[mrsorcerer:38042] Fwd: [လူဗိုလ်ဟူသည် ...] လမ်းမတော်ဖိုးတုတ် ဇတ်သိမ်းပိုင်း (အပိုင်းသုံး)



---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: 2013/4/24
Subject: [လူဗိုလ်ဟူသည် ...] လမ်းမတော်ဖိုးတုတ် ဇတ်သိမ်းပိုင်း (အပိုင်းသုံး)
To: lubo601@gmail.com



Ukhin Crays shared Myanmar Journal's photo.
လမ်းမတော်ဖိုးတုတ် ဇတ်သိမ်းပိုင်း (အပိုင်းသုံး)  ▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬  နဂိုကတည်းက စာသင်ခန်းကျောခိုင်းကျင့်ရှိသူ မောင်မိုးမှာ မမြသစ်နှင့် ချစ်သူဘဝရောက်ပြီးနောက် စာသင်ခန်းကို လုံးဝနီးပါး ကျောခိုင်းနေလိုက်သည် ။ ဒါကိုသိသွားသည့် မြသဆစ်က ကျောင်းမှန်မှန်မတက်ရင် သူ့နှင့် နောက်ထပ် မတွေ.ဖို့ ရာဇသံပေးလာသည် ။  သူတို့ နှစ်ယောက်အကြားမှာ အရင်ကလို ပြေသွယ်ချောမွေ.နေသည်များ တန့်ရပ်သွားသည်။  မောင်မိုးဆိုင်လာလျှင် မြသစ်က လက်ခံစကားမပြော ၊ ရှေ.ကဆိုင်ကို ကူးပြီး ရှေ.ကဆိုင်မှာ သွားထိုင်နေသည် ။  တခါလည်းမဟုတ် ၊ နှစ်ခါလည်း မဟုတ် ။ သွားတိုင်းပင် မြသစ်က လက်ခံစကားမပြော၊ သူလာသည်မြင်သည်နှင့် ရှေ.ဆိုင်ကို ကူးသွားသည် ။  မောင်မိုးက နဂိုကတည်းက စိတ်မြန်သူဖြစ်သည့် အလျှောက် သူ့ကို ဒီလို လုပ်ရပါ့မလားလို့ သူများဆိုင်ရှေ.မှာ ရှူးရှူးဒိုင်းဒိုင်း သွားလုပ်သည် ။   ပြဿနာအစက အဲ့ဒီလို။  အဲ့ဒီနေ့က မပြေမလည် ဖြစ်သည့် ပြဿနာမှာ မြသစ်အဒေါ်ကတဆင့် မြသစ်အဖေနားသို့ အထိ ပေါက်ရောက်သွာ့းသည်။  နားမခံသာအောင် အဆူအပူခံရပြီးနောက်မှာ ဖခင်ဖြစ်သူက မြသစ်ဆိုင် မထွက်ရဟု တချက်လွတ် အမိန့် ထုတ်လိုက်သည် ။  အိမ်မှုကိစ္စ တာဝန်ယူနေသူ ညီမဝမ်းကွဲ လှခင်ကို ဆိုင်ထွက်စေပြီး မြသစ်ကို လှခင်လုပ်ရသည့် ကိစ္စကို ပြောင်းပြီး တာဝန်ယူခိုင်းလိုက်သည် ။   မြသစ်မှာ ဆိုင်မထွက်ရရုံမက အပြင်သို့လည်း မထွက်ရတော့ .... ။  ဖခင်ဖြစ်သူကို အလွန်ရိုသေ ကြောက်ရွံ.