[mrsorcerer:37900] Fwd: [လူဗိုလ်ဟူသည် ...] ကင်ဂျုံအန် နှင့် အင်တာဗျူး



---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: 2013/4/14
Subject: [လူဗိုလ်ဟူသည် ...] ကင်ဂျုံအန် နှင့် အင်တာဗျူး
To: lubo601@gmail.com


Seaman Nayminthu and Win Yu Maung shared Hawdeka Khalaylay's photo.
ကင်ဂျုံအန် နှင့် အင်တာဗျူး    ကျနော် ကင်ဂျုံအန် ပါဗျာ    ကျနော် မရူးပါဘူး ၊ ကျနော် ဒီလိုလုပ်နေရတာ ကျနော့်ကို ရူးနေတယ်လို့ထင်ကြမှာပဲ ၊    ကျနော့် အကြောင်းနဲ့ကျနော်ပါဗျာ ၊ ခင်ဗျားတို့က ကျနော့်ကို လူဆိုးလေးလို့မြင်ကြမှာပဲ ၊ အမှန်က ကျနော် ငြိမ်းချမ်းရေကို လိုချင်နေတာဗျ ၊    တကယ်ပြောတာပါ ဒါ ရီစရာမဟုတ်ပါဘူး ၊     ကျနော် ငြိမ်းချမ်းရေးကို တကယ်လိုချင်တာဗျ ၊ ဒါပေမယ့် ကျနော့်မှာ အဓိက အခက်အခဲကြီးရှိတယ်ဗျ ၊ အဲဒါကတောါ ကျနော့်နောက်ကျောကို ဒါးနဲ့ထောက်ထားတဲ့ ကွန်မြူနစ် တရုတ်တွေဗျ ၊    ကျနော်တို့ကိုးရီးယားတွေလည်း ကွန်မြူနစ်တွေပါပဲ ၊ တရုတ်ကွန်မြူနစ်တွေ နဲ့တော့ မတူဘူးဗျ ၊ အဲဒီတရုတ်တွေက ကွန်မြူနစ် ကွန်မြူနစ်လို့သာပြောတာ ၊ သူတို့မြတ်မယ်ဆိုရင် အဖေရင်းအမေရင်းကိုတောင် ရောင်းစားမယ့်ဟာတွေဗျ ၊     ဘယ်လိုလုပ်ကွန်မြူနစ်ဖြစ်ရမှာတုန်းဗျ ၊ အရင်းရှင်လက်သစ်ဗျ ၊ ကွန်မြူနစ်အယောင်ပြ အရင်းရှင်လက်သစ်ဗျ ၊ လက်ရှိ အမေရိကန်တောင် တရုတ်ကို မျက်စိလည်သွားပြီ မဟုတ်လားဗျ ၊ တရုတ်တွေကမှ တကယ့်လူလည်တွေဗျ ၊    တရုတ်တွေ ကျနော်တို့ကို ကြိုးကိုင်ခဲ့တာ ကြာပြီဗျ ၊ ကျနော့်အဖိုး ကင်အီဆွန်း လက်ထက်ကတည်းကဗျ ၊     အဲဒီတရုတ်တွေကို ကျနော့် အဖိုးကလည်း အယုံကြီးယုံခဲ့တယ်လေဗျ ၊ အရင်းရှင် အနောက်အုက်စုကို ဆန့်ကျင်တာရယ် ၊ ကျနော်တို့နဲ့ လူမျိုးချင်း ရန်စရှိခဲ့တဲ့ ဂျပန်တွေကိုမုန်းတာရယ် ၊ အဲဒီ နှစ်ခုက ကျနော်တို့နဲ့ တရုတ်တွေနဲ့ တူခဲ့ကြတယ်လေ ၊ အဖိုးက     အဲဒီတရုတ်တွေကို အထင်ကြီးခဲ့တာဗျ ၊    ကျနော့်အဖေ ကင်ဂျုံအီလက်ထက်ကျတော့ အဲဒီတရုတ်တွေ ပိုပြီးလက်ရဲဇာတ်ရဲနိုင်လာတယ်ဗျ ၊ သူတို့ စမ်းချင်တဲ့ လက်နက်တွေကို ကျနော်တို့ ကိုးရီးယားနယ်ထဲလာစမ်းတယ်လေ ၊ သူတို့ ရောင်းချင်တဲ့ လက်နက်တွေကိုလည်း ကျနော်တို့ကိုးရီးယား     တံဆိပ်ကပ်ပြီးရောင်းတယ်လေဗျ ၊     သူတို့ကတော့ အားလုံးရှေ့မှာ လူကြီးလူကောင်းပေါ့ဗျာ ၊ ကျနော်တို့ကတော့ သူတို့ ခိုင်းတာလုပ်ရတာပေါ့ ၊ ကျနော်တို့က အားလုံးရှေ့မှာ လူဆိုးပေါ့ ၊ ခင်ဗျားတို့ ဗမာပြေမှာတောင် လှိုင်ဂူတွေကို သူတို့ တူးခဲ့ကြတာလေ၊ ဗမာပြေအထဲက သူတို့လိုချင်တာတွေယူနေတာ     မဖုံးနိုင်မဖိနိုင်တဲ့အခါကျတော့ ကျနော်တို့ဆီက ကိုးရီးယား တစ်ရာလောက်ကို ဗမာပြေမှာ သင်တန်းပေးစရာရှိတယ်လို့ခေါ်သွားပြီး ဓါတ်ပုံရိုက်အင်တာနက်ပေါ်တင်လိုက်တာ ဗမာပြေကို ကိုးရီးယားကပဲဖျက်ဆီးနေသလိုလို လုပ်ချလိုက်တာဗျ ၊ ကျနော်ကတော့     အဲဒီတရုတ်တွေကို နဲနဲမှ ကြည့်မရဘူးဗျ ၊    ကျနော့် အဖေသေတာစောတယ်လို့ပဲပြောရမှာပေါ့ ၊    အဖေက သူကြိတ်လုပ်ခဲ့တာတွေကို ကျနော့်ကို မသေခင်မှာသွားခဲ့တယ်လေ ၊ တရုတ်တွေကို ပြန်တော်လှန်ဖို့ပေါ့ ၊ သူတို့ကတော့ ချမ်းသာလို့ ၊ ငါတို့ ကိုးရီးယားတွေကျတော့ ဆင်းရဲလို့တဲ့ ၊ သူတို့ကတော့ အားလုံးရှေ့မှာ လူကြီးလူကောင်အယောင်ဆောင်ပြီး     ငါတို့ကျတော့ တကယ်လူဆိုးပုံလုပ်ထားခဲရတယ်တဲ့ ၊ အဖေပြောခဲ့တာတွေ ကျနော့်နားထဲ မှတ်မိနေပါသေးတယ်ဗျ ၊    ကျနော် ဟိုတလောက ငြိမ်းချမ်းရေးစကားသံ စပြောကြည့်တယ် ၊ အမေရိကန်နဲ့ အနောက်အုပ်စုတွေကလည်း သဘောကျ ကြတယ် ၊ တောင်ဘက်က အမျိုးတွေ ကိုးရီးယားတွေကလည်း ဝမ်းသာကြတယ်လေဗျ ၊ ဒါပေမယ့် ထုံးစံအတိုင်း တရုတ်ပြည်က ကျနော့်ကို     လှမ်းဆူသလိုပြောတယ် ဗျ ၊ ငြိမ်းချမ်းရေးစကားက ကျနော်တို့ ပြောရမှာမဟုတ်ဘူးတဲ့ ၊ သူတို့ ကြားဝင်တဲ့ အခါမှာ သူတို့ ခိုင်းတဲ့အတိုင်းလိုက်ပြောရမှာတဲ့ ဗျာ ၊    ကျနော် တရုတ်တွေကို သည်းခံနိုင်စွမ်းကုန်သွားတယ်ဗျာ ၊ ဒီကောင်တွေကို ကျနော် ပြန်လှန်တော့မယ်လို့ ကျနော် ဆုံးဖြတ်လိုက်တယ်ဗျ ၊ ဒါပေမယ့် ကျနော့်တပ်ထဲမှာလည်း တရုတ်တွေကို ကျေးဇူးရှင်လို့ထင်နေကြတဲ့ အဖိုးကြီးတွေ အများကြီးကျန်သေးတယ်ဗျ ၊      ဒီတော့ ကျနော် အသေးစိပ်ကြံစည်ရတော့တာပေါ့ဗျ ၊    အစီအစဉ်ကဒီလိုလေ ၊  ကျနော် အကြောင်းတစ်ခုခုပြပြီး စစ်ကြေငြာသလိုလုပ်ရတော့မယ် ၊ ဒါမှ တရုတ်ပြည်က ကျနော့် ကို နောက်ကျောဒါးနဲ့မထိုးမှာ ၊ တပ်ထဲက အဖိုးကြီးတွေကလည်း ကျနော့်ကို ထောက်ခံကြမှာ ၊  နောက်ပြီး ဒုံးပျံ တစ်စင်း နှစ်စင်းလောက် ပစ်ပြမယ်ဗျ ၊ ပင်လယ်ထဲကို     ပစ်မှာပါဗျ ၊     နောက်မှ တရုတ်တွေဘက်ကို ဒုံးပျံအစင်း တစ်ရာလောက်ပစ်လိုက်မယ်ဗျာ ၊ ထိန်းချုပ်ခလုပ်တွေ ချို့ယွင်းပြီးလမ်းကြောင်းမှားသွားတယ်ပေါ့ ၊ အားလုံးလန့်သွားကြမယ်လေ ၊ မျက်စိလည်သွားကြမှာပေါ့ ၊ တရုတ်တွေ အငိုက်မီသွားကြမှာပေါ့ ၊ ကျနော်ဖြင့်တွေးရင်းတောင်     ရီရတယ်ဗျ ၊    ဒီတရုတ်တွေ သူများတွေကိုသာ ဂုတ်သွေးစုပ် အမြတ်ထုတ်နေတာ သူတို့ဘက် နဲနဲထိတော့ ဘယ်လောက်နာသလဲ ပြမှာလေ ၊ ကျနော်တို့ကို ဝင်တိုက်ကြည့်ပါလား ၊ ပြန်ချပစ်မှာပေါ့ ၊    အရေးကြီးတာက တရုတ်တွေဆီ ဒုံးပျံတွေ လွှတ်လိုက်တဲ့အချိန်မှာ ကျနော်တို့နဲ့ အမေရိကန်တွေ နဲ့ အဆက်အသွယ် မိအောင်တော့ လုပ်ရမယ်ဗျ ၊ ကျနော်တို့ လက်ထဲမှာရှိတဲ့ နျူကလီယားတွေကို ထိန်းချုပ်ထားဖို့ အနောက်အုပ်စုဆီက နည်းပညာလိုတယ်ပေါ့ ၊ ဒါဆို     အနောက်အုပ်စု နဲ့ ကျနော်တို့ အဆင်ပြေသွားမယ်လေ ၊    တရုတ်တွေ နဲ့တော့ နဲနဲတော့ စစ်ဖြေစ်ရမယ်ဗျ ၊ ဒါမှ ကျနော့်တပ်ထဲက တရုတ်အားကိုကောင်တွေ နောင်ကျဉ်သွားမှာဗျ ၊ ဒီနည်းနဲ့ လူကြီလူကောင်းလိုလို အယောင်ဆောင်နေတဲ့ တရုတ်တွေကို ပညာပြန်ပြရမှာပေါ့ဗျာ ၊    ကျနော်လည်း ကျနော့်ကိုးရီးယားကို ဆင်းရဲနေတာ မကြည့်ရက်တော့ဘူးဗျ ၊    ကဲကဲ ခင်ဗျားလည်း ကျနော်ပြောတာတွေ ဘယ်သူမှ လျှောက်မပြောနဲ့အုံးဗျ ၊ တရုတ်သူလျှိုတွေက ခင်ဗျားတို့ တိုင်းပြည် နေရာအနှံ့မှာရှိတယ်ဗျ ၊ ကျနော့်လုပ်ကွက်ကလေးတွေကို ပိတ်ကားပေါ်မှာ ဆက်ကြည့်ပေါ့ဗျာ ၊ နောက်မှတွေ့ကြမယ်ဗျို့

