[mrsorcerer:37934] Fwd: [လူဗိုလ်ဟူသည် ...] သစ်ထူးလွင် သတင်းစုစည်းမှု (၁၇-၄)



---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: 2013/4/17
Subject: [လူဗိုလ်ဟူသည် ...] သစ်ထူးလွင် သတင်းစုစည်းမှု (၁၇-၄)
To: lubo601@gmail.com


သစ်ထူးလွင်



Posted: 17 Apr 2013 06:50 AM PDT
မြန်မာနိုင်ငံမှာ နိုင်ငံရေး အပြောင်း အလဲတွေ ပေါ်ပေါက် နေပေမဲ့ ခိုင်မာမှုရှိပြီလို့ မဆိုနိုင် သေးတဲ့ အကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် က ဂျပန်နိုင်ငံ ခရီးစဉ်အတွင်း ပြောလိုက်ပါတယ်။ ဒီမိုကရေစီ အခြေခံတွေ ခိုင်ခိုင်မာမာ တည်ဆောက်နိုင်ဖို့ လိုအပ်ချက်တွေနဲ့ စိန်ခေါ်မှုတွေ ရှိနေဆဲ ဖြစ်တဲ့အကြောင်း တိုကျိုတက္ကသိုလ်မှာ ဒီကနေ့ မိန့်ခွန်း စကားပြောရာမှာ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်တာပါ။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဂျပန်နိုင်ငံ ခရီးစဉ်နဲ့ ပတ်သက်လို့တော့  ကိုအောင်လွင်ဦး က တင်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ မကြာသေးခင်နှစ်တွေကစလို့ အပြောင်းအလဲတွေ သိသိသာသာ တွေ့မြင်လာရပေမဲ့ စိတ်ချလက်ချ အခြေအနေမျိုး
ရောက်ပြီလို့ ပြောဖို့ကတော့ စောသေးတဲ့ အကြောင်း ဒေါ်အောင်ဆန်းစုကြည် က ပြောခဲ့တာပါ။

နှစ်ပေါင်းများစွာ ဖမ်းဆီးထိန်းသိမ်းခံရာက လွတ်မြောက်လာပြီး လွှတ်တော် ကိုယ်စားလှယ် တဦးအဖြစ် ပါဝင်ခွင့်ရလာတဲ့အထိ အပြောင်းအလဲတွေ တွေ့ရပေမဲ့ လည်း မြန်မာနိုင်ငံမှာ ဒီမိုကရေစီ အခြေခံတွေ အခိုင်အမာ တည်ဆောက်နိုင်ပြီလို့ မဆိုနိုင်သေးတဲ့အကြောင်း နာမည်ကျော် တိုကျိုတက္ကသိုလ်မှာ ဒေါ်အောင်ဆန်း စုကြည် က ပြောလိုက်တာ ဖြစ်ပါတယ်။

"ဒီမိုကရေစီ တည်ဆောက်မယ့် လမ်းပေါ်ကိုတော့ ကျမတို့ရောက်နေပါပြီ။ ဒါပေမဲ့လည်း ဒီလမ်းကြောင်းပေါ်မှာ ခိုင်ခိုင်မာမာ ရပ်နေပြီလို့ ပြောဖို့ကတော့ သိပ်ကို စောလွန်းပါတယ်။ ဒါကြောင့်လည်း ခိုင်ခိုင်မာမာ ရပ်နိုင်အောင် လုပ်ကြရမှာပါ။ မြန်မာနိုင်ငံက ဒီမိုကရေစီ တည်ဆောက်ရေး လုပ်ငန်းစဉ်က နောက်ကြောင်း ပြန်လှည့်နိုင်သလားဆိုပြီး လူအတော်တော်များများက ကျမကို မေးကြပါတယ်။ စစ်တပ်က လက်ခံတဲ့ အချိန်ကျရင်တော့ နောက်ကြောင်းပြန်လှည့်မှာ မဟုတ်ဘူးလို့ပဲ ကျမကတော့ အမြဲတမ်း ပြောပါတယ်။"

လူ့အခွင့်အရေး လှုပ်ရှားသူတွေ၊ တက်ကြွသူတွေ သာမက နိုင်ငံတကာ အသိုင်းအ၀ိုင်းကြားမှာတော့ မြန်မာနိုင်ငံက အပြောင်းအလဲတွေကို အသိအမှတ်ပြု ပြောဆိုတာတွေ ရှိနေပေမဲ့လည်း မကြာသေးခင် လတွေအတွင်း မြန်မာနိုင်ငံမှာ ဖြစ်ခဲ့တဲ့ သွေးထွက်သံယို ပဋိပက္ခတွေ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေတာတွေဟာ ဒီမိုကရေစီ တည်ဆောက်မယ်လို့ ကတိပြုထားတဲ့ အစိုးရအတွက် အဓိက ဖြေရှင်းရမယ့် ကိစ္စတွေအဖြစ် ထောက်ပြနေကြတာပါ။ ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေး ကော်မတီ ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားတဲ့ ဒေါ်အောင်ဆန်း စုကြည် ကတော့ နှစ်ပေါင်းများစွာ မရှိခဲ့တဲ့ တရားဥပဒေ စိုးမိုးမှုတွေကို အခြေခံ ပြင်ဆင်သွားဖို့ လိုအပ်နေတဲ့အကြောင်း တိုကျိုတက္ကသိုလ် မိန့်ခွန်းမှာ ပြောဆိုသွားတာ ဖြစ်ပါတယ်။

"လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ ကျော်အတွင်း မြန်မာနိုင်ငံမှာ တရားဥပဒေ စိုးမိုးမှုဆိုတာ မရှိခဲ့ပါဘူး။ အာဏာရှင် အစိုးရပဲ ကျမတို့မှာ ရှိခဲ့တာပါ။ တရားဥပဒေ စိုးမိုးရေးမှာ အားနည်းလာတာဟာ မရှိသလောက်အထိပါ။ ဒါကြောင့်လည်း ကျမတို့က ဒါကို ပြန်လည် တည်ဆောက်နိုင်ဖို့ ကြိုးစားနေရတာ ဖြစ်ပါတယ်။"

မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲရေးအတွက် ဆောင်ရွက်နေတယ် ဆိုပေမဲ့လည်း လူအများအပြား ထိခိုက်သေဆုံးပြီး၊ ထောင်သောင်းချီ အိုးအိမ်စွန့်ခွာ ထွက်ပြေးရတဲ့အထိ လူမျိုးရေး၊ ဘာသာရေး ကွဲပြားမှုအပေါ် အခြေခံတဲ့ ပဋိပက္ခတွေကို အာဏာပိုင်တွေက ကိုင်တွယ် ဖြေရှင်းတာတွေမှာ အားနည်းတယ်လို့ ဝေဖန်တာတွေလည်း ရှိပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကတော့ မြန်မာနိုင်ငံက ပြဿနာတွေကို ဖြေရှင်းရာမှာ အခြေခံကျကျ ပြင်ဆင်ရမယ့် ကိစ္စတွေ အများအပြား ရှိနေတာကို အသိအမှတ်ပြု ပြောဆိုခဲ့တာပါ။

"တရားဥပဒေ စိုးမိုးရေး ဆိုတာက တရားစီရင်ရေးလောက်ပဲ မဟုတ်ပါဘူး။ ဒါက အုပ်ချုပ်ရေးပိုင်းလည်း ပါပါတယ်။ အစိုးရတို့  ရဲတပ်ဖွဲ့တို့နဲ့ လုံခြုံရေး တပ်ဖွဲ့တွေအတွက် ကျမတို့ ပေးထားတဲ့ သင်တန်းတွေနဲ့လည်း ဆိုင်ပါတယ်။"

သီတင်းတပတ်ကြာ ခရီးစဉ်အဖြစ် ရောက်နေတဲ့ ဒေါ်အောင်ဆန်းစုကြည် အင်္ဂါနေ့က ဂျပန်လွှတ်တော်ကို ရောက်ရှိခိုက်မှာတော့ ဂျပန် ၀န်ကြီးချုပ် ရှင်ဇို အာဘေး (Shinzo Abe) က မြန်မာနိုင်ငံမှာ တိုင်းရင်းသားတွေနဲ့ ငြိမ်းချမ်းရေး တည်ဆောက်နိုင်ရေး အတွက် ဂျပန်နိုင်ငံက အကူအညီပေးဖို့ ဆန္ဒရှိတဲ့အကြောင်း ပြောခဲ့တာပါ။

ဂျပန်အစိုးရရဲ့ ဖိတ်ကြားချက်နဲ့ ရောက်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ် တစိတ်တပိုင်းအဖြစ် တွေ့ဆုံခဲ့တဲ့ ဂျပန်နိုင်ငံခြားရေးဝန်ကြီး ဖူမိယို ကီရှီဒါ (Fumio Kishida) ကလည်း မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေး အစီအစဉ်တွေကို အားပေးမှာ ဖြစ်တဲ့အကြောင်း ပြောခဲ့တာ ဖြစ်ပါတယ်။

တချိန်တည်းမှာပဲ မြန်မာနိုင်ငံက ပြောင်းလဲလာတဲ့ အခြေအနေတွေနဲ့အတူ ပေါ်ပေါက် လာနိုင်ဖွယ်ရှိတဲ့ စီးပွားရေး အခွင့်အလန်းတွေကိုလည်း ဂျပန်လုပ်ငန်းရှင်တွေ စိတ်ဝင်စားနေကြတာပါ။ ဒေါ်အောင်ဆန်းစုကြည်ကတော့ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံ လုပ်ကိုင်နိုင်မယ့် အခွင့်အလန်းတွေ ပိုရလာနိုင်ပေမဲ့လည်း လူထုအတွက် အကျိုးရှိမယ့် ကဏ္ဍတွေမှာ လုပ်ကိုင်တာမျိုး ဖြစ်စေချင်တယ်လို့လည်း မှတ်ချက်ပေး ပြောဆိုထားတာ ဖြစ်ပါတယ်။

ကိုအောင်လွင်ဦး (ဗွီအိုအေ)
Posted: 17 Apr 2013 06:47 AM PDT
၂၀၁၃ခုနှစ် မဟာသင်္ကြန်ကာလအတွင်းမှာ လူသတ်မှု၊ ခိုက်ရန် ဖြစ်ပွားမှုစတဲ့ ပြစ်မှုတွေ ဖြစ်ပွားနှုန်းဟာ အရင်နှစ်တွေကထက် ပိုတိုးလာတယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဌာနချုပ် မှုခင်းဌာနက တာဝန်ကျ ရဲအရာရှိ တစ်ဦးက RFAကို ပြောပါတယ်။ ဧပြီ ၁၃ ရက်နေ့မှ ၁၆ ရက်နေ့အထိ ကျင်းပခဲ့တဲ့ ၂၀၁၃ ခုနှစ် မဟာ သင်္ကြန်ကာလအတွင်း ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 17 Apr 2013 05:06 AM PDT
၁၆-၄-၂၀၁၃ ရက်နေ့ ၁၄၀၀ အချိန် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ (၁၉)ရပ်ကွက် စစ်တောင်းတံတား၏တောင်ဘက် ပေ ၁၀၀ ခန့်အကွာ၊ စစ်တောင်းမြစ်အလယ်သောင်ပြင်တွင် တောင်ငူမြို့၊ ကေတုမတီမြို့သစ်နေ မောင်းလင်းလင်းထွန်း(၁၈)နှစ်ပါ(၄)ဦးသည် သင်္ကြန်ရေပက် ကစားပြီးနောက် မြစ်အတွင်းရေဆင်းချိုးရာမှ ရေနစ်သွားခဲ့သဖြင့် တောင်ငူအမှတ်(၁)ရဲစခန်းမှ တပ်ဖွဲ့ဝင်များ၊ (၁၉)ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် ရပ်ကွက်သူ/သားများမှ ၀ိုင်းဝန်းရှာဖွေဆယ်ယူခဲ့ရာ ၁၆၃၀ အချိန်တွင် မောင်လင်းလင်းထွန်း၏အလောင်းအားလည်းကောင်း၊ ၁၈၀၀ အချိန်တွင် မောင်ဇင်ကိုကို၏အလောင်းအားလည်းကောင်း၊ ၁၈၃၀ အချိန်တွင် မောင်ချမ်းကိုကို၏ အလောင်းအားလည်းကောင်း တွေ့ရှိသဖြင့် တောင်ငူပြည်သူ့ဆေးရုံသို့ပို့ဆောင်ကာ ကျန်ရှိသည့် မောင်ဇော်လင်းအား ဆက်လက်ရှာဖွေလျက်ရှိပြီး တောင်ငူအမှတ်(၁)ရဲစခန်းသေမှုသေခင်းအမှတ်စဉ် (၁/၂၀၁၃)ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိသည်။

