[mrsorcerer:37988] Fwd: [လူဗိုလ်ဟူသည် ...] သစ်ထူးလွင် သတင်းစုစည်းမှု (၂၁-၄)



---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: 2013/4/21
Subject: [လူဗိုလ်ဟူသည် ...] သစ်ထူးလွင် သတင်းစုစည်းမှု (၂၁-၄)
To: lubo601@gmail.com


သစ်ထူးလွင်



Posted: 21 Apr 2013 03:16 AM PDT
ဧရာဝတီ တိုင်းဒေသကြီး ငပုတော မြို့နယ် ဟိုင်းကြီးကျွန်း မြို့နယ်ခွဲ အထက်စု ရွာ၌ ဧပြီ ၁၈ ရက် ညနေပိုင်းက မူးယစ် ရမ်းကား၍ စိန်ခေါ်ပြီး ဓားချင်း ယှဉ်ခုတ်ရာမှ သေဆုံး မှု ဖြစ်ပွား ကြောင်း သိရသည်။ ဖြစ်စဉ်မှာ ဧပြီ ၁၈ ရက် ညနေ ၆ နာရီခွဲက ငပုတော မြို့နယ် ဟိုင်းကြီးကျွန်း မြို့နယ်ခွဲ   အထက်စု ရွာနေ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




Posted: 21 Apr 2013 03:06 AM PDT
ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ် မြို့နယ် ရဲတပ်ဖွဲ့မှူး ယာယီ ရဲမှူးလှရီ၏ လမ်းညွှန်မှုအရ မြို့ပေါ်ရပ်ကွက်များ အတွင်း လုံခြုံရေးအတွက် ရှောင်တခင် ဧည့်စာရင်း စစ်ဆေးခြင်း ဆောင်ရွက် ရာမှ မြန်မာ ငွေစက္ကူ ၅ဝဝဝ ကျပ်တန် အတု ငွေကျပ်သိန်း ၂၇ဝ နှင့် တရားမဝင် ဝင်ရောက်လာသည့် တရုတ်နိုင်ငံသား နှစ်ဦးနှင့် ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 21 Apr 2013 02:53 AM PDT
မကွေးတိုင်း ဒေသကြီး နတ်မောက်မြို့နယ် ပ/ဂွေးချို ကျေးရွာတွင် ၁၆/၄/၂ဝ၁၃ နေ့နံနက် ၁ဝနာရီခန့် က အုတ်ရေ ကန်တစ်လုံး ပွင့်လန်ကျသဖြင့် အနီး၌ ဆော့ကစားနေသည့် ကလေးငယ် ၃ ဦး သေဆုံးပြီး ၁ဦး ဒဏ်ရာ ရရှိကြောင်း သိ ရသည်။ သေဆုံးသွားသော ကလေးငယ်များမှာ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ 



Posted: 21 Apr 2013 03:18 AM PDT
7.4.2013 မနက်အစော (3:00)နာရီခန့်မှာ ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်မှာ မုဒိမ်းကြံစည်မှု တစ်ခု ဖြစ်ပွားခဲ့ပါတယ်။ ရွှေပြည်သာမြို့နယ်၊ အမှတ်(၁၂)ရပ်ကွက် ကံ့ကော်လမ်းနေဦးသန်းနိုင်+ဒေါ်သူဇာတို့အိမ်မှာ ဖြစ်ပွားခဲ့တာပါ။ သမီးဖြစ်သူ အသက်(၁၂) နှစ်အရွယ်၊ (၇)တန်းကျောင်းသူလေးကိုကြံစည်တဲ့အမှုပါ။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



