[mrsorcerer:38012] Fwd: [လူဗိုလ်ဟူသည် ...] လိင်စိတ်နဲ့ ကျန်းမာရေး



---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: 2013/4/23
Subject: [လူဗိုလ်ဟူသည် ...] လိင်စိတ်နဲ့ ကျန်းမာရေး
To: lubo601@gmail.com


Seaman Nayminthu shared Myawady News's photo.
(၂) သားမြတ်ကင်ဆာ ဖြစ်နိုင်ခြေ လျော့နည်းစေပါတယ်လိင်စိတ်ကြွဖို့   နှိုးဆွနေစဉ်နဲ့ လိင်ကိစ္စ အထွတ်အထိပ်ကို ရောက်နေစဉ်မှာ သင့်ရဲ့ ပျော်ရွှင်မှု   ဟော်မုန်းအဆင့်တွေ မြင့်တက်လာပါတယ်။ ပျော်ရွှင်မှု ဟော်မုန်းတွေ ဖြစ်တဲ့   Oxytocin နဲ့ DHEA တွေဟာ သားမြတ်ကင်ဆာ မဖြစ်အောင် ကာကွယ်ပေးပါတယ်။    လေ့လာမှု တစ်ခု အရ တစ်လကို တစ်ကြိမ်ထက် ပိုပြီး လိင်ဆက်ဆံမှု ပြုလုပ်တဲ့   အမျိုးသမီးတွေဟာ လိင်ဆက်ဆံမှု ပြုလုပ်တာ နည်းတဲ့ အမျိုးသမီးတွေထက်   သားမြတ်ကင်ဆာ ဖြစ်နိုင်ခြေနည်းတယ်လို့ သိရပါတယ်။ ဂရိမှ သုတေသန   ပြုသူတွေကလည်း အသက်(၅၀) အရွယ်မှာ လိင်ကိစ္စ အထွတ်အထိပ် ရရှိမှု တစ်လကို   အနည်းဆုံး ခုနစ်ကြိမ် ရရှိသူ အမျိုးသားတွေဟာလည်း အမျိုးသား သားမြတ်ကင်ဆာ   (Male Breast Cancer)ဖြစ်နိုင်ခြေ သိသိသာသာနည်းတာကို တွေ့ရှိခဲ့ပါတယ်။    (၃) သင့်နှလုံး ကျန်းမာစေပါတယ်    လိင်ဆက်ဆံမှု ပြုလုပ်တာဟာ လမ်းမြန်မြန်လျှောက်သလိုမျိုး အတော်အသင့်   လေ့ကျင့်ခန်း ဖြစ်ပြီး နှလုံးကျန်းမာရေးကို ကောင်းမွန်စေပါတယ်။   လေ့ကျင့်ခန်း လုပ်သလိုမျိုးပါပဲ။ ပြင်းပြင်းထန်ထန် လုပ်နိုင်လေ ကျန်းမာရေး   အတွက် အကျိုးပိုရှိလေပါ။ လိင်ကိစ္စ အထွတ်အထိပ်ရောက်ရင်   သင့်နှလုံးခုန်နှုန်းဟာ တစ်မိနစ်ကို ၁၁၀ အထိ ရောက်နိုင်တာမို့   လမ်းမြန်မြန်လျှောက်တာ ဒါမှမဟုတ် ရွရွလေး ပြေးရင် ရရှိတဲ့   နှလုံးခုန်နှုန်းနဲ့ နှိုင်းယှဉ်နိုင်တဲ့ အကျိုးကျေးဇူးပါ။    (၄) ဆီးကျိတ်ကို ကာကွယ်ပေး နိုင်ပါတယ် တစ်ပတ်ကို အနည်းဆုံး လေးကြိမ်   သုက်လွှတ်တဲ့ လူလတ်ပိုင်းအရွယ် အမျိုးသားတွေဟာ သုက်လွှတ်နည်းတဲ့   အမျိုးသားတွေထက် ဆီးကျိတ်ကင်ဆာ ဖြစ်နိုင်ခြေ နည်းပါတယ်လို့ သြစတြေးလျမှ   လေ့လာမှု အရ သိရပါတယ်။ ရေပိုက်ထဲကရေဟာ စီးဆင်းနေရင် ပိုက်အတွင်း ပိတ်ဆို့မှု   နည်းနေသလိုမျိုးပေါ့လို့ Alriarado ဆေးရုံမှ MD.Irwin ကပြောပါတယ်။    (၅) စိတ်ဖိစီးမှု လျော့နည်းစေပါတယ်    စိတ်ဖိစီးမှုများ နိုင်တဲ့ ရက်မတိုင်ခင် နှစ်ပတ်အလိုမှာ ဖိုမဆက်ဆံရေး   လုပ်တဲ့ အမျိုးသားနဲ့ အမျိုးသမီးတွေဟာ လူအများရှေ့ စကားထွက်ပြောရာမှာ   ချောမွေ့နိုင်ပြီး စိတ်တွက် တွက်ချက်ရာမှာလည်း အဆင်ပြေတယ်လို့ လေ့လာမှုအရ   တွေ့ခဲ့ရပါတယ်။    လူအများရှေ့မှာ စကားပြောနေစဉ် သူတို့ရဲ့ အပေါ်သွေး ဖိအားမြင့်တက်မှု နည်းပြီး   ပုံမှန်အဆင့် ပြန်ရောက်တာဟာလည်း ဖိုမဆက်ဆံမှု မလုပ်သူတွေထက် ပိုမြန်တယ်လို့   ဆိုပါတယ်။ လိင်ဆက်ဆံမှု လုပ်တာကြောင့် ဦးနှောက်လုပ်ငန်းတွေ ပိုမိုအလုပ်လုပ်   နိုင်တာကြောင့်ပါ။ တခြားအကြောင်းတစ်ခုက လိင်ဆက်ဆံမှုကြောင့် အရေးကြီးတဲ့   အာရုံကြောတွေကို လှုံ့ဆော်နိုင်လို့ပါ ဆိုပါတယ်။    (၆) သင်ရဲ့ ခုခံအားစနစ်ကို ကောင်းမွန်စေပါတယ်    တစ်ပတ်မှာ တစ်ကြိမ် ဒါမှမဟုတ် နှစ်ကြိမ် လိင်ဆက်ဆံမှု ပြုလုပ်သူတွေဟာ   မလုပ်တဲ့ သူတွေထက် ရောဂါပိုးကို တွန်းလှန်နိုင်တဲ့ ပဋိပစ္စည်း ၃၀   ရာခိုင်နှုန်း မြင့်မားတယ်လို့ သုတေသနပြုသူတွေက တွေ့ရှိခဲ့ပါတယ်။   လိင်စိတ်ကြွဖို့ နှိုးဆွနေစဉ်နဲ့ လိင်ကိစ္စ အထွတ်အထိပ် ရောက်နေတဲ့   အမျိုးသားတွေကို သွေးဖောက်စစ်ကြည့်ရာ ရောဂါပိုးကို တိုက်ထုတ်နိုင်တဲ့   သွေးဖြူဥတွေ များနေတာကို တွေ့ရှိရပါတယ်။    ဒီအကျိုးသက်ရောက်မှုတွေဟာ လေ့ကျင့်ခန်းလုပ်တာနဲ့ သီချင်းနားထောင်တာလိုမျိုး   စိတ်ဖိစီးမှုကို တွန်းလှန်နိုင်တဲ့ လုပ်ငန်းလိုမျိုးပဲ ရောဂါပိုးကို   တွန်းလှန်ဖို့ ခန္ဓာကိုယ်မှ အချို့ပရိုတင်းအရည်တွေ ထုတ်လုပ်မှုကို   မြင့်တက်စေနိုင်ပါတယ်။    (၇) မီးယပ်သွေးဆုံးစဉ်မှာ မိန်းမကိုယ်ခြောက်သွေ့မှုကို ကာကွယ်နိုင်ပါတယ်    လိင်ဆက်ဆံမှု တစ်နှစ်ကို ၁၀ကြိမ် ထက်ပိုပြီးလုပ်တဲ့ မီးယပ်သွေးဆုံးပြီးသူ   အမျိုးသမီးတွေဟာ လိင်ဆက်ဆံမှု နည်းတဲ့ အမျိုးသမီးတွေထက် မိန်းမကိုယ်   သိမ်သွားခြင်း နည်းတယ်လို့ New Jersey မှ သိပ္ပံပညာရှင်တွေက   တွေ့ရှိခဲ့ပါတယ်။