ထို့ပြင် ယင်းနေ့ ၁၃၀၅ အချိန်ကလည်း ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ မြို့မရပ်ကွက်နှင့် မရှီကထောင်ရပ်ကွက်သို့ဆက်သွယ်ထာ
းသော ဥရုချောင်းဘေလီတံတားအောက်၌ အမျိုးသား အလောင်း(၁)လောင်းတွေ့ရှိကြောင်း သတင်းအရ ဖားကန့်ရဲစခန်းမှတပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့ရာ တံတားအောက်တွင် မှောက်လျက်အနေအထားဖြင့် အမျိုးသား(၁)ဦးမှာ ပြင်ပဒဏ်ရာတစ်စုံတစ်ရာမတွေ့ရှိဘဲ နှုတ်ခမ်းများပြာနှမ်းကာ ရေနစ်သေဆုံးသည့် လက္ခဏာဖြင့် သေဆုံးနေသည်ကိုတွေ့ရှိရသဖြင့် ဖားကန့်ဆေးရုံသို့ ပို့ဆောင်ခဲ့သည်။
စုံစမ်းစစ်ဆေးချက်အရ ရေမဆေးကျောက်ရှာဖွေသူ ဖားကန့်မြို့နယ်၊ ဝှေခါးကျေးရွာနေ စိုးလွင်ဦး(၃၃)နှစ်ဖြစ်ပြီး အရက်အလွန်အကျွံသောက်စားလေ့ရှိသြ
ဖင့် အရက်ကြောင်ကာ စိတ်ပုံမှန်မရှိသောကြောင့် ဖားကန့်ဆေးရုံ၌ ၁၃-၄-၂၀၁၃ရက်နေ့မှစပြီး ဆေးကုသမှုခံယူနေသူ ဖြစ်ကြောင်း၊ တာဝန်ကျဆရာဝန်များမသိဘဲ ၁၅-၄-၂၀၁၃ ရက်နေ့ ၂၀၃၀ အချိန်ခန့်က ဆေးရုံမှထွက်ပြီး ခြေဦးတည့်ရာလျှောက်သွားရာမှ ရေနစ်သေဆုံးခြင်းဖြစ်ကြောင်းသိရှိခဲ့ရသဖြင့် ဖားကန့်ရဲစခန်းသေမှုသေခင်းအမှတ်စဉ်(၁၂/၂၀၁၃)ဖြင့် အမှုဖွင့်စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရှိရသည်။

ထို့အတူ ၁၆-၄-၂၀၁၃ ရက်နေ့ ၀၉၄၅ အချိန် မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၊ (ပ)ဂွေးချိုရွာတွင် ကျေးရွာပိုင် အလျား ၁၂ ပေ၊ အနံ ၈ ပေ၊ အမြင့် ၆ ပေရှိ ရေဂါလံ(၁၅၀၀)ဆန့် အုတ်ရေကန်၏ မြောက်ဘက်ခြမ်း ထု ၈ လက်မခန့်ရှိသော အုတ်နံရံသည် အချပ်လိုက်ပြိုကျကာ အနီးတွင်ရေကစားနေသည့် ၎င်းးရွာနေ ချစ်ဝေမော်(ခ)ဖိုးကုလား(၄)ပါ ကလေး(၃)ဦးအပေါ်ပိကျသဖြင့် ကလေးများတွင် ဦးခေါင်းပြား၊ ကိုယ်လုံးပြား၊ ခန္ဓာကိုယ်အနှံ့ပွန်းပဲ့ဒဏ်ရာမျာ
းရရှိ ခဲ့သောကြောင့် ဆေးရုံသို့ပို့ဆောင်စဉ်သေဆုံးခဲ့ပြီး မောင်လမင်းခန့်(၇)နှစ်တွင် ဦးခေါင်းငယ်ထိပ်ပေါက်ပြဲ၊ မေးစေ့၊ နောက်ကျော၊ ၀ဲလက်မပွန်းပဲ့ဒဏ်ရာများရရှိခဲ့သောကြောင့် သေဆုံးသူနှင့်ဒဏ်ရာရရှိသူများအား ရွှေပန်းတောတိုက်နယ်ဆေးရုံသို့ပို့ဆောင်ကာ ရွှေပန်းတောရဲစခန်းသေမှုသေခင်းအမှတ်စဉ် (၁/၂၀၁၃)ဖြင့် အမှုဖွင့်စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရှိရသည်။

အလားတူ ၎င်းနေ့ ၁၄၄၅ အချိန် နေပြည်တော်တပ်ကုန်းမြို့၊ မြ၀တီရပ်ကွက်၊ နယ်မြေ(၃)နေ မစန်္ဒာထွေး၏ နေအိမ်အနောက်ဘက်ဘေးတွင် အမျိုးသမီးတစ်ဦးဓါတ်လိုက်သေဆုံ
း နေကြောင်းသတင်းအရ တပ်ကုန်းရဲစခန်းမှတပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့ရာ တပ်ကုန်းမြို့၊ ရပ်ကွက်(၅)ဗိုလ်မင်းရောင်ရပ်ကွက်နေ မခင်စန်းဝေ(၄၇)နှစ် ဖြစ်ကြောင်း၊ ၁၄၃၀ အချိန်ခန့်တွင် မစန္ဒာထွေး၏နေအိမ်အနောက်ဘက်၌ အ၀တ်လှမ်းနေစဉ် အိမ်သာအားသွယ်တန်းထားသောဝါယာကြိုးမှတဆင့် အ၀တ်တန်းသွပ်ကြိုးအား လျှပ်စစ်စီးကာ ဓါတ်လိုက်သေဆုံးခြင်းဖြစ်ကြောင်း၊ မခင်စန်းဝေတွင် ၀ဲလက်မောင်းရင်းပွန်းပဲ့၊ ၀ဲလက်ချောင်းများ အတွင်းဘက်တွင်အရေပြားပွန်းဒဏ်ရာများဖြင့် သေဆုံးနေခြင်းဖြစ်ကြောင်းသိရှိရသဖြင့် တပ်ကုန်းကုတင်(၁၀၀၀)ဆေးရုံသို့တင်ပို့ဆောင်ကာ တပ်ကုန်းရဲစခန်းသေမှုသေခင်း အမှတ်စဉ် (၃/၂၀၁၃)ဖြင့် အမှုဖွင့်စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရှိရသည်။