ရသည့်အထိုင်း ၊ မောင်မိုးနှင့် အဆက်အသွယ် ပြန်လုပ်ဖို့ကို လုံးဝ စိတ်မကူးရဲ။   မောင်မိုးက နည်းအမျိုးမျိုးဖြင့် ကျိုးစားကြည့်ပေမဲ့ဘယ်လိုမှ အရာမထင်အကြောင်းမထူး ဖြစ်ခဲ့သည် ။  မြသစ်ကိုယ်တိုင်ကလည်း မောင်မိုးကို ယတိမပြတ်သေးသော်လည်း စိတ်ကုန်သလို ဖြစ်နေသမို့ မြသစ်ကိုယ်တိုင်ကလည်း ပြန်ဆက်သွယ်ဖို့ မကြိုးစားတော့ ။ အသည်းနှလုံး ကျွဲခတ်သည့်နှယ် ခံစားနေရသူမှာ မောင်မိုး ၊  မောင်မိုးက မြသစ်မှ မြသစ် ။ သူငယ်ချင်း အလိန်နှင့် တိုင်ပင်ပြီး ဖြစ်နိုင်သမျှသော နညးလမ်းအသွယ်သွယ်ဖြင့် ကျိုးစားကြည့်သည် ။   ဘယ်လိုမှ အကြောင်းထူးမလာ ။  စိတ်မထိန်းနိုင်သူ မောင်မိုးက ဆုံးဖြတ်ချက်တခု ချလိုက်သည်။  သူဆုံးဖြတ်လိုက်သည်က သူ့ဘဝကို ကပြောင်းကပြန် ဖြစ်သွားကြမည့် ဆုံးဖြတ်ချက်အမှား ။  သူငယ်ချင်းအလိန်က တားသေးသည် ။  မရ......။  တခုခုလုပ်ဖို့ ဆုံးဖြတ်ပြီးရင် ဟောဟောဒိုင်းဒိုင်း လုပ်တတ်သည့် စရိုက် အခြေခံရှိသူ မောင်မိုးက စဉ်းစားတွေးခေါ်မှုပိုင်းတွင် အားနည်းသည် ။  သူပြုလုပ်သည့် အကြောင်းကနေ တန်ပြန်လာမည့် အကျိုးသက်ရောက်မှုကို အလေးထား စဉ်းစားတတ်သူ မဟုတ်။  သူကတုံးဆိုတိုက် ၊ ကျားဆိုကိုက်သမား။  လမ်းမတော်ဖိုးတုတ်နှင့် ဗိုလ်တထောင်ငမိုးတို့ မတူညီသည့် ကွားခြားချက်မှာလည်း ဒါပဲဖြစ်သည် ။ လမ်းမတော်ဖိုးတုတ်က ခေါင်းသမား ။ မကောင်းမှုပြုပေမဲ့ အတွေးအခေါ်ရှိသည်။ စဉ်းစားချင့်ချိန် ပိုင်းခြား ဝေခွဲမှုရှိသည် ။ သူများဟာကို ကျူးကျော်တော့မည် ဆိုလျှင်     ကိုယ့်တာကိုလုံ အောင်ထိန်းသည့် ပြင်ဆင်မှု လုပ်တတ်သည် ။ ဗိုလ်တထောင် ငမိုးက ရှူးရှူးဒိုင်းဒိုင်းသမား လုပ်တော့မည်ဆိုလျှင် ဘာကိုမှ မစဉ်းစား ။   အုတ်တံတိုင်းမှန်းသိလျှက်နှင့် ခေါင်းနှင့်ပြေးဆောင့်လိုက်သည့် အဖြစ်။  ကျည်ဆံလာမည့်လမ်းကြောင်းကို ရင်ဘတ်နှင့် ထိုးခံလိုက်သည့် အဖြစ် ။  တနေ့ ....။  ရထားလုံးတစီး ဌားပြီး မြသစ်ကို အိမ်ပေါ်မှာ အတင်းတက်ဆွဲသည် ။   မြသစ် ဦးလေး ဦးတင်မောင်က ဝင်ရောက် တားဆီးခဲ့ရာ မောင်မိုးက အသင့်ဆောင်လာသည့် ဓားမြှောင်ဖြင့် ထိုးထည့်လိုက်သည် ။  ဦးတင်မောင် ပုံလျှက်သား လဲကျသွားသည် ။    မြသစ်လည်း ဓားသွားအဖြား ခတ်ခံလိုက်ရသည်။ အိမ်တွင်ရှိနေသူများ ကြောက်လန့်တကြား