[mrsorcerer:37969] Fwd: [လူဗိုလ်ဟူသည် ...] သစ်ထူးလွင် သတင်းစုစည်းမှု (၁၉-၄)



---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: 2013/4/19
Subject: [လူဗိုလ်ဟူသည် ...] သစ်ထူးလွင် သတင်းစုစည်းမှု (၁၉-၄)
To: lubo601@gmail.com


သစ်ထူးလွင်



Posted: 19 Apr 2013 07:31 AM PDT
မြန်မာနိုင်ငံကို ကုန်သွယ်မှု အထူးခံစားခွင့် နိုင်ငံအဖြစ် ပြန်လည် သတ်မှတ်ဖို့ အမေရိကန် အစိုးရ ကုန်သွယ်ရေးဆိုင်ရာ ကိုယ်စားလှယ်ရုံး USTR က ကြားနာပွဲပြုလုပ်ဖို့ ပြင်ဆင်နေပါတယ်။ အမေရိကန်ဈေးကွက်မှာ မြန်မာနိုင်ငံက ကုန်ပစ္စည်းတွေ အကောက်ခွန်မဲ့ တင်ပို့ရောင်းချနိုင်အောင် လက်ခံသွားဖို့ ပြင်ဆင်နေတာဖြစ်ပြီး လာမယ့် ဇွန်လ ၄ ရက်နေ့မှာ ကြားနာပွဲ တခုကျင်းပမှာ ဖြစ်ပါတယ်။ ----
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 19 Apr 2013 07:22 AM PDT
ဘော့စတွန်မာရသွန် အပြေးပြိုင်ပွဲမှာ ဗုံးခွဲတိုက်ခိုက်ခဲ့ တယ်လို့ မသင်္ကာရသူ ၂ ဦးထဲက တဦးသေဆုံးသွားပြီး နောက်တယောက်ကတော့ ခုချိန်ထိ ဖမ်းမမိသေးဘူးလို့ မက်ဆာချူးဆက် ပြည်နယ် ရဲတပ်ဖွဲ့က ပြောပါတယ်။ လွတ်မြောက်နေ သူကိုတော့ လုံခြုံရေးတပ်ဖွဲ့တွေက ဘော်စတွန်မြို့ ဆင်ခြေဖုံးမှာ တစ်အိမ်တက်ဆင်း လိုက်လံ ရှာဖွေနေပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 19 Apr 2013 07:05 AM PDT
၁၈-၄-၂၀၁၃ ရက်နေ့ ၀၄၀၀ အချိန် ကရင်ပြည်နယ်၊ ဘားအံမြို့နယ၊် သာမညကျေးရွာတွင် လူသတ်မှု ဖြစ်ပွားကြောင်း သတင်းအရ အိန္ဒုနယ်မြေ ရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် ၀ဲကရင်ကျေးရွာ အုပ်ချုပ်ရေးမှူး နှင့် အတူ အခင်းဖြစ်နေရာသို့ သွားရောက် စစ်ဆေးခဲ့ရာ သာမညကျေးရွာတောင်ဘက်လမ်းနေ မန်းညွန့်အောင် (၅၃)နှစ်အား လည်မျိုပြတ်ရှပေါက်ပြဲ ဒဏ်ရာများဖြင့် သေဆုံးနေကြောင်းတွေ့ရှိခဲ့ရသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 19 Apr 2013 05:36 AM PDT
ပဋိပက္ခတွေ ဖြစ်ပွားခဲ့တာ ၁ လလောက် ကြာခဲ့ပြီဖြစ်ပေမယ့် မိတ္ထီလာမြို့ ဒုက္ခသည် စခန်း နေ ပြည်သူတွေ အိမ်ပြန်ချင်ကြ ပြီဖြစ်ပေမယ့် လုံခြုံရေး အခြေအနေကြောင့် ပြန်လို့ မရသေးပါဘူး။

သူတို့တွေ အိမ်ပြန် နေချင်ကြပြီ ဖြစ်ပေမယ့် သက်ဆိုင်ရာက စီစဉ်ရေးမှာ အကျပ်တွေ့နေတာကြောင့် အိမ်ပြန်လို့ မရ ဖြစ်နေကြတာပါ။

