[mrsorcerer:37894] Re: [လူဗိုလ်ဟူသည် ...] သစ်ထူးလွင် သတင်းစုစည်းမှု (၁၃-၄)




2013/4/14 Blogger <no-reply@blogger.com>

သစ်ထူးလွင်



Posted: 13 Apr 2013 02:59 AM PDT
သင်္ကြန်ကြို တရားပွဲ (ဆရာတော် ဥူးသုမင်္ဂလ) ဟောကြားချက် (ရုပ်/သံ)
ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ


Posted: 13 Apr 2013 03:04 AM PDT
ကိုယ့်အကျိုး၊ အများအကျိုး... အကျိုးနှစ်သွယ်ကို တနေ့ထက်တနေ့ တိုးလို့ သယ်ပိုး ဆောင်ရွက်နိုင် ကြပါစေ၊ မြန်မာနိုင်ငံ အကျိုး အတွက်လည်း ကူညီ ဆောင်ရွက်နိုင်ကြပါစေလို့ ဒီကနေ့ မနက်ပဲ တပတ်ကြာ ဂျပန်ခရီးစဉ်အဖြစ် တိုကျိုမြို့တော်ကို ရောက်လာတဲ့ ဒေါ်အောင်ဆန်းစုကြည်က ဂျပန်ရောက် မြန်မာမိသားစုကို မြန်မာ့ နှစ်ကူးဆုမွန် တောင်းပေးခဲ့ပါတယ်။
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 13 Apr 2013 01:52 AM PDT
စစ်ကိုင်းတိုင်း ဒေသကြီး မုံရွာမြို့တွင် CDMA800MHz မိုဘိုင်း တယ်လီဖုန်း ငွေကျပ်(၁၅၀၀) တန် ဆင်းကဒ်များကို မှတ်ပုံတင်မိတ္တူ အိမ်ထောင်စု ဇယားမိတ္တူ ၊လျှောက်လွှာ နှင့်တကွ မုံရွာမြို့ မြို့တော် ခန်းမတွင် ဧပြီ ၁၇ ရက်မှ ၁၉ ရက်နေ့အထိ နံနက် ၉နာရီခွဲမှ ညနေ၃နာရီခွဲထိ လာရောက်လျှောက် ထား နိုင်ကြောင်းသိရသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 13 Apr 2013 12:41 AM PDT
၁၃၊ ၄၊၂၀၁၃ သင်္ကြန်အကြိုနေ့က ပဲခူးမြို့မှ အပြန် လှည်းကူးမြို့လမ်းမကြီး တစ်နေရာမှ ယာဉ်တိုက်မှု။
ဝင်တိုက်တဲ့ကားကြီးက မောင်းပြေးသွားတယ်။

ကားနံပါတ်ကိုလည်း မမှတ်မိလိုက်ကြဘူးတဲ့။ ဒရိုင်ဘာက ပွဲချင်းပြီးသေတော့ ကျမတို့လည်း ဘာမှ မကူညီနိုင်ခဲ့ပါဘူး။

ကူညီပါရစေ ဆိုတဲ့ ပြည်သူ့ရဲတွေလည်း အတော်နဲ့ ရောက်မလာခဲ့ကြပါဘူး။

မစုစုနွေး


Posted: 12 Apr 2013 09:30 PM PDT
ဒေါ်အောင်ဆန်းစုကြည် ဟာ  ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ နာရီတာ အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ဧပြီ ၁၃ ရက်နေ့ ဒေသစံတော်ချိန် မနက် (၈) နာရီလောက်မှာ  ရောက်ရှိသွားပြီ ဖြစ်တယ်။

ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ


Posted: 12 Apr 2013 09:31 PM PDT
မြန်မာ့ဒီမိုကရေစီ ဒေါ်အောင်ဆန်းစုကြည် ဟာ  ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ နာရီတာ အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ဧပြီ ၁၃ ရက်နေ့ ဒေသစံတော်ချိန် မနက် (၈) နာရီလောက်မှာ  ရောက်ရှိသွားပြီ ဖြစ်ပါတယ်။ ဂျပန်ရောက် ဒေါ်အောင်ဆန်းစုကြည် ၏
ဓါတ်ပုံများကို Facebook အင်တာနက် စာမျက်နှာမှ စုစည်း ဖော်ပြလိုက်ပါတယ်။












