[mrsorcerer:38017] ဘားအံမြို့ပေါ်ရှိ မဲဘောင်ကျောင်းတွင် ဦးဝီရသူ၏ တရားဟောပြွဲ

ဘားအံ ။ ။ ဘားအံမြို့ပေါ်ရှိ မဲဘောင်ကျောင်းတွင် ဦးဝီရသူ၏ တရားဟောပွဲပြုလုပ်ခဲ့သော်လည်း တရားပွဲတွင် ဘာသာရေးမုန်းတီးမှု တရားများသာ ဟောကြားခဲ့ပြီး ယင်းတရားပွဲအား ဧပြီလ ၂၀-ရက်နေ့မှ ၂၂-ရက်နေ့အထိ ည(၇)နာရီ (၉)နာရီထိ ၃-ရက်တိုင် ပြုလုပ်ခဲ့တယ်လို့သိရပါတယ်။ တရားပွဲ လော်စပီကာဖြင့် ထုတ်လွှင့်ခဲသောကြောင့် တရားပွဲကျင်းပရာ အနီးနား ရပ်ကွက်ရှိ နေထိုင်သူများအားလုံး ကြားခဲ့ရကြောင်း သိရပါသည်။

အဆိုပါပွဲတွင် တရားတော်များကို ဟောကြားခြင်းထက် သူတစ်ပါးရဲ့ ဘာသာ သာသနာကို စော်ကားပြီး ပြောကြားသွားခဲ့သည်။ တရားပွဲတွင် ဦးဝီရသူမှ ပြောကြားခဲ့သည်များထဲမှ ကြားသိခဲ့ရသည့် ဘားအံမြို့ခံများက ဦးဝီရသူပြောကြားခဲ့သည့်အတိုင်း ပြန်လည်ပြောပြလာပါတယ်။

ဦးဝီရသူပြောကြားခဲ့သည့် မုန်းတီးရေးတရားများမှာ -

(၁) ဗလီဆိုတာ ရန်သူ့အဆောက်အအုံဖြစ်တယ်။ ဒါကြောင့် ဗလီကိုဖြိုတာဟာ ရန်သူ့အဆောက်အအုံကို ဖြိုချခြင်းဖြစ်လို့ ငရဲမကြီးပါဘူး။

(၂) မွတ်စလင်မ်ကုလားတစ်ယောက်ဟာ ဗမာမိန်းကလေးတစ်ယောက်ကို မုဒိန်းကျင့်နိုင်ရင် မြင့်မြတ်ခြင်းကို ရတယ်။

(၃) ရိုဟင်ဂျာတွေကိစ္စမှာ သမ္မတကြီးဟာ ပြတ်သားစွာရပ်တည်ပေးခဲ့အတွက် အလွန်လေးစားဖို့ကောင်းတဲ့ပုဂ္ဂိုလ်ပါပဲ။ အများက ခေါ်ခေါ်နေတဲ့ အမေစုဟာ ဘာများလုပ်ပေးနိုင်ခဲ့လို့လဲ။ ဒါကြောင့် သမ္မတကြီးအတွက် ဆုတောင်းပွဲတွေကို မန္တလေးတစ်ခွင်မှာ ကျင်းပခဲ့ကြတယ်။

(၄) မဆီမဆိုင် ပဲခူးမှာ ဗလီတွေလိုက်ဖျက်ကြတဲ့ ဗမာတွေကို ဦးဇင်းရှက်မိတယ်။ မဆီမဆိုင် လိုက်လုပ်ကြတဲ့အတွက် မတရားမှုပါပဲ။ ဦးဇင်း အလွန်ပဲရှက်မိတယ်။

(၅) မြန်မာနိုင်ငံမှာလည်းနေသေးတယ်။ ဝက်သားလည်း မစားကြဘူး။ မြန်မာနိုင်ငံမှာ ဝက်သားပဲရတာလေ။ ကုလားတွေ ဝက်သားစားကြပေါ့။ ဝက်သားတော့ဖြင့် မစားကြဘူး။ ဝက်သားစားတဲ့ ပါးစပ်တွေရှိတဲ့ ဗမာမိန်းကလေးတွေကိုတော့ ငမ်းငမ်းတက်ဖြစ်နေကြတယ်။ ဦးဇင်းတို့က သူတို့ကို ဘယ်လိုနားလည်ပေးရမတုန်း။

