[mrsorcerer:38019] Fwd: [လူဗိုလ်ဟူသည် ...] ကျမနဲ့ လဝက



---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: 2013/4/24
Subject: [လူဗိုလ်ဟူသည် ...] ကျမနဲ့ လဝက
To: lubo601@gmail.com




by Phyoe Phyoe Aung (Notes) on Wednesday, April 24, 2013 at 3:42am
ဖေ့ဘွတ် မိတ်ဆွေများရှင့် ဒီနေ့ လဝက ရုံးကအပြန်စိတ်ထဲမှာအတော်မခံမရပ်နိုင်ဖြစ်နေရလို့ ရင်ဖွင့်ပါရစေ။ ကျမ ဖြိုးဖြိုးအောင်ရဲ့ ဖခင် ဒေါက်တာနေဝင်း ရဲ့ အဖေ (ကျမအဖိုး) ဟာ သူ့ အသက်ဆယ့်သုံးနှစ်အရွယ်မှာ တရုတ်ပြည်ကနေ ဗမာပြည်ထဲကိုရောက်ခဲ့ပါတယ်။နောက်ပိုင်းမှာကျမအဖိုး နိုင်ငံသားအဖြစ်ကျမ်းကျိန် ခဲ့လို့ နိုင်ငံသားစိစစ်ရေးကတ်ရပြီးနိုင်ငံသား ခံယူခဲ့ပါတယ်။ ကျမ ဖခင်မှာလဲအလားတူကတ်ရှိခဲ့ပေမဲ့ သူနိုင်ငံရေးမှုနဲ့ အကျဉ်းကျနေချိန်မှာ ကတ်ပျောက်ဆုံးသွားခဲ့တဲ့အတွက် ပြန်လည်လွတ်မြောက်လာချိန်၂၀၀၅-၀၆ လောက်က အသစ်ပြန်လျှောက်ချိန်မှာ ပါတီနိုင်ငံရေးကင်းရှင်းကြောင်း လတ်မှတ်ထိုးရတဲ့လျှောက်လွှာ ပုံစံကြောင့်ပြဿနာ တက်ခဲ့ပြီး ရေဒီယို မီဒီယာတခုနဲ့ အင်တာဗျုးခဲ့လို့ လတ်မှတ်မထိုးရတော့ပဲ မှတ်ပုံတင်ရခဲ့ပါတယ်။
နောက်ပိုင်းနိုင်ငံသားစိစစ်ရေးကတ်လျှောက်လွှာတွေမှာလဲပါတီနိုင်ငံရေးကင်းရှင်းကြောင်း လက်မှတ်ထိုးရတဲ့အပိုဒ်ကိုမတွေ့ ရတော့ပါဘူး။ ကျမကတော့နောက်ပြဿနာတခုပါ။ကျမအသက် ၁၇နှစ် ကျမဖခင်နိုင်ငံသားစိစစ်ရေးကတ်ရမှကျမလဲ ၁၀နှစ်ပြည့်နိုင်ငံသားစိစစ်ရေးကတ်ရပါတယ်။အဲဒီ့ရှေ့ပိုင်းမှာတော့ ကျမကို တရုတ်စပ်တယ်ဆိုတဲ့အကြောင်းပြချက်နဲ့ ပိုက်ဆံတောင်းတာကို မပေးခဲတဲ့အတွက် ရုံးကိုသွားလိုက်ပြန်လိုက်အခေါက်ခေါက်အခါခါနဲ့ပဲအချိန်ကုန်ခဲ့တာပါ။ကျမအသက် ၁၉ နှစ်လောက်မှာ ဗကသများအဖွဲ့ ချုပ်အဖွဲ့ ဝင်ဖြစ်ခဲ့ပြီး ဗကသရဲ့ လှုပ်ရှားမှုတွေမှာပါဝင်ခဲ့လို့ အဖမ်းခံခဲ့ရတဲ့အတွက် ၁၈နှစ်ပြည့်မှတ်ပုံတင်မလဲနိုင်ခဲ့ပါ။ပြန်လည်လွတ်မြောက်ခါစကလဲ အကြောင်းအမျိုးမျိုးကြောင့် လဝကရုံးကိုမရောက်နိုင်ခဲ့ပါ။၂၀၁၃ ဇန်နဝါရီ လလယ်လောက်မှာကျမ ရောက်ခဲ့တော့လည်းအဆင်မပြေမှုမျိုးစုံကိုကြုံတွေ့ ခဲ့ရပါတယ်။ အချက်အလက်အပြည့်အစုံကျမ ဘက်ကပေးပေမဲ့ သူတို့ ဘက်ကမအားတာအကြောင်းပြပြီးမှတ်တမ်းရှာဖို့ ကိုအချိန်ဆွဲ၊ ကျမကိုလဲအကြိမ်ကြိမ်အခါခါချိန်း နောက်ဆုံး၂၀၁၃ ဖေဖေါ်ဝါရီ ၂၅ ရက်နေ့ မှ ကျမဖိုင်ကို တိုင်းရုံးပို့ ဖို့ အဆင်သင့်ဖြစ်ပါတော့တယ်။ကျမတို့ သွေးနှောတွေက မြို့ နယ်ရုံးနဲ့  မပြီးပဲ တိုင်းရုံးထိတက်ရကြောင်း သူတို့ ကပြောတာကို ကျမလက်ခံခဲ့ပါတယ်။တလအကြာ ၂၀၁၃ မတ်၂၄ မှာကျမထပ်သွားပြီးရမရမေးပါတယ်ခုမရရင်ဘယ်လောက်ကြာနိုင်လဲပြောဖို့ နဲ့ ကျမ တစ်လစောင့်ပြီးလာတာဖြစ်ကြောင်းလဲပြောပါတယ်။ကျမတို့ရပ်ကွက်တာဝန်ကျအမျိုးသမီးက ရမရဆိုတာ ဖုန်းဆက်အကြောင်းကြားမယ်၊လောလောဆယ်တိုင်းရုံးကမကျသေးဘူး၊ကြာချိန်ကိုလဲမခန့် မှန်းနိုင်ဘူး၊ နောက်တစ်လအတွင်းရမယ် ဆိုတာ ဗမာတွေကိုပြောတာ၊ ကျမကတရုတ်လို့ ပြောပါတယ်။ ကျမအတော်စိတ်ဆိုးပေမဲ့စိတ်ထိန်းပြီးထပ်စောင့်ခဲ့ပါတယ်။ဒီနေ့ ၂၀၁၃ ဧပြီ ၂၄ ကျမလဝကရုံးကိုစသွားချိန်နဲ့ ဆို ၃လအကြာမှာ ထပ်ရောက်ခဲ့ပြန်ပါတယ်။မကျသေးဘူးဆိုပြီးဆီးကြိုပြောတော့ ကျမဦးစီးမှူးနဲ့ ဝင်တွေ့ ဖို့ ပြောခဲ့ပါတယ်။ ဦးစီမှူးရုံးခန်းရှေ့ကဂိတ်စောင့်ပြန်သွားလို့ နဲ့ နောက်ရှေ့မှာ တခြားသူတွေအများကြီးစောင့်နေရလို့ ဆိုတဲ့အကြောင်းပြချက်နဲ့မနက်ဖြန် ၁၀နာရီမှ လာဖို့ ချိန်းပါတယ်။ခုဆိုကိုယ့်နိုင်ငံထဲခရီးသွားရင်တောင်ရပ်ကွက်ရုံးကထောက်ခံစာတောင်းနေရတဲ့ဘဝပါ။မှတ်ပုံတင်ပြန်မအပ်ပဲနေရင်တောင်အကောင်းသားလို့ နောင်တရချင်စရာပါပဲ။ ကျမတို့ နိုင်ငံရဲ့ လူမျိုးရေးခွဲခြားမှု၊ ချစားမှုတွေကတော့ အံ့မခန်းပါပဲ။ကျမထက်ဆိုးတဲ့အခြေအနေကိုတွေ့ ကြုံနေရတဲ့သူတွေလဲတစ်ပုံကြီးပါ။ ကျမလူမျိုးဖြစ်ကြောင်းစိစစ်ရေးကတ်တောင်းဆိုနေတာမဟုတ်ပါဘူး ၊ နိုင်ငံသားဖြစ်ကြောင်းကတ်ကိုရဖို့ ပြောနေတာပါ။ကျမဘယ်တုန်းကမှ ကဘာလူမျိုးဖြစ်တယ်လို့ မတွေးဖူးပါဘူး။စိတ်လဲမဝင်စားပါဘူး။ ကျမသိတာ ကျမဗမာနိုင်ငံသားတစ်ယောက် ကျမနေထိုင်တဲ့နိုင်ငံအတွက်ကောင်းရာကောင်းကျိုး ကိုကူညီမယ်ကြိုးစားမယ်။ ဒီထက်ပိုပြီးကျမတို့ အားလုံးမှီတင်းနေထိုင်ကြတဲ့မြေကမ္ဘာရဲ့ အကျိုးကိုပါတစ်ထောင့်တစ်နေရာကနေသယ်ပိုးဖို့ အမြဲစဉ်းစားတယ်။စကားမစပ် ကျမရခဲ့တဲ့၁၀နှစ်ပြည့်မှတ်ပုံတင်ထဲမှာက လူမျိုးဆိုတဲ့ နေရာမှာ (တရုတ်+ဗမာ+ဗမာ) လို့ ရေးထားတယ်။ ကျမအဖေကတော့(တရုတ်+ဗမာ)ပေါ့။ တရုတ်လူမျိုးအစစ်ဖြစ်တဲ့ ကျမအဖိုး ကျမ်းသစ္စာကျိမ်ပြီး နိုင်ငံသားစိစစ်ရေးကတ်လက်ဝယ်မှာရှိတယ်။ ဒီနိုင်ငံမှာမွေးတဲ့ကျမအဖေလဲကတ်ရှိတယ်။ကျမလဲကတ်ရပြီးသား ၁၈နှစ်ပြည့်လဲတာကို ရမရအကြောင်းကြားမယ်ဆိုတဲ့အင်းစိန်မြို့ နယ်လဝကရုံးကို မနက်ဖြန် ၂၀၁၃ ဧပြီ ၂၅ မှာ ကျမသွားပါဦးမယ်။ ကျမနိုင်ငံသားတစ်ယောက်ဖြစ်ရဲ့ သားနဲ့ ကျမအခွင့်အရေးကိုအပြည့်မပေးရတဲ့အကြောင်းကိုမေးရပါဦးမယ်။

 ဖြိုးဖြိုးအောင်


--
Posted By Blogger to လူဗိုလ်ဟူသည် ... at 4/24/2013 09:53:00 PM

--
မှော်ဆရာအဖွဲ့မှ နေ့စဉ် Mail များရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en
Member များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို့စာပို့နိုင်ပါသည်။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး စာပို့ပေးပါရန်။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en
အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
Facebook Page နှင့်ဆက်သွယ်လိုလျှင် www.facebook.com/mrsorcerergroup
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
---
You received this message because you are subscribed to the Google Groups "မှော်ဆရာ အဖွဲ့  ( Ѧя Ƨσяcɛяɛя )" group.
Visit this group at http://groups.google.com/group/mrsorcerer?hl=en.