၁၆-၄-၂၀၁၃ ရက်နေ့ ၁၇၀၀ အချိန်ကလည်း ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်းမြို့နယ်၊ ကြက်သွန်ခင်း(၁)ရပ်ကွက်တွင် လူငယ်တစ်ဦးရေနစ်သေဆုံးကြောင်း
သတင်းအရ အုတ်တွင်းရဲစခန်းမှ တပ်ဖွဲ့ဝင်များ သွားရောက်စစ်ဆေးခဲ့ရာ အုတ်တွင်းရဲစခန်းမှ ရဲတကက သန်းရွှေ၏သားဖြစ်သူ ဇင်မင်းထွဋ်(၁၅)နှစ်ဖြစ်ကြောင်း၊ ကြက်သွန်ခင်း(၁)ရပ်ကွက်ရှိ ဆည်မြောင်းအနီး ရေကန်ထဲသို့ ရေဆင်းကူးရာမှ ရေနစ်သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရှိရပြီး ပါးစပ်မှရေထွက်၊ ၀မ်းဗိုက်ဖောင်းကား ဖြင့်သေဆုးံနေကြောင်းတွေ့ရှိခဲ့ရသောကြောင့် အုတ်တွင်းမြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး အုတ်တွင်းရဲစခန်း သေမှုသေခင်းအမှတ်စဉ်(၄/၂၀၁၃)ဖြင့် အမှုဖွင့်စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရှိရသည်။
၁၆-၄-၂၀၁၂၃ ရက်နေ့ ၁၆၃၀ အချိန် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ မော်ဖောင်းကျေးရွာ နန်းကွေ့ချောင်းအတွင်း အမျိုးသမီးတစ်ဦးရေနစ်သေဆုံးေ
ကြာင်းသတင်းရရှိသဖြင့် အမှတ်(၁)ရဲစခန်းမှ တပ်ဖွဲ့ဝင်များ သွားရောက်စစ်ဆေးခဲ့ရာ သေဆုံးသူမှာ မြစ်ကြီးနားမြို့၊ နယ်မြေ(၆) ရန်ကြီးအောင် ရပ်ကွက်နေ မဂျာဆိုင်းအောင်(၁၉)နှစ်ဖြစ်ပြီး ပြင်ပဒဏ်ရာတစ်စုံတစ်ရာမတွေ့ရှိဘဲ သေဆုံးနေသည်ကို တွေ့ရှိခဲ့ရသည်။

စစ်ဆေးချက်အရ မဂျာဆိုင်းအောင်သည် သူငယ်ချင်းများနှင့်အတူ မြစ်ကြီးနားမြို့အတွင်း သင်္ကြန်ရေကစားပြီး နန်းကွေ့ချောင်းအတွင်းရေဆင်းချု
ိးစဉ် ချောင်းအတွင်းရေစီးနှင့်မျောပါသွားကာ နန်းကွေ့ချောင်းတံတားနှင့်ပေ(၂၀၀)ခန့်အကွာ ရေအနက်(၁၀)ပေခန့်ရှိသည့်နေရာတွင် ရေနစ်သေဆုံး သွားခြင်းဖြစ်ကြောင်း၊ ချောင်းအတွင်းရေဆင်းချိုးသူများမှ ၀ိုင်းဝန်းဆယ်ယူခဲ့ကြောင်း သိရှိခဲ့ရ သောကြောင့် အမှတ်(၁)ရဲစခန်းသေမှုသေခင်းအမှတ်စဉ်(၆/၂၀၁၃) ဖြင့် အမှုဖွင့်စုံစမ်းစစ်ဆေးလျက် ရှိကြောင်း သတင်းရရှိသည်။

ရဲဇာနည်


Posted: 17 Apr 2013 04:54 AM PDT
ကမ္ဘာကျော် တိုင်းမ် မဂ္ဂဇင်းရဲ့ ၂ဝ၁၃ခုနှစ် သြဇာကတ္တိမ အရှိဆုံးအဖြစ် မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်ဟာ မဲပေးသူတွေရဲ့ မဲတွေနဲ့ အနိုင်ရရှိသွားပြီ ဖြစ်တဲ့အကြောင်း မဂ္ဂဇင်းရဲ့ အင်တာနက် စာမျက်နှာမှာ ဖော်ပြလိုက်ပြီ ဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ မဲပေးသူပေါင်းရဲ့ ၆၁%ရရှိခဲ့တာဖြစ်ပြီး The Most Influential People of the Pas 10 Years မှာ WINNER အဖြစ်နဲ့ သတ်မှတ်ခံ လိုက်ရပြီ ဖြစ်ပါတယ်။

အင်တာနက်စာ မျက်နှာပေါ်က တစ်ဆင့် အကြိမ်အရေ အတွက် ကန့်သတ်မထားဘဲ မဲပေးခွင့်ကို TIME မဂ္ဂဇင်းက ခွင့်ပြုခဲ့တာဖြစ်ပြီး Twitter စာမျက်နှာမှာ Follower ၃၅သန်းကျော်ရှိတဲ့ ပေါ့ပ်အဆိုတော် လေဒီဂါဂါက ၃၉%ပဲ ရရှိခဲ့ပြီး မြန်မာနိုင်ငံနဲ့ နိုင်ငံတကာရောက် မြန်မာတွေက ဧပြီ ၁၆ရက်နဲ့ ၁၇ရက် နှစ်စလုံး မဲတွေပေးခဲ့ကြတာဖြစ်ပါတယ်။


Posted: 17 Apr 2013 04:06 AM PDT
ဧပြီ ၁၇
မကွေးတိုင်း ဒေသကြီး မကွေးမြို့ အောင်စေတနာ ၁လမ်းနှင့် ၂လမ်းကြားရှိ အမေထွား ပဲဂိုဒေါင် ယနေနေ့လည် ၂း၃၀ ခန့်တွင် မီးလောင်မှုဖြစ်ပွား ခဲ့ပါတယ်။