မိတ္ထီလာမြို့ အမှတ် ၃ အခြေခံပညာအထက်တန်းကျောင်းမှာ ခိုလှုံနေထိုင်နေတဲ့ ဦးခင်နန်းက သူတို့ အိမ်ပြန်နေချင်ပြီလို့ အခုလို ပြောပါတယ်။

"ကိုယ့်အိမ်ကိုယ့်ယာ ကိုယ့်မြေပဲလေ၊ ကျနော်တို့လည်း နိုင်ငံသားတွေပါ။ ၀န်ကြီးလည်း လာသွားတယ်လေ။ အားလုံး နိုင်ငံသားတွေပဲ၊ ကိုယ့်အိမ်ကိုယ်ပြန်ရမယ်။ ဒါပေမယ့် နည်းနည်းအေးချမ်းတဲ့ထိစောင့်ပေး
ပါပေါ့။ ကိုယ့်မိခင်အိမ်၊ မိခင်မြေကို ပျက်စီးမသွားဘူးဆိုရင် ပြန်ချင်ကြသူချည်းပဲ။ ဒါပေမယ့် လုံခြုံရေးအရတို့ ရှိနေသေးတယ်ဆိုတော့ ကျနော်တို့မှာ မပြန်ရသေးတာ။ "

အိမ်ပြန်မနေရတာကလွဲရင် နေရေး၊ ထိုင်ရေး၊ စားရေးနဲ့ ကျန်းမာရေး အစစ ပြည့်စုံ လုံလောက်တယ်လို့ ပြောပါတယ်။

မိတ္ထီလာမြို့မှာ မီးရှို့ဖို့ လုပ်နေသူတွေ ရှိနေသေးပြီး နှစ်ဆန်း ၁ ရက်နေ့က ကြံစည် လုပ်ဆောင်ခဲ့တာ ရှိခဲ့တယ်လို့ မိတ္ထီလာမြို့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ဦးသီဟက ပြောပါတယ်။

"နှစ်ဆန်း ၁ ရက်နေ့ညနေမှာ ဓာတ်ဆီပေပါ ၄ ပေပါလောက်တွေ့တယ်။ နဂိုကလည်း အဲနေရာမှာ တွေ့ပြီးပြီ။ အုန်းလက်ခြောက်တွေ၊ ရေနံချေးတို့၊ ဒီမှာရှိတဲ့ အာဏာပိုင်တွေရော၊ အုပ်ချုပ်ရေးမှူးတွေရော ၀ိုင်းလိုက် လိုက်တာ လူကထွက်ပြေးသွားတယ်။ သင်္ကြန်အတက်နေ့ သပြေ၀ရွာမှာ မီးရှို့မှုတခုဖြစ်တယ်။ အိမ် ၁ အိမ်ပါသွားတယ်။"

အခုလိုမျိုး မီးရှို့ဖို့ ကြံစည်လုပ်ဆောင်တာ ပဋိပက္ခဖြစ်ပြီးနောက်ပိုင်း ၈ ကြိမ်ထက်မနည်း ရှိခဲ့တယ်လို့လဲ ပြောပါတယ်။

မိတ္ထီလာမြို့က ဒုက္ခသည်တွေ အိမ်ပြန်ပို့ဖို့ ကိစ္စအတွက် တာဝန်ရှိသူတွေ အကျပ်တွေ့နေတယ်လို့ မိတ္ထီလာမြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဦးဝင်းထိန်က ပြောပါတယ်။

"အခုက ညရေးညတာတွေမှာ မီးလန့်တာ၊ လုံခြုံရေးလန့်တာတွေက ရှိနေသေးတယ်။ ၁ ပတ်မှာ ၁-၂ ဖြစ်နေသေးတယ်။ အဲတော့ ပြန်ပို့ဖို့ အာဏာပိုင်တွေက တော်တော်စဉ်းစားနေရတယ်။ ကျနော်တို့လည်း ကူစဉ်းစားပေးနေရတယ်။ မဖြစ်မနေတော့ ပြန်ပို့ပေးမှာပါ။ အာဏာပိုင်တွေရော၊ ကျနော်တို့ရော ဦးနှောက်အတော်ခြောက်နေပါတယ်။"