အော်ဟစ်သံများကြောင့် အိမ်နီးပါးချင်းများ ဝိုင်းလာကြသည် ။   မောင်မိုင်းက မဆိုင်သူမကပ်နှင့်ဟု ဓားတဝင့်ဝင့် ကြိမ်းမောင်းပြီး ထွက်ခဲ့သည် ။ မည်သူမျှ အနားမကပ်ရဲကြ ။ ပုလိပ်တွေက မောင်မိုးတို့ အိမ်လာဝိုင်းသော်လည်း မောင်မိုးကိုမမိ ။  မောင်မိုးကလည်း အဖမ်းမခံ ။ တိမ်းရှောင် ပုန်းအောင်းနေခဲ့သည် ။   သူငယ်ချင်းဖြစ်သူ အလိန်ကလည်း အစစ အရာရာ အကူအညီပေးခဲ့သည် ။ မောင်မိုး ကျူးလွန်လိုက်သည့် အဖြစ်မှာ သေးသေးကွေးကွေး အမှုမဟုတ် ။ အဲ့သည်ခေတ် အချိန်ကာလ ဖြစ်တောင့်ဖြစ်ခဲ အမှုကြီး စာရင်းဝင်သည် ။ ဓားထိုးမှု ၊ ပိုင်နက်ကျူးလွန်မှု ၊     အလိုမတူသော မိန်းခလေး တစ်ဦးကို အဓမ္မ လက်ရောက်ဆွဲမှု ။   ၃၂၆ ၊ ၃၇၆ ၊ ၄၅၂ နောက်ထပ်တိုးလာသည်က ဝရမ်းပြေးမှု ။  ဗိုလ်တထောင် ပုလိပ်ဌာန တခုလုံး ယောက်ယက်ခတ်ကုန်သည် ။  အလုပ်ရှုပ်ကုန်သည် ။ မောင်မိုး တိမ်းရှောင်နေသသ်မှာ လေးလရှိပြီ ။ သူနှင့်ပတ်သက်သည့် ကောလဟလ သတင်းများကလည်း ဟုတ်တာတွေရော ၊ မဟုတ်တာတွေပါ ရောပြွန်းထွက်လာသည် ။  တုတ်ဓားပြီးသည် ။ ကျည်လွဲသည် ။ ကိုယ်ပျောက်သည် ။ စသည့် ကောလဟလ သတင်းများဖြင့် မောင်မိုး အမည်ကို ထင်ပေါ်လာစေခဲ့သ်ည် ။   နောင် ဗိုလ်တထောင် ငမိုးဟူ၍ နာမည်ကြီး လာသော်လည်း ဗိုလ်တထောင် ငမိုး၏ ရပ်ကွက်နေ လူထုအပေါ် စော်ကားမော်ကား မလုပ်ဘဲ ရပ်ကွက်ကို စောင့်ရှောက်ခဲ့သောကြောင့် လူချစ်လူခင်များခဲ့သည် ။  ဒါပေသိ မြန်မာ့အလင်း အယ်ဒီတာ ဆရာသင်အား သတ်သည် လူသတ်မှုကို ကျူးလွန်လိုက်သော အခါ လူထု၏ အော့နှလုံးနာ ရွ.ံမုန်းကြီးကို ခံလိုက်ရသည် ။ တကယ်တော့ ကိုမိုး ဆရာသင် ဘယ်လို ပုဂ္ဂိုလ်မျိုးဖြစ်သည်ကို သူမသိ။  သူက ကျေးဇူးရှင်အဖြစ် ယုံကြည်ကိုးစားထားသော ပုဂ္ဂိုလ်၏ ခိုင်းစေချက်ကြောင့် ထိုပြစ်မှုကြီးကို ကျူးလွန်ခဲ့ခြင်းဖြစ်၏။  သူ၏ တွေးခေါ်မြော်မြင်မှု အားနည်းချက်ကြောင့် ထိုပြစ်မှုကြီးကို တဇောက်ကန်း ကျူးလွန်ခဲ့ရာ တစ်သက်တကျွန်း ပြစ်ဒဏ်ဖြင့် တကျွန်းသို့ ရောက်သွားခဲ့သည် ။  တရားခံတယောက်ကို ပြစ်ဒဏ်ချမှတ်ပြီမှ တရားရုံးတွင် အမှုကို တဖန်ပြန်လည်စစ်ဆေးရသည့် မှုခင်းဟူ၍ အင်္ဂလိပ်လက်ထက်က ဗိုလ်တထောင် ငမိုး၏ အမှုတခုသာ ရှိခဲ့ကြောင်း မှုခင်းရာဇဝင်တွင် မှတ်တမ်း တင်ခဲ့သည် ။  ဆရာသင်သတ်မှုတွင် အသွားစေခိုင်းသူက ဘာမှ မဖြစ်ဘဲ အစွယ်ဖြတ်သွားသူက ပြစ်ဒဏ်ထိခံခဲ့ရသည်။  တရားသည် မတရားသို့နှယ် ဖြစ်ရှိသွား၏။  တရားချိန်ခွင်ညှာသည် အလှည့် အပြောင်း လမ်းကြောင်းက အဓိက တရားခံဖြစ်သည့် အသွားစေခိုင်းသူကို တရားခွင်သို့ ပြန်တင်ခဲ့သောကြောင့် အစွယ်ဖြတ်သူ မုဆိုးမှာ ကျွန်းဒဏ်မှ လွတ်မြောက်သွားသည်။  လူမိုက်ဘွဲ.ခံထားသည့် ဗိုလ်တထောင်ငမိုးနှင့် လမ်းမတော် ဖိုးတုတ်တို့ နှစ်ယောက်မှာ ဒုတိယကမ္ဘာစစ် မဖြစ်မီကာလက ရန်ကုန်မြို.တွင် လျှမ်းလျှမ်းတောက် ကျော်ကြားခဲ့ကြသူ နှစ်ယောက်ဖြစ်၏။  နှစ်ယောက်စလုံး လက်ဖျား ငွေသီးခဲ့ကြသည်။  လမ်းမတော်ဖိုးတုတ်က ဗိုလ်တထောင် ငမိုးထက် ပို၍ ဝင်ငွေလမ်းဖြောင့်ခဲ့သည်။  ထိုစဉ်ကာလက လမ်းမတော်၏ တလဝင်ငွေ ဘယ်လောက်ရှိသည်ကို လမ်းမတော်ဖိုးတုတ်မှတပါး မည်သူမှ အတိအကျ မပြောနိုင်။  သို့တစေ အနီးကပ်ဆုံး ခန့်မှန်းသည်မှ ထွက်လာသည့် အဖြေမှာ ....  တစ်လ သုံးထောင် ထက် နည်းလိမ့်မည်မဟုတ်ဟု တွက် ချက်ခန့်မှန်းကြသည် ။  လမ်းမတော် ဖိုးတုတ်၏ အပိုင်းမှာ လောင်းကစားဝိုင်းကြီးတွေ နေ့စဉ်လုပ်သည့် ဟိုတယ်များ၊ ဘိန်းခန်း အသေးအကြီးပေါင်းစုံနှင့် ကုန်စိုကုန်ခြောက် အကြီးအကျယ် အရောင်းအဝယ်လုပ်သည့် ပွဲရုံကြီးများ၊ မြန်မာတပြည်လုံး အရက်နှင့် အပေါင်ဆိုင်လုပ်ငန်းကို     ချုပ်ကိုင်ထားသည့် လိုင်စင်ကြီးများ၊ သိမ်ကြီးဈေး ၊ သံဈေးလို အရောင်းအဝယ် ဖွံ.ဖြိုးသည့် လုပ်ငန်းများ ရှိကြသည် ။  အဲ့ဒီ လုပ်ငန်းတွေကရသည့ ဆက်ကြေးဝင်ငွေအပြင ကြည့်မြင်တိုင် စက်ဆန်း ပြေးဆွဲနေသည့် ဘတ်စ် ကားများ၊ ဟိုတယ် နှင့် ကစားဝိုင်းများတွင် ဂိတ်ထိုးသည့် တက်စ်စီတ်းများထံ၌လည်း နေ့စဉ်ဆက်ကြေးရသည်။  အခြား အမည်မဖော်နိုင်သော လုပ်ငန်းအမျိုးမျိုးက လစဉ်ရသည့် ဆက်ကြေးဝင်ငွေများလည်းရှိသည်။  တလ သုံးထောင် လောက်ရသည့် ဝင်ငွေမှာ ဖြစ်နိုင်လောက်သည်ဟု တွက်ချက်မှု ကိန်းဂဏန်း ထွက်ခဲ့သည် ။  ရွှေဒင်္ဂါးတပြား