ကျနော် ကင်ဂျုံအန် ပါဗျာ
ကျနော် မရူးပါဘူး ၊ ကျနော် ဒီလိုလုပ်နေရတာ ကျနော့်ကို ရူးနေတယ်လို့ထင်ကြမှာပဲ ၊
ကျနော့် အကြောင်းနဲ့ကျနော်ပါဗျာ ၊ ခင်ဗျားတို့က ကျနော့်ကို လူဆိုးလေးလို့မြင်ကြမှာပဲ ၊ အမှန်က ကျနော် ငြိမ်းချမ်းရေကို လိုချင်နေတာဗျ ၊ တကယ်ပြောတာပါ ဒါ ရီစရာမဟုတ်ပါဘူး ၊

ကျနော် ငြိမ်းချမ်းရေးကို တကယ်လိုချင်တာဗျ ၊ ဒါပေမယ့် ကျနော့်မှာ အဓိက အခက်အခဲကြီးရှိတယ်ဗျ ၊ အဲဒါကတောါ ကျနော့်နောက်ကျောကို ဒါးနဲ့ထောက်ထားတဲ့ ကွန်မြူနစ် တရုတ်တွေဗျ ၊

ကျနော်တို့ကိုးရီးယားတွေလည်း ကွန်မြူနစ်တွေပါပဲ ၊ တရုတ်ကွန်မြူနစ်တွေ နဲ့တော့ မတူဘူးဗျ ၊ အဲဒီတရုတ်တွေက ကွန်မြူနစ် ကွန်မြူနစ်လို့သာပြောတာ ၊ သူတို့မြတ်မယ်ဆိုရင် အဖေရင်းအမေရင်းကိုတောင် ရောင်းစားမယ့်ဟာတွေဗျ ၊

ဘယ်လိုလုပ်ကွန်မြူနစ်ဖြစ်ရမှာတုန်းဗျ ၊ အရင်းရှင်လက်သစ်ဗျ ၊ ကွန်မြူနစ်အယောင်ပြ အရင်းရှင်လက်သစ်ဗျ ၊ လက်ရှိ အမေရိကန်တောင် တရုတ်ကို မျက်စိလည်သွားပြီ မဟုတ်လားဗျ ၊ တရုတ်တွေကမှ တကယ့်လူလည်တွေဗျ ၊

တရုတ်တွေ ကျနော်တို့ကို ကြိုးကိုင်ခဲ့တာ ကြာပြီဗျ ၊ ကျနော့်အဖိုး ကင်အီဆွန်း လက်ထက်ကတည်းကဗျ ၊

အဲဒီတရုတ်တွေကို ကျနော့် အဖိုးကလည်း အယုံကြီးယုံခဲ့တယ်လေဗျ ၊ အရင်းရှင် အနောက်အုက်စုကို ဆန့်ကျင်တာရယ် ၊ ကျနော်တို့နဲ့ လူမျိုးချင်း ရန်စရှိခဲ့တဲ့ ဂျပန်တွေကိုမုန်းတာရယ် ၊ အဲဒီ နှစ်ခုက ကျနော်တို့နဲ့ တရုတ်တွေနဲ့ တူခဲ့ကြတယ်လေ ၊ အဖိုးက

အဲဒီတရုတ်တွေကို အထင်ကြီးခဲ့တာဗျ ၊

ကျနော့်အဖေ ကင်ဂျုံအီလက်ထက်ကျတော့ အဲဒီတရုတ်တွေ ပိုပြီးလက်ရဲဇာတ်ရဲနိုင်လာတယ်ဗျ ၊ သူတို့ စမ်းချင်တဲ့ လက်နက်တွေကို ကျနော်တို့ ကိုးရီးယားနယ်ထဲလာစမ်းတယ်လေ ၊ သူတို့ ရောင်းချင်တဲ့ လက်နက်တွေကိုလည်း ကျနော်တို့ကိုးရီးယား

တံဆိပ်ကပ်ပြီးရောင်းတယ်လေဗျ ၊

သူတို့ကတော့ အားလုံးရှေ့မှာ လူကြီးလူကောင်းပေါ့ဗျာ ၊ ကျနော်တို့ကတော့ သူတို့ ခိုင်းတာလုပ်ရတာပေါ့ ၊ ကျနော်တို့က အားလုံးရှေ့မှာ လူဆိုးပေါ့ ၊ ခင်ဗျားတို့ ဗမာပြေမှာတောင် လှိုင်ဂူတွေကို သူတို့ တူးခဲ့ကြတာလေ၊ ဗမာပြေအထဲက သူတို့လိုချင်တာတွေယူနေတာ