Posted: 12 Apr 2013 09:25 PM PDT
၁၁.၄.၂၀၁၃ ရက်နေ့ နံနက် ၁၁ နာရီအချိန်တွင် MGM HOTEL အခန်းအမှတ်၊ ၈၀၄ တွင် ဖြစ်ပွားသည့် သေသူအမည် မသိ၊ သတ်သူ အမည် မသိ လူသတ်မှုအား ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ သေသူသိ၍ သတ်သူ တရားခံအား ၂၄ နာရီအတွင်း ဖော်ထုတ်ဖမ်းဆီးရမိကြောင်း သတင်း ရရှိပါသည်။
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


အသတ်ခံရသူ မ၀ါဝါမင်း



Posted: 12 Apr 2013 09:25 PM PDT
မကြာမီ ကျရောက် တော့မည့် ၁၃၇၅ ခုနှစ်သို့ ကူးပြောင်း ရောက်ရှိသော မဟာသင်္ကြန် ကာလတွင် ၁၅ နှစ်တွင် တစ်ကြိမ်ဖြစ် ပေါ်သော မိဿရာသီအား ကောင်းသော တနင်္ဂနွေဂြိုဟ်နှင့် အင်္ဂါဂြိုဟ်ပူးယှဉ်မှု ဖြစ်ပေါ်မည် ဖြစ်၍ သင်္ကြန်ကာလတွင် သွေးထွက်သံယိုများ ပြားသော ဖြစ်စဉ်များ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

Posted: 12 Apr 2013 08:15 PM PDT
ဆူဒန်နိုင်ငံ ဒါဖောဒေသကနေ လူ ၅ သောင်းလောက် ပြီးခဲ့တဲ့ သီတင်းပတ် အတွင်းမှာ ထွက်ပြေးခဲ့ကြတယ်လို့ ကုလသမဂ္ဂက ပြောကြားလိုက်ပါတယ်။ ဒါဟာ နှစ်ပေါင်းများစွာအတွင်း အများဆုံးထွက်ပြေးကြတာဖြစ်ပြီး ဒေသတွင်းမှာ လူမျိုးစုတွေ ပဋိပက္ခတွေ ပြန်ဖြစ်လာတာရဲ့ ရလဒ်ဖြစ်တယ်လို့ ကုလသမဂ္ဂ တာဝန်ရှိသူတွေက ပြောပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 12 Apr 2013 08:10 PM PDT
ကိုရီးယား ကျွန်းဆွယ်မှာ တင်းမာမှုတွေ နောက်ထပ်တိုး လာအောင် မလုပ်ဖို့ အမေရိကန် နဲ့ ရုရှားနိုင်ငံတို့က မြောက်ကိုရီး ယားနိုင်ငံကို တိုက်တွန်းလိုက် ပါတယ်။ မြောက်ကိုရီး ယားအနေနဲ့ သူတို့ခြိမ်းခြောက်နေ သလိုမျိုး နောက်ထပ် ဒုံးကျည် စမ်းသပ်မှု လုပ်မယ်ဆိုရင် အကြီးအ ကျယ်မှားယွင်းမှုဖြစ်မယ်လို့ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းနဲ့ ကွယ်လွန်သူ ခေါင်းဆောင်ဟောင်း ကင်ဂျုံအီးလ်တို့ဓာတ်ပုံအား မြောက်ကိုရီးယားနိုင်ငံ တည်ထောင်ခြင်းအထိမ်းအမှတ် အခမ်းအနားဓာတ်ပုံအဖြစ် တွေ့ရစဉ်။