ပျက်စီးသွားတဲ့အိမ်တွေကို လူမှုဝန်ထမ်းဝန်ကြီးဌာန အစီအစဉ်နဲ့ ပြန်ဆောက်ပေးဖို့ ရှိတဲ့ အကြောင်းလဲ ပြောပါတယ်။

မတ် ၂၀ ရက်နေ့က စတင်ဖြစ်ပွားခဲ့တဲ့ မိတ္ထီလာပဋိပက္ခအတွင်း လူ ၄၀ လောက် သေဆုံးပြီး လူဦးရေ ၁ သောင်းလောက် ဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေထိုင်နေကြရတာ ဖြစ်ပါတယ်။

 by ရွှေအောင် (ဒီဗွီဘီ)


Posted: 19 Apr 2013 05:32 AM PDT
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ သီတင်းတပတ်ကြာ ဂျပန်နိုင်ငံ ခရီးစဉ်ကို အဆုံးသတ်ပြီး တိုကျို နာရီတာ လေဆိပ်ကနေ ဒီနေ့ မနက် ၁၁ နာရီလောက်မှာ လေကြောင်းနဲ့ မြန်မာနိုင်ငံကို ပြန်လည် ထွက်ခွာသွားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ မနေ့က ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအဘေးနဲ့  သီးသန့် တွေ့ဆုံခဲ့ပြီး နိုင်ငံဖွံ့ဖြိုးရေးနဲ့ ပညာရေးကိစ္စတွေ ပူးပေါင်းဆောင်ရွက်ဖို့ နာရီဝက်ကျော်ကြာ ဆွေးနွေးခဲ့ကြပါတယ်။

ဒီလိုတွေ့ဆုံရာမှာ တိုင်းပြည်ရဲ့အနာဂတ် ဖွံ့ဖြိုးတိုးတက်ဖို့ လူငယ်တွေရဲ့ပညာရေးဟာ အခရာကျတယ်ဆိုတာ ခေါင်းဆောင် နှစ်ဦးစလုံးက သဘောတူခဲ့ကြတယ်လို့ ဂျပန်တိုင်မ်း သတင်းစာမှာ ဖော်ပြပါတယ်။

ဂျပန်ဝန်ကြီးချုပ်က ဒေါ်အောင်ဆန်းစုကြည်ရဲ့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီရေး အောင်မြင်အောင် လုပ်ဆောင်ခဲ့မှုတွေကို ချီးကျူးပြောဆိုခဲ့ပြီး ဂျပန်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံမှာ အစိုးရရဲ့ လူမှုရေး အခြေခံအဆောက်အဦတွေ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နေမှုတွေ၊ ပုဂ္ဂလိကပိုင်း ရင်းနှီးမြှုပ်နှံမှုတွေတိုးတက်လာ
အောင် ဆောင်ရွက်နေမှုတွေကို အကူအညီပေးမယ်လို့ ပြောဆိုခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကတော့ မြန်မာနိုင်ငံရဲ့ ပညာရေးအဆင့်အတန်းဟာ တခြားအာရှနိုင်ငံတွေနဲ့ နှိုင်းယှဉ်ရင် အရမ်းကို နိမ့်ကျနေတဲ့အကြောင်းနဲ့ လူငယ်တွေအတွက် အသက်မွေးဝမ်းကျောင်းနဲ့ စိုက်ပျိုးရေး ပညာတွေသင်ကြားရေးအတွက် အကူအညီပေးဖို့လည်း တောင်းဆိုခဲ့တယ်လို့ အစည်းအဝေးတက်ရောက်တဲ့ ဂျပန် အစိုးရ တာဝန်ရှိသူတွေရဲ့ အပြောကို ကိုးကားပြီး သတင်းမှာ ဖော်ပြပါတယ်။

