[mrsorcerer:37949] Fwd: [လူဗိုလ်ဟူသည် ...] သစ်ထူးလွင် သတင်းစုစည်းမှု (၁၈-၄)



---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: 2013/4/18
Subject: [လူဗိုလ်ဟူသည် ...] သစ်ထူးလွင် သတင်းစုစည်းမှု (၁၈-၄)
To: lubo601@gmail.com


သစ်ထူးလွင်



Posted: 18 Apr 2013 05:08 AM PDT
မကွေးခရိုင်၊ တောင်တွင်းကြီး ရဲစခန်းအနောက်ဘက် (၁၀)မိုင်ခန့်အကွာတွင် ယဉ်တိမ်းမှောက်မှု့ဖြစ်ပွားပြီး ယဉ်ပေါ်လိုက်ပါလာသူများ ပြင်းထန်ဒဏ်ရာ ရရှိနေကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ - (၁၆-၄-၂၀၁၃)ရက်နေ့ ညနေ(၃း၄၅)အချိန်ခန့် ကြေးအိုးကြီးကွေ့အနီး တောင်တွင်းကြီး၊ မကွေးကားလမ်း မကြီးပေါ်တွင် ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

ဆိုင်ကယ်တိုက်မှု မြင်ကွင်းတခုအားတွေ့ စဉ်

Posted: 18 Apr 2013 04:56 AM PDT
တောင်တွင်းကြီးမြို့နယ်၊ အုန်းတော (၂) ရပ်ကွက် ကြာညိုပန်းလမ်းနှင့် ရထားလမ်းဆုံရာ ရထားသံလမ်းပေါ်တွင် လူတစ်ဦး သေဆုံးနေကြောင်း သတင်းရရှိသည်။  ဖြစ်စဉ်မှာ 14-4-2013 ရက်နေ့ နံနက် (၅) နာရီအချိန်ခန့် တောင်တွင်းကြီးမြို့မ ရဲစခန်းမှ စခန်းမှုး ရဲအုပ်စိုးသန်းသည် တောင်တွင်းကြီးမြို့ ----
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 18 Apr 2013 04:54 AM PDT
ကိုယ်ယုံကြည်တဲ့ မှုဝါဒတွေကို အောင်မြင်အောင် အကောင်အထည်ဖေါ် ဆောင်ရွက်နိုင်ဖို့ သမ္မတ ဖြစ်ချင်တယ်လို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ကပြောပါတယ်။ --
ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ


Posted: 18 Apr 2013 04:31 AM PDT
မြန်မာ့တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ မေမြို့- ပြင်ဦးလွင်က သင်္ကြန်ရေသဘင်ပွဲမှာ အတူတူ ဆင်နွဲခဲ့တယ်လို့ ထိုင်းဝန်ကြီးချုပ် ဟောင်း သက်ဆင်က သူ့ရဲ့ ဖေ့စ်ဘုတ် စာမျက်နှာမှာ ရေးသား ထားပါတယ်။ တရုတ်နိုင်ငံ ဟူနန်ပြည်နယ် ခရီးစဉ်အပြီး ဧပြီ ၁၅ ရက်နေ့ ပထမဆုံး အကြိမ်အဖြစ် မန္တလေးမြို့ကို ရောက်၊ အဲဒီကနေတဆင့် ဧပြီ ၁၆ ရက်နေ့မှာ ပြင်ဦးလွင်ကို သွားပြီး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံ ရေကစားခဲ့တယ်လို့ ထိုင်ဝန်ကြီးချုပ်ဟောင်း သက်ဆင်က ရေးသားထားပါတယ်။

ဒီဗွီဘီ

Posted: 18 Apr 2013 04:19 AM PDT
ကိုယ်ယုံကြည်တဲ့ မူဝါဒတွေကို ပြီးစီးအောင်မြင်အောင် ဆောင်ရွက်နိုင်ဖို့ သမ္မတ ဖြစ်ချင်တယ်လို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ ဂျပန်နိုင်ငံကို ရောက်ရှိနေတဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ဂျပန်နိုင်ငံ တိုကျိုမြို့မှာ ဧပြီ ၁၇ ရက်နေ့က သတင်းထောက်တွေနဲ့ တွေ့ဆုံချိန်မှာ ပြောကြားလိုက်တာပါ။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 18 Apr 2013 03:55 AM PDT
မြန်မာနိုင်ငံ အတိုက်အခံ ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်က ဂျပန်နိုင်ငံမှ ပရိသတ်များကို ပြောကြားရာတွင် မြန်မာနိုင်ငံမှ ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေးများသည် နောက်ပြန်လှည့်ရန် မရှိသေးကြောင်း၊ အားကောင်းသော စစ်တပ် အပေါ်တွင်သာ မူတည် လျှက်ရှိသေးကြောင်း ပြောခဲ့ပါသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 18 Apr 2013 03:39 AM PDT
မြန်မာ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က သူမ၏ လမ်းကြောင်းတွင် အတားအဆီးများ ရှိနေသည့် တိုင်အောင် နိုင်ငံရေး ပါတီမှန်သမျှ၏ ခေါင်းဆောင်များကဲ့သို့ပင် နိုင်ငံသမ္မတ ဖြစ်လာရန် မျှော်လင့်ထားကြောင်း ဗုဒ္ဓဟူးနေ့က ပြောကြားလိုက် ပါသည်။ "ဟုတ်တယ်။ ကျွန်မ သမ္မတ ဖြစ်ချင်တယ်လို့ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Photo by Getty Images

Posted: 18 Apr 2013 03:27 AM PDT
ကျပ် ၁၅၀၀ တန် ဖုန်းဆင်းကတ်တွေ ရောင်းချပေးတဲ့အခါ နိုင်ငံဝန်ထမ်းတွေကို  အချိုးချပြီး ခွဲဝေရောင်းချဖို့ စီစဉ်ထားတယ်လို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ပြောပါတယ်။ ရပ်ကွက်ထဲ ရောင်းပေးမယ့် ဖုန်းဆင်းကတ်တွေကို ၀န်ထမ်းတွေ လျှောက်ထားစရာမလိုဘဲ သက်ဆိုင်ရာဌာနတွေကတဆင့် လျှောက်ထားကြရမှာ ဖြစ်ပြီး၊ ဌာနတွေကို တိုင်းအစိုးရအဖွဲ့က အချိုးချ ခွဲဝေပေးသွားမှာ ဖြစ်တယ်လို့ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 18 Apr 2013 02:29 AM PDT
မောင်မောင်ဆိုလေ ထီးရိုးရှည် သံချပ် အဖွဲ့ သားတွေရဲ့  သံချပ် ရိုက်ကူးရေးကို ဧပြီ ၇ ရက် နဲ့  ၈ ရက်နေ့ တွေက နာရေး ကူညီမှုအသင်း - ရန်ုကုန် ခန်းမဆောင်မှာ - အသင်းခေါင်းဆောင် ဒီဥက္ကာ နဲ့  ဒါရိုက်တာ ၀င်းကျော့မှုးတို့  ဦးစီးရိုက်ကူးခဲ့ကြပါတယ်။

ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ



Posted: 18 Apr 2013 02:22 AM PDT
မောင်မောင်ဆိုလေ ထီးရိုးရှည် သံချပ် အဖွဲ့ သားတွေရဲ့  သံချပ် ရိုက်ကူးရေးကို ဧပြီ ၇ ရက် နဲ့  ၈ ရက်နေ့ တွေက နာရေး ကူညီမှုအသင်း - ရန်ုကုန် ခန်းမဆောင်မှာ - အသင်းခေါင်းဆောင် ဒီဥက္ကာ နဲ့  ဒါရိုက်တာ ၀င်းကျော့မှုးတို့  ဦးစီးရိုက်ကူးခဲ့ကြပါတယ်။

ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ


Posted: 18 Apr 2013 02:22 AM PDT
မောင်မောင်ဆိုလေ ထီးရိုးရှည် သံချပ် အဖွဲ့ သားတွေရဲ့  သံချပ် ရိုက်ကူးရေးကို ဧပြီ ၇ ရက် နဲ့  ၈ ရက်နေ့ တွေက နာရေး ကူညီမှုအသင်း - ရန်ုကုန် ခန်းမဆောင်မှာ - အသင်းခေါင်းဆောင် ဒီဥက္ကာ နဲ့  ဒါရိုက်တာ ၀င်းကျော့မှုးတို့  ဦးစီးရိုက်ကူးခဲ့ကြပါတယ်။
ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ


Posted: 18 Apr 2013 02:22 AM PDT
မောင်မောင်ဆိုလေ ထီးရိုးရှည် သံချပ် အဖွဲ့ သားတွေရဲ့  သံချပ် ရိုက်ကူးရေးကို ဧပြီ ၇ ရက် နဲ့  ၈ ရက်နေ့ တွေက နာရေး ကူညီမှုအသင်း - ရန်ုကုန် ခန်းမဆောင်မှာ - အသင်းခေါင်းဆောင် ဒီဥက္ကာ နဲ့  ဒါရိုက်တာ ၀င်းကျော့မှုးတို့  ဦးစီးရိုက်ကူးခဲ့ကြပါတယ်။
ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ

Posted: 18 Apr 2013 01:56 AM PDT
သင်သည် အလုပ်လုပ်တော့မည်ဟု ဆုံးဖြတ်လိုက်ပါက အလုပ်အကိုင် ဂျာနယ်တစ်ခုခုကို ဝယ်ဖတ်လိမ့်မည်။ သို့မဟုတ် မိဘ၊ သူငယ်ချင်းများကို တိုင်ပင်လိမ့်မည်။ ဘွဲ့ရပြီးခါစ ကျွန်တော်တို့လူငယ်များသည် အနည်းနဲ့ အများတော့ အလုပ်လုပ်ဖို့ စိတ်အားထက်သန်ကြ ပါသည်။ အလုပ်အကိုင်များ လုပ်ငန်းနယ်ပယ်အားဖြင့် Medical, Engineering, Human Resource, Sale, Marketing, Law, Admin and Journalism စသည်ဖြင့် အမျိုးမျိုးရှိကြပါသည်။ ဤတွင်မှ ဖွဲ့စည်းပုံ လုပ်ငန်းအမျိုးအစား အလိုက် Company, Organization, Banking Local NGO & International NGO ဟူ၍ ပြန်လည် ခွဲခြားနိုင်ပါသေးသည်။

တက္ကသိုလ်၊ ကောလိပ်အသီးသီးမှ အထူးပြုဘာသာရပ်မတူ ကျောင်းပြီးခဲ့ကြသော ကျွန်တော်တို့ လူငယ်များသည် ကျောင်းပြီးသည်နှင့် အများစု ကတော့ အတွေ့အကြုံအတွက်ဖြစ်ဖြစ်၊ ဝမ်းရေး အတွက်ဖြစ်ဖြစ်၊ ကိုယ့် ရည်မှန်းချက်ပန်းတိုင်ကို စတင်လျှောက်လှမ်း ရန်ဖြစ်ဖြစ် ပထမဆုံးခြေလှမ်းအဖြစ် အလုပ်ကိုဝင်လုပ်ကြပါသည်။ ဝိဇ္ဇာ သိပ္ပံကျောင်းဆင်းများသည် ကိုယ့်စိတ်ကြိုက်နယ်ပယ် (any field) တွင် အလုပ်ဝင်ရောက်နိုင်ကြပါသည်။ HR, Admin, Sale and Marketing, Secretarial, Journalism စသည့် သက်ဆိုင်ရာနယ်ပယ် အလိုက် Certificate များကိုင်ဆောင်သော အလုပ်ဝင်နိုင်ကြသည်ကို တွေ့ရပါသည်။ အချို့မှာ အတွေ့အကြုံရှိလျှင် Certificate ပင်မလို အလုပ်ရကြပါသည်။ ဥပမာ- သိပ္ပံဘွဲ့ရတစ်ယောက်က Sale ဝင်လုပ်မလား၊ Marketing ဝင်လုပ်မလား၊ သတင်းထောက်လုပ်မလား၊ Office Staff လုပ်မလား၊ Admin လုပ်မလား၊ Coordinator လုပ်မလား၊ လုပ်နိုင်သည်။ အင်ဂျင်နီယာ ကျောင်းဆင်းတစ်ယောက် office staff, admin staff, sale man လုပ်ဖို့ရာ တော်တော်စဉ်းစားလိမ့်မည်။ နောက်ဆုံး Sale ဆိုရင်တောင် Sale Engineer သာလုပ်လိမ့်မည်။ ဒီလိုဆိုရင် ဒီဘွဲ့က ဒီအလုပ်သာ လုပ်ရမည်ဟု မဆိုလိုပါ။ ဘဝဆိုတာ ပုံသေနည်းမှ မဟုတ်တာ။ ကိုယ်နှင့်လုံးဝမဆိုင်တဲ့ အလုပ်ကိုလည်း ကိုယ်နဲ့အဆင်ပြေရင် ပြေနေတတ်တဲ့သူတွေလည်း လောကကြီးမှာ အများကြီးပါ။