မဖုံးနိုင်မဖိနိုင်တဲ့အခါကျတော့ ကျနော်တို့ဆီက ကိုးရီးယား တစ်ရာလောက်ကို ဗမာပြေမှာ သင်တန်းပေးစရာရှိတယ်လို့ခေါ်သွားပြီး ဓါတ်ပုံရိုက်အင်တာနက်ပေါ်တင်လိုက်တာ ဗမာပြေကို ကိုးရီးယားကပဲဖျက်ဆီးနေသလိုလို လုပ်ချလိုက်တာဗျ ၊ ကျနော်ကတော့

အဲဒီတရုတ်တွေကို နဲနဲမှ ကြည့်မရဘူးဗျ ၊

ကျနော့် အဖေသေတာစောတယ်လို့ပဲပြောရမှာပေါ့ ၊

အဖေက သူကြိတ်လုပ်ခဲ့တာတွေကို ကျနော့်ကို မသေခင်မှာသွားခဲ့တယ်လေ ၊ တရုတ်တွေကို ပြန်တော်လှန်ဖို့ပေါ့ ၊ သူတို့ကတော့ ချမ်းသာလို့ ၊ ငါတို့ ကိုးရီးယားတွေကျတော့ ဆင်းရဲလို့တဲ့ ၊ သူတို့ကတော့ အားလုံးရှေ့မှာ လူကြီးလူကောင်အယောင်ဆောင်ပြီး

ငါတို့ကျတော့ တကယ်လူဆိုးပုံလုပ်ထားခဲရတယ်တဲ့ ၊ အဖေပြောခဲ့တာတွေ ကျနော့်နားထဲ မှတ်မိနေပါသေးတယ်ဗျ ၊

ကျနော် ဟိုတလောက ငြိမ်းချမ်းရေးစကားသံ စပြောကြည့်တယ် ၊ အမေရိကန်နဲ့ အနောက်အုပ်စုတွေကလည်း သဘောကျ ကြတယ် ၊ တောင်ဘက်က အမျိုးတွေ ကိုးရီးယားတွေကလည်း ဝမ်းသာကြတယ်လေဗျ ၊ ဒါပေမယ့် ထုံးစံအတိုင်း တရုတ်ပြည်က ကျနော့်ကို

လှမ်းဆူသလိုပြောတယ် ဗျ ၊ ငြိမ်းချမ်းရေးစကားက ကျနော်တို့ ပြောရမှာမဟုတ်ဘူးတဲ့ ၊ သူတို့ ကြားဝင်တဲ့ အခါမှာ သူတို့ ခိုင်းတဲ့အတိုင်းလိုက်ပြောရမှာတဲ့ ဗျာ ၊

ကျနော် တရုတ်တွေကို သည်းခံနိုင်စွမ်းကုန်သွားတယ်ဗျာ ၊ ဒီကောင်တွေကို ကျနော် ပြန်လှန်တော့မယ်လို့ ကျနော် ဆုံးဖြတ်လိုက်တယ်ဗျ ၊ ဒါပေမယ့် ကျနော့်တပ်ထဲမှာလည်း တရုတ်တွေကို ကျေးဇူးရှင်လို့ထင်နေကြတဲ့ အဖိုးကြီးတွေ အများကြီးကျန်သေးတယ်ဗျ ၊

ဒီတော့ ကျနော် အသေးစိပ်ကြံစည်ရတော့တာပေါ့ဗျ ၊

အစီအစဉ်ကဒီလိုလေ ၊
ကျနော် အကြောင်းတစ်ခုခုပြပြီး စစ်ကြေငြာသလိုလုပ်ရတော့မယ် ၊ ဒါမှ တရုတ်ပြည်က ကျနော့် ကို နောက်ကျောဒါးနဲ့မထိုးမှာ ၊ တပ်ထဲက အဖိုးကြီးတွေကလည်း ကျနော့်ကို ထောက်ခံကြမှာ ၊ နောက်ပြီး ဒုံးပျံ တစ်စင်း နှစ်စင်းလောက် ပစ်ပြမယ်ဗျ ၊ ပင်လယ်ထဲကို