အဆိုပါ မီးလောင်မှု ဖြစ်ပွားစဉ် မကွေး မြို့ပေါ်မှ မီးသတ်ကားများပါမကျန် မင်းဘူး မီးသတ်ကားများ၊ ထောက်ရှာပင်မီးသတ်ကားများ၊ ဆည်မြောင်း ရေဘောင်ဆာကားများ၊ အခြားရေဘောင်ဆာကားများ လာရောက် ငြိမ်းသတ်ခဲ့ရာ ညနေ၃း၃၀အချိန်ခန့်တွင် မီးထိန်းနိုင်ခဲ့ပြီး သံဃာတော်များ၊ မြို့ခံပြည်သူများ ၀ိုင်းဝန်း ငြိမ်းသတ်ခဲ့ ကြတယ်လို့ သိရပါတယ်။

အဆိုပါ မီးလောင်မှုကို မည်သို့ စတင်လောင်ကျွမ်းသည်ကို မသိရှိရသေးပါ။ နှစ်ဆန်း ၁ရက်နေ့  ဖြစ်နေသောကြောင့် အလုပ်သမားများမရှိဟု သိရှိရပါသည်။

ညီမွန်

Myanmar News Now

မီးလောင်မှု မြင်ကွင်း ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ



Posted: 17 Apr 2013 03:51 AM PDT
ပုသိမ်မြို့ ပုသိမ်-ချောင်းသာကားလမ်းပေါ်မှာ ခရီးသည်တင် မှန်လုံယာဉ်တစီး တိမ်းမှောက်ခဲ့တဲ့အတွက် လူ ၄ ဦး သေဆုံးသွားပါတယ်။ ကမ္ဘာကျော်ခရီးသည်တင် မှန်လုံယာဉ်ဟာ ဧပြီ ၁၆ ရက်မနက် ၁ နာရီက ပုသိမ်-ချောင်းသာကားလမ်း မိုင်တိုင် ၉ ကျောက်ချောင်းကြီး ကျေးရွာအုပ်စု ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

ဓါတ်ပုံ - မြန်မာ့အလင်း



Posted: 17 Apr 2013 03:28 AM PDT
ပဲခူးတိုင်း ဒေသကြီး ပြည်မြို့မှာ ဧပြီ ၁၆ ရက် ညနေ ၃း၁၅ ကနေ ၃ နာရီခွဲအထိ လေပြင်း ၂ ကြိမ် တိုက်ခိုက်ခဲ့ တာကြောင့် အိမ်ခြေ ၂၀ ကျော် ပြိုကျပျက်စီး ခဲ့ပါတယ်။ လေပြင်းဒဏ်ခံရတဲ့ နေရာတွေ ကတော့ ပြည်မြို့ရှိ ဖိုးခေါင်၊ န၀င်းမြောက်၊ အနောက်လက်ခုပ်ပင်၊ ရှမ်းစု၊ မလကာကုန်း၊ ဘောဂရပ်ကွက်အပါအ၀င် ရပ်ကွက် ၁၀ ခုလောက်လို့ သိရပါတယ်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 17 Apr 2013 03:14 AM PDT
ကမ္ဘာ့အချမ်းသာဆုံး ထိပ်တန်း ဂျီအိပ်ခ်ျ နိုင်ငံခြားရေး ၀န်ကြီးတွေက ၂၀၁၃ ဧပြီ ၁၀ ရက်နဲ့ ၁၁ ရက်နေ့မှာ ဆွေးနွေးခဲ့ပြီး မြန်မာပြည်ရဲ့ ပြုပြင်ပြောင်းလဲမှုတွေကို အသိအမှတ်ပြုခဲ့ကြပါတယ်။ ဆွေးနွေးပွဲနဲ့ ပတ်သက်တဲ့ ပူးတွဲထုတ်ပြန်ချက်ကနေ နိုင်ငံခြားရေး ၀န်ကြီးတွေက အခုလို အသိအမှတ်ပြုလိုက်တာလည်း ဖြစ်ပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 17 Apr 2013 03:00 AM PDT
မြောက်ဦးမြို့နယ် ဂုန်ကျွန်းကျေးရွာမှ ဆင်အိုးချိုင်သို့ပြန်လည်ထွက်ခွာလာသော စက်လှေသည် ယမန်နေ့(၁၆-၄-၂၀၁၃) မွန်းလွဲ ၁၂း၃၀ အချိန်ခန့်တွင် နစ်မြုပ်သွားခဲ့ကြောင်းသိရသည်။ သေဆုံးသူများမှာ မနွယ်နွယ်ဝင်း(၁၆)နှစ်၊ (ဘ)ဦးမောင်သောင်းရွှေ(မိ)ဒေါ်မသန်းညွန့် ၊ ချောင်းတန်းရပ်ကွက်၊ မအေးညွန့် (၁၆)နှစ်၊ ----

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

၁၆-၄-၂၀၁၃ နေ့တွင် မြောက်ဦးတွင် မိုးသီးများကြွေကျခဲ့ကြောင်းသိရပါသည်။ နာရီဝက်နီးပါး ကျဆင်းခဲ့ကြောင်းသိရသည်။ အပျက်အစီးဆုံးရှုံးမှုများကို လတ်တလော မသိရသေးပါ။ ဓါတ်ပုံ - RSV
Posted: 17 Apr 2013 02:47 AM PDT



တရုတ်နယ်စပ် မိန်းတိန်မြို့ သင်္ကြန်မြင်ကွင်းဓါတ်ပုံများ ။ Myanmar News Now




မြန်မာ-တရုတ်နယ်စပ် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွ
င့်ရဒေသ လောက်ကိုင်မြို့ သင်္ကြန်မြင်ကွင်း ဓါတ်ပုံများ။ Myanmar News Now
Posted: 17 Apr 2013 02:28 AM PDT
ရှမ်းပြည်နယ် ရဲတပ်ဖွဲ့၊ ဟဲဟိုးရဲတပ်ဖွဲ့စခန်းမှ စခန်းမှူး လ ၁၈၈၅၄၄ ရဲအုပ်ကျော်သီဟ သည် ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးမှ ချမှတ်ထားသော အမိန့်နှင့် ညွှန်ကြားချက်ကို ဖောက်ဖျက်ကာ ၎င်းအား လုံခြုံရေး တာဝန်ချထားသော ဟဲဟိုးစခန်းတွင် မနေဘဲ ဟဲဟိုးမြို့နှင့် (၃)မိုင်ခန့်အကွာရှိ အေးကောင်းဆည်တွင် သင်္ကြန်တွင်း လာရောက်ပျော်ပါးသော ----