Posted: 12 Apr 2013 08:01 PM PDT
သင်္ကြန်ကာလ ရန်ကုန်တိုင်း ဒေသကြီးအတွင်း ပြေးဆွဲ လျက်ရှိသော ယာဉ်လိုင်းများသည် ပုံမှန်နှုန်း ထားထက် ယာဉ်စီးခများ ပိုမိုကောက်ခံလျှင် မထသ(ဗဟို)သို့ တိုင်ကြားနိုင်ပြီး ၎င်းယာဉ်များကို ထိထိရောက်ရောက် အရေးယူ သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး မော်တော်ယာဉ် လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းရေး ကြီးကြပ်မှု ကော်မတီမှ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




Posted: 12 Apr 2013 07:53 PM PDT
ဂျပန်နိုင်ငံကို သီတင်းတပတ် ခရီးစဉ် အဖြစ် မနေ့က သောကြာနေ့ ညက ထွက်ခွာသွားတဲ့ NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ လည်းဖြစ် ၊ ပြည်သူ့လွှတ်တော် အမတ် တယောက် လည်း ဖြစ်တဲ့ ဒေါ်အောင်ဆန်း စုကြည်ဟာ ဒီနေ့ စနေနေ့ မနက် ဒေသစံတော်ချိန် ဂ နာရီလောက်မှာ တိုကျိုမြို့မှာ ရောက်ရှိ သွားပါပြီ။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို တိုကျို လေဆိပ်မှာ စောင့်ကြိုနေတဲ့ ဂျပန်ရောက် မြန်မာတွေ

Posted: 12 Apr 2013 07:43 PM PDT
မြောက်ကိုရီးယားရဲ့ နျူကလီးယား လက်နက် တပ်ဆင်မယ့် ရည်ရွယ်ချက်တွေကို တားမြစ် ဖျောင်းဖျ ရအောင် မြောက်ကိုရီးယားရဲ့ မဟာမိတ် တရုတ်ကို အကူအညီတောင်းဖို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန် ကယ်ရီက ပြင်ဆင်နေပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီ

Posted: 12 Apr 2013 07:38 PM PDT
ရုရှားနဲ့ အနီးနားက တိုင်းပြည်တွေက လူ့အခွင့်အရေး ချိုးဖောက်တဲ့ သူတွေလို့ စွပ်စွဲခံရသူ ၁ဂယောက် စာရင်းကို အမေရိကန်က ထုတ်ပြန်လိုက်ပြီး အဲဒီလူတွေဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာတုန်းက ကွန်ဂရက် လွှတ်တော်ရဲ့ သဘောတူညီချက် အရ ပိတ်ဆို့ အရေးယူ ခံကြရမှာ ဖြစ်ပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


ထိန်းသိမ်းရေးစခန်းမှာ သေဆုံးသွားတဲ့ လူ့အခွင့်အရေး ရှေ့နေ Sergei Magnitsky

Posted: 12 Apr 2013 05:29 PM PDT
မြန်မာနိုင်ငံတွင် ကျန်းမာရေး အသိပညာ အားနည်းမှုကြောင့်HIV ပိုး ကူးစက်မှုနှုန်း တစ်နေ့လျှင် အနည်းဆုံး ၂၃ ဦးခန့် ကူးစက်ခံ နေရကြောင်းကိုMyanmar Positive Group (MPG) ၏ စစ်တမ်းများတွင် ထုတ်ပြန်ထား ကြောင်းကို ဧပြီ ၈ ရက်တွင် အမျိုးသမီးများ ကွန်ရက်မှ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 12 Apr 2013 04:23 PM PDT
ဧပြီလ (၁၃)ရက်နေ့ ထုတ် Focus Online Issue 37 သင်္ကြန်အထူးထုတ်
ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ




Posted: 12 Apr 2013 04:20 PM PDT
ဧပြီလ (၁၃)ရက်နေ့ ထုတ် မြန်မာသံတော်ဆင့် အပတ်စဉ် သတင်းဂျာနယ် အတွဲ (၂)၊ အမှတ် (၅)