သက်မွေးကျောင်းဆင်းဖြစ်သော အင်ဂျင်နီယာနှင့် ဆေးတက္ကသိုလ် ကျောင်းဆင်းများမှာ သက်ဆိုင်ရာနယ်ပယ်တွင်သာ အလုပ်ဝင်ကြရပါသည်။ အခြားနယ်ပယ်တွင် ဝင်ရောက်ဖို့ရာ သိပ်မလွယ်ကူပါ။ ကိုယ်က ဒီဘွဲ့ယူခဲ့ ပြီးမှ အခြားနယ်ပယ်သို့ ရောက်သွားတာမျိုးတော့ ရှိပေမယ့် တော်တော် စိတ်အားထက်သန်မှသာ ဖြစ်ပါသည်။ အလုပ်ရှင်များလည်း ကိုယ့်ဘွဲ့နှင့် မသက်ဆိုင်သည့် နယ်ပယ်သို့ အလုပ်လျှောက်လျှင် သိပ်လက်မခံချင်ကြပါ။ Engineer ကျောင်းဆင်းများသည် သက်ဆိုင်ရာ Major (Civil, EP, EC, MP, IT, Chemical, etc) အလိုက် အလုပ်ရကြလျှင် ပိုကောင်းပါသည်။ မြန်မာနိုင်ငံသည် ဖွံ့ဖြိုးစနိုင်ငံ ဖြစ်သောကြောင့် Civil, EP, EC, MP major များမှာ အလုပ်ပေါသော်လည်း ကျန် Major များကတော့ အလုပ် ရှားဆဲပါ။ အလုပ်ခေါ်စာတွင် အတွေ့အကြုံ ၂ နှစ်၊ ၃ နှစ်ရှိမှသာ ခေါ် ကြသည်မို့ အလုပ်ပေါသည် ဆိုသော်လည်း အခက်တွေ့နေကြဆဲပါ။ အလုပ်သင်အနေနဲ့ ခေါ်တာလည်း တော်တော်ရှားပါသေးတယ်။
ဖွံ့ဖြိုးဆဲ နိုင်ငံတစ်ခုအတွက် အင်ဂျင်နီယာလုပ်သား များစွာ လိုအပ်သည်ဟု ထင်ပါသည်။ ကျောင်းဆင်း ပြီးခါစမို့ အတွေ့အကြုံမရှိ၊ လက်တွေ့ပိုင်းတွင် ကျွမ်းကျင်မှု မရှိသောကြောင့် အလုပ်မခန့်ကြလျှင် ဘွဲ့ရအရေအတွက်သာ တိုးလာမည်ဖြစ်ပြီး ကျွမ်းကျင် လုပ်သားများ ရှားပါးလာကာ နိုင်ငံတော်လည်း ဖွံ့ဖြိုးတိုးတက်ဖို့ နှောင့်နှေး နေမည်ဖြစ်သည်။ ကျွန်တော်တို့လူငယ်များကို ပစ်မထားစေချင်ပါ။ လူငယ်များကို လက်တွဲခေါ်စေချင်သည်။ လူငယ်များကို ဖေးမပေးပါ။ လူငယ်များကို အားပေးပါ။ ကျွန်တော်တို့ လူငယ်များသည် ဘွဲ့ရသော်လည်း ဘာမှမတတ်၊ ဘာမှလည်း ဟုတ်တိပတ်တိ မရဟု ယခုခေတ် လူကြီးများက ပြောကြပါသည်။ ထိုသို့ဆိုလျှင် ကျွန်တော်တို့ လူငယ်များသည် အုပ်ချုပ်သူများ၏ အစမ်းသပ်ခံ ပညာရေးစနစ်တစ်ခု အောက်မှာ အစမ်းသပ်ခံလူငယ်များ ဖြစ်ခဲ့ရပါသည်။ ထို့ကြောင့် အပြစ်တင်မည်ဆိုလျှင် ကျွန်တော်တို့လူငယ်များကို အပြစ် မတင်သင့်ပါ။ ပညာရေးစနစ်ကြောင့် ဖြစ်စေ သို့မဟုတ် အုပ်ချုပ်သူများ၏ ပညာရေးစနစ် စီမံခန့်ခွဲမှု အားနည်းမှုကြောင့် ဖြစ်စေ ဘာမှမသိမတတ်သော ဘွဲ့ရလူငယ်(သားကောင်) ဖြစ်ခဲ့ရတာပါ။

ဆေးဘက်ဆိုင်ရာ ကျောင်းဆင်းများသည်လည်း အလုပ်အလွယ်တကူ မရတတ်ကြပါ။ အလုပ်သင် ဆရာဝန်အလုပ်ရရန်ပင် မလွယ်ကူကြပါ။ မြန်မာနိုင်ငံတွင် ဆရာဝန်မြောက်မြားစွာ လိုအပ်သည်မှာ မှန်သော်လည်း ဆေးကျောင်းဆင်းများ ကတော့ အလုပ်ရှားပါးနေကြဆဲ။ အင်ဂျင်နီယာနှင့် ဆေးဘက်ဆိုင်ရာ တက္ကသိုလ်ကျောင်းဆင်း များသည် လေး၊ ငါး၊ ခြောက် နှစ် တက်ခဲ့ရ၊ ငွေများစွာ ကုန်ကျခံ၊ အချိန်များစွာ ပေးဆပ်ခဲ့ရသော်လည်း ကျောင်းပြီးလျှင် အလုပ်တစ်ခုရဖို့ တော်တော်ခက်ပါသည်။ လက်ရှိအလုပ် အခွင့်အလမ်းမှာ မည်မျှပင် ပေါသည်ဆိုစေကာမူ အလုပ်တစ်ခု လွယ်လွယ်ကူကူ မရနိုင်ပေ။

ထို့ကြောင့်လည်း ၁၀ တန်းအောင်လျှင် တက္ကသိုလ် ဆက်မတက်ခိုင်းသော မိဘများနှင့် ပြည်ပမှကဘွဲ့ရမှသာ အလုပ်အကိုင် အခွင့်အလမ်းများသည်ဟု ယုံကြည်သော ငွေကြေးတတ်နိုင်သည့် မိဘများလည်း တွေ့ဖူးပါသည်။ ဘယ်လိုပဲဖြစ်ဖြစ် ဘွဲ့တစ်ခုသည် အတိုင်းအတာတစ်ခု အထိတော့ အကျိုး သက်ရောက်မှု ရှိသည်ဟု ယုံကြည်ပါသည်။

အလုပ်တစ်ခုရဖို့အရေး ဘွဲ့လက်မှတ်တစ်ခုတည်းနှင့် မလုံလောက် တော့ပါ။ အလုပ်လျှောက်လျှင် လိုအပ်ချက် (Job Requirements) တွေက များလွန်းလှသည်။ မိမိဝင်ရောက်မည့် လုပ်ငန်းခွင်နယ်ပယ်အလိုက် မိမိစိတ်ဝင်စားရာ အရရော၊ လိုအပ်ချက်အရပါ သင်တန်းများကို ပြေးတက်ကြသည်။ သည်ကြားထဲ မြန်မာဘာသာစကား တစ်ခုတည်းနှင့်လည်း မဖြစ်ပြန်တော့ အခြားဘာသာစကား တစ်ခုခု (English, Chinese, Japan, Korea, etc) ကိုလည်း လေ့လာသင်ယူရပြန်သည်။ တက်လိုက်ရသည့် သင်တန်းများ၊ Speaking များ၊ 4 Skills များ ဖတ်ဖတ်မောမတတ်။ အချို့လူငယ်များမှာ ငွေကြေး အဆင်မပြေသောကြောင့် သင်တန်များလည်း သီးသန့် မတက်နိုင်ကြပါ။ ထို့ကြောင့် အလုပ်လုပ်ရင်း တက်ကြရပါသည်။ အချို့မှာ ကိုယ့်ဘွဲ့နှင့် မသက်ဆိုင်သော်လည်း ငွေကြေး အဆင်မပြေမှုကြောင့် ရရာအလုပ်ကိုပဲ ဝမ်းရေးအရ ဝင်လုပ်ကြရသည် များလည်း ရှိပါသည်။