ဦးသန်းနိုင်+ဒေါ်သူဇာတို့နေအိမ်
ကလေးမလေး၏ အိပ်ရာ နေရာ

Posted: 21 Apr 2013 02:11 AM PDT
မန္တလေးမြို့က စာရေးဆရာ၊ ကဗျာဆရာများ၊ ကာတွန်း ဆရာများနှင့် သတင်း မီဒီယာများ စုပေါင်းပါဝင် ဖျော်ဖြေခဲ့ကြသော "တော်ရိလျော်ရိ"မြန်မာ့ရိုးရာ သံချပ်အဖွဲ့၏ ဒုတိယနှစ်ခြေလှမ်း၊ ဒုတိယအကြိမ်အဖြစ် ယခုနှစ်တွင်လည်း မန္တလေးမြို့စွန်မြို့ဖျားပါမကျန် ပြည်သူများသို့ လှည့်လည်ဖျော်ဖြေခဲ့ကြသည်။ "တော်ရိလျော်ရိ"သင်္ကြန်သံချပ်အဖွဲ့သည် မဏ္ဍာပ်များတွင် ဖျော်ဖြေခြင်းမရှိပဲ အခြေခံလူတန်းစားများရှိရာ ရပ်ကွက်များသို့ ဦးစားပေးကာ သွားရောက် ဖျော်ဖြေခဲ့ကြောင်း သိရသည်။

ထိုကဲ့သို့ သင်္ကြန်လေးရက်တာကာလအတွင်း မြို့တွင်း၊မြို့စွန်မကျန်ဖျော်
ဖြေခဲ့ကြရာတွင် မြို့မိမြို့ဖပြည်သူများကပြန်လည်ဂုဏ်ပြုချီးမြှင့်ပေးခဲ့သော ဂုဏ်ပြူငွေ ၁၂ သိန်း ရရှိခဲ့ပြီး အဆိုပါဂုဏ်ပြုငွေများအားလုံးကို ပရဟိတလုပ်ငန်းနှင့် ပညာရေးကဏ္ဍများ အတွက်ခွဲဝေလှူဒါန်းသွားမည်ဖြစ်ကြောင်းသတင်းရရှိသည်။

မန္တလေးတိုင်းဒေသကြီး၊သပိတ်ကျင်း
မြို့နယ်၊ တကောင်းတိုက်နယ်၊မြင်သာကျေးရွာတွင်ရှိသော မူလတန်းလွန်ကျောင်းအတွက် စာသင်ခုံနှင့်ပရိဘောဂများအတွက်အသုံးပြုရန် (၁၀)သိန်းကျပ်တိတိလှူဒါန်းသွားရန် စီစဉ်ထားပြီး၊ကျန်(၂)သိန်းအား ချမ်းမြသာစည်မြို့နယ်အတွင်းရှိ ပရိယတ္တိသာသနာ့ဝန်ဆောင်ကျောင်းတွင်ရှိသော မိဘမဲ့ကိုရင်ငယ်လေးများအားနေ့ဆွမ်းဆက်ကပ်လှူဒါန်းသွားမည်ဖြစ်ကြောင်းသိရသည်။ မန္တလေးတိုင်းဒေသကြီး၊သပိတ်ကျင်းမြို့နယ်၊ တကောင်းတိုက်နယ်၊မြင်သာကျေးရွာတွင်ရှိသော မူလတန်းလွန်ကျောင်းသည် ငလျင်ဒဏ်ကြောင်းပြိုကျပျက်စီးခဲ့သောကျောင်းတစ်ကျောင်းဖြစ်ပြီး မန္တလေးမြို့၊လူငယ်သတင်းသမားများဦးဆောင်စီစဉ်ခဲ့သည် ငလျင်ရံပုံငွေပွဲမှရရှိငွေများကိုလည်း ကျောင်းသစ်ဆောက်လုပ်ရန်လှူဒါန်းထားရာ ကျောင်းတည်ဆောက်မှုမှာ ၅၀ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်ကြောင်းသိရသည်။ အလှူငွေပေးအပ်လှူဒါန်းပွဲကို ဧပြီ ၂၈ ရက်နေ့၊နံနက်(၉)နာရီတွင် ပရဟိတသာသနာ့ဝန်ဆောင်ကျောင်း၌ ကျင်းပပြုလုပ်ရန်စီစဉ်လျက်ရှိကြောင်းသိရှိရသည်။