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ



Posted: 12 Apr 2013 02:34 PM PDT
၁၅၀၀ ကျပ် တန်ဖိုးနည်း ဖုန်းလိုင်းကဒ်များကို အိမ်ထောင်စု တစ်ခုလျှင် တစ်ကဒ်နှုန်းသာရောင်းချပေးမည်ဟုဆိုသည့် ကြော်ငြာဘုတ်ကို စိတ်ဝင်းတစား ဖတ်ရှုနေသူတစ်ဦးကို ပန်းဘဲတန်းမြို့နယ် အုပ်ချုပ်ရေးမှူးရုံးရှေ့တွင် ယနေ့ ညနေပိုင်းက တွေ့ရစဉ်။ The Voice Weekly

Posted: 12 Apr 2013 04:00 PM PDT
ဧပြီလ (၁၁)ရက်နေ့ ထုတ် ပြည်မြန်မာ သတင်းဂျာနယ် အမှတ် (၈၆၆)
ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ


Posted: 12 Apr 2013 01:53 PM PDT
ချင်းပြည်နယ် မင်းတပ်မြို့မှ ၀မ္မသူးရွာသို့ ခရီးသည် ၁၁ ဦးတင်ဆောင်သည့်ကားတစီးက မင်းတပ်မြို့အလွန် ၁၆ မိုင်အကွာတွင် တိမ်းမှောက်ခဲ့ရာမှာ ခရီးသည် ၄ ဦး သေဆုံးပြီး ၇ ဦး ဒါဏ်ရာရရှိသည်။ ထို့ အပြင် ဟားခါးမြို့မှ ၁၄ မိုင်အကွာတွင် ကားတစီးတိမ်းမှောက်ခဲ့ရာ ကားပိုင် ဒရိုင်ဗာ Heinawnkio ( 38) သေဆုံးပြီး ခရီးသည် ၁၄ ဦး ဒါဏ်ရာရရှိသည် ----
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
ချင်းပြည်က ခရီးသည်တင် ကားတစီးအား တွေ့ ရစဉ်

Posted: 12 Apr 2013 01:42 PM PDT
ကယားပြည်က ကရင်နီ မျိုးနွယ်စု တို့ဟာ မိမိတို့ အမှီတ ဟဲပြုနေရတဲ့ ရေမြေတောတောင် နဲ့ ကောင်းကင်၊ နေ၊ လ၊ ကြယ် တို့ရဲ့သခင်ကို ချီးမွန်း ပူဇော်ခြင်းနဲ့ တိရိစ္ဆာန်၊ သီးနှံလယ်ယာမြေတို့ အတွက် ကောင်းကြီး မင်္ဂလာ တောင်းခံဖို့အတွက် တံခွန်တိုင်ပွဲတော်ကို ကျင်းပပြုလုပ်ကြတာပါ။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 12 Apr 2013 01:26 PM PDT
၂၀၁၃ ရန်ကုန် သင်္ကြန် အကြိုမြင်ကွင်း (ရုပ်/သံ)

ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ




Posted: 12 Apr 2013 01:25 PM PDT
ရှမ်းပြည်မြောက်ပိုင်း တန့်ယန်းမြို့နယ်အတွင်း အစိုးရတပ်တွေနဲ့ ရှမ်းပြည်တပ်မတော် မြောက်ပိုင်း (SSA-North) တပ်တွေကြား ပြီးခဲ့တဲ့သတင်းပတ်တွေအတွင်းက ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ထွက်ပြေးကြရတဲ့ စစ်ဘေးဒုက္ခသည်တွေဟာ သက်ဆိုင်ရာကျေးရွာတွေကို ပြန်ဖို့စိုးရိမ်နေဆဲ ဖြစ်တယ်လို့ ဒုက္ခသည်တွေကို ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

စစ်ပြေးဒုက္ခသည်များအား လားရှိုးစေတနာရှင်လူငယ်များအဖွဲ့မှ ကျန်းမာရေးဆေးစစ်ပေးနေစဉ် (ဓါတ်ပုံ- KPL)