ဒါပြင် ၀န်ကြီးချုပ် ရှင်ဇိုအဘေးရဲ့ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ လွှတ်တော်အမတ်တွေက  မူလတန်းကျောင်း တကျောင်း ဆောက်လုပ်ဖို့ လှူဒါန်းခဲ့တာကို ကျေးဇူးတင်တဲ့ အကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ  ခရီးစဉ်အတွင်း ကမ္ဘာ့အမြင့်ဆုံးအဆောက်အဦတခုဖြစ်
တဲ့ တိုကျိုမိုးမျှော် အဆောက်အဦ၊ ဂျပန်အထင်ကရ အီလက်ထရောနစ်ကုမ္ပဏီကြီးတခုဖြစ်တဲ့ ပင်နာဆိုနစ် ကော်ပိုရေးရှင်းနဲ့ ရေအားလျှပ်စစ် စက်ရုံတွေကို သွားရောက် လေ့လာခဲ့ပါတယ်။  ဒါ့ပြင် ဂျပန် တက္ကသိုလ်ကျောင်းသားတွေကို ဟောပြောပို့ချမှုတွေနဲ့ ဂျပန်ရောက် မြန်မာ မိသားစုတွေနဲ့ တွေ့ဆုံမှုတွေလည်း ပြုလုပ်ခဲ့ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွတ်မြောက်နယ်မြေ ဂျပန်ဌာနခွဲရဲ့ အတွင်းရေးမှူး ဦးသောင်းမြင့်ဦးကတော့ ဒီခရီးစဉ်ဟာ မျှော်လင့်ထားတာထက် ပိုပြီး အောင်မြင်တဲ့ ခရီးစဉ်ဖြစ်တယ်လို့ သုံးသပ်ပြောကြားပါတယ်။

"ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဂျပန်ခရီးစဉ်က ထင်ထားတာထက် ပိုအောင်မြင်တယ်လို့ ပြောရမယ်။ ဘာလို့ဆိုတော့ သူ့ရဲ့ စိတ်ပိုင်းဆိုင်ရာအနေနဲ့လည်း သူတချိန်က ပညာရည်နို့စို့ခဲ့တဲ့ နေရာကို ပြန်သွားရတယ်။ ချီးမြှင့် ဂုဏ်ပြုမှုလည်း ခံရတယ်။ သူပေးချင်တဲ့ အသိပညာတွေကိုလည်း ကောင်းကောင်း တိုက်တွန်းပေးသွားနိုင်တယ်။ ဂျပန်ဝန်ကြီးချုပ်နဲ့ တွေ့ပြီးတော့ မြန်မာနိုင်ငံရဲ့ လိုအပ်နေတဲ့ အကြောင်းအရာတွေကိုလည်း တိုက်တိုက်တွန်းတွန်း ပြောဆိုသွားတယ်။ ဂျပန်ဝန်ကြီးချုပ်ကလည်း အကူအညီတွေပေးမယ်လို့ ကတိက၀တ်ပြုသွားတာတွေ ရှိတယ်။ အဲတော့ ဂျပန်လူထုက အရမ်းစိတ်ဝင်စားပြီးတော့ စီးပွားရေးရင်းနှီးမြှုပ်နှံမှုဖိ
တ်ခေါ်တာတွေကိုလည်း အားလုံးက သတိထားမိသွားတယ်။ နောက်ပိုင်းမှာ ဂျပန်နဲ့ မြန်မာ ကူးလူးဆက်ဆံမှုက ယုံယုံကြည်ကြည်နဲ့ ပို ထူးထူးခြားခြား ဖြစ်လာမယ်လို့ ယူဆတယ်။ ဂျပန်နိုင်ငံရဲ့ စီးပွားရေးအင်အားတွေ၊ လူမှုရေးထောက်ပံ့ကူညီမှုတွေ၊ နည်းပညာတွေ အဲဒါတွေ အများကြီးရရှိပြီး မြန်မာပြည်ဟာ အချိန်တိုအတွင်း ထူးထူးခြားခြား တိုးတက်ပြောင်းလဲလာမယ်လို့ ယုံကြည်မျှော်လင့်တယ်။"

ဒေါ်အောင်ဆန်းစုကြည်ဟာ ဧပြီ ၁၃ ရက်နေ့ကတည်းက  ဂျပန်နိုင်ငံမှာ ရောက်ရှိနေတာဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ၁၉၈၆ ခုနှစ်တုန်းက ကျိုတိုတက္ကသိုလ်မှာ သုတေသီ တဦးအဖြစ် ပညာဆည်းပူးခဲ့ဖူးပြီး ၂၇ နှစ်တာအတွင်း ဂျပန်နိုင်ငံကို ပထမဆုံးအကြိမ် ပြန်လည်သွားရောက်ခဲ့တာပါ။

by ဒီဗွီဘီ 

တိုကျိုနာရီတာလေဆိပ်ကနေ ရန်ကုန်မြို့ကို ပြန်လည် ထွက်ခွာလာစဉ် (Photo: Globe)