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


ဟဲဟိုး ရဲစခန်း

Posted: 17 Apr 2013 01:59 AM PDT
ရန်ကုန်တိုင်း ဒေသကြီး နယ်မြေ အတွင်း ၁၃-၄-၂၀၁၃ သင်္ကြန် အကြိုရက်နေ့ မှ ၁၆-၄-၂၀၁၃ သင်္ကြန် အတက်နေ့ ထိ သင်္ကြန်နှင့် ပတ်သတ်၍ သေဆုံးသူ (၃)ဦး ရှိပြီး၊ ၄င်းတို့ မှာ လူသတ်မှုမှ ၂ ဦးနှင့် ယာဉ်တိုက်မှုမှ ၁ ဦး ကြောင်း သိရပါသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 17 Apr 2013 01:42 AM PDT
ဧရာဝတီတိုင်း ဒေသကြီး ရေကြည်မြို့နယ်တွင် ဖမ်းဆီးရမိသည့် တရားမ၀င်  ကျွန်းသစ်များ ကိစ္စတွင် အင်္ဂပူ၊ ရေကြည်နှင့် ပုသိမ်မြို့နယ်မှ ရဲတပ်ဖွဲ့ဝင်များ ပါဝင် ပတ်သတ်နေကြောင်း ရဲသတင်း ရပ်ကွက်ထံမှ သတင်းရရှိသည်။ တရားမ၀င်  ကျွန်းသစ်များ သယ်ဆောင်လာသည့် ကား ၁ စီးအား ရေကြည်မြို့နယ် သစ်တောဌာနက ယခုလ ၁၅ ရက် (သင်္ကြန်အကြတ်နေ့) တွင် ဖမ်းဆီးရမိခဲ့ရာ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

Posted: 17 Apr 2013 01:20 AM PDT
သင်္ကြန်အတက်နေ့ ညနေ(၃း၁၅)နာရီခန့်က လေဆင်နှာမောင်း လေပွေတခု ပဲခူးတိုင်း ဒေသကြီး အနောက်ခြမ်း ပြည်မြို့မှာ တိုက်ခတ်သွားပါတယ်၊

အဆိုပါ လေဆင်နှာမောင်းကြောင့် ပြည်မြို့မြောက်ဖက် န၀င်းရပ်ကွပ်ရှိ ရပ်ကွက်အချို့ နှင့်  န၀င်းချောင်းတဖက် ကမ်းရှိ ကျေးရွာမျာဖြစ်သော-န၀င်းဘောကကွ
ပ်သစ်၊ မာလကာကုန်း ၊ န၀င်းတာရိုးဘက်အချမ်း၊ ဖိုးခေါင်၊ ချောင်းနားတန်ရွာ၊ ချောင်နားတန်းကွပ်သစ်၊ အုပ်ဖိုရွာ၊ ကင်းချောင်းရွာ၊ လက်ခုပ်ပင်ရွာ နှင့် ရှမ်းစုရွာ တို့ ထိခိုက် ပျက်စီးမှုတွေ ရှိခဲ့တယ်လို့ ဒေသခံတွေက Myanmar News Now ကို ပြောပါတယ်။

သစ်ထူးလွင်
























Posted: 17 Apr 2013 12:56 AM PDT
ဒေါ်အောင်ဆန်းစုကြည် (၅၉%) - လေဒီဂါဂါ (၄၁%)
တိုမ်းမဂ္ဂဇင်းရဲ့ ဆယ်စုနှစ်အတွင်း ကမ္ဘာကိုလွှမ်းမိုးမှု့အရှိဆုံးပု
ဂ္ဂိုလ် စာရင်းကို ပရိသတ်တွေ မဲပေးရာမှာ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ အမေရိကန် အဆိုတော် လေဒီဂါဂါတို့ဟာ နောက်ဆုံးအဆင့်မှာ  အပြိုင်အဆိုင် မဲရရှိနေကြ ပါတယ်။
နောက်၂နာရီလောက်အတွင်းမှာ မဲပေးစနစ် ပိတ်တော့မှာ ဖြစ်ပါတယ်။

မြန်မာနှစ်ဆန်းတစ်ရက်နေ့ (ဧပြီ ၁၇)နေ့  နောက်ဆုံးအဆင့် မဲစာရင်း အရေအတွက် ဒေါ်အောင်ဆန်းစုကြည် (၅၉%) - လေဒီဂါဂါ (၄၁%)

(မဲအရေအတွက်ဟာ နောက်ဆုံးမိနစ် မဲပိတ်ချိန်အထိ အတက်အကျ အပြောင်းအလဲ ရှိနိုင်ပါတယ်။)

တိုမ်းမဂ္ဂဇင်းက ဧပြီ ၁၇ရက်နေ့မှာ ဆယ်စုနှစ်တစ်ခုစာရဲ့ ကမ္ဘာကိုသြဇာအရှိဆုံးပုဂ္ဂိုလ် အဖြစ်ရွေးချယ်ခံရသူကို ကြေညာမှာ ဖြစ်ပါတယ်။ ပရိတ်သတ်များဝင်ရောက်မဲပေး လိုပါက အောက်ပါလင့်ခ် အတိုင်းသွားရောက်ကြည့်ရှု့နိုင်
ပါသည်။
http://time100.time.com/2013/04/11/face-off-whos-the-most-influential/

Posted: 17 Apr 2013 12:45 AM PDT
ဧပြီလ ၁၅ ရက် တနင်္လာနေ့က Massachusetts ပြည်နယ် Boston မြို့ နှစ်ပတ်လည် မာရသွန်အပြေးပြိုင်ပွဲမှာ အကြမ်းဖက် ဗုံးပေါက်ကွဲမှုတွေဟာ စက်ဆုပ်ဖွယ်ကောင်းပြီး သရဲဘောကြောင်တဲ့ လုပ်ရပ်ဖြစ်တယ်လို့ သမ္မတ အိုဘားမား က အင်္ဂါနေ့မှာ ပြောလိုက်ပါတယ်။ ဒီအကြောင်း အိမ်ဖြူတော်မှာရှိတဲ့ ဗွီအိုအေသတင်းထောက် Dan Robinson သတင်းပေးပို့ထားတာကို ဒေါ်လှလှသန်း က တင်ပြပါလိမ့်မယ်ရှင်။

