယအဆင့် ဈေးပြိုင် လျှောက်လွှာ တင်သွင်းခွင့် ရထားပြီးဖြစ်ကြောင်း MTN အကြီးအကဲ Sifiso Dabengwa က ပြောပါတယ်။

 "လုပ်ငန်းပူးပေါင်းဆောင်ရွက်မှု
တွေနဲ့ပတ်သက်လို့ ရရှိလာမယ့် အကျိုးအမြတ်၊ အခွင့်အလမ်းတွေကို ကျနော်တို့ စူးစမ်းနေပါတယ်။ ကျနော်တို့အနေနဲ့ လုပ်ငန်းလုပ်ကိုင်ခွင့် လိုင်စင် ရဖို့ စိတ်အားထက်သန်နေတဲ့ ဒေသတချို့ ရှိပါတယ်။ မြန်မာနိုင်ငံမှာ အခုကစလို့ ဇွန်လ အတွင်း လုပ်ငန်းလုပ်ကိုင်ခွင့် လိုင်စင်နှစ်ခု ချပေးဖို့ လုပ်ဆောင်နေတဲ့အပေါ်မှာ ကျနော်တို့ လျှောက်လွှာ တင်ထားပါတယ်။ အာဖရိကမြောက်ပိုင်း နိုင်ငံတချို့မှာ လုပ်ငန်းချဲ့ထွင်ဖို့လည်း ကျနော်တို့ စိတ်ဝင်စားနေတာရှိသလို ကျနော်တို့အတွက် အကျိုးအမြတ် အခွင့်အလမ်းကောင်းတွေ ရနိုင်မယ့် တခြား နိုင်ငံတွေမှာလည်း လုပ်ငန်းတွေ လုပ်သွားချင်ပါတယ်။"

တောင်အာဖရိကနိုင်ငံ Johannesburg မြို့အခြေစိုက် MTN ကုမ္ပဏီဟာ အာဖရိကနဲ့ အရှေ့အလယ်ပိုင်း ဒေသသတွေက နိုင်ငံပေါင်း ၂၂ ခုမှာ ဒေါ်လာ ၃၄ ဘီလျံတန်ဖိုး ရင်းနှီးမြှုပ်နှံနေတဲ့ အာဖရိကရဲ့ အကြီးဆုံး တယ်လီဖုန်း ဆက်သွယ်ရေး ကုမ္ပဏီကြီး ဖြစ်ပါတယ်။ အခု မြန်မာနိုင်ငံ မှာ မိုဘိုင်းဆက်သွယ်ရေးလုပ်ငန်း လုပ်ကိုင်ခွင့် ရဖို့ အပြိုင် လျှောက်လွှာ တင်ထားကြတဲ့ ကုမ္ပဏီ ၁၂ ခုထဲက ၂ ခုကိုပဲ မြန်မာအစိုးရက လုပ်ငန်းလိုင်စင် ထုတ်ပေးမှာဖြစ်ပါတယ်။ ဘယ်ကုမ္ပဏီတွေ လုပ်ငန်းလုပ်ကိုင်ခွင့်ရမလဲ ဆိုတာကို ဇွန်လထဲမှာ ကြေညာနိုင်လိမ့်မယ်လို့ စိစစ် ရွေးချယ်ရေးကော်မတီက ခန့်မှန်းထားတယ်လို့လည်း သိရပါတယ်။

မြန်မာ့အိမ်နီးချင်း အာရှနိုင်ငံတွေမှာတောင် လူတိုင်းနီးပါး လက်ကိုင်ဖုန်းတွေ အသုံးပြုနေကြချိန်မှာ မြန်မာနိုင်ငံမှာတော့ လူဦးရေ သန်း ၆၀ ရှိတဲ့အထဲ စုစုပေါင်း လူဦးရေရဲ့ ၅ ရာခိုင်နှုန်းကနေ ၁၀ ရာခိုင်နှုန်းလောက်သာ မိုဘိုင်းလက်ကိုင်ဖုန်းတွေကို အသုံးပြုနိုင်သေးတာဖြစ်ပါတယ်။ ဒါကြောင့် မိုဘိုင်းဆက်သွယ်ရေး ဈေးကွက် အခွင့်အလမ်းတွေ အများအပြား ရှိနေတဲ့ မြန်မာနိုင်ငံမှာ လုပ်ငန်း လုပ်ကိုင်ခွင့်ရဖို့ ကမ္ဘာ့ဆက်သွယ်ရေး ကုမ္ပဏီကြီးတွေ အကြီးအကျယ် ကြိုးပမ်းနေကြတာ ဖြစ်ပါတယ်။