တဆယ့်ေ ခြာက်ကျပ် ၊ တဆယ့်ရှစ်ကျပ် ခေတ်လောက်က ဖိုးတုတ်၏ ဝင်ငွေ သုံးထောင်ခန့် ရှိသည်ဟု ဆိုကြရာ အတော်များသည့် ငွေကြေးဟု ဆိုနိုင်၏။ သို့တစေ ထိုမျှသော ငွေကြေးများကို သူတယောက်ထဲက ရသည်တော့ဟုတ် ။  သူက ခေါင်းကိုင်အဖေ ဂေါ့ဖားသားဆိုတော့ တပည့်တပန်းများ၏ စားဝတ်နေရေးကို သူက လုံးဝ တာဝန်ယူထားရသည်။   သူက ဆက်ကြေးရသလို သူက ပြန်ပေးရသည့် ဆက်ကြေး အမျိုးမျိုးလည်း ရှိပြန်သည် ။  အဲ့ဒီသူက ပြန်ပေးရသည့် ဆက်ကြေးငွေ မမာဏမှာ ရာဂဏန်းမဟုတ်၊ ထောင်ဂဏန်းအထိ စာရင်းပေါက်သည်။  ရာဇဝတ်မှု များလိုက်ရာတွင် နာမည်ကြီးသည့် ရှေ.နေကြီးပန်ကာ ဦးအေးကို အမှုလိုက်ခ အပြင် ဥပဒေရေးရာကိစ္စ အကြံပေးရသည့်အတွက် လစဉ် ပုံမှန်ဝင်ငွေလည်း ပေးထားရသည်။ မနည်းပါ ။  တကယ်တော့ လမ်းမတော်ဖိုးတုတ်က ဆင်သတ်ရသည့် နာမည်ကို ခံရတာပဲရှိသည်။  ဆင်တကောင်လုံးကို သူကမရ ။ ဆင်သတ်ပြီး အရပ်ဝေနေရသူ။  အဲ့ဒီလို ဥပဒေ၏ အဆုံးအမကို မခံရဘဲ ကင်းလွတ်ခွင့် ရနေခြင်း ဖြစ်၏။  အမှုလိုက်ရဲ အင်စပက်တော် ဦးဟုတ်ဂွမ်သတ်မှု နှင့် ထောင်ထဲ ခဏဝင်ရသည်က လွဲလို့ အုတ်ရိုးအတွင်း လူအဖြစ်အနေမကြာခဲ့ရ ။  လမ်းမတော် ဖိုးတုတ်က ခေါင်းသမား၊  ရှေ.နေကြီးတယောက်ကိုပင် သူ့အတွက် အကြံပေးအဖြစ် လစာပေး၍ လက်တွဲထားခဲ့သည် ။ ဗိုလ်တထောင် ငမိုးက ခေါင်းသမားမဟုတ် ။  ရှူးရှူး ဒိုင်းဒိုင်း စိတ်ထင်သလို တုံးဆိုတိုက် ၊ ကျားဆိုကိုက်ခဲ့သည်ကြောင့် အုတ်ရိုးအမြင်မှာထက် အုတ်ရိုးအတွင်း အနေများခဲ့ရသည်။   နောက်ဆုံး တကျွန်းသို့ ဝင်သွားခဲ့ရသည်။ အဲ့ဒီလောက်ဆို သူတို့ နှစ်ယောက် ခေတ်ရေစီးကြောင်းအရ ထင်ပေါ်သူ ဖြစ်ရပ်ဖြစ်ကြောင်း ဖော်ပြချက် ပြည့်စုံလောက်ပါပြီ ။  သူတို့ နှစ်ယောက်၏ ဘဝနိဂုံးဇာတ်သိမ်းပိုင်းကို ဆက်လက် ဖော်ပြရပါမည် ။ သို့မှသာ မကောင်းသော ပြုလုပ်မှုဖြစ်စဉိနှင့် ယှဉ်တွဲ ခဲ့ဖူးသူများ၏ ဘဝနိဂုံး အဆုံးသတ် ဘယ်သို့ ရှိသည့်ပုံရိပ် ပေါ်လာမည် ဖြစ်ပါသည် ။  မကာင်းမှုပြုခြင်း၏ တုံ့ပြန်မှု အကျိုးသက်ရောက်မှုမှာ တမလွန်အထိ မစောင့်ဆိုင်း ။ ပစ္စုပ္ပန် တည့်တည့်ကြီးမှာပင် မကောင်းသော တုံ့ပြန်မှု