Myanmar  News Now




Posted: 21 Apr 2013 01:49 AM PDT
သမိုင်း သုတေသီတွေက ရခိုင်ရှေးဟောင်း လှေကြီးလို့ ယူဆထားတဲ့ သစ်သား လှေကြီးကို  ပြတိုက် တည်ဆောက်ပြီး ထားရှိသွားမယ်လို့ သိရပါတယ်။ ဒါကြောင့် လှေကြီးကို အမိုးအကာ အောက်ကို ရောက် ရှိရေး အတွက် ဘင်္ဂလာဒေခ်ျ့ ရှေးဟောင်း သုတေသန ဌာနက အပူတပြင်း  စီစဉ်နေကြတယ်လို့ သတင်း ရရှိပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 21 Apr 2013 01:29 AM PDT
ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ဇနီးဖြစ်သူ သေဆုံးသွားသဖြင့် ယောကျာင်္း ဖြစ်သူကို ဖမ်းဆီး ထားသည်ဟု သိရသည်။ အဖမ်းခံရသူမှာ ကိုခင်မောင်ထွန်း(၃၁)နှစ် ဖြစ်ပြီး  စစ်တွေ အမှတ်(၁) ရဲစခန်းတွင်  (ပ) ၉၃/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း ရဲဇာနည် Facebook တွင် ဖေါ်ပြထားသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


 

Posted: 21 Apr 2013 01:15 AM PDT
ဧရာဝတီ တိုင်းဒေသကြီး ငပုတော မြို့နယ် ဟိုင်းကြီးကျွန်း မြို့နယ်ခွဲ အထက်စု ရွာ၌ ဧပြီ ၁၈ ရက် ညနေပိုင်းက မူးယစ် ရမ်းကား၍ စိန်ခေါ်ပြီး ဓားချင်း ယှဉ်ခုတ်ရာမှ သေဆုံး မှု ဖြစ်ပွား ကြောင်း သိရသည်။ ဖြစ်စဉ်မှာ ဧပြီ ၁၈ ရက် ညနေ ၆ နာရီခွဲက ငပုတော မြို့နယ် ဟိုင်းကြီးကျွန်း မြို့နယ်ခွဲ အထက်စု ရွာနေ ဒေါ်အေးအေး ၄၂ နှစ် ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 20 Apr 2013 07:16 PM PDT
အမေရိကန် ပြည်ထောင်စုမှာ အသက်မသေဘဲ ကျန်ရစ်တဲ့ ဘော်စတွန် မာရသွန် ဗုံးခွဲသူလို့ သင်္ကာမကင်း ဖြစ်ခံရသူကို မေးမြန်းဖို့ အထူး စစ်ဆေးရေး အဖွဲ့က စောင့်နေတယ်လို့ သက်ဆိုင်ရာ အရာရှိတွေက ပြောပါတယ်။ ချက်ချညှာ မှာ မွေးပြီး အမေရိကန် နိုင်ငံသား ခံယူထားတဲ့ အသက် ၁၉ နှစ်အရွယ် ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

ရာဇဝတ်သားကို မိပြီ

Posted: 20 Apr 2013 07:02 PM PDT
ဘော်စတွန် မာရသွန် ဗုံးပေါက်ကွဲမှုကို လုပ်ဆောင်တယ်လို့ သံသယရှိခံရသူ Dzhokhar Tsarnaev ဟာ ထိခိုက်ဒဏ်ရာရမှုကြောင့် စိုးရိမ်ရတဲ့ အနေအထားမှာ ရှိနေပြီးတော့ ဘော်စတွန်မြို့က ဆေးရုံမှာ အစောင့်အကြပ် ထူထူထပ်ထပ်နဲ့ ရှိနေပါတယ်။ ၂၄ နာရီကြာ ရဲက လိုက်ရှာပြီးတော့မှ ရဲက သူ့ကို ဘော်စတွန်မြို့ ဆင်ခြေဖုံးတခုမှာ ဖမ်းဆီးမိခဲ့တာ ဖြစ်ပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 20 Apr 2013 11:36 AM PDT
၂၀၀၇ ခုနှစ်တုန်းက တရားသူကြီးတွေကို တရားမ ၀င်ထိန်းသိမ်း ခဲ့မှုအတွက် ပါကစ္စတန်နိုင်ငံ သမ္မတဟောင်း ပါဗက်(ဇ်)မူရှာရက်(ဖ်)ကို အကြမ်းဖက်မှု ခင်းဆိုင်ရာ တရားရုံးကို ခေါ်ယူပြီးစစ်ဆေးခဲ့ပါတယ်။ စနေနေ့မှာ တရားရုံးကို ရုံးထုတ်လာတဲ့ မစ္စတာမူရှာရက်(ဖ်)ကို နောက်ထပ်ကြားနာ စစ်ဆေးမယ့် မေလ ၄ ရက်နေ့အထိ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