ပစ်မှာပါဗျ ၊

နောက်မှ တရုတ်တွေဘက်ကို ဒုံးပျံအစင်း တစ်ရာလောက်ပစ်လိုက်မယ်ဗျာ ၊ ထိန်းချုပ်ခလုပ်တွေ ချို့ယွင်းပြီးလမ်းကြောင်းမှားသွားတယ်ပေါ့ ၊ အားလုံးလန့်သွားကြမယ်လေ ၊ မျက်စိလည်သွားကြမှာပေါ့ ၊ တရုတ်တွေ အငိုက်မီသွားကြမှာပေါ့ ၊ ကျနော်ဖြင့်တွေးရင်းတောင်

ရီရတယ်ဗျ ၊

ဒီတရုတ်တွေ သူများတွေကိုသာ ဂုတ်သွေးစုပ် အမြတ်ထုတ်နေတာ သူတို့ဘက် နဲနဲထိတော့ ဘယ်လောက်နာသလဲ ပြမှာလေ ၊ ကျနော်တို့ကို ဝင်တိုက်ကြည့်ပါလား ၊ ပြန်ချပစ်မှာပေါ့ ၊

အရေးကြီးတာက တရုတ်တွေဆီ ဒုံးပျံတွေ လွှတ်လိုက်တဲ့အချိန်မှာ ကျနော်တို့နဲ့ အမေရိကန်တွေ နဲ့ အဆက်အသွယ် မိအောင်တော့ လုပ်ရမယ်ဗျ ၊ ကျနော်တို့ လက်ထဲမှာရှိတဲ့ နျူကလီယားတွေကို ထိန်းချုပ်ထားဖို့ အနောက်အုပ်စုဆီက နည်းပညာလိုတယ်ပေါ့ ၊ ဒါဆို

အနောက်အုပ်စု နဲ့ ကျနော်တို့ အဆင်ပြေသွားမယ်လေ ၊

တရုတ်တွေ နဲ့တော့ နဲနဲတော့ စစ်ဖြေစ်ရမယ်ဗျ ၊ ဒါမှ ကျနော့်တပ်ထဲက တရုတ်အားကိုကောင်တွေ နောင်ကျဉ်သွားမှာဗျ ၊ ဒီနည်းနဲ့ လူကြီလူကောင်းလိုလို အယောင်ဆောင်နေတဲ့ တရုတ်တွေကို ပညာပြန်ပြရမှာပေါ့ဗျာ ၊

ကျနော်လည်း ကျနော့်ကိုးရီးယားကို ဆင်းရဲနေတာ မကြည့်ရက်တော့ဘူးဗျ ၊

ကဲကဲ ခင်ဗျားလည်း ကျနော်ပြောတာတွေ ဘယ်သူမှ လျှောက်မပြောနဲ့အုံးဗျ ၊ တရုတ်သူလျှိုတွေက ခင်ဗျားတို့ တိုင်းပြည် နေရာအနှံ့မှာရှိတယ်ဗျ ၊ ကျနော့်လုပ်ကွက်ကလေးတွေကို ပိတ်ကားပေါ်မှာ ဆက်ကြည့်ပေါ့ဗျာ ၊ နောက်မှတွေ့ကြမယ်ဗျို့


--
Posted By Blogger to လူဗိုလ်ဟူသည် ... at 4/14/2013 04:36:00 PM

--
မှော်ဆရာအဖွဲ့မှ နေ့စဉ် Mail များရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en
Member များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို့စာပို့နိုင်ပါသည်။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး စာပို့ပေးပါရန်။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en
အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
Facebook Page နှင့်ဆက်သွယ်လိုလျှင် www.facebook.com/mrsorcerergroup
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
---
You received this message because you are subscribed to the Google Groups "မှော်ဆရာ အဖွဲ့  ( Ѧя Ƨσяcɛяɛя )" group.
Visit this group at http://groups.google.com/group/mrsorcerer?hl=en.