[mrsorcerer:37949] Fwd: [လူဗိုလ်ဟူသည် ...] ထောင် မကြောက် ၊ တန်းမကြောက် ( ၁ )



---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: 2013/4/18
Subject: [လူဗိုလ်ဟူသည် ...] ထောင် မကြောက် ၊ တန်းမကြောက် ( ၁ )
To: lubo601@gmail.com


Mar Ga Luelin

ထောင် ...
အသံကြားတာနဲ့ ကြက်သီးထစရာ ၊ ကြောက်မိုက်ဖွယ်ရာ ၊ အနိဌာရုံတွေ စုဝေးနေရာလို့ ခေတ်အဆက်ဆက်က လူတွေ အဲ့လို ထင်မြင်ယူဆ တရားသေသေမှတ်ခဲ့ကြတယ် ။ အဲ့ . . . ကျနော်တို့လည်း အရင်ခေတ်က စာအုပ်ကြီးတွေဖတ် ၊ လူကြီးတွေပြောတာနားထောင် ပြီး ထောင် ဆိုတာကြီးက လူလူချင်းနှိပ်စက်တဲ့နေရာ ၊ လူလူချင်းအညွန့်ချိုးတဲ့နေရာကြီးတစ်ခုလို့ သတ်မှတ်ခဲ့ တာပါပဲ ။ လူထုဦးလှရေးတဲ့ ထောင် တို့ ၊ ပြီးတော့ နာမည်ကြီးစာအုပ် သာယာဝတီမှ ငရဲခန်းတို့ ၊ ပြီးတော့ အကျဉ်းသားဟောင်းစာရေးဆရာတွေ ၊ ၀န်ထမ်းငြိမ်းစာရေးဆရာကြီးတွေ ရေးတဲ့ စာတွေကိုဖတ်ပြီး အခုခေတ်ထောင်ကို သေသေချာချာ မသိတဲ့ သာမန်လူတွေ အဖို့တော့ ထောင်ဆိုတာက အရင်ခေတ်ကအတိုင်းလို့ ထင်နေကြမှာပါပဲ ။