မိုဘိုင်းဆင်းကဒ်တွေ ဈေးကြီးလှတဲ့ မြန်မာနိုင်ငံမှာ လာမယ့် ၃ နှစ်အတွင်း လူဦးရေရဲ့ ၈၀ ရာခိုင်နှုန်းလောက် မိုဘိုင်းလက်ကိုင်ဖုန်း အသုံးပြုလာနိုင်တဲ့အထိ တိုးချဲ့လာနိုင်ဖို့လည်း မျှော်လင့်နေကြတာဖြစ်ပါတယ်။ မြန်မာအစိုးရကလည်း သိပ်မကြာခင်တုန်းကပဲ မြန်မာနိုင်ငံမှာ တန်ဖိုးနည်းလက်ကိုင်ဖုန်းတွေနဲ့ ကျပ် ထောင်ဂဏန်းသာပေးရမယ့် ဆင်းကဒ်တွေ ရောင်းချပေးမယ်လို့ ကတိပေး ပြောဆိုထားတာဖြစ်ပါတယ်။

မခင်ဖြူထွေး (ဗွီအိုအေ)



Posted: 12 Apr 2013 02:00 AM PDT
ပြီးခဲ့တဲ့ မတ်လအတွင်း ပဋိပက္ခစတင်ဖြစ်ပွားခဲ့တဲ့ မိထ္ထီလာမြို့ နယူးဝိန့်စိန် ရွှေဆိုင်က ၃ ဦး ကို မိထ္ထီလာမြို့နယ် တရားရုံးက ပြစ်ဒဏ်အသီးသီး ချမှတ်လိုက်ပါတယ်။ မိထ္ထီလာမြို့ အမှတ် ၂ ရဲစခန်းမှာ အမှုဖွင့်ပြီး ဧပြီ ၅ ရက်နေ့မှ စတင်ကာ မြို့နယ် တရားရုံးမှာ ပြစ်မှုကြီးအမှတ် ၁၁၇၈/ ၂၀၁၃ ဖြင့် ကြားနာ စစ်ဆေးပြီး ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 12 Apr 2013 01:32 AM PDT
မြောက်ကိုးရီးယား ခေါင်းဆောင် ကင်ဂျုံအွန်း ဟာ စစ်တပ်ရဲ့ ထောက်ခံမှု ရဖို့နဲ့ ထိန်းချုပ်နိုင်ဖို့ ခက်ခက်ခဲခဲ ရုန်းကန်နေရတယ်လို့ အရင် မြောက်ကိုးရီးယား သူလျိုဟောင်းက ဖွင့်ဟပါတယ်။ မခွာညိုက တင်ပြပေးမှာပါ။
ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ




Posted: 12 Apr 2013 01:18 AM PDT
မန္တလေးမြို့တွင် ဧပြီ ၁၂ရက် နံနက်ပိုင်းက မြို့နယ်နှစ်ခုတွင် မီးလောင်ကျွမ်းမှုများ ဖြစ်ပွားခဲ့ခြင်းကြောင့် အိုးအိမ်မဲ့သွားသည့်အိမ်ထောင်စု ၁၃၅ စုရှိပြီး ဒုက္ခသည်ပေါင်း ၅၀၀ ခန့်ရှိကြောင်းသတင်းရရှိသည်။ နံနက်(၂)နာရီက မန္တလေးမြို့၊ ချမ်းမြသာစည် မြို့နယ်၊ တမ္ပ၀တီရပ်ကွက် ၊ချီပါရပ်တွင် ပန်းပုလုပ်ငန်းအလုပ်ရုံအတွင်းရှိ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


ဓာတ်ပုံ-ညီညီဇော် - 7Day News Journal

Posted: 12 Apr 2013 12:47 AM PDT
ဒေါ်အောင်ဆန်းစုကြည်၏ ဂျပန်နိုင်ငံခရီးစဉ် (၁၂.၄.၂၀၁၃ - ၁၉.၄.၂၀၁၃)

၁၂.၄.၂၀၁၃ - ညနေပိုင်းတွင် ရန်ကုန်မြို့မင်္ဂလာဒုံလေဆိပ်မှ ဘန်ကောက်မြို့သို့ ထွက်ခွာပြီး ဘန်ကောက်မြို့မှ တဆင့် ဂျပန်နိုင်ငံသို့ ဆက်လက်ထွက်ခွာမည်။