(၂) သားမြတ်ကင်ဆာ ဖြစ်နိုင်ခြေ လျော့နည်းစေပါတယ်။ လိင်စိတ်ကြွဖို့ နှိုးဆွနေစဉ်နဲ့ လိင်ကိစ္စ အထွတ်အထိပ်ကို ရောက်နေစဉ်မှာ သင့်ရဲ့ ပျော်ရွှင်မှု ဟော်မုန်းအဆင့်တွေ မြင့်တက်...လာပါတယ်။ ပျော်ရွှင်မှု ဟော်မုန်းတွေ ဖြစ်တဲ့ Oxytocin နဲ့ DHEA တွေဟာ သားမြတ်ကင်ဆာ မဖြစ်အောင် ကာကွယ်ပေးပါတယ်။

လေ့လာမှု တစ်ခု အရ တစ်လကို တစ်ကြိမ်ထက် ပိုပြီး လိင်ဆက်ဆံမှု ပြုလုပ်တဲ့ အမျိုးသမီးတွေဟာ လိင်ဆက်ဆံမှု ပြုလုပ်တာ နည်းတဲ့ အမျိုးသမီးတွေထက် သားမြတ်ကင်ဆာ ဖြစ်နိုင်ခြေနည်းတယ်လို့ သိရပါတယ်။ ဂရိမှ သုတေသန ပြုသူတွေကလည်း အသက်(၅၀) အရွယ်မှာ လိင်ကိစ္စ အထွတ်အထိပ် ရရှိမှု တစ်လကို အနည်းဆုံး ခုနစ်ကြိမ် ရရှိသူ အမျိုးသားတွေဟာလည်း အမျိုးသား သားမြတ်ကင်ဆာ (Male Breast Cancer)ဖြစ်နိုင်ခြေ သိသိသာသာနည်းတာကို တွေ့ရှိခဲ့ပါတယ်။

(၃) သင့်နှလုံး ကျန်းမာစေပါတယ်
လိင်ဆက်ဆံမှု ပြုလုပ်တာဟာ လမ်းမြန်မြန်လျှောက်သလိုမျိုး အတော်အသင့် လေ့ကျင့်ခန်း ဖြစ်ပြီး နှလုံးကျန်းမာရေးကို ကောင်းမွန်စေပါတယ်။ လေ့ကျင့်ခန်း လုပ်သလိုမျိုးပါပဲ။ ပြင်းပြင်းထန်ထန် လုပ်နိုင်လေ ကျန်းမာရေး အတွက် အကျိုးပိုရှိလေပါ။ လိင်ကိစ္စ အထွတ်အထိပ်ရောက်ရင် သင့်နှလုံးခုန်နှုန်းဟာ တစ်မိနစ်ကို ၁၁၀ အထိ ရောက်နိုင်တာမို့ လမ်းမြန်မြန်လျှောက်တာ ဒါမှမဟုတ် ရွရွလေး ပြေးရင် ရရှိတဲ့ နှလုံးခုန်နှုန်းနဲ့ နှိုင်းယှဉ်နိုင်တဲ့ အကျိုးကျေးဇူးပါ။

(၄) ဆီးကျိတ်ကို ကာကွယ်ပေး နိုင်ပါတယ် တစ်ပတ်ကို အနည်းဆုံး လေးကြိမ် သုက်လွှတ်တဲ့ လူလတ်ပိုင်းအရွယ် အမျိုးသားတွေဟာ သုက်လွှတ်နည်းတဲ့ အမျိုးသားတွေထက် ဆီးကျိတ်ကင်ဆာ ဖြစ်နိုင်ခြေ နည်းပါတယ်လို့ သြစတြေးလျမှ လေ့လာမှု အရ သိရပါတယ်။ ရေပိုက်ထဲကရေဟာ စီးဆင်းနေရင် ပိုက်အတွင်း ပိတ်ဆို့မှု နည်းနေသလိုမျိုးပေါ့လို့ Alriarado ဆေးရုံမှ MD.Irwin ကပြောပါတယ်။

