[mrsorcerer:37910] မြန်မာနိုင်ငံတွင်ကုမ္ပဏီတည်ထောင်ခြင်း

မြန်မာနိုင်ငံတွင်ကုမ္ပဏီတည်ထောင်ခြင်း
xxxxxxxxxxxxxxxxxxxxxxxxxxxxxxx

ကျွန်တော်တို့ မြန်မာနိုင်ငံတွင် စီးပွားရေး လုပ်ငန်းရှင်တစ်ယောက်သည် ကုမ္ပဏီ တစ်ခုကို တည်ထောင်ရန်အတွက် သိရှိထားသင့်သည့်များကို ကျွန်တော် ဒဂုံမင်းချစ်သူမှ သိသင့်သိထိုက်သလောက်များ ကို တင်ပြပေးပါမည်။
လုပ်ငန်းရှင်တစ်ယောက်သည် မိမိကိုယ်တိုင် ကုမ္ပဏီထောင်မည်ဆိုပါက - ပထမဦးဆုံးအနေနဲ့.. မိမိ တည်ထောင်လိုသည့်ကုမ္ပဏီ၏ အမည်နာမကို ရွေးချယ်ရပါမည်။ ထိုသို့ရွေးချယ်ရာတွင် မိမိစိတ်ထက်သန်ရာ အမည်တစ်ခုခုကို ကြိုက်နှစ်သက်သလိုရွေးချယ်ပိုင်ခွင့်ရှိသည်။ သို့သော်… အခြားမှတ်ပုံတင်ထားသော အခြား ကုမ္ပဏီတစ်ခု၏ အမည်နှင့် တူနေပါက မရနိုင်တော့ပါ။ ထို့ကြောင့် အမည်တူမရှိသည့် ကုမ္ပဏီအမည်တစ်ခုကို ပထမဆုံး ရွေးချယ်ပေးရပါမည်။
ကုမ္ပဏီအမည်ကို ပေးရာတွင် အင်္ဂလိပ်စာလုံးအတိုကောက်များကို ကုမ္ပဏီ အမည်အဖြစ် အသုံးပြု၍ မရနိုင်ပါ။ အင်္ဂလိပ်အမည်ဖြင့် ပေးမည်ဆိုပါက မြန်မာဘာသာသို့ ဆီလျှော်အောင် ပြန်ဆိုပြီး တင်ပြနိုင်ရမည် ဖြစ်ပါသည်။
အများနှင့် မသက်ဆိုင်သော ကုမ္ပဏီများ
အများနှင့် မသက်ဆိုင်သော ကုမ္ပဏီများကို လုပ်ငန်း (၈) မျိုးဖြင့် သတ်မှတ်ထားပါသည်။ မိမိကြိုက်နှစ်သက်ရာ လုပ်ငန်းအမျိုးအစားကို တည်ထောင်လုပ်ကိုင်နိုင်ပါသည်။ ၄င်းလုပ်ငန်းအမျိုးအစားများမှာ-
(၁) ရောင်းဝယ်ရေးလုပ်ငန်း
(၂) ဝန်ဆောင်မှုလုပ်ငန်း
(၃) စက်မှုလက်မှုနှင့် ထုတ်လုပ်မှုလုပ်ငန်း
(၄) ခရီးသွားလုပ်ငန်း
(၅) ဟိုတယ်လုပ်ငန်း
(၆) ကျောက်မျက်ရတနာလုပ်ငန်း
(၇) ဆောက်လုပ်ရေးလုပ်ငန်း
(၈) ဘဏ်လုပ်ငန်း တို့ဖြစ်ကြပါသည်။
မိမိရွေးချယ်ပြီးသော ကုမ္ပဏီအမည်နှင့် ၄င်း လုပ်ငန်း(၈)မျိုးမှ တစ်ခုကို မိမိရွေးချယ်ထားသော အမည်နောက်တွင် အသုံးပြု၍ တည်ထောင်ခွင့်ရှိပါသည်။ (ဥပမာ။ ။ ဒဂုံ ဆိုသည့်အမည်အား ရွေးချယ်သည် ဆိုပါစို့ လုပ်ငန်းကို ရောင်းဝယ်ရေးလုပ်ငန်းလုပ်ကိုင်မည် ထိုအခါ ဒဂုံရောင်းဝယ်ရေးလုပ်ငန်း.. ဒဂုံရောင်းဝယ်ရေးကုမ္ပဏီ ဟု အမည်ပေးရမည်။ အမည်ပေးရာတွင် မိမိ၏ ကိုယ်ပိုင်ဆုံးဖြတ်ချက်အရ ပိုင်ဆိုင်သည့် သဘောဖြစ်၍ မှတ်ပုံတင်ပြီးပါက ၄င်းအမည်အား အခြားသောသူများအတွက် အသုံးပြုရန် ခွင့်ပြုမည် မဟုတ်တော့ပါ။