အလုပ်တစ်ခု စတင်လျှောက်ပြီဆိုလျှင် အလုပ်လျှောက်ရန် လိုအပ်သော ဓာတ်ပုံများ၊ ဘွဲ့လက်မှတ်များ၊ သင်တန်းဆင်းလက်မှတ်များ၊ သန်းခေါင်စာရင်းများ၊ လက်ဖက်ရည်ဖိုးများ ပေး၍ ရယူထားသော စာရိတ္တ ကောင်းမွန်ကြောင်း၊ ပြစ်မှုကင်းကြောင်း ထောက်ခံစာများကို မိတ္တူအထပ်လိုက် ကူးရပါသည်။ IT ခေတ်ကြီးမှာ အချို့ကုမ္ပဏီများမှာ Email Address နှင့်သာ ခေါ်ကြသောကြောင့် Email လိပ်စာဖြင့် လျှောက်ရပါသည်။ Internet & Email အသုံးချတတ်ခြင်းကြောင့် လူကိုယ်တိုင် သွားရောက်ရတာ သက်သာသွား ပါသည်။ သို့ပေမယ့် များသောအားဖြင့် Email ဖြင့် Reply အကြောင်း ပြန်တာ မကြုံဖူးသေး။ ဖုန်းနဲ့တော့ ဆက်သွယ်ပါသည်။ အလုပ်တစ်ခုသာ လျှောက်ပါက မသေချာသောကြောင့် လေး၊ ငါးခုမက လျှောက်ထားဖို့ရာ ရန်ကုန်မြို့အရှေ့၊ အနောက်၊ တောင်၊ မြောက် လိုင်းကားခ အတန်တန်ကုန်၊ လမ်းကြောင်းမသိ၍ Taxi ခကုန်ခံကာ လျှောက်ကြရသည်။ စီးပွားရေးမြို့တော် ရန်ကုန်တွင် မြန်မာပြည်နေရာအနှံ့မှ ရောက်လာကြသော နယ်သူ နယ်သားများမှာ မျက်စိကလယ်ကလယ်ဖြင့် ကြိမ်ဖန်တစ်ရာမက မေးမြန်းကာ လျှောက်ကြပါသည်။ ဘယ်လိုပဲ လျှောက်ရလျှောက်ရ ကိစ္စမရှိ၊ အလုပ် လျှောက်ရမှာတော့ ကိုယ့်အပိုင်း၊ ကိုယ့်တာဝန်ဖြစ်သည်။ လျှောက်သည့် ကုမ္ပဏီ၏ Reception ဧည့်ကြိုဌာနကို ရောက်သောအခါ Reception မမလေးများရဲ့ ဆက်ဆံပုံနှင့် လှည့်ပြန်ရတော့မလိုလို။ ဧည့်မကြိုဘဲ ဧည့်မောင်းဖြစ်နေသည်။ သူတို့ပြန်ပြောလိုက်တာက မျက်နှာထား တင်းတင်းနှင့် ဒီအလုပ် ခေါ်ထားသလားတဲ့။ ဘယ်ဂျာနယ်မှာ ဘယ် Post နဲ့ ခေါ်ထားပါတယ်လို့ ဧည့်ကြိုကို ပြန်ပြောပြရတယ်။ ဒါကိုကြည့် ခြင်းအားဖြင့် HR နဲ့ Reception ကြားမှာ Link မရမှန်းသိသာသည်။ အလုပ်ခေါ် ထားတယ်ဆိုရင် HR က Reception ကို ကြိုပြောထားရမှာပေါ့။ ဒါမှ အလုပ်လျှောက်သူများ အဆင်ပြေမည်။

အလုပ်က မြန်မြန်ရချင်သောကြောင့် "အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီများ" ကို အားကိုးသည်။ ဂျာနယ်ထဲမှာဆို Agent တွေက Ever Urgent ပဲ။ အဲဒီမှာ ပိုဆိုးသွားရော CV က သုံး လေးစုံ၊ ဓာတ်ပုံက ငါးပုံ၊ ခြောက်ပုံ၊ ဝန်ဆောင်ခက သုံး လေးထောင် ဒါတင်မကသေး အင်တာဗျူး ကြေးပေးရမယ်။ ပထမဆုံးအလုပ်အားခရဲ့ တစ်ဝက်ပေးရမယ်ဆိုတော့ တော်တော် စဉ်းစားလိုက်ပါသည်။ အလုပ်လိုချင်သောကြောင့် အလုပ်အပ် လိုက်ပေမယ့် တစ်ခါတောင်မှ မဆက်သွယ်ခဲ့ပါ။ တကယ်ပြောတာပါဗျာ ချဲ့ကားပြောတာ မဟုတ်ပါ။ ပိုက်ဆံတစ်ပြားမှ မပေးရသည့် စိတ်ရှည်စွာ အလုပ်ရှာပေးသည့် Agent များလည်း ရှိပါသည်။ ထို Agent များကိုတော့ အလွန်ကျေးဇူးတင်ပါသည်။ အလုပ်ရှာသူတွေကြားထဲမှာ "အကပ်၊ အဆက်အစပ်" ဆိုသည့် စကားလုံး အတော်ခေတ်စားပါသည်။ အထူးသဖြင့် ဘဏ်အလုပ်နှင့် အစိုးရအလုပ် များတွင် ပိုတောင် ခေတ်စားပါသေးသည်။ အလုပ်ခေါ်သည့် ဦးရေများလျှင် အကြောင်းမဟုတ်၊ နည်းလျှင်တော့ ထိုအကပ်၊ အဆက်အစပ်ရှိသူများသာ ရသွားတတ်သည်။

အလုပ်လျှောက်ထားခြင်း ပြီးစီးပါက Interview ခေါ်မည့်ရက်ကို ထီပေါက်မည့်ရက်ကို စောင့်ရသကဲ့သို့ စောင့်ရပါသည်။ Interview ခေါ်သည့် အကြိမ်အရေအတွက်မှာ Company တစ်ခုနှင့်တစ်ခု မတူကြပေ။ နှစ်ကြိမ်၊ သုံးကြိမ်တော့ ဗျူးရပါသည်။ အချို့ကုမ္ပဏီများမှာ Interview အချိန်ကို လုံးဝမလေးစားကြပါ။ အလုပ်လျှောက်ထားသူ များသာ Interview စမည့် အချိန် နောက်ကျမည် စိုးသောကြောင့် Taxi ခ ကုန်ခံပြီး လာရသော်လည်း ပြောထားသည့်အချိန်တွင် Interview မစနိုင်ကြပါ။ တစ်ကြိမ်တည်း မဟုတ် သုံးကြိမ်ဗျူးလျှင် သုံးကြိမ်စလုံး နောက်ကျတာ ကြုံဖူးသည်။ Interview တစ်ခုနှင့်တစ်ခုကြားလည်း အလွန်ကြာပါသည်။ အလွန်ဆုံး တစ်ပတ်သာ ကြာသင့်သည်ဟု ထင်ပါသည်။ နယ်ကလာသူများ အဖို့ အလကားနေရင်း အချိန်ကုန်၊ စရိတ်ထောင်းတာပဲ အဖတ်တင်သည်။ ပထမ အင်တာဗျူးတွင် အလုပ်ရှင်များက လိုအပ်ချက်နှင့် မကိုက်ဟုထင်လျှင် အားနာစရာလည်း မလို။ စကားလုံးလှလှလည်း သုံးစရာမလိုပါ။ ခပ်ပြတ်ပြတ်ပြောလည်း ရပါသည်။ ခေါ်တော့မလိုလိုနှင့် အလုပ် လျှောက်သူများမှာ ဝေခွဲရခက်စရာလည်း မလိုတော့။ ဒီကုမ္ပဏီ မရရင် နောက်တစ်ခုကို ကြိုးစားမည် ဖြစ်သည်။