Posted: 20 Apr 2013 11:22 AM PDT
ရခိုင် ပြည်နယ်မှာ ပြီးခဲ့တဲ့နှစ် ဇွန်လနဲ့ အောက်တိုဘာလ တွေ အတွင်း ဖြစ်ပေါ် ခဲ့တဲ့ ပဋိပက္ခတွေ ကြောင့် နေရပ် စွန့်ခွာ ထွက်ပြေး နေရသူ တသိန်း နှစ်သောင်း ပတ်ဝန်းကျင် ရှိတဲ့ အနက် တဝက် လောက်ဟာ အမိုး အကာတွေ အရေးပေါ် လိုအပ် နေတယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ အေဂျင်စီ UNHCR ကပြော ပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 20 Apr 2013 11:20 AM PDT
ရှမ်းပြည်နယ် မြောက်ပိုင်း တန့်ယန်းမြို့အနီးမှာ တရားဝင် အပစ်အခတ် ရပ်စဲထားတဲ့ ရှမ်းပြည်မြောက်ပိုင်းတပ်နဲ့ မြန်မာအစိုးရ တပ်ဖွဲ့တွေကြား တိုက်ပွဲတွေ ပြင်းထန်နေတဲ့ အတွက် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတဲ့ စစ်ပြေးဒုက္ခ သည်ဦးရေဟာ အခုဆိုရင် နှစ်ထောင်နီးပါး ရှိသွားပြီလို့ ဒုက္ခသည်အရေး အကူအညီပေး နေသူတွေက ပြောပါတယ်။ ရာချီတဲ့ စစ်ပြေးဒုက္ခသည်တွေအတွက် သောက်သုံးရေပြတ်လပ်ပြီး စားနပ်ရိက္ခာတွေလည်း အရေးပေါ်လိုအပ်နေတယ်လို့ ရှမ်းလူထုအခြေပြု လူမှုအဖွဲ့အစည်းတွေက ဆိုပါတယ်။ အသေးစိတ်ကို မဆုမွန်က တင်ပြထားပါတယ်။

အပစ်ရပ်ဖို့ နှစ်ဘက်သဘောတူထားတဲ့ကြားကပဲ SSA ရှမ်းပြည်မြောက်ပိုင်းတပ်မတော်
နဲ့ မြန်မာစစ်တပ်ကြား အခုဆိုရင် ရင်ဆိုင်တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေပြီး တိုက်ပွဲတွေက ပြင်းထန်လာနေတဲ့အတွက် ရာနဲ့ချီတဲ့ ဒုက္ခသည်တွေဟာ ထိုင်းနယ်စပ်၊ တရုတ်နယ်စပ်နဲ့ မြို့ပေါ်တွေကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ရှမ်းလူထုအခြေပြုအဖွဲ့ ပြောခွင့်ရ စိုင်းခေးစိုင်က ပြောပါတယ်။

"လောလောဆယ်မှာ လူဦးရေ ၂,၀၀၀ နီးပါး ရှိပြီခင်ဗျ။ အခုလတ်တလောကတော့ ပစ်ခတ်နေတဲ့နေရာတွေက ရွာသားတွေကတော့ တချို့မြို့ထဲမှာတော့ ခဏရှောင်နေတယ်။ တချို့ကတော့ ဘုန်းကြီးကျောင်းတွေဆီမှာ ရှောင်နေတယ်။ တချို့ကတော့ တရုတ်နယ်စပ်၊ တချို့ကတော့ ထိုင်းဘက်ခြမ်း အဲဒီလိုတော့ သူ့ဟာနဲ့သူ သူ့လမ်းနဲ့သူ ပုန်းရှောင်နေတာရှိပါတယ်။"