(၆) မွတ်စလင်မ်ကုလားမတွေကဆိုရင် တကိုယ်လုံးကိုခြုံပြီးနေကြတာ။ တချို့ဆို မျက်နှာတွေမျက်လုံးတွေကိုပါ ပိတ်နေရတာ။ ရာသီဥတုပူတဲ့အချိန်ဆို ငရဲကျသလိုပါပဲ။ ဦးဇင်းတို့ မြန်မာအမျိုးသမီးတွေကိုများ သူတို့က မယဉ်ကျေးဘူးပြောသေးတယ်။ လွတ်လပ်ခွင့်ရှိတဲ့ တို့သာသနာကို တို့ပိုင်ဆိုင်ထားတာ ကံမကောင်းပေဘူးလားဟေ့။

(၇) NLD မှာ ကြည့်လိုက်ရင်လည်း မုတ်ဆိတ်တကားကားနဲ့ တိုက်ပုံဝတ်တဲ့ကုလားတွေကလည်း ရှိသေး။ ကြည့်လိုက်ရင် ဆိတ်သိုးတွေလိုပဲ သိပ်ရွံစရာကောင်းတယ်။ မဝတ်တတ်တော့ အကျီင်္ကို ဟိုဆွဲချ ဒီဆွဲချနဲ့ လုံးဝပုံမကျလှဘူး။

(၈) မြန်မာအမျိုးသမီးတစ်ယောက်ဆိုရင် ကုလားတစ်ယောက်ကို ကြိုက်လွန်းလို့ သဘောမတူတဲ့ ကိုယ့်မိဘကိုတောင် အဆိပ်ခပ်သတ်ပြီး ဘုရားပုံတော်ကို ခြေနဲ့နင်းလို့ ကုလားတွေက သူတို့ဘာသာထဲ ပြောင်းခိုင်းခဲ့တာကို ခံခဲ့ရတယ်။

(၉) မိတ္ထီလာလို လူညီဖို့လိုတယ်နော။ ကရင်ပြည်နယ်ကို ကုလားပြည်နယ် ဖြစ်ချင်သလားဟေ့။

(၁၀) ဦးဇင်းကို Facebook မှာ တိုက်ခိုက်သူတွေအများကြီးပဲ။ ဦးဇင်းက သောက်ဂရုမစိုက်ပါဘူး။ ဦးဇင်းက သာသနာ့အာဇာနည်တစ်ယောက်ပါ။

(၁၁) ငမဲတွေကိုကြောက်စရာမလိုဘူး။ ကုလားတွေအကုန်လုံးက မြန်မာတွေကိုမြင်ရင် ခေါင်းငုံ့သွားစေရမယ်။

(၁၂) ကုလားတွေက နောက်ဆုံးမရတော့မှ ဦးဇင်းဆီ လာဆွေးနွေးကြတယ်။ ကုလားတွေနဲ့ သွားမပတ်သက်မိစေနဲ့။ ကိုယ်ပါ အလိုလိုရိုင်းသွားလိမ့်မယ်။