အင်တာဗျူးတွင် အချို့ကုမ္ပဏီများမှာ အလုပ်ခေါ်တုန်း ကထက် လိုအပ်ချက်တွေ ပိုတောင်းတာမျိုးလည်း ရှိသည်။ အလုပ်နှင့်မဆိုင်သော မေးခွန်မျိုးလည်း ရှာကြံ မေးတတ်ပါသည်။ ကျွန်တော်လည်း အင်တာဗျူး အရေအတွက်က ကျွန်တော့်အသက်ထက်ပင် များနေတော့ အင်တာဗျူး အတွေ့အကြုံ တော်တော်ရနေပါပြီ။ ကုမ္ပဏီသေးသေး လေးမှ နိုင်ငံတကာ ကုမ္ပဏီကြီးများအထိ ဗျူးဖူးပါသည်။ ကုမ္ပဏီကြီး အများစုမှာ အလုပ်သဘောဆန်ဆန်သာ မေးကြပါသည်။ ဒီလိုနှင့် ကုမ္ပဏီ တစ်ခုပြီးတစ်ခု အင်တာဗျူးပေါင်းများစွာ ဗျူးရင်း စောင့်ရင်းနှင့် နောက်ဆုံး တော့ အိမ်ကပါလာသည့် ပိုက်ဆံကုန်တော့မည်။ အလုပ်ကလည်းမရသေး။ ရန်ကုန်ရဲ့ (Living Cost) လူနေမှုစရိတ် မြင့်မားသောကြောင့် အိမ်ကပါ လာသည့် ပိုက်ဆံရည်ရှည်မခံပါ။ အလုပ်ရခဲ့လျှင် လစာဘယ်လောက် ရမည်မသိ။ လောလောဆယ် နေ၊ စားစရိတ်မှာတော့ တစ်လလျှင် တစ်သိန်း နီးပါးကုန်သည်။ အိမ်ကလည်း ဘွဲ့တစ်ခုရသည်အထိ ထောက်ပံ့ခဲ့ပြီးဖြစ်သည်။ အသက်ကလည်း ၂၀ ကျော်၊ ခြေစုံလက်စုံ ဘွဲ့ရလူငယ်တစ်ယောက် အိမ်ကို ပိုက်ဆံတောင်းရတာ အားနာလာသည်။ မိဘကို ကျေးဇူးဆပ်ဖို့နေနေသာသာ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်နိုင်အောင် မနည်းကြိုးစားရဦးမည်။ ထို့ကြောင့် လူငယ်များမှာ ကိုယ့်ဘွဲ့နှင့် မဆိုင်သော်လည်း ဘဝပေးအခြေ အနေအရ ရရာအလုပ်ကိုသာ ဝင်လုပ်လိုက်ကြရသည်။

အချို့မှာ အဆင့်မြင့်ဘွဲ့များနှင့် သင်တန်းဆင်းလက်မှတ် တပုံတပင် ရှိသော်လည်း အလုပ်မရတာလည်းရှိသည်။ အလုပ်ရခဲ့သော်လည်း အခြေခံ လစာ အလွန်နည်းပါးသောကြောင့် လူနေမှုစရိတ်နှင့် မကာမိပါ။ အလုပ်သာ လုပ်နေရသော်လည်း အိမ်ကိုပြန်တောင်းနေ ရသည်။ တော်တော်တော့ ရယ်ချင်စရာကောင်းပါသည်။ တစ်ခါတလေတော့ ဒီဘွဲ့နှင့်ဒီအလုပ် မရတာ တော်တော် စိတ်ပျက်မိသည်။ ဒီအတိုင်းဆို ကိုယ်ယူခဲ့တဲ့မေဂျာကို အပြစ်တင်ရမည်လား၊ မြန်မာပြည်က ဘွဲ့ကို အပြစ်တင်ရမည်လား၊ ကိုယ့်ကိုယ်ကိုယ်ပဲ အပြစ်တင်ရမည်လား ထို "လား" ပေါင်းများစွာနှင့် မြန်မာပြည်တွင် အလုပ်နှင့်လစာ တွက်ခြေမကိုက်လေတော့ ပြည်ပသို့ အလုပ် ထွက်လုပ်ကြကုန်သည်။

တစ်လောက facebook တွင် ပျစ်ပျစ်နှစ်နှစ် ဝေဖန်ထားသည်ကို ဖတ်လိုက်ရသည်။ ဘာတဲ့ ပြည်ပရောက် မြန်မာကူလီများ ဆိုလား။ ထိုင်းကူလီ၊ မလေးကူလီ၊ စင်္ကာပူကူလီ၊ ဂျပန်ကူလီ၊ ကိုးရီးယားကူလီ၊ ဒူဘိုင်းကူလီ၊ ကာတာကူလီ စသည်ဖြင့် စုံလို့။ ဒါကတော့ သူ့အထင် သူ့အမြင်ကို ဝေဖန်ထားတာဖြစ်မည်။ ပြည်ပတွင် မြန်မာလူမျိုးများ ပညာရှင် အနေနှင့် အလုပ်လုပ်နေကြတာလည်း ရှိတာပဲလေ။ ဥပမာ (Engineer, Accountant, Programmer, Doctor, Professor) မြန်မာပြည်က အချို့ဘွဲ့ရ လူငယ်များလည်း အတွေ့အကြုံရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ ပြည်ပသို့ အလုပ်လုပ်ရန် ထွက်နေကြမြဲပါပဲ။ အချို့မှာ သေချာ ပြင်ဆင်ပြီး သွားကြသည်မို့ အဆင်ပြေကြပါသည်။ ဒီလိုဆိုတော့လည်း ပညာရှင်များပြောသလို လုပ်သားအရင်းအမြစ် (Human Resource) ဆုံးရှုံးသွားခြင်းလား သို့မဟုတ် ဦးနှောက်ယိုစီးသွားခြင်းလား (Brain Drain) မပြောတတ်တော့ပေ။ Human Resource ဆိုတာကြီး မရှိတော့ လုပ်သားများကို တတ်အောင်၊ တော်အောင်၊ ထူးချွန်အောင် (Skill Worker) ဖြစ်အောင် လုပ်တဲ့လုပ်သား ဖွံ့ဖြိုးတိုးတက်မှု (Human Resource Development) ဆိုတာကြီးလည်း လုပ်လို့မရတော့ပါ။ တော်တဲ့ လုပ်သား၊ ညံ့တဲ့ လုပ်သား၊ သာမန်လုပ်သား၊ ထူးချွန်တဲ့ လုပ်သားတွေကို သူ့နေရာနှင့်သူ နေရာတကျ စီမံခန့်ခွဲတဲ့ လုပ်သားစီမံခန့်ခွဲမှု (Human Resource Management) ဆိုတာလည်း မရှိနိုင်တော့ပါဘူး။ ကျွန်တော်က HR Specialist တစ်ယောက်မဟုတ်တဲ့အတွက် HR, HRD, HRM ဆိုတာတွေကို ဒီလိုပဲနားလည်ထားပါတယ်။

အနှစ်ချုပ်ပြောချင်သည်မှာ ကျွန်တော်တို့ဟာ ဘဝတိုက်ပွဲအတွက် ပထမဆုံးခြေလှမ်းကို စတင်လျှောက်လှမ်းမည့် လူငယ်များဖြစ်ပါတယ်။ ကောင်းမွန်သည့် အတွေ့အကြုံများကိုလည်း မပိုင်ဆိုင်ထားကြပါ။ အိမ်ကို လက်ဖြန့် မတောင်းချင်တော့သည့် လူငယ်များအနေဖြင့် ကိုယ့်ခြေပေါ်ကိုယ် ရပ်တည်နိုင်ရေးအတွက်ပါ ထိုက်သင့်သောလစာကိုလည်း မျှော်လင့်ပါသည်။ နိုင်ငံတစ်နိုင်ငံဖွံ့ ဖြိုးတိုးတက်ဖို့အတွက် အလုပ်အကိုင်ရရှိရေး ကလည်း လွန်စွာ အရေးကြီးပါသည်။ ကိုယ့်နိုင်ငံတွင် ပညာသင်ယူပြီး တိုင်းတစ်ပါးတွင် အလုပ်သွားမလုပ်ချင်ပါ။ ထို့ကြောင့် လူငယ်များကို လက်တွဲခေါ်ပါ။ ကိုယ်ချင်းစာပေးပါ။ မြေတောင်မြှောက်ပေးကြပါ။