ကုမ္ပဏီတည်ထောင်ရာတွင် လိုအပ်သည့်ပုံစံများ
ကုမ္ပဏီစတင်တည်ထောင်ရာတွင် လိုအပ်သည့် ပုံစံများ၊ စာရွက်စာတမ်းများကို နေပြည်တော်ရုံး အမှတ် (၃၂) ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနတွင် စုံစမ်းဝယ်ယူရရှိနိုင်ပါသည်။
အောက်တွင်ဖော်ပြထားသည့် စာရွက်စာတမ်း အချက်အလက်များကို တင်ပြရပါမည်။
- ကုမ္ပဏီမှတ်ပုံတင်လျှောက်လွှာ
- သင်းဖွဲ့မှတ်တမ်း
- သင်းဖွဲ့စည်းမျဉ်း
- ကုမ္ပဏီမှတ်ပုံတင်ကြောင်း ကြေညာချက်ပုံစံ
- ကုမ္ပဏီတရားဝင် တည်နေရာအကြောင်းကြားစာ
- တရားဝင်ဘာသာပြန်ကြေညာချက်
- ဘာသာပြန်ဆိုခြင်းမှန်ကန်ကြောင်း ထောက်ခံချက်
- လုပ်ငန်းရည်ရွယ်ချက် ရွေးချယ်တင်ပြခြင်း
- ဒါရိုက်တာအမည်များစာရင်း
- ကတိဝန်ခံချက်
- ဒါရိုက်တာများ၏ နိုင်ငံသားမှတ်ပုံတင်မိတ္တူများ၊ သန်းခေါင်စာရင်းမိတ္တူများ
- အစုရှင်/ ဒါရိုက်တာအဖြစ် တခြားသောကုမ္ပဏီတွင် ပါဝင်မှုရှိမရှိ ဆောင်ရွက်မည့် ကုမ္ပဏီ၏ လုပ်ငန်းဆိုင်ရာ ဝန်ခံချက်
- အစုရှင်/ ဒါရိုက်တာအဖြစ် အခြားကုမ္ပဏီတွင် ပါဝင်မှုရှိပါက ကုမ္ပဏီမှတ်ပုံတင်မိတ္တူနှင့် ဖောင် ၆/၂၆ တို့အား တင်ပြရပါမည်။
သင်းဖွဲ့မှတ်တမ်း (MOA = Memorandum Of Association)
MOA ကို အင်္ဂလိပ်ဘာသာ နှင့် မြန်မာဘာသာ ဟူ၍ နှစ်ဘာသာဖြင့် ရေးထားပါသည်။ ဖြည့်စွက်ပါဝင်မည့် အချက်အလက်များသည် - ကုမ္ပဏီအမည် - ကုမ္ပဏီသတ်မှတ်မတည်ရင်းနှီးငွေရင်း - အစုရှယ်ယာတစ်ခု၏တန်ဖိုးကို ကိန်းဂဏန်း (သို့) စာသားဖြင့်သော်လည်းကောင်း တိကျမှန်ကန် ရှင်းလင်းပြတ်သားစွာ ဖော်ပြထား၇န် လိုအပ်ပါသည်။