အခုဆိုရင် ရှမ်းပြည်မြောက်ပိုင်းမှာ ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ပြေးဒုက္ခသည်ဦးရေဟာ ၂,၀၀၀ လောက်ရှိသွားပြီဖြစ်ပြီး၊ ဒုက္ခသည်တွေအတွက် အရေးပေါ် စားနပ်ရိက္ခာနဲ့ သောက်သုံးရေတွေ အရေးတကြီး လိုအပ်နေတယ်လို့ စိုင်းခေးစိုင်က ပြောပါတယ်။

"အရေးကြီးဆုးကတော့ လတ်တလော ကျနော်တို့ အစားအစာရယ်၊ နောက်ပြီးတော့ သောက်သုံးရေ ရယ်ပေါ့။ နောက် တခြား အိပ်ယာ၊ ခြင်ထောင် အဲဒါတွေကတော့ ဒုတိယပေါ့နော်။ ပထမဆုံးကျတော့ သူတို့ နေ့စဉ်စားသောက်ဖို့ အစားအစာတွေကလည်း အရေးကြီးနေပါတယ်ခင်ဗျ။ အဲဒါကို ကျနော်တို့ ကူညီဖို့လည်း တခြားနေရာတွေကိုလည်း တိုက်တွန်းနေတယ်။"

တကယ်တော့ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP ရဲ့ လက်အောက်ခံ ရှမ်းပြည်တပ်မတော် SSA မြောက်ပိုင်းတပ်ဖွဲ့နဲ့ မြန်မာအစိုးရငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့ကြား ၂၀၁၂ ခုနှစ်၊ ဇန်နဝါရီလတုန်းက အပစ်အခတ်ရပ်စဲရေး သဘောတူထားပြီးဖြစ်ပါတယ်။ နှစ်ဘက်တပ်ကြား ဒီလိုမျိုးတိုက်ပွဲတွေ ပြန်ဖြစ်နေတဲ့အပေါ်မှာလည်း နှစ်ဘက်တာဝန်ရှိသူတွေ ရှမ်းပြည်နယ် လားရှိုးမြို့မှာ တွေ့ဆုံဆွေးနွေးထားပြီးလည်းဖြစ်
ပါတယ်။ ဒါပေမဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း ဘက်မှာတော့ တိုက်ပွဲတွေ ဆက်ဖြစ်နေတုန်းပဲလို့ စိုင်းခေးစိုင်က ပြောပါတယ်။
"အပစ်အခတ်ရပ်စဲတာက နှစ်ကြိမ်တောင်ရှိပါပြီ။ အခု လတ်တလော အသစ်ပြန်ပြီးတော့ လက်မှတ်ရေးထိုးတာလည်း ရှိတယ်ခင်ဗျ။ နောက်ပြီးတော့ ဆွေးနွေးနေတာလည်း ရှိတယ်ခင်ဗျ။ အဲဒီလိုမျိုးလုပ်ရင်းတန်းလန်းနဲ
့လည်း ပစ်နေတာတွေ ပိုဖြစ်လာတာကတော့ အဲဒါတော့ဘာကြောင့်လဲ ပြောလို့မတတ်ဘူး။"

မြန်မာစစ်တပ်နဲ့ SSPP/ SSA မြောက်ပိုင်းတပ်တွေကြား ပြီးခဲ့တဲ့ မတ်လကတည်း တိုက်ပွဲတွေဖြစ်ပွားခဲ့တာမှာ သင်္ကြန်တွင်းတုန်းကလည်း တိုက်ပွဲတွေဖြစ်ခဲ့ပါသေးတယ်။ ရှမ်းပြည်နယ် တန့်ယန်းမြို့နဲ့ မိုင်းရှူးမြို့ကြားမှာ အခုထက်ထိ တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့အကြောင်းလည်း ဆက်ပြောပြပါတယ်။