Posted: 19 Apr 2013 05:20 AM PDT
မြန်မာနိုင်ငံသို့ လေ့လာရေး ခရီး ရောက်ရှိလာသော အောက်စဖို့ဒ်တက္ကသိုလ်မှ ကျောင်းသား သမဂ္ဂအဖွဲ့ သည် မြန်မာနိုင်ငံရှိ တက္ကသိုလ် ကျောင်းသားများသမဂ္ဂ (တ.က.သ) နှင့် ရန်ကုန်မြို့၊ ယောမင်းကြီး လမ်းရှိ British Club ၌ တွေ့ဆုံခဲ့ ကြောင်း သတင်းရရှိသည်။

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 19 Apr 2013 02:44 AM PDT
ဘော်စတွန် မာရသွန်ပြေးပွဲ ဗုံးခွဲ တိုက်ခိုက်ခဲ့သူတွေ လို့ မသင်္ကာ စရာ လူ ၂ ဦး ကို အမေရိကန် ရဲ တွေ လိုက်ဖမ်း နေပြီး ၁ ဦး ကတော့ ပစ်ခတ်ဖမ်းဆီး စဉ် သေဆုံးသွားပါတယ်။ ထွက်ပြေးလွတ်မြောက်နေတဲ့ ဒုတိယ လူ မှာ လက်နက် တွေ ပါပြီး အန္တာရာယ်များကြောင်း ရဲတွေ က ကြေညာထားပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

ဘော်စတွန် မာရသွန် ဗုံးခွဲသူတွေ လို့ မင်္သကာ ဘွယ် လူ ၂ ဦး
Posted: 19 Apr 2013 02:33 AM PDT
တိုက်ပွဲ ဖြစ်ပွားသည့် ကာလ အတွင်း ရွာသူနှင့် ကလေးငယ်များ မြန်မာစစ်တပ်၏ မုဒိန်းကျင့် ခံရမှုများ ရှိနေသဖြင့် ဖြစ်ပွါးနေဆဲ တိုက်ပွဲ လုံးဝ ရပ်တန့်ရေးအတွက် မြန်မာစစ်တပ်မှ တိုးဖြည့်ချလာသော အင်အားများ အားလုံး ပြန်လည်ရုပ်သိမ်း ပေးရန် သျှမ်းအမျိုးသမီး ပူးပေါင်း ဆောင်ရွက်ရေးအသင်းက တောင်းဆို လိုက်ပါသည်။  ----
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


တန့်ယန်းရောက်စစ်ပြေးဒုက္ခသည် တအာင်းအမျိုးသမီးတဦး (ဓါတ်ပုံ-KPL)

Posted: 19 Apr 2013 02:21 AM PDT
Posted: 19 Apr 2013 02:08 AM PDT
မြန်မာနိုင်ငံရဲ့လုံခြုံရေးဆိုင်ရာကိစ္စတွေနဲ့ပတ်သက်ပြီး ဘယ်ပြင်ပအဖွဲ့အစည်းကမှ လာရောက် စုံစမ်း စစ်ဆေးစရာမလိုကြောင်း သမ္မတပြောခွင့်ရပုဂ္ဂိုလ် ဦးရဲထွဋ်က မနေ့က ပြောလိုက်ပါတယ်။ OIC ခေါ် အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ အတွင်းရေးမှူးချုပ်က မြန်မာအစိုးရဟာ ဗုဒ္ဓဘာသာဝင် တွေ နဲ့လူနည်းစု မူစလင် အသိုင်းအဝိုင်းကြား ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