သင်းဖွဲ့မှတ်တမ်းပုံစံတွင် ရှယ်ယာရှင်ဒါရိုက်တာများ၏ အမည်၊ နေရပ်လိပ်စာ၊ အလုပ်အကိုင်၊ မှတ်ပုံတင်အမှတ်နှင့် နိုင်ငံသားစီစစ်ရေးအမှတ် ၊ ဝယ်ယူထားသော အစုရှယ်ယာ တို့ကို မှန်ကန်စွာဖြည့်စွက်၍ လက်မှတ်ရေးထိုး တင်ပြရပါမည်။ ထိုသို့ လက်မှတ်ရေးထိုး တင်ပြထားသည့် ပုံစံ၏ အောက်ခြေတွင် တရားဝင် မှတ်ပုံတင်လက်မှတ်ရရှေ့နေ (သို့) ဗဟိုတရားရုံးချုပ်ရှေ့နေ(သို့) မှတ်ပုံတင်လက်မှတ်ရ စာရင်းကိုင် တစ်ဦးဦးသည် ၄င်း၏အမည် ၊ ရရှိထားသော ဘွဲ့ တို့နှင့်တွဲဖက်ပြီး ကိုယ်ပိုင်တံဆိပ်တုံးရိုက်နှိပ်၍ တရားဝင် အသိအမှတ်ပြုကြောင်း လက်မှတ်ရေးထိုး၍ ၄င်း၏မှတ်ပုံတင်လက်မှတ်မိတ္တူအား ပူတွဲတင်ပြရမည် ဖြစ်ပါသည်။ ထိုသို့ဆောင်ရွက်ရခြင်းမှာ မြန်မာနိုင်ငံကုမ္ပဏီများအက်ဥပဒေ အရ စီမံဆောင်ရွက်ရခြင်းဖြစ်ပါသည်။ ၄င်းကုမ္ပဏီတွင် ရှိသော ဒါရိုက်တာ တစ်ဦးစီ၏ ပိုင်ဆိုင်သော ရှယ်ယာများကို နောင်တွင် အငြင်းပွားမှုမဖြစ်စေရန် အသိသက်သေခံခြင်းဖြစ်ပါသည်။
သင်းဖွဲ့စည်းမျဉ်း (AOA = Article Of Association)
သင်းဖွဲ့စည်းမျဉ်းအား AOA ဟု အတိုကောက်ခေါ်ဝေါ်သုံးစွဲကြပါသည်။ အင်္ဂလိပ်/မြန်မာ ဟူ၍ ဘာသာ နှစ်မျိုးနှင့် ရေးဖွဲ့ထားပါသည်။ ပါဝင်ရမည့်အချက်အလက်များမှာ - ကုမ္ပဏီအမည် ၊ သတ်မှတ်မတည်ငွေရင်း ၊ အစုတစ်စု၏တန်ဖိုး၊ အစုရှယ်ယာအရေအတွက်ပေါင်းတို့ကို စာစီ၍ ဖြည့်စွက်ဖော်ပြပေးရန် နှင့် ကုမ္ပဏီ၏ မတည်ငွေရင်း နှင့် တစ်ခုတန်ဖိုးတို့ကို ဖြည့်စွက်ဖော်ပြရာတွင် ကိန်းဂဏန်းဖြင့်သော်လည်းကောင်း၊ စာဖြင့်သော်လည်းကောင်း တိတိကျကျနှင့် မှန်ကန်စွာဖော်ပြရမည်ဖြစ်ပါသည်။
AOA ပုံစံတွင် ဒါရိုက်တာများအနေနှင့် အနည်းဆုံး(၂) ဦး နှင့် အများဆုံး ကိုမှု မိမိတို့သဘောဆန္ဒအရ သတ်မှတ်နိုင်သော်လည်း (၅၀)ဦးထက် မပိုရပါ။ ဒါ၇ိုက်တာတစ်ဦး၏ ကုမ္ပဏီအစုရှယ်ယာအရေအတွက်ကိုမှု မိမိတို့သဘောဆန္ဒအရ သတ်မှတ်နိုင်ပါသည်။ ရှယ်ယာရှင်ဒါရိုက်တာများ၏ အမည်၊ နေရပ်လိပ်စာ၊ နှင့်အလုပ်အကိုင် စသည့်အချက်အလက်များကို MOA တွင် ဖြည့်စွက်ထားသည့်အတိုင်း ဥပဒေနှင့် ညီလျှော်စွာ ရှေ့နေတစ်ဦးလက်မှတ်ရေးထိုး တင်ပြရမည်ဖြစ်ပါသည်။