မဟုတ်ပါခင်ဗျာ ။ အခုခေတ်ထောင်တွေက မဟုတ်ရေးချ မဟုတ်ပါ ။ အခုခေတ်ထောင်တွေက အရင်ကထောင်တွေနဲ့စာရင် နတ်ပြည်နဲ့ ငရဲပြည်လောက်ကွာပါသဗျ ။ အရင်က ထောင်တွေမှာ ၀န်ထမ်းလျှောက်လမ်းဆိုတာရှိတယ် ။ အဲ့ဒီလမ်းမှာ အကျဉ်းသားလျှောက်လို့မရပါဘူး ။ လျှောက်ခဲ့ရင်လည်း လျှောက်တဲ့ အကျဉ်းသားဟာ အဲ့ဒီခေတ်ထောင်စနစ်အတိုင်း
အဘေ ခံဖို့များသပေါ့ ။ အခုခေတ်ထောင်တွေမှာများ အကျဉ်းထောင်ဝန်ထမ်းတစ်ယောက်လာရင်တောင် အကျဦးသားကလမ်းမဖယ်ပေးဘူးခင်ဗျာ ။ ကျနော်တို့ ၀န်ထမ်းကတောင် မှ ရှောင်သွားရတဲ့ အခါတွေရှိတယ် ။ မရှောင်ရင်တော့ ပုခုံးချင်းဝင်တိုက်မဲ့ လက်ကောက် တွေက အများသား ။
အပြင်ပန်းက ကြည့်ရင်တော့ ကောင်းသပေါ့ဗျာ ။ လူလူချင်း လူ့အခွင့်ရေးတွေ အပြည့်အ၀ ရနေသပေါ့ ။ ဒါပေမယ့်အတွင်းရေးလေးတွေကလည်းရှိတယ် ။ ဒီမိုကရေစီခေတ်အကျဉ်းထောင်ဝန်ထမ်းတွေက အကျဉ်းသားကို ရိုက်လို့မရဘူးခင်ဗျ ၊ ဆဲလို့မရဘူးခဗျ ။ ထိန်းမရ သိမ်းမရ ကောင်တွေကို ဆဲလို့ရှိရင် ၊ ရိုက်လို့ရှိရင် အတိုင်ခံရသဗျ ၊ ပစ်စာ ပစ်တာခံရသဗျ ။ အင်တာနက် အပို့ခံရသဗျ ။ ထောင်ဆိုတာလည်း လိမ်မာတဲ့ကောင်တွေ တစ်ကောင်မှ ရောက်မလာတဲ့အခါကျတော့ကျနော်တို့ ၀န်ထမ်းတွေအနေနဲ့ ဒီကောင်တွေကို ဘယ်လိုထိန်းသိမ်းရမလဲခင်ဗျာ ။ ဂွကျလှပေါ့ ။ ခေတ်ကို က ဒီမိုကရေစီ
ခေတ်ဆိုတော့ . . . အင်း . . . ဒီမိုကရေစီခေတ်ဆိုတော့ကာ ။
အကျဉ်းထောင် ၀န်ထမ်းနဲ့ အကျဉ်းသားဆိုတာ မခေါ်ချင်လို့မရ ၊ မပါတ်သက်ချင်လို့မရ ။ ထောင်မှုးတွေ ၊ ထောင်မှုးကြီးတွေရဲ့ အပါတ်အသက်တွေ ၊ ဘာတွေ ညာတွေ ဆိုရင်လည်း ကျနော်တို့လို အပွင့်မရှိ အရစ်မရှိတဲ့ ထောင်ဝန်ထမ်းလေးတွေကြောက်ရသေးသဗျ ။ ရှောင်ရသေးသဗျ ။ တန်းစီး ( အခန်းလူကြီး ) ၊ စည်းကမ်းထိန်း တွေက ထောင်ဝန်ထမ်းတွေထက် ပိုပြီး သြဇာအာဏာရှိတယ်ဆိုရင် ယုံမလားတော့ မသိဘူး ။ ပုံပြင်လို့သာ မှတ်ပါ ။ အကျဉ်းသားတွေ ဆူညံပွက်လောရိုက်နေရင် ၀န်ထမ်းတစ်ယောက် သွားပြောကြည့် ၊ သွားထိန်းကြည့်မရဘူးခင်ဗျ ။ တန်းစီး နဲ့ စကထတွေသာသွားပြောကြည့် မီးတွေ
ကိုသေလို့ ။ ကျနော်တို့ ရပ်ကွက်ထဲမှာ ဒီလိုရှိပါတယ် ။
အဲ့ဒီ တန်းစီးတွေ စကထတွေကလည်း အလိုအလျှောက် ရလာတာမဟုတ်ဘူးခင်ဗျ ။ အရင်ခေတ်ကလိုမိုက်လို့ ရလာတာလည်းမဟုတ်ဘူးဗျ ။ အဆောင်မှုးတွေ ၊ အရာရှိကြီးတွေကို ဘာတွေ ညာတွေ ပေးလို့ အဲ့ဒီရာထူးရလာတာပါတဲ့ ။ ဘာတွေပေးလဲတော့ ကျနော်လည်းမသိပေါင် ။ ၀န်ထမ်းက သာ ဆိုးရွားနေတဲ့ အကျဉ်းသားကို ရိုက်နက်လို့မရပေမယ့် ၊ သကောင့်သားတန်းစီးတွေကတော့ အခုထိ တွယ်တုန်းခင်ဗျ ။ သကောင့်သားတွေကျတော့ တိုင်မယ့်လူမရှိ ၊ တောမယ့်လူမရှိနဲ့
ကောင်းဗျာ ။ အခုတော့များ ၀န်ထမ်းဆို ဖုတ်လေတဲ့ ငပိမထင် ၊ တန်းစီးတွေကျတော့ အဖေခေါ်မတတ် ၊ သေချာပါတယ်ခင် ဗျာ ။ ဒီလို အတိုင်အတောထူတဲ့ ဒီမိုကရေစီခေတ်မှာဖြင့် ကျနော်တို့ထောင်လောက က ဒီလိုသွားနေရင် . . . ။
အပြင်မှာ လူရိုက်ချင်တိုင်းရိုက် ၊ မုဒိန်းကျင့်ချင်တိုင်းကျင့် ၊ ခိုးချင်တိုင်းခိုး ၊ လုပ်ချင်တာ လုပ်။ ထောင်ကျ တော့ ထောင်ရောက်လာ ထောင်မှာ ကောင်းကောင်းအိပ် ၊ ကောင်းကောင်းစား ၊ လုပ်ချင်တာလုပ် နေချင်သလိုနေ ၊ တီဗွီနဲ့ အောက်စက်နဲ့ ၊