ယင်းတရားပွဲ၌ ယခုကဲ့သို့သော စကားလုံးများသုံးနှုန်း၍ ဦးဝီရသူပြောကြားသွားသည်မှာ သာမန် ဘုန်းတော်ကြီးများ တရားဟောကြားသည့်ပုံစံ မဟုတ်ကြောင်း၊ စကားပြောသည့် ပုံစံလည်း မူမမှန်ကြောင်း၊ ၃-ညတိုင်တိုင်ပြောသည့် စကားများဟာလည်း တစ်ခုနှင့်တစ်ခု အဆက်အစပ်မဲ့ပြီး တရားပွဲဟု အမည်ခံထားသော်လည်း ဘာသာရေးမုန်းတီးမှုလှုံ့ဆော်ပွဲသက်သက်သာဖြစ်ကြောင်း၊ စကားပြောရာတွင်လည်း လျှာလိပ်နေတဲ့အ သံတွေဟာလည်း တားမြစ်ဆေးဝါး တစ်ခုခုသုံးစွဲထားပြီး စကားပြောသည့် လူတစ်ဦးကဲ့သို့သာဖြစ်နေကြောင်းကိုလည်း ဘားအံမြို့ခံတစ်ဦးမှလည်း ပြောပြလာပါတယ်။
ဘားအံ ။         ။   ဘားအံမြို့ပေါ်ရှိ မဲဘောင်ကျောင်းတွင် ဦးဝီရသူ၏ တရားဟောပွဲပြုလုပ်ခဲ့သော်လည်း တရားပွဲတွင် ဘာသာရေးမုန်းတီးမှု တရားများသာ ဟောကြားခဲ့ပြီး ယင်းတရားပွဲအား ဧပြီလ ၂၀-ရက်နေ့မှ ၂၂-ရက်နေ့အထိ ည(၇)နာရီ (၉)နာရီထိ ၃-ရက်တိုင် ပြုလုပ်ခဲ့တယ်လို့သိရပါတယ်။ တရားပွဲ လော်စပီကာဖြင့် ထုတ်လွှင့်ခဲသောကြောင့် တရားပွဲကျင်းပရာ အနီးနား ရပ်ကွက်ရှိ နေထိုင်သူများအားလုံး ကြားခဲ့ရကြောင်း သိရပါသည်။    အဆိုပါပွဲတွင် တရားတော်များကို ဟောကြားခြင်းထက် သူတစ်ပါးရဲ့ ဘာသာ သာသနာကို စော်ကားပြီး ပြောကြားသွားခဲ့သည်။ တရားပွဲတွင်  ဦးဝီရသူမှ ပြောကြားခဲ့သည်များထဲမှ ကြားသိခဲ့ရသည့် ဘားအံမြို့ခံများက ဦးဝီရသူပြောကြားခဲ့သည့်အတိုင်း ပြန်လည်ပြောပြလာပါတယ်။    ဦးဝီရသူပြောကြားခဲ့သည့် မုန်းတီးရေးတရားများမှာ -    (၁)  ဗလီဆိုတာ ရန်သူ့အဆောက်အအုံဖြစ်တယ်။ ဒါကြောင့် ဗလီကိုဖြိုတာဟာ ရန်သူ့အဆောက်အအုံကို ဖြိုချခြင်းဖြစ်လို့ ငရဲမကြီးပါဘူး။    (၂)  မွတ်စလင်မ်ကုလားတစ်ယောက်ဟာ ဗမာမိန်းကလေးတစ်ယောက်ကို မုဒိန်းကျင့်နိုင်ရင် မြင့်မြတ်ခြင်းကို ရတယ်။    (၃)  ရိုဟင်ဂျာတွေကိစ္စမှာ သမ္မတကြီးဟာ ပြတ်သားစွာရပ်တည်ပေးခဲ့အတွက် အလွန်လေးစားဖို့ကောင်းတဲ့ပုဂ္ဂိုလ်ပါပဲ။ အများက ခေါ်ခေါ်နေတဲ့ အမေစုဟာ ဘာများလုပ်ပေးနိုင်ခဲ့လို့လဲ။ ဒါကြောင့် သမ္မတကြီးအတွက် ဆုတောင်းပွဲတွေကို မန္တလေးတစ်ခွင်မှာ ကျင်းပခဲ့ကြတယ်။    (၄)  မဆီမဆိုင် ပဲခူးမှာ ဗလီတွေလိုက်ဖျက်ကြတဲ့ ဗမာတွေကို ဦးဇင်းရှက်မိတယ်။ မဆီမဆိုင် လိုက်လုပ်ကြတဲ့အတွက် မတရားမှုပါပဲ။ ဦးဇင်း အလွန်ပဲရှက်မိတယ်။    (၅)  မြန်မာနိုင်ငံမှာလည်းနေသေးတယ်။ ဝက်သားလည်း မစားကြဘူး။ မြန်မာနိုင်ငံမှာ ဝက်သားပဲရတာလေ။ ကုလားတွေ ဝက်သားစားကြပေါ့။ ဝက်သားတော့ဖြင့် မစားကြဘူး။ ဝက်သားစားတဲ့ ပါးစပ်တွေရှိတဲ့ ဗမာမိန်းကလေးတွေကိုတော့ ငမ်းငမ်းတက်ဖြစ်နေကြတယ်။ ဦးဇင်းတို့က သူတို့ကို ဘယ်လိုနားလည်ပေးရမတုန်း။    (၆)  မွတ်စလင်မ်ကုလားမတွေကဆိုရင် တကိုယ်လုံးကိုခြုံပြီးနေကြတာ။ တချို့ဆို မျက်နှာတွေမျက်လုံးတွေကိုပါ ပိတ်နေရတာ။ ရာသီဥတုပူတဲ့အချိန်ဆို ငရဲကျသလိုပါပဲ။ ဦးဇင်းတို့ မြန်မာအမျိုးသမီးတွေကိုများ သူတို့က မယဉ်ကျေးဘူးပြောသေးတယ်။ လွတ်လပ်ခွင့်ရှိတဲ့ တို့သာသနာကို တို့ပိုင်ဆိုင်ထားတာ ကံမကောင်းပေဘူးလားဟေ့။    (၇)  NLD မှာ ကြည့်လိုက်ရင်လည်း မုတ်ဆိတ်တကားကားနဲ့ တိုက်ပုံဝတ်တဲ့ကုလားတွေကလည်း ရှိသေး။ ကြည့်လိုက်ရင် ဆိတ်သိုးတွေလိုပဲ သိပ်ရွံစရာကောင်းတယ်။ မဝတ်တတ်တော့ အကျီင်္ကို ဟိုဆွဲချ ဒီဆွဲချနဲ့ လုံးဝပုံမကျလှဘူး။    (၈)  မြန်မာအမျိုးသမီးတစ်ယောက်ဆိုရင် ကုလားတစ်ယောက်ကို ကြိုက်လွန်းလို့ သဘောမတူတဲ့ ကိုယ့်မိဘကိုတောင် အဆိပ်ခပ်သတ်ပြီး ဘုရားပုံတော်ကို ခြေနဲ့နင်းလို့ ကုလားတွေက သူတို့ဘာသာထဲ ပြောင်းခိုင်းခဲ့တာကို ခံခဲ့ရတယ်။    (၉)  မိတ္ထီလာလို လူညီဖို့လိုတယ်နော။ ကရင်ပြည်နယ်ကို ကုလားပြည်နယ် ဖြစ်ချင်သလားဟေ့။    (၁၀)  ဦးဇင်းကို Facebook မှာ တိုက်ခိုက်သူတွေအများကြီးပဲ။ ဦးဇင်းက သောက်ဂရုမစိုက်ပါဘူး။ ဦးဇင်းက သာသနာ့အာဇာနည်တစ်ယောက်ပါ။    (၁၁)  ငမဲတွေကိုကြောက်စရာမလိုဘူး။ ကုလားတွေအကုန်လုံးက မြန်မာတွေကိုမြင်ရင် ခေါင်းငုံ့သွားစေရမယ်။    (၁၂)  ကုလားတွေက နောက်ဆုံးမရတော့မှ ဦးဇင်းဆီ လာဆွေးနွေးကြတယ်။ ကုလားတွေနဲ့ သွားမပတ်သက်မိစေနဲ့။ ကိုယ်ပါ အလိုလိုရိုင်းသွားလိမ့်မယ်။    ယင်းတရားပွဲ၌ ယခုကဲ့သို့သော စကားလုံးများသုံးနှုန်း၍ ဦးဝီရသူပြောကြားသွားသည်မှာ သာမန် ဘုန်းတော်ကြီးများ တရားဟောကြားသည့်ပုံစံ မဟုတ်ကြောင်း၊ စကားပြောသည့် ပုံစံလည်း မူမမှန်ကြောင်း၊ ၃-ညတိုင်တိုင်ပြောသည့် စကားများဟာလည်း တစ်ခုနှင့်တစ်ခု အဆက်အစပ်မဲ့ပြီး တရားပွဲဟု အမည်ခံထားသော်လည်း ဘာသာရေးမုန်းတီးမှုလှုံ့ဆော်ပွဲသက်သက်သာဖြစ်ကြောင်း၊ စကားပြောရာတွင်လည်း လျှာလိပ်နေတဲ့အ သံတွေဟာလည်း တားမြစ်ဆေးဝါး တစ်ခုခုသုံးစွဲထားပြီး စကားပြောသည့် လူတစ်ဦးကဲ့သို့သာဖြစ်နေကြောင်းကိုလည်း ဘားအံမြို့ခံတစ်ဦးမှလည်း ပြောပြလာပါတယ်။


--

May Peace Be Upon You
Regards,
Ruby

--
မှော်ဆရာအဖွဲ့မှ နေ့စဉ် Mail များရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en
Member များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို့စာပို့နိုင်ပါသည်။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး စာပို့ပေးပါရန်။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en
အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
Facebook Page နှင့်ဆက်သွယ်လိုလျှင် www.facebook.com/mrsorcerergroup
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
---
You received this message because you are subscribed to the Google Groups "မှော်ဆရာ အဖွဲ့  ( Ѧя Ƨσяcɛяɛя )" group.
Visit this group at http://groups.google.com/group/mrsorcerer?hl=en.