[mrsorcerer:37929] Fwd: [လူဗိုလ်ဟူသည် ...] သွေးလွန်တုပ်ကွေးရောဂါ



---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: 2013/4/16
Subject: [လူဗိုလ်ဟူသည် ...] သွေးလွန်တုပ်ကွေးရောဂါ
To: lubo601@gmail.com



သွေးလွန်-တုပ်ကွေးရောဂါ (Dengue Haemorrhagic Fever ) DHF ဟာ  ခြင်ကနေကူးစက်ပြီး၊ (ဗိုင်းရပ်စ်) ကြောင့်ဖြစ်တယ်။သွေးလွန်-တုပ်ကွေးကို ကလေးရောဂါလို့ ထင်တာ မမှန်ဘူး။ ဆင်းရဲတဲ့လူတွေဘဲ ဖြစ်တယ် မှတ်ရင်လဲ မှားတယ်။ ရောဂါကို စသိတာအနှစ် ၂၀၀ ကျော်ပါပြီ။
ဘိုလိုဆိုရင် Dengue Hemorrhagic Fever (ဒင်ဂေး-ဟမရေးဂျစ်-ဖီဗာ) လို့ ခေါ်တယ်။ Spanish word မို့ (ဒင်ဂေး) လို့ အသံထွက်တာ ပိုမှန်သတဲ့။ ဒါပေမဲ့ ဒီစာလုံး ဘယ်ကနေ ပေါ်ခဲ့တယ် ဆိုတာ တိတိပပ မသိကြပါ။ သွေးလွန်တုပ်ကွေးရောဂါဟာ ခြင်အမကနေဘဲ ကူးတယ်။ မ သဘာဝ တူသေးတာတခုက ညမှာ အိမ်တွင်း အောင်းပြီး၊ နေ့မှာသာ ထွက်ကိုက်တယ်။ အစာရှာတာပေါ့ဗျာ။ အများအားဖြင့် မနက် မလင်း-တလင်း ကိုက်တာများတယ်။ အမဖြစ်တော့ အသန့် ကြိုက်တယ်။ ရေသန့်မှာ နေတဲ့အမျိုး။ ဒါ့ကြောင့် အဲဒီခြင်မျိုး နှိမ်နင်းဘို့ မော်တော်ကား-ဆိုင်ကယ် တာယာဟောင်း၊ ပုံးခွံ၊ ပေပါခွံ၊ ရေအိုး၊ ညောင်ရေအိုးတွေမှာ ကျန်နေ-အောင်းနေတဲ့ ရေတွေ မှန်သမျှ သွန်ခိုင်းရတယ်။ ခြင်ပိုးလောက်လန်းတွေ မပေါက်အောင် လုပ်ရတာပါ။ ခြင်းစားငါး မွေးတာတို့၊ ပိုးလောက်လန်းသတ်ဆေးတို့လဲ သုံးနိုင်တယ်။ ကျွန်တော်တို့ တိုင်းပြည်မှာ ရေနံချေး ၀အောင်သုတ်ထားတဲ့ အိမ်ထရံတွေ၊ တိုင်တွေပေါ်မှာ ဆေးဖျန်းပြီးလို့ ရေးမှတ်ထားတတ်တဲ့ (ဒီတီတီ) ကလည်း ခြင်ကို အတော်အသင့် နိုင်ပါတယ်။ သွေးလွန်-တုပ်ကွေးမှာ အထင်နဲ့အမြင် မဆင်တာတခု ပြောရဦးမယ်။ နာမည်က သွေးလွန်ဆိုတာနဲ့ သွေးလွန်ပြီး သေနိုင်တယ်လို့ ထင်တာ မဟုတ်ပါ။ ကိုယ်ထဲက အရည်တွေရော သွေးရော ယိုလို့ နောက်ဆုံး (ရှော့ခ်) ရတာကြောင့်သာ သေတာ ဖြစ်ပါတယ်။ ဒါပေမဲ့ "သွေးယို-တုပ်ကွေး"လို့ နာမည်ပေးရင်တော့ မမိုက်ဘူး မဟုတ်လား။

ရောဂါဖြစ်ခြင်း

ခြင်အကိုက် ခံရပြီးနောက် ၄-၅-၆ ရက်မှာ ရောဂါဖြစ်တယ်။ ဖြစ်စတော့ ရိုးရိုး တုပ်ကွေးလိုပါဘဲ။ ဖျား၊ ခေါင်းကိုက်၊ ဟိုက-ဒီကနာ ဖြစ်မယ်။ အရိုးထဲကနာတာ သိသာတာမို့ တချို့က "အရိုးကွဲဖျား" လို့တောင် ခေါ်သေးတယ်။ ခပ်ရဲရဲ အနီပြင်တွေ ထွက်မယ်။ အပြင်းဖျားမယ်၊ (၁၀၃-၁၀၄-၁၀၅)။ ခေါင်း (နားထင်) ကိုက်မယ်၊ မျက်လုံးအတွင်းက နာမယ်၊ အဆစ်-ကြွက်သား နာမယ်၊ စားချင်စိတ် ပျက်မယ်။ ပျို့-အန်မယ်။ ပြီးရင် သွေးပြဿနာ တက်လာပါမယ်။ သွေးခြည်ဥတွေ ထွက်မယ်။ နှာခေါင်းသွေးယို၊ သွားဖုံးသွေးယို၊ ပါးစပ်ကနေ သွေးအန်၊ ဆီးထဲ သွေးပါမယ်၊ ၀မ်းထဲ သွေးပါရင် ၀မ်း အရောင်မဲတာနဲ့ သိမယ်။ အမျိုးသမီးဆိုရင် လစဉ်ဆင်းတာက များမယ်။