(၅) စိတ်ဖိစီးမှု လျော့နည်းစေပါတယ်
စိတ်ဖိစီးမှုများ နိုင်တဲ့ ရက်မတိုင်ခင် နှစ်ပတ်အလိုမှာ ဖိုမဆက်ဆံရေး လုပ်တဲ့ အမျိုးသားနဲ့ အမျိုးသမီးတွေဟာ လူအများရှေ့ စကားထွက်ပြောရာမှာ ချောမွေ့နိုင်ပြီး စိတ်တွက် တွက်ချက်ရာမှာလည်း အဆင်ပြေတယ်လို့ လေ့လာမှုအရ တွေ့ခဲ့ရပါတယ်။
လူအများရှေ့မှာ စကားပြောနေစဉ် သူတို့ရဲ့ အပေါ်သွေး ဖိအားမြင့်တက်မှု နည်းပြီး ပုံမှန်အဆင့် ပြန်ရောက်တာဟာလည်း ဖိုမဆက်ဆံမှု မလုပ်သူတွေထက် ပိုမြန်တယ်လို့ ဆိုပါတယ်။ လိင်ဆက်ဆံမှု လုပ်တာကြောင့် ဦးနှောက်လုပ်ငန်းတွေ ပိုမိုအလုပ်လုပ် နိုင်တာကြောင့်ပါ။ တခြားအကြောင်းတစ်ခုက လိင်ဆက်ဆံမှုကြောင့် အရေးကြီးတဲ့ အာရုံကြောတွေကို လှုံ့ဆော်နိုင်လို့ပါ ဆိုပါတယ်။

(၆) သင်ရဲ့ ခုခံအားစနစ်ကို ကောင်းမွန်စေပါတယ်
တစ်ပတ်မှာ တစ်ကြိမ် ဒါမှမဟုတ် နှစ်ကြိမ် လိင်ဆက်ဆံမှု ပြုလုပ်သူတွေဟာ မလုပ်တဲ့ သူတွေထက် ရောဂါပိုးကို တွန်းလှန်နိုင်တဲ့ ပဋိပစ္စည်း ၃၀ ရာခိုင်နှုန်း မြင့်မားတယ်လို့ သုတေသနပြုသူတွေက တွေ့ရှိခဲ့ပါတယ်။ လိင်စိတ်ကြွဖို့ နှိုးဆွနေစဉ်နဲ့ လိင်ကိစ္စ အထွတ်အထိပ် ရောက်နေတဲ့ အမျိုးသားတွေကို သွေးဖောက်စစ်ကြည့်ရာ ရောဂါပိုးကို တိုက်ထုတ်နိုင်တဲ့ သွေးဖြူဥတွေ များနေတာကို တွေ့ရှိရပါတယ်။
ဒီအကျိုးသက်ရောက်မှုတွေဟာ လေ့ကျင့်ခန်းလုပ်တာနဲ့ သီချင်းနားထောင်တာလိုမျိုး စိတ်ဖိစီးမှုကို တွန်းလှန်နိုင်တဲ့ လုပ်ငန်းလိုမျိုးပဲ ရောဂါပိုးကို တွန်းလှန်ဖို့ ခန္ဓာကိုယ်မှ အချို့ပရိုတင်းအရည်တွေ ထုတ်လုပ်မှုကို မြင့်တက်စေနိုင်ပါတယ်။

(၇) မီးယပ်သွေးဆုံးစဉ်မှာ မိန်းမကိုယ်ခြောက်သွေ့မှုကို ကာကွယ်နိုင်ပါတယ်
လိင်ဆက်ဆံမှု တစ်နှစ်ကို ၁၀ကြိမ် ထက်ပိုပြီးလုပ်တဲ့ မီးယပ်သွေးဆုံးပြီးသူ အမျိုးသမီးတွေဟာ လိင်ဆက်ဆံမှု နည်းတဲ့ အမျိုးသမီးတွေထက် မိန်းမကိုယ် သိမ်သွားခြင်း နည်းတယ်လို့ New Jersey မှ သိပ္ပံပညာရှင်တွေက တွေ့ရှိခဲ့ပါတယ်။


--
Posted By Blogger to လူဗိုလ်ဟူသည် ... at 4/24/2013 10:58:00 AM

--
မှော်ဆရာအဖွဲ့မှ နေ့စဉ် Mail များရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en
Member များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို့စာပို့နိုင်ပါသည်။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး စာပို့ပေးပါရန်။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en
အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
Facebook Page နှင့်ဆက်သွယ်လိုလျှင် www.facebook.com/mrsorcerergroup
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
---
You received this message because you are subscribed to the Google Groups "မှော်ဆရာ အဖွဲ့  ( Ѧя Ƨσяcɛяɛя )" group.
Visit this group at http://groups.google.com/group/mrsorcerer?hl=en.