Posted: 12 Apr 2013 01:25 PM PDT
ထောင်သောင်းချီတဲ့ မာလီဒုက္ခသည်တွေဟာ အိမ်နီးချင်း မော်ရီတေးနီးယား နိုင်ငံတွင်းကို ထွက်ပြေးလို့ ကုလသမဂ္ဂက ဖွင့်လှစ်ထားတဲ့ ဒုက္ခသည်စခန်းတခုမှာ နေထိုင်နေကြပေမယ့် အဲဒီက အခြေအနေတွေဟာ ဆိုးရွားလွန်းလို့ သိပ်ကို ထိတ်စရာ ကောင်းတယ်လို့ ဆေးဘက် ဆိုင်ရာ အကူအညီပေးနေတဲ့ အဖွဲ့ အစည်း တခုက သတိပေး ပြောကြား လိုက်ပါတယ်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

စစ်ပြေး မာလီ ဒုက္ခသည်များ

Posted: 12 Apr 2013 12:56 PM PDT
မြန်မာနိုင်ငံက အဓိက နိုင်ငံရေး ပါတီကြီး တခုဖြစ်တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မနက်ဖြန် စတင်မယ့် ဂျပန်နိုင်ငံ ခရီးစဉ်ကို ပြည်ပရောက် မြန်မာတွေ သာမက ဂျပန်နိုင်ငံသားတွေပါ စိတ်ဝင်စားနေကြပါတယ်။ နှစ်ပေါင်း ၃၀ လောက်မှာ ပထမဆုံးအကြိမ် သွားမယ့် ဂျပန်နိုင်ငံ ခရီးစဉ်က ဂျပန်-မြန်မာ ဆက်ဆံရေးမှာလည်း တဖက်တလမ်းက အထောက်အကူ ဖြစ်မယ်လို့လည်း မျှော်လင့်သူတွေ ရှိနေကြတာပါ။ ဒေါ်အောင် ဆန်းစုကြည်ရဲ့ ဂျပန်နိုင်ငံခရီးစဉ်ကိုတော့ ကိုအောင်လွင်ဦး က စုံစမ်းတင်ပြပေးထားပါတယ်။
ဂျပန်အစိုးရရဲ့ ဖိတ်ကြားချက်နဲ့ ဒီလ ၁၉ ရက်အထိ သတင်းတစ်ပတ်ကြာ သွားရောက်မယ့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်အတွင်းမှာတော့ အစိုးရ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံမှာ ဖြစ်တဲ့အကြောင်း ဂျပန်နိုင်ငံခြားရေး ဝန်ကြီး ဌာနက ကြေညာချက်ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။

ဒီလိုပဲဂျပန်နိုင်ငံ ရောက် မြန်မာနိုင်ငံသားတွေနဲ့လည်းစနေေ
န့ ရောက်ရောက်ချင်း ဆိုသလို တွေ့ဆုံဖို့ စီစဉ်ထားတဲ့အကြောင်း တိုကျိုမြို့တော်က မြန်မာ့အရေး လှုပ်ရှားသူ တဦးဖြစ်တဲ့ ကိုသောင်းမြင့်ဦး ကပြောပါတယ်။
"ဒေါ်စုနဲ့ ကျိုတိုမှာရှိတဲ့ မြန်မာမိသားစုတွေနဲ့ တွေ့ဆုံဖို့ ပြင်ဆင်ထားပါ တယ်။ နောက် ၁၅ ရက်နေ့၊ တနင်္လာနေ့မှာတော့ ကျိုတို တက္ကသိုလ်မှာ ကျောင်း တက်ခဲ့တဲ့နေရာမှာလည်း အားလုံးကို စကားပြောရင်းနဲ့ တဘက်မှာလည်း အဲဒီ ဂျပန်အနောက်ပိုင်း တဝိုက်မှာရှိတဲ့ ဗမာတွေနဲ့ တွေ့ဖို့လည်း စီစဉ်ထားတယ်။ ဒါ ကျနော်တို့ ဗမာတွေနဲ့ ပတ်သက်တဲ့ အစီအစဉ်ပေါ့နော်။ ဝန်ကြီးချုပ်နဲ့ လည်း တွေ့မယ်ပြောတယ်။ ဂျပန် ဘုရင့်အမျိုးအနွယ်တွေနဲ့လည်း တွေ့မယ် လို့တော့ ကြားထားတယ်။"