ထိုနောက်.. Form (1) ဆိုသည့် ပုံစံ (၁)ဆိုသည်မှာ ကုမ္ပဏီမှတ်ပုံတင်ကြောင်း ကြေညာချက် Declaration of Registration of Company Form (1) ဖြစ်သည်။ ၄င်းပုံစံ(၁)တွင် ကုမ္ပဏီအမည်ကို တင်ပြထားသည့် ဒါရိုက်တာအမည်များကို ဖြည့်စွက်၍ မိမိကိုယ်တိုင် လက်မှတ်ရေးထိုးရပါမည်။ သက်သေ နေရာတွင် ဥပဒေနှင့်အညီ မှတ်ပုံတင်လက်မှတ်ရ ရှေ့နေ (သို့) မှတ်ပုံတင်လက်မှတ်ရစာရင်းကိုင် တစ်ဦးဦးက ၄င်း၏ ကိုယ်ပိုင်တံဆိပ်တုံးရိုက်နှိပ်၍ လက်မှတ်ရေးထိုးရပါမည်။
ကုမ္ပဏီ၏ တည်နေရာနှင့် ပတ်သတ်၍ Notice of the Situation of the Registered Office ၏ တရားဝင် တည်နေရာဖြစ်သည်။ ထိုအကြောင်းကြားစာတွင် ကုမ္ပဏီအမည်နှင့် နေရပ်လိပ်စာတို့ကို ရှယ်ယာရှင်ဒါရိုက်တာတစ်ဦးမှ အမည်နှင့်လက်မှတ် ရေးထိုးပြီး အတည်ပြုတင်ပြပေးရန်လိုအပ်ပါသည်။
တရားဝင် ဘာသာပြန်ကြေညာချက် Declaration of Official and Legal Version ကို (အင်္ဂလိပ်/ မြန်မာ နှစ်ဘာသာ) ကို ဖြည့်စွက်ရာတွင် ကုမ္ပဏီအမည်ကို တင်ပြသည့် ရှယ်ယာရှင်ဒါ၇ိုက်တာအမည်ကို ထည့်သွင်းရေးသားပြီး အောက်ခြေတွင် အမည် နှင့် လက်မှတ်ရေးထိုးတင်ပြရပါမည်။ ဘာသာပြန်ဆိုခြင်းမှန်ကန်ကြောင်းကိုလည်း ထောက်ခံချက်ပေးရန် ပုံစံတွင် ကုမဏီအမည် ဖြည့်စွက်ပြီး အောက်ခြေတွင် ရက်စွဲနှင့် တရားဝင်မှတ်ပုံတင်ရ ရှေ့နေ(သို့)စာရင်းကိုင်တစ်ဦးက ၄င်း၏ ကိုယ်ပိုင်တံဆိပ်တုံးရိုက်နှိပ်၍ လက်မှတ်ရေးထိုးရပါမည်။
(ဒဂုံမင်းချစ်သူ)

--
မှော်ဆရာအဖွဲ့မှ နေ့စဉ် Mail များရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en
Member များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို့စာပို့နိုင်ပါသည်။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး စာပို့ပေးပါရန်။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en
အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
Facebook Page နှင့်ဆက်သွယ်လိုလျှင် www.facebook.com/mrsorcerergroup
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
---
You received this message because you are subscribed to the Google Groups "မှော်ဆရာ အဖွဲ့  ( Ѧя Ƨσяcɛяɛя )" group.
Visit this group at http://groups.google.com/group/mrsorcerer?hl=en.