Posted: 19 Apr 2013 01:08 AM PDT
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် မဒေးကျွန်းမှာ စီအန်ပီ တရုတ်ကုမ္ပဏီကို တောင်းဆို ဆန္ဒပြခဲ့တဲ့ သူတွေထဲက  ခေါင်း ဆောင်တချို့ကို မြို့နယ်ရဲ စခန်းက ခေါ်ယူ စစ်ဆေးနေပါတယ်။ မနေ့ညနေပိုင်းက စီအန်ပီစီ (China National Petroleum Cooperation) ကုမ္ပဏီဝင်းထဲ နေပူကြဲကြဲမှာ ၁ နာရီကြာ ဆန္ဒပြပေ မယ့်လည်း  တရုတ်ကုမ္ပဏီ ဘက်က တဦးမှ ထွက်မတွေ့ဘဲ ----
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 19 Apr 2013 12:54 AM PDT
မန္တလေးမြို့ မဟာအောင်မြေမြို့နယ် တောင်ကုန်းကြီးရပ် ၆၂လမ်း ၊၃၉×၄၀ ကြား တွင် တောင်မှမြောက်သို့ အရှိန်ပြင်းစွာမောင်းနှင်လာတဲ့ ယဉ်မောင်း ကိုရဲ(ခ)ကိုဟူး ချမ်းအေးသာဇံမြို့နယ် ၈၄×၈၅ကြား၃၂လမ်းနေထိုင်သူ ၉ဃ၊၁၂၅၆ ဟိုင်းလတ် SURFအမျိုးစားကားဟာ လမ်းဘေးမှာ ရပ်ထားတဲ့ ဆိုင်ကယ် (၆)စီး ကား(၇)စီးတို့ကို ၀င်တိုက်မှု တစ်ခု ၁၉-၄-၂၀၁၃ နံနက်၉း၂၀ခန့်က ဖြစ်ပွားခဲ့ပါတယ်။ ယာဉ်ပေါ်မှာပါလာသူ တစ်ဦးသာ ထိခိုက်ဒဏ်ရာရှိခဲ့ပါတယ်။ (သတင်းဓါတ်ပုံ - အိမ်ခိုင်မြဲ)

ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ



Posted: 18 Apr 2013 09:11 PM PDT
မကြာခင်က အမေရိကန် ပြည်ထောင်စု ဘော်စတွန်မြို့မှာ ဖြစ်ပွားခဲ့တဲ့ ပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး သံသယ ရှိသူ နှစ်ယောက်ရဲ့ ဓါတ်ပုံတွေကို အမေရိကန် ထောက်လှမ်းရေး အဖွဲ့ အက်ဖ်ဘီအိုင်က ထုတ်ပြန် ကြေညာခဲ့ပါတယ်။ အက်ဖ်ဘီအိုင်က ဓါတ်ပုံတခိျု့နဲ့ တကွ ဗီဒီယို ကလစ် တခုကိုပါ သူ့ရဲ့ တရားဝင် ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


သံသယ ဖြစ်ဖွယ် လူနှစ်ယောက်ရဲ့ပုံ FBI ထုတ်ပြန်
Posted: 18 Apr 2013 08:58 PM PDT
မြန်မာနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ အစ္စလာမ် ဘာသာဝင်တွေနဲ့ ဗုဒ္ဓဘာသာဝင် တွေကြား အကြမ်းဖက် သတ်ဖြတ်မှုတွေကို အစ္စလာမ် နိုင်ငံများ ပူးပေါင်း ဆောင်ရွက်မှုအဖွဲ့ OICက ဝန်ကြီးအဆင့် ကိုယ်စားလှယ်အဖွဲ့ တစ်ဖွဲ့ မြန်မာနိုင်ငံကို လာရောက်ခွင့်ပြုဖို့ မြန်မာအစိုးရကို ခွင့်တောင်းလိုက်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


OIC အဖွဲ့ကို လာခွင့်ပြုရင် သံဃာတွေ ဆန္ဒ့ပြမယ်လို့ ဆို

Posted: 18 Apr 2013 08:54 PM PDT
နိုင်ငံသား ဥပဒေကို ပြင်ဆင် ပြောင်းလဲ စရာ အကြောင်း မရှိဘူးလို့ ဘီဘီစီနဲ့ သီးသန့် မေးမြန်းခန်းမှာ လူဝင်မှု ကြီးကြပ်ရေးနဲ့ ပြည်သူ့ အင်အား ဝန်ကြီးဌာန ဝန်ကြီး ဦးခင်ရီက ပြောလိုက်ပါတယ်။ ရိုဟင်ဂျာတွေ နိုင်ငံသား ဖြစ်ရေး မဖြစ်ရေးဟာ နိုင်ငံသား ဥပဒေနဲ့ ညီမညီ ဆိုတဲ့အချက်အပေါ် မူတည်တယ်လို့ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