နာမည်ကျော် ကျိုတိုတက္ကသိုလ်မှာ လွန်ခဲ့တဲ့ ၁၉၈၅ - ၈၆ ခုနှစ်တွေမှာတုန်းက သုတေသီအဖြစ် လေ့လာဆည်းပူးရင်း ဂျပန်နိုင်ငံမှာ နေထိုင်ခဲ့ဖူး တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခုတကြိမ် ခရီးစဉ်ကိုတော့ အဝေးရောက် မြန်မာနိုင်ငံသားတွေ သာမက ဂျပန်လူထုကြားမှာပါ အကြီး အကျယ် စိတ်ဝင်စားနေကြတာပါ။ ဂျပန်နိုင်ငံသား ၀ါရင့် သတင်းစာဆရာ တဦးလည်းဖြစ်၊ မြန်မာ့အရေး ကျွမ်းကျင်သူတဦးလည်းဖြစ်တဲ့ မစ္စတာ တာနာဘဲ ခေါ် ဦးရွှေဘ ကတော့ မြန်မာ့နိုင်ငံရေးအကြောင်း ထဲထဲဝင်ဝင် မသိသူတွေကအစ အခုခရီးစဉ်ကို စိတ်ဝင်စားနေကြတယ်လို့ ဆိုပါတယ်။

"ဂျပန်နိုင်ငံအနေနဲ့တော့ ဗမာပြည်အခြေအနေ၊ ဗမာပြည် ဘယ်လိုဖြစ်နေလဲ ဆိုတာကို မသိတဲ့လူ များပါတယ်။ ဒါပေမဲ့ ဒေါ်အောင် ဆန်းစုကြည်ဆိုရင် ဘယ်သူမဆို သိတယ်။ လူထုခေါင်းဆောင်လည်းဖြစ်တယ်၊ နိုင်ငံတကာမှာလည်း နာမည် ကျော်ကြားတယ်။ နိုဘဲလ်ဆုရှင်လည်း ဖြစ်တယ်။ အဲဒီအမျိုးသမီး ဂျပန်ကိုလာမှာပဲ-ဆိုပြီး ပြောနေကြတာပဲ များပါတယ် ခင်ဗျ။"

မြန်မာနိုင်ငံမှာ နိုင်ငံရေး အပြောင်းအလဲတွေနဲ့အတူ နှစ်ပေါင်းများစွာ ထိန်းသိမ်း ခံနေရာက လွတ်မြောက်လာပြီး လွှတ်တော် ကိုယ်စားလှယ် တဦးလည်း ဖြစ်လာ တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ခရီးစဉ်က ၂ နိုင်ငံ ဆက်ဆံရေးတွေ ပိုမိုနားလည် မှုတွေ၊ ရင်းနှီးမှုတွေ တည်ဆောက်နိုင်လိမ့်မယ် လို့ မျှော်လင့်ကြောင်းလည်း ဂျပန်နိုင်ငံခြားရေး ၀န်ကြီးဌာနက ကြေညာထားတာပါ။ တချိန်တည်းမှာပဲ ဂျပန် လုပ်ငန်းရှင်တွေကြားမှာလည်း စီးပွားရေးအရ ဆက်ဆံမှုတွေ တိုးမြှင့်ဖို့ မျှော် လင့်ချက်တွေလည်း ကြီးထွားနေတာ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း မြန်မာအစိုးရရဲ့ တာဝန်ရှိသူတဦးမဟုတ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်အတွင်း ဂျပန် စီးပွားရေးသမားတွေ မျှော်လင့်နေသလို ရလဒ်မျိုးကတော့ ထွက်ပေါ် မလာနိုင်ဘူးလို့ ဂျပန်နိုင်ငံသား ၀ါရင့် သတင်းစာဆရာ ဦးရွှေဘ ကသုံးသပ်ပါတယ်။