ကိုနေသွေး (B.E) - The Voice Weekly

Posted: 18 Apr 2013 01:44 AM PDT
နေပြည်တော်၊ ဧပြီ ၁၈

၁၆-၄-၂၀၁၃ ရက်နေ့ ၁၆၄၅ အချိန်မှ ၁၇၁၅ အချိန်ထိ လေပြင်းတိုက်ခတ်မှုကြောင့် မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ်၊ သူဌေးကုန်းရပ်ကွက်ရှိ တောင်ခမောက်အပေါ် ဘုန်းကြီးကျောင်းရှိ ၁၂ ပေသွပ်(၇၆)ချပ်ခန့် လေလွင့်ပျက်စီးခဲ့ပြီး သုံးဆယ်ခြောက်ကျေးရွာရှိ အမှတ်(၃၅)အခြေခံပညာမူလတန်းကျော
င်းဝင်းအတွင်းရှိ အလျား ၁၂၀ ပေ၊ အနံ ၃၀ ပေရှိ ၄ ခန်းတွဲကျောင်းဆောင်သစ်မှ ၁၂ ပေသွပ်(၁၂၀)ချပ်၊ ၈ ပေသွပ်(၅)ချပ်၊ ပေါင်း(၁၂၅)ချပ်နှင့် အလျား ၇၀ ပေ၊ အနံ ၃၀ ပေ ၃ ခန်းတွဲကျောင်းဆောင်ဟောင်းမှ ၁၂ ပေသွပ်(၇၅)ချပ်တို့လည်း လေလွင့်ပျက်စီးခဲ့သောကြောင့် တန်ဖိုးငွေကျပ်(၂၄)သိန်းခန့် ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် တွင်းကုန်းရပ်နေ ဦးဇော်ခင်၏ (၃x၄)ပင် ထရံကာ၊ ကြမ်းခင်း၊ သွပ်မိုး ၁ ထပ်နေအိမ်မှ ၈ ပေသွပ်(၂၀)ချပ်လေလွင့်ခဲ့သဖြင့် တန်ဘိုးငွေကျပ်(၂၀၀၀၀၀ိ/-)၊ ဦးမြ၀င်း၏ လူမနေသည့် (၃x၄)ပင် သက်္ကယ်မိုး၊ ထရံကာ နေအိမ်မှာလဲပြိုပျက်စီးခဲ့သဖြင်
့ တန်ဖိုးငွေကျပ်(၅၀၀၀၀၀ိ/-)ခန့်၊ ၁၅၃၀ အချိန်ကလည်း ချောက်မြို့နယ်၊ နရွဲတောရွာ အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ)မူလတန်းဆောင် အလျား ၁၀၀ ပေ၊ အနံ ၃၀ ပေ၊ အမြင့် ၁၂ ပေ၊ ၈ ပေသွပ် (၉၆)ချပ်၊ (၃x၁)လက်မ သစ်သားချောင်း ၁၈ ပေ(၁၁)ချောင်း၊ (၄x၁)လက်မ ၁၈ ပေ ၁ ချောင်း၊ တန်ဘိုးငွေကျပ်(၂၅၀၀၀၀ိ/-)ခန့်ဆုံးရှုံးခဲ့ကြောင်းနှင့် အခင်းဖြစ်နေရာသို့ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့ဝင်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်ပညာရေးဌာနတို့မှ ပူးပေါင်းဆောင်ရွက်ကူညီပေးလျက် ရှိကြောင်း သိရှိရသည်။

ထို့အတူ ယင်းနေ့ ၁၅၂၀ အချိန်မှ ၁၅၃၀ အချိန်ထိ လေပြင်းတိုက်ခတ်မှုကြောင့် မကွေးတိုင်းဒေသကြီး၊ စလင်းမြို့အရှေ့တောင်ဘက်၊ ဖောင်းလင်းအရှေ့ရွာတွင် (၄x၃)ပင် သက်္ကယ်မိုး၊ ထရံကာ ကြမ်းခင်းလူနေတဲ ၂ လုံး၊ (၃x၃)ပင်သက်္ကယ်မိုး၊ ထရံကာ မြေစိုက်တဲ လူနေအိမ် ၂ လုံး၊ ပေါက်လေးပင်ကျေးရွာတွင် (၄x၃)ပင် သက်္ကယ်မိုး၊ ထရံကာ ကြမ်းခင်း လူနေတဲ ၂ လုံး၊ ခြောက်ပင်ကျွန်းကျေးရွာတွင် (၃x၃)သက်္ကယ်မိုး၊ ထရံကာကြမ်းခင်း လူနေတဲ ၁ လုံး၊ ကျောက်ရဲကျွန်းကျေးရွာတွင် (၃x၃)ပင် သက်္ကယ်မိုး၊ ထရံကာမြေစိုက်တဲ ၂ လုံး၊ စုစုပေါင်းလူနေအိမ် ၉လုံးပြိုလဲခဲ့ပြီး လူ/တိရစ္ဆာန်ထိခိုက်မှုမရှိကြောင်
းနှင့် လမ်းပန်းဆက်သွယ်ရေးပြတ်တောက်မှု မရှိ ကြောင်း၊ လေဘေးသင့်ပြည်သူ အိမ်ထောင်စု ၉ စု၊ လူဦးရေ ကျား ၂၁ ဦး၊ မ ၁၇ ဦး၊ စုစုပေါင်း ၃၈ ဦး တို့အား ၎င်းင်းတို့၏ နီးစပ်ရာဆွေမျိုးများနေအိမ်တွင် နေရာချထားပေးခဲ့ကြောင်း သတင်းရရှိသည်။