၁၃.၄.၂၀၁၃ ရက်နေ့ နံနက်တွင် ဂျပန်နိုင်ငံ တိုကျိုမြို့သို့ ရောက်ရှိမည်။

၁၃.၄.၂၀၁၃ - ဂျပန်နိုင်ငံရှိ မြန်မာနိုင်ငံသားများနှင့် တွေ့ဆုံမည်။

ညနေတွင် ဂျပန်နိုင်ငံရှိ စီးပွားရေးလုပ်ငန်းရှင်များနှင်
့ ညစာစားပွဲတွင်တွေ့ဆုံမည်။

၁၄.၄.၂၀၁၃ - ကျိုတိုမြို့သို့သွားရောက်ပြီး အသေးစားရေအားလျပ်စစ်လုပ်ငန်းတခု
ကို သွားရောက် လေ့လာမည်။

၁၅.၄.၂၀၁၃ - ကျိုတိုမြို့ရှိမြန်မာနိုင်ငံသာ
းများနှင့် တွေ့ဆုံမည်။

ကျိုတိုတက္ကသိုလ် (Kyoto Univewrsity) တွင် မိန့်ခွန်းပြောမည်။

နေ့လည်ပိုင်းတွင် ရှိကိုးကူးတက္ကသိုလ် (Ryukoku University) ၌ မိန့်ခွန်းပြောမည်။

၁၆.၄.၂၀၁၃ - ဂျပန် အထက်လွှတ်တော် (House of Councillors) ဥက္ကဋ္ဌနှင့်တွေ့ဆုံမည်။

ထို့နောက် Diet သို့သွားရောက်လည်ပတ်၍ လွှတ်တော်ကိုယ်စားလှယ်များဖြင့် တွေ့ဆုံမည်။

ဂျပန်နိုင်ငံခြားရေးဝန်ကြီးနှင်
့ တွေ့ဆုံဆွေးနွေးမည်။

၁၇.၄.၂၀၁၃ - တိုကျိုတက္ကသိုလ် (Tokyo University) တွင် မိန့်ခွန်းပြောကြားမည်။

၁၈.၄.၂၀၁၃ - အောက်လွှတ်တော် (House of Representatives) သို့သွားရောက်လည်ပတ်၍ အောက်လွှတ်တော်ဥက္ကဋ္ဌနှင့် တွေ့ဆုံမည်။

ဂျပန်နိုင်ငံဝန်ကြီးချုပ်နှင့် တွေ့ဆုံမည်။

၁၉.၄.၂၀၁၃ - ဂျပန်နိုင်ငံ တိုကျိုမြို့ နရီတာလေဆိပ်မှ မြန်မာပြည်သို့ ပြန်လည်ထွက်ခွာပြီး ရန်ကုန်မြို့သို့ ဘန်ကောက်မြို့မှတဆင့် ညနေပိုင်းတွင်ပြန်လည်ရောက်ရှိ
မည်။

By National League for Democracy


Posted: 12 Apr 2013 12:37 AM PDT
မြန်မာသင်္ကြန်နဲ့ ဆင်တူပြီး ကယားသင်္ကြန်လို့ လူသိများတဲ့ ကရင်နီ ရိုးယာ ကေ့ထျိုးဘိုးပွဲတော် လွိုင်ကော်မှာ ကျင်းပစဉ် ရုပ်ရှင်သရုပ်ဆောင်တွေ လာရောက် ဖျော်ဖြေခဲ့ကြပါတယ်။ ဦးမောင်တူး တင်ဆက်။ ရိုက်ကူး ကရင်နီ သတင်းထောက်

ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ



Posted: 11 Apr 2013 07:08 PM PDT
နေပြည်တော်၊ ဧပြီ ၁၂

၁၂-၄-၂၀၁၃ ရက်နေ့ ၀၂၁၀ အချိန် မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ တမ္ပ၀တီရပ်ကွက်၊ ချီပါရပ်၊ အကွက်အမှတ်(၄၇၂/၄၇၃)ရှိ နေအိမ်တစ်အိမ်မှ စတင်၍မီးလောင်ကျွမ်းခဲ့ရာ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်နေပြည်သူများ၏ ငြှိမ်းသတ်မှုကြောင့် ၀၃၀၀ အချိန် မီးညွန့်ကျိုးသွားပြီး ၀၄၂၀ အချိန် မီးငြိမ်းသွားခဲ့သည်။ မီးလောင်မှုကြောင့် နံကပ်တိုက်(၂၃)လုံး၊ အာစီတိုက်(၂)လုံး၊ တစ်ထပ်တိုက်(၅)လုံး၊ ထရံကာ/သွပ်မိုးနေအိမ်(၉၀)လုံး၊ စုစုပေါင်းအိမ်ခြေ ၁၂၀ ခန့် မီးလောင်ခဲ့ပြီး လူအသေအပျောက်မရှိဘဲ ဆုံးရှုံးမှုတန်ဘိုးနှင့် မီးစတင်လောင်ကျွမ်းမှုအား မီးသတ်ဦးစီးဌာနမှ စုံစမ်းစိစစ်ဆဲဖြစ်ကြောင်း သတင်းရရှိသည်။

ရဲဇာနည်


Posted: 11 Apr 2013 05:41 PM PDT
မန္တလေး၊ ဧပြီ ၁၂
ဧပြီ(၁၂)ရက် နံနက် ၂ နာရီခန့်က မန္တလေးမြို့၊ တမ္ပ၀တီ၊ ချီပါရပ်တွင် မီးလောင်ကျွမ်းမှုတစ်ခုဖြစ်ခြဲ့
ပီး ၄ နာရီခွဲခန့်တွင် မီးငြိမ်းသတ်နိုင်ခဲ့ကာ၊ နံနက် ၆ နာရီခန့်တွင်မူ ပြည်ကြီးတံခွန်ရပ်တွင် မီးလောင်မှုတစ်ခု ထပ်မံဖြစ်ပွားခဲ့ပြီး၊ ယခုအချိန်တွင် မီးငြိမ်းသတ်နိုင်ပြီဖြစ်ကြောင်းသိရသည်။
မီးဘေးသင့်သူများအား မီးသတ်တပ်ဖွဲ့ဝင်များ၊ အခြားတာဝန်ရှိသူများ ရပ်မိရပ်ဘများနှင့်အတူ၊ ချမ်းမြသုခ ပရဟိတလူမှုကူညီရေးအသင်းကလည်း လိုအပ်သည်တို့ကို ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း
သိရသည်။
Popular Myanmar News Journal

မန္တလေးမြို့၊ တမ္ပ၀တီ၊ ချီပါရပ်တွင် မီးလောင်ကျွမ်းမှု  မြင်ကွင်း ဓါတ်ပုံများ - Myanmar News Now 



မန္တလေးမြို့၊ တမ္ပ၀တီ၊ ချီပါရပ်တွင် မီးလောင်ကျွမ်းမှု  မြင်ကွင်း ဓါတ်ပုံများ -- Myanmar News Now

Posted: 11 Apr 2013 05:11 PM PDT
ကမ္ဘာတလွှားက ဂျပန် ကား ၃ သန်းကျော်မှာ လေအိတ် ချွတ်ယွင်းမှုတွေ ဖြစ်နိုင် လို့ ပြန်အပ် ကြဖို့ တောင်းဆိုထားကြောင်း ဂျပန် ကားကုမ္ပဏီ ကြီး ၄ ခုက ပြောကြားလိုက် ပါတယ်။ တိုယိုတာ၊ ဟွန်ဒါ၊ နစ်ဆန်းနဲ့ မာဇဒါ ကားတွေရဲ့ ရှေ့ ထိုင်ခုံမှာ ထိုင်တဲ့ ခရီးသည်တွေကို မတော်တဆ ကားတိုက်မှု ဖြစ်ရင် အကာအကွယ် ပေးနိုင်တဲ့ လေအိတ်မှာ ခိျု့ယွင်းချက်တွေ တွေ့ခဲ့တာပါ။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