တနင်္လာနေ့က Boston မှာ ဗုံးခွဲတိုက်ခိုက်မှုတွေဟာ စက်ဆုပ်ရွံရှာဖွယ်ကောင်းပြီး သရဲဘောကြောင်တဲ့ လုပ်ရပ်ဖြစ်တယ်လို့ သမ္မတ အိုဘားမား က ပြောပြီး ဒီတိုက်ခိုက်မှုတွေကို အကြမ်းဖက်လုပ်ရပ်အဖြစ် ဗဟိုအစိုးရထောက်လှမ်းရေးဌာန FBI က စုံစမ်းစစ်ဆေးနေတယ်လို့ ၂၄ နာရီတောင် မရှိတဲ့အချိန်အတွင်း ဒုတိယအကြိမ်အဖြစ် နိုင်ငံကို ထုတ်ပြန်တဲ့ ကြေညာချက်မှာ ပြောကြားသွားပါတယ်။

"ဒီတိုက်ခိုက်မှုဟာ စက်ဆုပ်ရွံရှာဖွယ်ရာကောင်းပြီး သရဲဘောကြောင်တဲ့ လုပ်ရပ်ပါပဲ။ ဖြစ်ခဲ့တဲ့အပေါ်မှာ စုံစမ်းသိရှိရသလောက် ဒီလုပ်ရပ်ကို အကြမ်းဖက်သမားတွေရဲ့ လုပ်ရပ်အဖြစ် သတ်မှတ်ပြီး FBI က စုံစမ်းစစ်ဆေးနေပါတယ်။ အပြစ်မဲ့တဲ့အရပ်သားတွေအပေါ် ပစ်မှတ်ထား ဗုံးခွဲတိုက်ခိုက်တာတွေဟာ အကြမ်းဖက်လုပ်ရပ်ဖြစ်ပါတယ်။"

ဒါ့အပြင် မင်္သကာဖွယ်ရာ မှန်သမျှကို သက်ဆိုင်ရာ အာဏာပိုင်တွေထံ အကြောင်းကြားကြမယ့် အမေရိကန် နိုင်ငံသားတွေကိုလည်း အကာအကွယ်ပေးနိုင်ဖို့ လိုအပ်တဲ့ လုံခြုံရေး အရေးယူဆောင်ရွက်မှုတွေ ပြုလုပ်ဖို့ကို သူ့အစိုးရကို ညွှန်ကြားထားပြီး ဖြစ်သလို၊ ဗုံးခွဲတိုက်ခိုက်မှုတွေကိုလည်း စတင် စုံစမ်း စစ်ဆေးနေပြီလို့ သမ္မတ အိုဘားမား က ပြောပါတယ်။

"ဒီတိုက်ခိုက်မှုကို ဘယ်သူက လုပ်တယ်။ ဘာကြောင့်လုပ်တယ်။ စီစဉ်ချမှတ်ပြီး အကောင်အထည် ဖော်တာဟာ အကြမ်းဖက် အဖွဲ့အစည်းတခုလား။ ပြည်ပက လား။ ပြည်တွင်းကလား ဒါမှမဟုတ် မကျေမနပ်ဖြစ်နေတဲ့ လူတဦးရဲ့ လုပ်ရပ်လား စသဖြင့် ကျနော်တို့ မသိရသေးပါဘူး။ စပြီးတော့ စုံစမ်းစစ်ဆေးနေဆဲဖြစ်ပါတယ်။ သဲလွန်စတိုင်းကို လိုက်ပြီးတော့ ခြေရာခံပြီးတော့ ဖြစ်ပျက်ခဲ့တာတွေကို စုံစမ်းစစ်ဆေးရမှာမို့ အချိန်ကြာမြင့်မှာဖြစ်ပါတယ်။ ဒါပေမဲ့ ကျနော်တို့ အဖြေထွက်အောင် ရှာနိုင်မှာပါ။ အမေရိကန်နိုင်ငံသားတွေကို ထိခိုက် အန္တရာယ် ကျရောက်စေခဲ့တဲ့ ဘယ်သူပဲဖြစ်ဖြစ် တွေ့အောင်ရှာပြီးတော့ တရားဥပဒေအရ အရေးယူမှာဖြစ်ပါတယ်။"

တနင်္လာနေ့က ဗုံးခွဲတိုက်ခိုက်မှု ဖြစ်ပွားခြင်းပြီး ရုပ်မြင်သံကြားတွေပေါ်မှာ
တွေ့ရှိခဲ့တဲ့ ဖြစ်ရပ်တွေကို သက်သေပြုကာ အမေရိကန်နိုင်ငံသားတွေရဲ့ အကြင်နာထားတဲ့ ကရုဏာစိတ်ဓာတ်နဲ့ အကြမ်းဖက်မှုကို အညံ့မခံတဲ့ စိတ်ဓာတ်ကို ကမ္ဘာက မြင်တွေ့ခဲ့ရပြီလို့လည်း သမ္မတ က ပြောပါတယ်။

"အမေရိကန်နိုင်ငံသားတွေအနေနဲ့ အကြမ်းဖက်မှုကို လက်မြှောက်အရှုံးမပေးပါဘူး။ ပေါက်ကွဲမှုတွေအပြီး မနေ့တုန်းက ကမ္ဘာက တွေ့ခဲ့ရတာကို ကြည့်မယ်ဆိုရင် သတ္တိရှိကြတယ်။ ကြင်နာမှုတွေ ပြကြတယ်။ စေတနာ၊ မေတ္တာထားကြတာတွေကို တွေ့ရပါလိမ့်မယ်။ တာဝေးအပြေးသမားတွေ ခြေကုန်လက်ပန်း ကျနေကြပေမဲ့ အနီးဆုံး ဆေးရုံတွေကို ပြေးသွားကြပြီးတော့ သွေးလှူကြတယ်။ ဒဏ်ရာရတဲ့သူတွေကို ပြုစုဖို့ အနားမှာ နေပေးကြတယ်။ သူတို့ဝတ်ထားတဲ့ အင်္ကျီတွေကို ဆုတ်ပြီးတော့ ပတ်တီးအဖြစ် စည်းပေးကြတယ်။ အသက်ကယ်တင်နိုင်ဖို့ ပြေးကူကြတယ်။ ကမ္ဘာ့အကောင်းဆုံးထဲမှာ ပါတဲ့ ဆေးရုံတွေမှာ ဒဏ်ရာရသူတွေကို ဆေးဝန်ထမ်းတွေက မနားမနေ ကုသပေးနေကြတယ်။ ဒါကြောင့် အမေရိကန် ပြည်ထောင်စုဟာ ဘယ်လိုမျိုး နိုင်ငံဖြစ်တယ်။ သူများမကောင်းကြံတာကို ဘယ်လို တုံ့ပြန်သလဲဆိုတာကို ကြည့်ခြင်းအားဖြင့် သိနိုင်ပါတယ်။ အတ္တစိတ်ကင်းတယ်။ စေတနာ၊ မေတ္တာထားတယ်။ သတ္တိရှိရှိ တုံ့ပြန်ကြပါတယ်။"