"ယေဘုယျသဘောနဲ့ ဒီ - နှစ်နိုင်ငံ အပြန်အလှန်နားလည်မှု အရင်ကထက် ပိုမြှင့်တင်လာမယ်ဆိုတာ၊ နက်ရှိုင်းလာမယ်ဆိုတာ သေချာပါတယ်။ ဂျပန်စီးပွားရေးသမားတွေက ဒေါ်စုလာမှာကို အခွင့်ကောင်းယူပြီးတော့ ဗမာပြည်ဈေးကွက်ထဲကို ကူညီ ထောက်ပံ့ဖို့ ဆိုတာမျိုး ဆန္ဒပြင်းပျတယ် ထင်ပါရဲ့။ ဒါပေမဲ့ ဒါကတော့ စီးပွားရေးအရလည်း ဂျပန်က ဗမာပြည်ကို ဒိထက်ပို လုပ်ငန်းတိုးချဲ့ဖို့ ရှိနေချိန်မှာပဲ- အဲဒါက ဒေါ်စုလာတဲ့ကိစ္စနဲ့ တိုက်ရိုက်ဆက်စပ်နေတဲ့ ကိစ္စ မဟုတ်ဘူးလို့ ကျနော့်အနေနဲ့ ယူဆပါတယ်ခင်ဗျ။"

မြန်မာနိုင်ငံအတွက် ဖွံ့ဖြိုးရေး အကူအညီတွေ အဓိကပေးအပ်နေတဲ့ တိုင်းပြည် တခုဖြစ်တဲ့ ဂျပန်နိုင်ငံက မြန်မာနိုင်ငံ ပေးစရာ ရှိနေတဲ့ ပြည်ပကြွေးမြီ ဒေါ်လာ သန်းတစ်ထောင်လောက်ကို ပေးချေနိုင်အောင် ဒီနှစ်ဆန်းပိုင်းကပဲ ကြားဝင် ကူညီထားတာပါ။ ဒီလိုပဲ မြန်မာနိုင်ငံ ဘဏ္ဍာရေးလောကအတွက် အထောက် အကူဖြစ်စေမယ့် အစုရှယ်ယာ ဈေးကွက်တခု ဖန်တီးနိုင်ဖို့လည်း တိုကျို စတော့အိပ်ချိန်းနဲ့ Daiwa Securities ကုမ္ပဏီတွေက ကူညီနေတာ ဖြစ်ပါတယ်။

၂ နိုင်ငံကြား ရင်နှီးမြုပ်နှံမှု၊ ကုန်သွယ်မှုတွေ တိုးမြှင့်ဖို့ မျှော်လင့်နေတဲ့ ဂျပန်နိုင်ငံက လတ်တလော မြန်မာနိုင်ငံတွင်း စီမံကိန်းပေါင်း ၃၅ ခုမှာလည်း ၀င်ရောက် လုပ်ကိုင်နေပြီး ဒီအထဲမှာ ရန်ကုန်-သီလ၀ါ အထူးစီးပွားရေးဇုန် တည်ဆောက်ရေး လုပ်ငန်းကတော့ အကြီးဆုံးတခုလည်း ဖြစ်ပါတယ်။

ကိုအောင်လွင်ဦး (ဗွီအိုအေ)

ဂျပန်နိုင်ငံကို သီတင်းတစ်ပတ်ကြာ ထွက်ခွာမည့် ဒေါ်အောင်ဆန်းစုကြည်အား မင်္ဂလာဒုံ နိုင်ငံတကာ လေဆိပ်တွင် တွေ့ရစဉ်။ (ဧပြီ ၁၂၊ ၂၀၁၃။)


--
Posted By Blogger to လူဗိုလ်ဟူသည် ... at 4/14/2013 03:48:00 PM

--
မှော်ဆရာအဖွဲ့မှ နေ့စဉ် Mail များရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en
Member များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို့စာပို့နိုင်ပါသည်။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး စာပို့ပေးပါရန်။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en
အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
Facebook Page နှင့်ဆက်သွယ်လိုလျှင် www.facebook.com/mrsorcerergroup
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
---
You received this message because you are subscribed to the Google Groups "မှော်ဆရာ အဖွဲ့  ( Ѧя Ƨσяcɛяɛя )" group.
Visit this group at http://groups.google.com/group/mrsorcerer?hl=en.