ရက်တို-ရောဂါ ဖြစ်လို့ ၂-၇ ရက်သာ ကြာမယ်။ သွေး-အရည်ယိုတာ ကြာလာရင် သတိမကောင်း ဖြစ်ရာကနေ သတိ လုံးဝလစ်မယ်၊ တက်လည်း တက်နိုင်တယ်။ ဗိုက်နာ၊ ဆက်တိုက် အန်၊ ဖျားနေတုံး ချွေးပြန်တယ်ဆိုရင် မကောင်းတဲ့ လက္ခဏာဘဲ။ တကိုယ်လုံး အေးစက်၊ ပြော့ခွေပြီး၊ ဂနာမငြိမ်ဖြစ်ရာကနေ သတိလက်လွတ်ရင် အရေးပေါ် အခြေအနေ Dengue Shock Syndrome (DSS) ဖြစ်သွားပါပြီ။ အသက်လုပြီး ကုရပါတော့မယ်။

သွေး-အရည်တွေ အပြင်စိမ့်ထွက်လာလို့ အဆုပ်အိတ်ထဲ အရည်များတာ၊ ရေဖျင်းရှိတာ၊ သွေးထဲ (ပရိုတင်း) နည်းတာတို့ ရှိနိုင်တယ်။ သွေးလွန်-တုပ်ကွေးဆိုတာ သေချာအောင် သွေးစစ်ရတယ်။ ရောဂါကို ဆန့်ကျင်တဲ့ဓါတ် (အင်တီဘော်ဒီ) တွေ့မယ်။ Tourniquest test စမ်းသပ်နည်းလုပ်ရင် Positive ဖြစ်မယ်။ Thrombocytopaemia သွေးမှုံအရေအတွက် နည်းနေမယ်။ သူက ပြဒါးတိုင်လိုဘဲ။ အဆိုး-အကောင်းကို ညွှန်းပါတယ်။ ဆိုးရင် Platelets ကို သွင်းပေးရတယ်။ သွေးဆိုတာ အရည်နဲ့ အခဲ ရောနေတာပါ။ အခဲပိုင်းမှာ သွေးနီဥ၊ သွေးဖြူဥအပြင် သွေးမှုန်ဆိုပြီး သုံးမျိုးရှိပါတယ်။ ဒီကောင်တွေက အသေးဆုံး၊ ဒါပေမဲ့ သူရှိမှ လူ့သွေးဟာ ခဲနိုင်တယ်။ မခဲရင် သွေးယိုမယ်လေ။ သွေးဆိုတာ ရဲမှ-ခဲမှ ကောင်းတယ်။

ကုသခြင်း

တခြား (ဗိုင်းရပ်စ်) ရောဂါတွေလိုဘဲ၊ သွေးလွန်-တုပ်ကွေးကို တိတိကျကျ ကုသနည်း မရှိဘူး။ ကလေးတွေက လူကြီးလောက် မဆိုးဘူး။ ကံကောင်းသူများက ၁ ပါတ် ကြာရင် ပျောက်မှာပါ။ အားယုတ်မယ်၊ စိတ်ဓါတ်ပါ ကျစေနိုင်တယ်။ ရေနဲ့ အရည် များများသောက်ပါ၊ အနားယူပါ။ ခြင်ထောင်နဲ့ အိပ်ရင် သူများကို မကူးစေဘူးပေါ့။ အန်နေရင်တော့ သွေးကြောထဲကနေ Drip သွင်းပေးရမှာပါ။ အဖျား-အကိုက်အခဲ သက်သာအောင် (ပါရာစီတမော) ကလွဲရင် မပေးရ။ Asprin, Brufen မသောက်ရပါ။ အခုနောက်ပိုင်း သွေးလွန်တုပ်ကွေး ဆေးသစ်တွေ စပေါ်နေပါပြီ။ ကာကွယ်ဆေးတော့ မပေါ်သေးပါ။

ဆေးပညာရှင်များက လူပါးတွေမို့ သူတို့ သေသေခြာခြာ ကုပေးနိုင်တဲ့ရောဂါ မဟုတ်ရင် ကာကွယ်ပါ၊ မဖြစ်အောင် ဒီလို လုပ်ပါ၊ ဟိုလို လုပ်ပါဆိုပြီး၊ ပြောကြတယ်။ HIV-AIDS တို့၊ အသားဝါရောဂါတို့ စသဖြင့်။ သွေးလွန်-တုပ်ကွေးရောဂါလဲ ပါပါတယ်။ 

ဒေါက်တာတင့်ဆွေ



--
Posted By Blogger to လူဗိုလ်ဟူသည် ... at 4/17/2013 11:03:00 AM

--
မှော်ဆရာအဖွဲ့မှ နေ့စဉ် Mail များရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en
Member များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို့စာပို့နိုင်ပါသည်။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး စာပို့ပေးပါရန်။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en
အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
Facebook Page နှင့်ဆက်သွယ်လိုလျှင် www.facebook.com/mrsorcerergroup
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
---
You received this message because you are subscribed to the Google Groups "မှော်ဆရာ အဖွဲ့  ( Ѧя Ƨσяcɛяɛя )" group.
Visit this group at http://groups.google.com/group/mrsorcerer?hl=en.