"တန့်ယန်းနဲ့ မိုင်းရှူးပေါ့။ တန့််ယန်းရယ်၊ မိုင်းရှူးရယ်ကြားထဲမှာ ဖြစ်နေတယ်ခင်ဗျ။ အဲဒီလိုမျိုး လက်နက်ကြီးနဲ့ပစ်တာတွေ၊ ထိခိုက်မှုတွေ ရှိတယ်။ နောက်ပြီးတော့ ၀င်ပြီးတော့ လမ်းဖြတ်ရင်းနဲ့တိုက်တာတွေ။ တချို့ကတော့ အစီအစဉ်ရှိရှိနဲ့ တက်ပြီးတော့ တွေ့ဆုံတိုက်တာတွေ အဲဒါတော့ ခဏခဏဖြစ်နေတယ်။"

အခုအချိန်အထိ ရှမ်းပြည်မြောက်ပိုင်းတပ်နဲ့ အစိုးရတပ်ကြား စစ်ရေးတင်းမာမှုတွေ ရှိနေဆဲဖြစ်ပြီး နယ်မြေမတည်ငြိမ် မအေးချမ်းတဲ့အတွက် ဒေသခံပြည်သူတွေ အခုလို ဒုက္ခတွေတွေ့နေရတဲ့အပေါ် နှစ်ဘက်အပစ်အခတ်ရပ်စဲထားတဲ့ အဖွဲ့တွေအနေနဲ့ အပစ်ရပ်သဘောတူမှုကို လေးစားသင့်ပြီး ဒေသခံပြည်သူတွေကလည်း စစ်အမြန်ငြိမ်းဖို့ လိုလားနေကြတယ်လို့ ပြောပါတယ်။

"ကျနော်တို့ အပစ်အခတ်လည်း ရပ်စဲထားပြီးပြီ။ သိပ်မကြာသေးဘူး။ လက်မှတ်ထိုးတာလည်း သိပ်မကြာသေးဘူး။ အကောင်အထည်ဖော်ဖို့လည်း စကားပြောပြီးသားဖြစ်နေတဲ့ အတွက်ကြောင့် ဒီစစ်ကတော့ တတ်နိုင်လို့ရှိရင် ရပ်ပြီးတော့ နှစ်ဦးနှစ်ဘက် ကောင်းကောင်းဆွေးနွေး သဘောတူဖို့ပေါ့။ နောက်ပြီးတော့ ကျနော်တို့ အစိုးရဘက်ကလည်း ကျနော်တို့ သဘောတူထားတဲ့အတိုင်း အဲဒီနယ်မြေတွေကိုလည်း ပေးထားပြီဖြစ်တဲ့အတွက်ကြောင့် အဲဒီနယ်မြေကို ဘယ်လိုလုပ်ရင်ကောင်းမလဲ ဆိုတဲ့ဟာမျိုး နှစ်ဦးနှစ်ဘက်ပေါ့။ အဲဒီမှာ နိုင်ငံရေးအရရော၊ စစ်ရေးအရရော နှစ်ဘက်စလုံး သဘောတူညီချက်အတိုင်း လိုက်နာကြဖို့ရယ်၊ နောက်ပြီးတော့ ပြည်သူလူထု၊ အဲဒီဒေသခံတွေပဲဖြစ်ဖြစ် အဲဒီနေရာမှာရှိနေတဲ့ ထောင်သောင်းမက ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်တွေကိုလည်း ထည့်သွင်းစဉ်းစားပေးဖို့ မေတ္တာရပ်ခံချင်ပါတယ်ခင်ဗျ။"

မြန်မာအစိုးရရဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ဟာ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA မြောက်ပိုင်းနဲ့ ၂၀၁၂ ခုနှစ် ဇန်န၀ါရီလမှာ အပစ်ရပ်ဖို့ သဘောတူခဲ့ပေမဲ့ တနှစ်ကျော်ကာလ အတွင်းမှာ အနည်းဆုံး တိုက်ပွဲပေါင်း အကြိမ် ၁၀၀ ကျော် ဖြစ်ခဲ့သလို တနှစ်ကျော်ကြာ အပစ်ရပ်ထားတဲ့ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ ခေါ် RCSS/SSA တောင်ပိုင်းနဲ့လည်း အပစ်ရပ်ဖို့ သဘောတူပြီးတဲ့နောက် တိုက်ပွဲပေါင်းအကြိမ် ၆၀ ကျော်လောက် ဖြစ်ပွားခဲ့ပါသေးတယ်။