ရဲဇာနည်

ပြည်မြို့ မှာ လေပြင်တိုက်ခိုက်မှုကြောင့် ပျက်စီးပုံ
Posted: 18 Apr 2013 01:45 AM PDT
နေပြည်တော်၊ ဧပြီ ၁၈
၁၇-၄-၂၀၁၃ ရက်နေ့ ၁၅၃၀ အချိန်မှ ၁၅၄၅ အချိန်ထိ ပဲခူးတိုင်းဒေသကြီး၊ က၀မြို့နယ်တွင် လေပြင်းတိုက်ခတ်မှုကြောင့် ကံအေးကျေးရွာတွင် နေအိမ်(၃၅)လုံးပြိုကျ၍နေအိမ် ၃၅ လုံးအမိုးလန်၊ တန်ဘိုးငွေကျပ်(၇၀၀၀၀၀၀ိ/-)ပျက်
စီးဆုံးရှုံးခဲ့သည်။
အလားတူ ကံမြင့်ကျေးရွာတွင် နေအိမ်(၁၉၀)လုံးပြိုကျသဖြင့် တန်ဖိုးငွေကျပ် (၂၈၅၀၀၀၀၀ိ/-)ဆုံးရှုံးခဲ့ကြောင်
းနှင့်မူလတန်းလွန်ဝါးကျောင်းလည်းပြိုကျခဲ့သည်။
 ထို့ပြင် သပြေကန် အသင်းကျေးရွာတွင်လည်း နေအိမ်(၄၀)လုံးပြိုကျသဖြင့် တန်ဖိုးငွေကျပ်(၆၅၀၀၀၀၀ိ/-)၊ ဆုံးရှုံးခဲ့ကာ အမကကျောင်းအမိုးလန်ပျက်စီးခဲ့
ပြီး လူ/တိရိစ္ဆာန်ထိခိုက်မှုမရှိကြောင်းနှင့် ကံအေးကျေးရွာမှ အိမ်ထောင်စု(၇၅)စုနှင့် သပြေကန်အသင်းကျေးရွာမှ အိမ်ထောင်စု(၄၀)စုတို့အား နီးစပ်ရာဆွေမျိုး မိတ်ဆွေများထံပြောင်းရွေ့နေထိုင်စေလျက်ရှိပြီး ကံမြင့်ကျေးရွာမှ အိမ်ထောင်စု(၉၀)စုသည် နီးစပ်ရာဆွေမျိုးများထံတွင်လည်းကောင်း၊ အိမ်ထောင်စု(၁၀၀)မှာ ကံမြင့်ကျေးရွာ ဘုန်းကြီးကျောင်း တွင်လည်းကောင်း ယာယီပြောင်းရွှေ့နေထိုင်လျက်ရှိကြကြောင်း သတင်းရရှိသည်။
ထို့ပြင် ထိုနေ့ ၁၆၄၅ အချိန်မှ ၁၆၅၀ အချိန်ထိ ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံမြို့နယ်၊ အမာမြို့နယ်ခွဲ၊ ရွှေထီးကျေးရွာနေ ရေလုပ်ငန်းရှင် ဦးခိုင်မြင့်(၄၅)နှစ် ""စိန်ဇင်ယော်""ရေလုပ်ငန်းပိုင် ဆိုင်သော အလျား(၃၆)ပေ၊ အနံ(၁၂)ပေ၊ အမြင့်(၁၃)ပေရှိ ဓနိမိုး၊ ဓနိကာ၊ ၀ါးခင်း(၄)ခန်းတွဲ အလုပ်သမားတန်းလျားမှာ လေပြင်းတိုက်ခတ်မှုကြောင့် အမိုးအကာများပျက်စီးခဲ့သဖြင့် တန်ဖိုးငွေကျပ်(၁၀၀၀၀၀ိ/-)ပျက်
စီးဆုံးရှုံးခဲ့သဖြင့် အဆိုပါအလုပ်သမားတန်းလျားတွင်နေထိုင်သူ အိမ်ထောင်စု ၃ စု၊ လူဦးရေ ကျား ၁၀ ဦး၊ မ ၅ ဦး၊ စုစုပေါင်း ၁၅ ဦးတို့အား ဦးခိုင်မြင့်၏နေအိမ်သို့ ပြောင်းရွှေ့နေရာချထားပေးခဲ့ကြောင်းနှင့် လေပြင်းတိုက်ခတ်မှုကြောင့် လူ/တိရိစ္ဆာန်ထိခိုက်မှု မရှိကြောင်း သတင်းရရှိသည်။
ရဲဇာနည်

ပြည်မြို့ မှာ လေပြင်တိုက်ခိုက်မှုကြောင့် ပျက်စီးပုံ
Posted: 18 Apr 2013 01:31 AM PDT
သျှမ်းပြည်မြောက်ပိုင်း တန့်ယန်းမြို့နယ် လွယ်စေးအုပ်စု အတွင်းရှိ ကျေးရွာနှစ်ရွာပေါ်အား မြန်မာစစ် တပ်မှ လက်နက်ကြီး ဖြင့် ပစ်ခတ်သဖြင့် ရွာသား ၂ ဦးဒဏ်ရာရကာ အိမ် ၂ လုံးပြာကျခဲ့ကြောင်း တန့်ယန်းဒေသခံများ က ပြော သည်။

" လွယ်စေး(တရုတ်)ရွာထဲကို လွယ်ဖှာ့ဖာစခန်းကနေ မြန်မာ့စစ်တပ်က လက်နက်ကြီးနဲ့ပစ်ချတယ်။ လွယ်စေး(တရုတ်)ရွာက ရွာသားတွေက မြို့ဘက် သိပ်မပြောင်းကြဘူး။ ဆိုတော့ အသက် ၁၇ နှစ်အရွယ် ကောင်လေးတယောက်နဲ့ အသက် ၁ နှစ်အရွယ် ကလေးလေးတယောက် ကျည်စ ထိ ဒဏ်ရာရတယ်။ အခု ၂ ယောက်စလုံး တန့်ယန်းဆေးရုံမှာ ဆေးကုသမှုခံယူ နေ တယ်" တန့်ယန်းမြို့နေ စစ်ပြေးဒုက္ခသည် များအား ကူညီမှုပေးနေသော စိုင်းနောင့်က ပြောသည်။

ဧပြီလ ၁၅ ရက် မွန်းလွဲ ၁ နာရီခွဲက ရွာအနီးတောင်ကုန်း(လွယ်ဖှာ့ဖာ
တပ်စခန်း) ပေါ်ရှိအစိုးရတပ်စခန်းမှ လွယ်စေးရွာထဲသို့ လက်နက်ကြီး ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး အားလူ (အသက် ၁၇ နှစ်) နှင့် အားဝေချင် (အသက် ၁ နှစ်၂ လ) တို့အား ခြေထောက်၊ လက်နှင့် တင်ပါးတို့၌  လက်နက်ကြီးကျည်စ ထိမိခဲ့သည်။

အားဝေချင်တို့အိမ်ဝင်းထဲကျည် ၃ လုံးကျကာ နွားမွေးခြံပါထိမိကြောင်း တန့်ယန်းရောက် လွယ်စေးရွာသားများပြောသည်ဟု စိုင်းနောင့်ကပြောသည်။

ထိုနေ့တရက်တည်းတွင်ပင် ဟွေ့ပူရွာအခြေစိုက် မြန်မာတပ်စခန်းမှလည်း ဝမ့်ကောင်လုံရွာထဲသို့ လက်နက်ကြီးပစ်ခတ် သဖြင့် အိမ် ၂ လုံးပြာကျခဲ့သည်။

" လုံးဆိုင် နဲ့ အိုက်ဆာမ်လမ် တို့အိမ် ၂ လုံးပြာကျသွားတယ်။ တော်သေးတယ် ပိုင်ရှင်တွေက မြို့တက်တိမ်းရှောင်ကုန်ကြ တယ်လေ" ဟု မြို့ပေါ်ရောက် ဟွေ့ပူရွာသားကလည်းပြောပါသည်။ တန့်ယန်း အောင်မင်္ဂလာကျောင်းတိုက် ဒုက္ခသည် စခန်း ၌လည်း အခုရက်ပိုင်း လူဦးရေထပ်တိုးလာနေကြောင်းလည်း ကူညီရေးအဖွဲ့မှ စိုင်းခေး ကပြောသည်။

မြန်မာအစိုးရက တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ
့များအား အပစ်ရပ်ကြောင်း ငြိမ်းချမ်းရေးဆွေးနွေးကြောင်းဆွေးနွေး သဘောတူလက်မှတ်ရေးထိုးထားသော်လည်း ထိုကဲ့သို့ ပြည်သူများ ငြိမ်းချမ်းစွာမနေနိုင်သေးသည်မှာ အောက်ပါအချက် ၅ ချက်ကိုကြည့်လျှင်အလွယ်တကူလေ့လာနိုင်ကြောင်း RCSS/SSA အတိုင်ပင်ခံပုဂ္ဂိုလ်တဦးကပြောသည်