အင်္ဂါနေ့ သမ္မတရုံးခန်းမှာ FBI ဌာန ညွှန်ကြားရေးမှူး ရောဘတ် မူလာ (Robert Mueller)၊ အမိမြေလုံခြုံရေးဌာန၀န်ကြီး ဂျဲနက် နပူလီတာနို (Janet Napolitano)၊ အမိမြေလုံခြုံရေးဌာန အကြံပေးပုဂ္ဂိုလ် လီစာ မိုနာကို (Lisa Monaco) အပြင် အိမ်ဖြူတော် အရာရှိချုပ် ဒန်းနစ် မက်ဒေါနယ် (Denis Richard McDonough) တို့က သမ္မတထံ အခြေအနေတွေကို အစီရင်ခံခဲ့ကြပါတယ်။

Boston မာရသွန်အပြေးပြိုင်ပွဲ ပန်းဝင်တဲ့နေရာမှာ ဗုံးခွဲတိုက်ခိုက်မှုတွေကြောင့် အသက် ၈ နှစ်အရွယ် ယောကျာ်းလေးတဦး အပါအ၀င် လူ ၃ ဦး သေဆုံးကာ တခြားလူ ၁၇၆ ဦး ဒဏ်ရာရပြီး၊ အဲ့ဒီထဲက လူ ၁၇ ဦးဟာ အခြေအနေ စိုးရိမ်ရဆဲဖြစ်ပါတယ်။

Boston မာရသွန် အပြေးပြိုင်ပွဲ တိုက်ခိုက်မှုကို ကမ္ဘာတခွင် ဖြန့်ချက်ပြီး စုံစမ်းစစ်ဆေးသွားမှာဖြစ်သလို တာဝန်ယူ လုပ်ဆောင်ခဲ့ကြသူတွေကိုလည်း ကမ္ဘာမြေဆုံးတဲ့အထိ မတွေ့တွေ့အောင် လိုက်ရှာမှာဖြစ်တယ်လို့ FBI က ပြောပါတယ်။ FBI နဲ့ အကြမ်းဖက်မှု နှိမ်နင်းရေး အစိုးရအရာရှိတွေအနေနဲ့ သတင်းရရင် ရသလို သတင်းမီဒီယာအပြင် လူထုထံကို အသိပေး အကြောင်းကြားသွားမှာဖြစ်တယ်လို
့လည်း သမ္မတ အိုဘားမား က ကတိပေးသွားပါတယ်။

ဒေါ်လှလှသန်း (ဗွီအိုအေ)


Posted: 17 Apr 2013 12:41 AM PDT
အမေရိကန် ဆီးနိတ် လွှတ်တော် အမတ် တယောက် ဆီကို ပို့တဲ့ စာအိတ် တအိတ်မှာ သေစေနိုင်တဲ့ ရစ်ဆင် အဆိပ် ပါရှိတာကို စုံစမ်း တွေ့ရပြီး ဝါရှင်တန် မြို့တော် က စာတိုက် တခုမှာ ဒီစာကို တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ မစ္စစစ္စပီ ပြည်နယ်က ဆီးနိတ် အမတ် ရော်ဂျာ ဝစ်ကာဆီကို လိပ်မူပြီး ပို့တဲ့စာ ဖြစ်ပြီး ----
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
လွှတ်တော်ကို လာတဲ့ စာတိုင်းကို စမ်းသပ် စစ်ဆေး
Posted: 16 Apr 2013 04:47 PM PDT
တနင်္လာနေ့က ဗုံး ၂ လုံးခွဲပြီး တိုက်ခိုက်မှုမှာ သုံးတဲ့ ပစ္စည်းတွေကို ချည်နှောင်ရာမှာ အသုံးပြု ဖွယ်ရှိတဲ့ နိုင်လွန်စ တွေကို အခင်း ဖြစ်ပွား ရာမှာ ဘော့စတွန် ရဲဌာနက စုံစမ်း တွေ့ရှိ ခဲ့ပါတယ်။ ဒီချည်စတွေဟာ ကျောပိုးအိတ်တခုက ယူတာ ဖြစ်နိုင်ပြီး လက်သည်းနဲ့ တခြား ပစ္စည်းတွေလဲ တွေ့ရှိခဲ့ပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

ဗုံးသဲလွန်စ အခင်းဖြစ်ပွားရာမှာ ရှာတွေ့
Posted: 16 Apr 2013 04:04 PM PDT
ဂျပန်နိုင်ငံမှာ ထုတ်ဝေခဲ့တဲ့ မြန်မာပြည်မှ ပေးစာကဏ္ဍကြောင့် ကိုယ်ပိုင်အတွေးအခေါ်တွေနဲ့အတူ မြန်မာပြည်သူတွေရဲ့ အတွေးအခေါ်တွေကို ဂျပန်ပြည်သူတွေနဲ့ မိတ်ဆက်ခွင့် ရခဲ့တာဖြစ်ပြီး ဂျပန်ပြည်သူတွေရဲ့ နွေးထွေးပျူငှာမှုတွေကို လက်ခံရခဲ့တဲ့အတွက် ----
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


...

[Message clipped]  View entire message


--
Posted By Blogger to လူဗိုလ်ဟူသည် ... at 4/18/2013 07:40:00 AM

--
မှော်ဆရာအဖွဲ့မှ နေ့စဉ် Mail များရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en
Member များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို့စာပို့နိုင်ပါသည်။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး စာပို့ပေးပါရန်။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en
အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
Facebook Page နှင့်ဆက်သွယ်လိုလျှင် www.facebook.com/mrsorcerergroup
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
---
You received this message because you are subscribed to the Google Groups "မှော်ဆရာ အဖွဲ့  ( Ѧя Ƨσяcɛяɛя )" group.
Visit this group at http://groups.google.com/group/mrsorcerer?hl=en.