မဆုမွန် (ဗွီအိုအေ)


ရှမ်းကလေးငယ်တချို့။ (မေလ ၂၁ ရက်၊ ၂၀၀၅)။

Posted: 20 Apr 2013 11:07 AM PDT
မြောက်ပိုင်း အိုင်ယာလန်နဲ့ ဗြိတိန်ဗဟို အစိုးရတို့ကြား ကာလရှည်ကြာ ဖြေရှင်းခဲ့ရတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေဟာ မြန်မာပြည် အတွက် သင်ခန်းစာ ယူစရာတွေ အများကြီး ရှိတယ်လို့ မြန်မာ ငြိမ်းချမ်းရေး စင်တာက အပစ်အခတ် ရပ်စဲရေး ဆိုင်ရာ ညွှန်ကြားရေးမှူး ဒေါက်တာ မင်းဇော်ဦးက ပြောပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

MPC ဒါရိုက်တာ ဒေါက်တာ မင်းဇော်ဦး

Posted: 20 Apr 2013 11:00 AM PDT
တရုတ် နိုင်ငံ ချိန်တူးမြို့ အနောက်ဘက် တောင်ပေါ် ဒေသမှာ အင်အားပြင်း မြေငလျင် လှုပ်ခါ သွားပြီး နောက်ပိုင်း၊ ထိခိုက် ပျက်ဆီး မှုတွေ ဖြစ် ခဲ့တဲ့ ရွာတွေက အပျက် အဆီးတွေ အောက် ကနေ အလောင်း တွေနဲ့ အသက်ရှင် ကျန်ရစ် သူတွေကို ကယ်ဆယ်ရေး တွေက ဆွဲထုတ်နေ ကြပါတယ်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


အဆောက် အဦးတွေလည်း ပြိုကျ၊ လမ်းတွေ ပျက်စီးပြီး၊ တယ်လီဖုန်း လိုင်းတွေလည်း ပြတ်တောက်ကုန်

Posted: 20 Apr 2013 10:41 AM PDT
စစ်ကိုင်းတိုင်း၊ မုံရွာခရိုင် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းဒေသမှာ လျော်ကြေးမယူတဲ့ လယ်သမားတချို့က သူတို့လယ်ယာမြေမှာ ထွန်ယက်တာကို ဒေသခံအာဏာပိုင်တွေက တားမြစ်ခဲ့တယ်လို့ RFA ကို ပြောပါတယ်။ လျော်ကြေးငွေမယူတဲ့ လယ်သမားတစ်ချို့ဟာ သူတို့ပိုင်မြေကွက်တွေထဲမှာ မနေ့က ဧပြီလ ၁၉ ရက်နေ့မှာ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 20 Apr 2013 10:34 AM PDT
မြန်မာနိုင်ငံမှာ အစိုးရက စာနယ်ဇင်း လွတ်လပ်ခွင့်တွေကို ဖွင့်ပေးလိုက်တဲ့ နောက်ပိုင်း ပြည်သူတွေကို အဆိပ်အတောက် ဖြစ်စေတဲ့ စာပေတွေ အများအပြား ထွန်းကားလာနေတယ်လို့ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးပိုက်ထွေးက ပြောကြားလိုက်ပါတယ်။ ဒီကနေ့ ရခိုင်ပြည်နယ် စစ်တွေမြို့မှာပြုလုပ်တဲ့ ပုံနှိပ်ထုတ်ဝေခြင်း လုပ်ငန်း ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ





--
Posted By Blogger to လူဗိုလ်ဟူသည် ... at 4/22/2013 09:27:00 AM

--
မှော်ဆရာအဖွဲ့မှ နေ့စဉ် Mail များရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en
Member များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို့စာပို့နိုင်ပါသည်။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး စာပို့ပေးပါရန်။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en
အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
Facebook Page နှင့်ဆက်သွယ်လိုလျှင် www.facebook.com/mrsorcerergroup
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
---
You received this message because you are subscribed to the Google Groups "မှော်ဆရာ အဖွဲ့  ( Ѧя Ƨσяcɛяɛя )" group.
Visit this group at http://groups.google.com/group/mrsorcerer?hl=en.