အကျင့်ပျက်ဝန်ထမ်းတွေ ခိုးသွင်းထားတဲ့ ဖုန်းလေးနဲ့ ၊ အုန်းသီးထဲ အရက်ထည့်စိမ်ထားတဲ့ အုန်းသီးစိတ်လေးနဲ့ ၊
အဟေဟေး . . . ကျနော်တောင် အခုခေတ်အကျဉ်းသားတွေကို အားကျသေးသဗျာ ။ ၀န်ထမ်းကထွက်ပြီး မကျေနပ်တဲ့လူတစ်ယောက်ကို ရိုက် ထောင်ထဲ အေးအေးဆေးဆေး သွားအနားယူရင်ကောင်းမလား ။
အမှန်က ထောင်ဆိုတာကြောက်နေရမဲ့နေရာ ၊ အပြစ်လုပ်ထားတဲ့ လူတွေ နောက်ထပ် အပြစ် မလုပ်ရဲတော့အောင်ထိန်းသိမ်းရတဲ့နေရာ ၊ ပညာပေးရတဲ့နေရာ ၊ ပြုပြင်ထိန်းသိမ်းပေးရမဲ့နေရာ ဒါကြောင့်လည်း ( ကော်ရက်ရှင်နယ် ဒီပါးမန့် ) ဆိုပြီး နာမည်တွင့်ခဲ့တာကိုး ။ အခုကတော့ဗျာ ၊ သူတို့အထဲမှာ စည်းကမ်းဖောက်လို့ အကျဉ်းထောင်ဥပဒေနဲ့ အရေးယူတော့လည်း
တိုင်စာပစ် ၊ အင်တာနက်တင် ၊ ဒီတော့အရေးယူမိတဲ့ ပြောမိတဲ့ ကိုဝန်ထမ်းခဗျာ ၊ ဒီအီးတွေ ပီအီးတွေဝင် အထက်ကအ ထုခံရ တခါတလေများ အ၀ါရောင် ယူနီဖောင်ချွတ်ပြီး သကောင့်သားတွေကို အားကျကာ အပြာရောင်ယူနီဖောင်းလေးပဲ ပြေးပြေးဝတ်လိုက်ချင်တဲ့ အဟုတ် ။
ထောင်ဝန်ထမ်းဆိုတဲ့ အမျိုးကလည်းခဗျာ ၊ ပုထုဇဉ်ဆိုတော့ ။ လူ့သဘာဝ ငွေရေးကြေးရေးလေးမက်လို့ ကွမ်းတွေရောင်းတဲ့အခါရှိမယ် ၊ ဘာလေးညာလေး ပါဆယ်လေး ၀ယ်ပေးတဲ့အခါရှိမယ် ။ ရှေ့နေလိုက်တာတော့မဟုတ်ဘူး ၊ ဒါပေမယ့် လူပဲဗျာသိန်းနဲ့ချီ လာဘ်မစားဘူး ဆိုရင်တောင် ဂျာနယ်လေး ဘာလေး ၀ယ်ပေးပြီး လဖက်ရည်ဖိုးရှာကြတဲ့ အခါတွေတော့ ရှိမှာပဲ ။
ကောင်းတော့ မကောင်းဘူးပေါ့ခင်ဗျာ ။ ဒါပေမယ့် အခုချိန်ထိတော့ မကင်းကြသေးပါဘူးး ။ မ၀ယ်ပေးဘူးဆိုရင်လဲ သကောင့်သားတွေ က နပူနဂျီနဲ့ ၀ယ်ခိုင်းတာတွေရှိတယ် ။ ထောင်စကားနဲ့ဆို အပါတ်အသက်တွေကိုး ။ အဆင်ပြေနေတုန်းတော့ဆရာ တပည့်ပေါ့ ခင်ဗျာ ။ အဖု အထစ်လေး တခုခု ဖြစ်တာနဲ့ ညွန်မှုးတွေ ၊ ညွန်ချုပ်တွေ လာတဲ့အခါတွေမှာ ကိုယ့်တပည့်ကြီးက ထတိုင်တော့တာပဲ ၊ ထုံးစံအတိုင်း ဒီအီး ပီအီးပေါ့ခင်ဗျာ ။
ထောင်တွင်းရေး ဒုတိယပိုင်းဆက်ပါမည် ။

ထောင်ဝန်ထမ်းတစ်ဦး


--
Posted By Blogger to လူဗိုလ်ဟူသည် ... at 4/19/2013 08:36:00 AM

--
မှော်ဆရာအဖွဲ့မှ နေ့စဉ် Mail များရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en
Member များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို့စာပို့နိုင်ပါသည်။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး စာပို့ပေးပါရန်။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en
အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
Facebook Page နှင့်ဆက်သွယ်လိုလျှင် www.facebook.com/mrsorcerergroup
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
---
You received this message because you are subscribed to the Google Groups "မှော်ဆရာ အဖွဲ့  ( Ѧя Ƨσяcɛяɛя )" group.
Visit this group at http://groups.google.com/group/mrsorcerer?hl=en.