ဂျပန်ကား ၃ သန်းကို ပြန်အပ်ကြဖို့ သတိပေး

Posted: 11 Apr 2013 04:57 PM PDT
ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလအတွင်းက လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ရပ်ဆိုင်းရေး ဆန္ဒပြနေသူတွေ မီးလောင်ဗုံးနဲ့ ဖြိုခွင်းခံခဲ့ရတာနဲ့ ပတ်သက်ပြီး သမ္မတ ဦးသိန်းစိန်ကို ဒေသခံတွေက တရားစွဲဆိုဖို့ ဒီကနေ့ မုံရွာခရိုင် တရားရုံးမှာ သွားရောက်လျှောက်ထားရာမှာ တရားရုံးက ချက်ခြင်းပလပ်လိုက်တယ်လို့ သိရပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 11 Apr 2013 04:16 PM PDT
အရင်သီတင်းပတ်တွင်းက ရန်ကုန်မြို့က ဆော်ဒီကီးရား ရေကျော် ဗလီမီးလောင်မှုနဲ့ ပတ်သက်ပြီး စုံစမ်း စစ်ဆေးရေးအဖွဲ့ ရဲ့ စစ်ဆေးတွေ့ ရှိချက်အရ ဒီမီးလောင်မှုဟာ ပေါ့ဆမီးဖြစ်ကြောင်း ထုတ်ပြန်ချက်ကို အစ္စလာမ် ဘာသာရေး အဖွဲ့ကြီး ၅ဖွဲ့ ပါဝင်ဖွဲ့စည်းထားတဲ့ အဖွဲ့ချုပ်က လက်ခံကြောင်း ပြောဆို လိုက်ပါတယ်။ ကလေးငယ်တွေ သေဆုံးခဲ့ရတဲ့ မီးလောင်မှုဟာ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 11 Apr 2013 04:07 PM PDT
မတရား ပြုကျင့်မှုတွေကို စစ်လက်နက်လို ကျင့်သုံး နေတာတွေ အဆုံးသတ်ဖို့ လက်တွဲ လုပ်ဆောင်ကြဖို့ G-8 စက်မှု နိုင်ငံကြီးများ အုပ်စုက သမိုင်းဝင် တောင်းဆိုလိုက်ကြ ပါတယ်။ ဂျီနီဗာ သဘောတူညီချက်ကို လက်မှတ်ထိုးတဲ့ နိုင်ငံတိုင်း အနေနဲ့ ဒီလို အမှုတွေ ကျူးလွန်သူလို့ မသင်္ကာသူ တွေကို တရားစီရင်ဖို့ တာဝန်ရှိကြောင်း ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


ဝီလျံ ဟိဂ်နဲ့ ကုလ အထူးသံတမန် အင်ဂျလီနာ ဂျိုလီ

Posted: 11 Apr 2013 03:26 PM PDT
မိတ္ထီလာမြို့မှာ ဖြစ်ပွားခဲ့ ပဋိပကနဲ့ ပတ်သက်လို့ ရိုက်တာ သတင်းဌာနက သက်သေ အယောက် ၃၀ ကို မေးမြန်းပြီး ရခဲ့တဲ့ တွေ့ရှိချက် ကို ဧပြီ ဂ ရက်နေ့က အထူး အစီအရင်ခံစာ ရေးသား ထုတ်ပြန်ခဲ့ ပါတယ်။ အဲဒီ အထဲမှာ သံဃာ တွေက လူအုပ်ကြီးကို ဦးဆောင်ခဲ့ သလို ရဲတွေ ကလည်း သတ်ဖြတ်မှု တွေကို မဟန့်တား နိုင်ဘူးလို့ ရေးထား ပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

မိတ္ထီလာက တိုက်ခိုက်မှုတွေ အစပိုင်းမှာ ရဲတွေ မတားလို့ ပျက်စီးမှု များတာလို့ ပြောဆို မှုတွေ ရှိနေ

Posted: 11 Apr 2013 08:19 AM PDT
မြန်မာနိုင်ငံအတွက် ဂျပန်နိုင်ငံက အထောက်အပံ့တွေ ပိုမိုရရှိစေဖို့အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ မတ်လ၁၃ရက်နေ့ (သင်္ကြန် အကြိုနေ့)ကစပြီး ဂျပန်နိုင်ငံက နိုင်ငံရေး ခေါင်းဆောင်တွေနဲ့ သွားရောက်တွေ့ဆုံ ဆွေးနွေးမယ်လို့ သိရပါတယ်။---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

ဒီဇိုင်း - ခွန်ဒီးယမ်



--
Posted By Blogger to လူဗိုလ်ဟူသည် ... at 4/13/2013 07:03:00 AM

--
မှော်ဆရာအဖွဲ့မှ နေ့စဉ် Mail များရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en
Member များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို့စာပို့နိုင်ပါသည်။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး စာပို့ပေးပါရန်။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en
အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
Facebook Page နှင့်ဆက်သွယ်လိုလျှင် www.facebook.com/mrsorcerergroup
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
---
You received this message because you are subscribed to the Google Groups "မှော်ဆရာ အဖွဲ့  ( Ѧя Ƨσяcɛяɛя )" group.
Visit this group at http://groups.google.com/group/mrsorcerer?hl=en.