(၁) မြန်မာအစိုးရသည် တပြည်လုံးအပစ်ရပ်စဲကြောင်း မကြေငြာခြင်း
(၂) ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်
ငန်းစဉ်အတွက် ဘတ်ဂျက်ချမပေးခြင်း
(၃) အပစ်ရပ်လက်မှတ်ရေးထိုးပြီးသော်
လည်း စစ်ဆင်ရေးများဆက်လက်ဆင်နွှဲနေခြင်း
(၄) အပစ်ရပ်သည့်အဖွဲ့ ၁၃ ဖွဲ့ဟု မကြေငြာဘဲ အပစ်ရပ် ၁၀ ဖွဲ့ဟုသာ အစဉ်အမြဲပြောဆိုကြေငြာခြင်း
(၅) ၁၇(၁)ပုဒ်မအား လုံးဝ မပယ်ဖျက်ပေးခြင်း- စသည်တို့ကြောင့်ဖြစ်ကြောင်း ပြောသည်။

ထိုသို့ဖြစ်ရခြင်းမှာ စစ်တပ်အပေါ်  သမ္မတထိန်းချုပ်နိုင်စွမ်း မရှိသေးခြင်းကြောင့်ဖြစ်ကြောင်း
၊ တပ်မတော်အပေါ် သမ္မတကြီး ဩဇာလွှမ်းမိုးနိုင်ရေးမှာ အကြီးမားဆုံးသော ရင်ဆိုင်ကျော်လွှားမှုတခုဖြစ်နေကြောင်း အဆိုပါ ပုဂ္ဂိုလ်က သုံးသပ် ပြောဆိုပါ သည်။

သျှမ်းသံတော်ဆင့်

ယခင်တိုက်ပွဲများကလည်း ရွာသားများ၏နေအိမ်ခြံဝင်းအတွင်းသို့ မြန်မာစစ်တပ်လက်နက်ကြီးဖြင့်ပစ်ချခဲ့ဖူးသည်

Posted: 18 Apr 2013 01:11 AM PDT
မြန်မာနိုင်ငံပေါ်မှာ ချမှတ်ထားတဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ဥရောပသမဂ္ဂ (အီးယူ) က လာမယ့်အပတ်အတွင်း ရုပ်သိမ်းပေးဖွယ် ရှိပါတယ်။

တိုင်းပြည်အတွင်းက ပြုပြင်ပြောင်းလဲမှုတွေကြောင့် လက်နက်ရောင်းချ တားမြစ်တာက လွဲလို့ ကျန်တဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ရုပ်သိမ်းပေးဖွယ် ရှိတယ်လို့ ရိုက်တာသတင်းတရပ်မှာ ဖော်ပြထားပါတယ်။

အီးယူက မြန်မာနဲ့ ဆက်ဆံရေးစာမျက်နှာသစ်ကို ဖွင့်လှစ်ပြီးတော့ ခိုင်မြဲတဲ့ ပူးပေါင်းလုပ်ဆောင်မှုတွေကို တည်ဆောက်သွားမယ်လို့ ဆိုပါတယ်။ ဒီလိုလုပ်ဆောင်လိုက်ရင်တော့ ဥရောပကုမ္ပဏီတွေက မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံခွင့်တွေ ရရှိတော့မှာ ဖြစ်ပါတယ်။

ဒါ့အပြင် ကျန်ရှိနေတဲ့ နိုင်ငံရေး အကျဉ်းသားတွေကိုလည်း လွှတ်ပေးဖို့ အီးယူက တောင်းဆိုထားပါတယ်။ ဘာသာရေးအဓိကရုဏ်းတွေကိုလည်း ဖြေရှင်းပေးပြီးတော့ ရခိုင်ပြည်နယ်က ရွှေ့ပြောင်းဒုက္ခသည်တွေကိုလည်း လူသားချင်းစာနာမှု အကူအညီတွေ ရရှိအောင် အလျင်အမြန် ဆောင်ရွက်ဖို့ အစိုးရကို တောင်းဆိုထားပါတယ်။

အီးယူက မြန်မာကုမ္ပဏီ ၁၀၀၀ နီးပါးရဲ့ ပိုင်ဆိုင်မှုတွေကို ရပ်တန့်ခဲ့ပြီးတော့ လူ ၅၀၀ ကိုလည်း အီးယူနိုင်ငံတွေကို ၀င်ရောက်သွားလာခွင့် ပိတ်ပင်ထားတာပါ။ ဒါ့အပြင် စစ်တပ် နည်းပညာဆိုင်ရာ အကူအညီနဲ့ သတ္တု၊ သစ်ထုတ်လုပ်ငန်းနဲ့ အဖိုးတန် သယံဇာတ လုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံတာကိုလည်း တားမြစ်ခဲ့ပါတယ်။ အရင်နှစ်တုန်းက အီးယူက မြန်မာပြည်အပေါ် ချမှတ်ထားတဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ဆိုင်းငံ့ ရုပ်သိမ်းပေးလိုက်တာ ဖြစ်ပါတယ်။

မြန်မာရဲ့ နိုင်ငံရေးနဲ့ စီးပွားရေး ရင်းနှီးမြှုပ်နှံမှုတွေကြောင့် အမေရိကန်နဲ့ တခြားအနောက်နိုင်ငံတွေက ဒဏ်ခတ်ပိတ်ဆို့တာတွေကို လျော့ချပေးခဲ့ပါတယ်။

ဦးသိန်းစိန် အစိုးရရဲ့ ပြုပြင်ပြောင်းလဲရေးတွေကြောင့် အမေရိကန်သမ္မတ ဘားရက်အိုဘားမားကလည်း မြန်မာနိုင်ငံကို သွားရောက်ခဲ့သလို စီးပွားရေးသမားတွေကလည်း ရင်းနှီးမြှုပ်နှံဖို့ မြန်မာနိုင်ငံကို လာရောက်နေပါတယ်။

 by ဒီဗွီဘီ



Posted: 18 Apr 2013 01:04 AM PDT
အမေရိကန် ပြည်ထောင်စု တက်ဆက်ပြည်နယ် Waco မြို့ရှိ ဓါတ်မြေသြဇာ စက်ရုံမှာ ပြင်းထန်တဲ့ပေါက်ကွဲ မီးလောင်မှုကြောင့် လူအများအပြားသေဆုံးပြီး တရာကျော် ဒဏ်ရာရ သွားပါတယ်။

အခုပေါက်ကွဲမှုဟာ နျူကလီးယား ပေါက်ကွဲမှုလို ပြင်းထန်ကြောင်း တက်ဆက်မြို့တော်ဝန်က ပြောပါတယ်။ မီးကြောင့် အနီးအနား အိမ်အတော်များများ ပျက်စီးပြီး လူနေ တိုက်တန်းကြီး ၅၀ကျော်လည်း မီးလောင်သွားပါတယ်။

မီးငြိမ်းသတ်တဲ့ မီးသတ်သမားတွေပါ သေဆုံးနိုင်တယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ သေသူ အရေအတွက်ကိုတော့ အတိအကျ မသိရသေးပါဘူး။

ဘီဘီစီ (မြန်မာပိုင်း)

ဓါတ်မြေသြဇာ စက်ရုံအပျက်အစီး

Posted:
...

[Message clipped]  View entire message


--
Posted By Blogger to လူဗိုလ်ဟူသည် ... at 4/19/2013 07:40:00 AM

--
မှော်ဆရာအဖွဲ့မှ နေ့စဉ် Mail များရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en
Member များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို့စာပို့နိုင်ပါသည်။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး စာပို့ပေးပါရန်။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en
အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
Facebook Page နှင့်ဆက်သွယ်လိုလျှင် www.facebook.com/mrsorcerergroup
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
---
You received this message because you are subscribed to the Google Groups "မှော်ဆရာ အဖွဲ့  ( Ѧя Ƨσяcɛяɛя )" group.
Visit this group at http://groups.google.com/group/mrsorcerer?hl=en.