နိုင်ငံသား ဥပဒေ ပြင်မပေးနိုင်

Posted: 18 Apr 2013 08:29 PM PDT
Posted: 18 Apr 2013 03:04 PM PDT
မြန်မာနိုင်ငံမှာ ရှေးဟောင်း သုတေသနဌာနက တူးဖော် သုတေသန ပြုလုပ်နေတဲ့ ပျူမြို့ဟောင်းတွေ အများအပြား ရှိနေပါတယ်။ အဲဒီမြို့ဟောင်းတွေ အထဲက ပဲခူးတိုင်း ပြည်မြို့အနီးမှာရှိတဲ့ သရေခေတ္တရာ ပျူမြို့ဟောင်းအကြောင်း RFA ဆောင်းပါးရှင် ရှင်ဒေဝီက တင်ပြထားပါတယ်။

ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ



Posted: 18 Apr 2013 02:58 PM PDT
မြန်မာနိုင်ငံ၊ တနင်္သာရီမြို့နဲ့ ထိုင်းနိုင်ငံ၊ ပကျွပ်မြို့အကြား ကုန်သွယ်ရေးမှာ အထူးအရေးပါလာမယ့် "မောတောင်" နယ်စပ်ကုန်သွယ်ရေးစခန်းကို အခုနှစ် ဧပြီလအတွင်း ဖွင့်လှစ်ဖို့ စီစဉ်ထားပေမယ့် အကြောင်းအမျိုးမျိုးကြောင့် မဖွင့်လှစ်နိုင်သေးသလို အဲဒီဒေသမှာ တည်ဆောက်မယ့် စက်မှုဇုန်နဲ့ ကုန်သွယ်ရေးဂိတ် စီမံကိန်းတွေလည်း မစတင်နိုင်သေးပါဘူး။ အကြောင်းစုံကို RFA သတင်းထောက် ကိုကျော်သူက သတင်းပေးပို့ထားပါတယ်။

ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ



Posted: 18 Apr 2013 02:49 PM PDT
ထိုင်းနိုင်ငံမှာ အခေါက်ရွှေ ပေါက်ဈေး စံချိန်တင် ရုတ်တရက် ကျဆင်းသွားတဲ့အတွက် ရွှေဆိုင်တွေမှာ ရွှေဝယ် သူတွေနဲ့ ကြိတ်ကြိတ်တိုးနေပြီး ဘန်ကောက်မြို့က ရွှေဆိုင်တချို့ ပိတ်ထားရပါတယ်။ သင်္ကြန် မတိုင်ခင်က တကျပ် သားကို ဘတ် ၂သောင်း ကျော်ရှိနေတဲ့ရွှေဈေးဟာ သင်္ကြန်အလွန်မှာ ထိုင်းဘတ်ငွေ ၁၈၉၅၀ ထိ ကျဆင်းသွားပါတယ်။ ဒါဟာ ၂၀၁၁ ခုနှစ်ကတည်းက ပထမဆုံးအကြိမ်း ဘတ် ၂ သောင်း အောက်ထိ ထိုင်းရွှေဈေး ကျသွားတာ လည်းဖြစ်ပါတယ်။ ကမ္ဘာ့ရွှေဈေးဟာ လန်ဒန် ဈေးကွက်မှာ ရွှေတအောင်စကို အမေရိကန်ဒေါ်လာ ၁၃၇၉ ဒေါ်လာကျော်ရှိပြီး အမေရိကန်မှာ မနေ့က ၂ နှစ်အတွင်း အနိမ့်ဆုံးဈေးဖြစ်တဲ့ တအောင်စကို ၁၃၂၂ ဒေါ်လာနီးပါးထိ ကျဆင်း နေပါတယ်။

ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ



Posted: 18 Apr 2013 02:43 PM PDT
ဆယ်စုနှစ်တခု အတွင်းမှာ မြန်မာ့ရွှေဈေးဟာ စံချိန်တင်ကျဆင်း နေပါတယ်။ ဦးညီငယ်က တင်ဆက်ထားပါတယ်။ ရိုက်ကူး-ကိုဆန်+ညီငယ်

ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ



Posted: 18 Apr 2013 02:38 PM PDT
၁၅၀၀ တန် ဆင်းကဒ်တွေ ဌားရမ်း သုံးစွဲခွင့်အတွက် ရန်ကုန်မြို့ မှာ လျောက်လွှာတွေကို စတင်လက်ခံနေပီဖြစ်ပါတယ်။ ဦးအောင်ထွန်းမြင့် သတင်းပေးပို့ ထားပါတယ် ။

ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ



Posted: 18 Apr 2013 02:25 PM PDT
သမ္မတ ဦးသိန်းစိန် အစိုးရရဲ့ ပြုပြင်ပြောင်းလဲရေး ကြိုးပမ်းမှုတွေမှာ တိကျတဲ့ ပြုပြင်ပြောင်းလဲရေး မူဝါဒချမှတ်ပြီး အကောင်အထည် ဖေါ်နေတာ မတွေ့ရသေးကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က မနေ့က ဝေဖန်ပြောဆို လိုက်ပါတယ်။ မနေ့က ဂျပန်နိုင်ငံ တိုကျိုမြို့ သတင်းထောက်များ ကလပ်မှာ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 18 Apr 2013 02:16 PM PDT
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ် မဒေးကျွန်းမှာ တရုတ်နိုင်ငံပိုင် China National Petroleum Cooperation(CNPC)က အကောင်အထည် ဖေါ်နေတဲ့ ရေနံပိုက်လိုင်း စီမံကိန်းဟာ ဒေသအကျိုး စီးပွားကို ကောင်းကျိုး မပြုဘူးဆိုပြီး ဒေသခံ ၄၀၀ ကျော်ဟာ အဲဒီစီမံကိန်း ကုမ္ပဏီရုံးရှေ့မှာ ဒီကနေ့ နေ့လည်ပိုင်းက ကန့်ကွက်ဆန္ဒပြ ခဲ့ကြပါတယ်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 18 Apr 2013 01:40 PM PDT
၂၀၁၅ ခုနှစ်မှာ ပြုလုပ်မယ့် ရွေးကောက်ပွဲ အတွက် ကြိုတင် ပြင်ဆင်မှု အနေနဲ့ ရန်ကုန်အခြေစိုက် နိုင်ငံရေး ပါတီတွေကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ဧပြီလ ၂၆ ရက်နေ့မှာ ခေါ်ယူတွေ့ဆုံမှာ ဖြစ်ပါတယ်။ ဒီဆွေးနွေးပွဲမှာ ၂၀၁၅ ခုနှစ်မှာ ပြုလုပ်မယ့် ရွေးကောက်ပွဲ အတွက် မဲစာရင်း ကိစ္စတွေ၊ ----
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 18 Apr 2013 01:19 PM PDT
ဂျပန်နိုင်ငံကို အလည်အပတ်ရောက်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့နေ့ခင်းက ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး (Shinzo Abe)နဲ့ တွေ့ဆုံပြီး ဂျပန်မြန်မာနစ်နိုင်ငံ နိုင်ငံရေး၊ စီးပွားရေး ကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့မနက်ကလည်း ကမ္ဘာအမြင့်ဆုံးမျှော်စင်မှာ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


ဂျပန်ဝန်ကြီးချုပ်ရုံးခန်းမှာ ဧပြီလ ၁၈ ရက်နေ့က ဒေါ်အောင် ဆန်းစုကြည်နဲ့ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး(Shinzo Abe) တို့ တွေ့ဆုံကြစဉ် photo: AFP



--
Posted By Blogger to လူဗိုလ်ဟူသည် ... at 4/20/2013 06:16:00 AM

--
မှော်ဆရာအဖွဲ့မှ နေ့စဉ် Mail များရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en
Member များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို့စာပို့နိုင်ပါသည်။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး စာပို့ပေးပါရန်။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en
အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
Facebook Page နှင့်ဆက်သွယ်လိုလျှင် www.facebook.com/mrsorcerergroup
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
---
You received this message because you are subscribed to the Google Groups "မှော်ဆရာ အဖွဲ့  ( Ѧя Ƨσяcɛяɛя )" group.
Visit this group at http://groups.google.com/group/mrsorcerer?hl=en.