အကျိုးကို ပေးတတ်၏ ။ အရာရာတွင် တုံ့ပြန်မှုဟူသည် ရှိစမြဲ ။  ကောင်းသောလမ်းကို လျှောက်လျှင် ကောင်းသော လမ်းဆုံးသို့ ရောက်မည် ။ မကောင်းသောလမ်းကို လျှောက်လျှင် မကောင်းသော လမ်းဆုံးသို့ ရောက်မည် ။ ဤသည်မှာ နိယာမ မစစ်သော သဘောတရားပင် ။    လမ်းမတော်ဖိုးတုတ် နိဂုံး  *****************  ဂေါ့ဖားသားဟု ခေါ်ဆိုနိုင်မည့်သူမှာ လမ်းမတော် ဖိုးတုတ် တယောက်သာ ရှိခဲ့ဖူး၏။  ထိုစဉ်ကာလက ရန်ကုန်မြို.၏ ရပ်ကွက် အသီးသီး၌ တစ်ဗိုလ်တမင်း စိုးမိုးမင်းမူနေသည့် ရပ်ည် ကွက် လူမိုက်များ ရှိကြသည်။ သူတို့ဘယ်သူ့ကိုမှ ဗိုင်ဝင်မခံခဲ့ကြ ၊ ကိုယ့်နယ်မြေနှင့်ကိုယ် သတ်မှတ်ပြီး လူမိုက်ဘွဲ.ခံ၍ နေထိုင်ခဲ့ကြသည် အဲ့ဒီလို ရှိခဲ့ကြသည့် လူမိုက်များမှာ     လမ်းမတော် ဖိုးတုတ်ခေတ်သို့ ရောက်သော အခါတွင်မှု အားလုံးနီးပါးပင် လမ်းမတော်ဖိုးတုတ် ထံ ဗိုလ်ဝင်ခံခဲ့ကြသည် ။ ဒါကြောင့်လည်း လမ်းမတော်ဖိုးတုတ်က လမ်းမတော်အပိုင်တွင်သာ မဟုတ်ဘဲ ရန်ကုန်တမြို.လုံးကို စိုးမိုးနိုင်သူ ဖြစ်လာသည် ။  လမ်းမတော်ဖိုးတုတ်မှာ သူ့ခေတ်သူ့အခါက လက်ဖျားငွေသီးခဲ့သူ ဖြစ်၍ ဘာမဆို လိုတရသူလည်း ဖြစ်ခဲ့သည် ။  ဒုတိယ ကမ္ဘာစစ်ကြီး ဖြစ်သည်အထိ သူ၏ အရှိန်အဝါ ကျဆင်းမသွားဘဲ တည်တံ့ခိုင်မြဲခဲ့သည်။ ဂျပန်ခေတ် ။   မြင်းစီးဖိနပ်ရှည်ကြီးနင့် မြင်းစီးဘောင်းဘီကြီး ဝတ်၍ ဒေါက်မီပေမီ စင်းလုံးချော ဖောင်းဝတ်မြင်းကြီးစီးပြီး မင်းမူနိုင်ခဲ့ပြန်သည် ။  နီပွန် စစ်အုပ်ချုပ်ရေးအဖွဲ.မှ ပေးထားသည့် ဘူးသီးငါးပေါင်းကြော် လက်ပတ်ကြီးမှာ သူ၏ အရှိန်အဝါ မြင့်ထည်စေခဲ့ပြန်သည်။  ဒါပေသိ......  ထိုအရှိန်အဝါမှာမူ ကြာရှည်မခံလိုက် ။  နီပွန် စစ်အုပ်ချုပ်ရေး ငြိမ်းသွားသည်နှင့် အတူ ဘူးသီးငါးပေါင်းကြော် လက်ပတ်ကြီးသည် အဝတ်အပိုင်းအစလေး တခုလောက်အဆင့်ကို လျော့ကျသွားသည်။  လက်ဖျားငွေသီးခဲ့သော လမ်းမတော်ဖိုးတုတ်မှာ လက်ဖျားငွေမဲ့ဖြစ်သွားသည်။ ဘာဝင်ငွေမှမရှိ ။ ပေး  မည့်သူလည်းမရှိတော့ ။  တပည့်တပမ်းတွေကလည်း သူတို့ ဝမ်းဗိုက်အတွက် ကိုပင် အနိုင်နိုင် ရှာဖွေနေရသည်။  သည့်သို့သော အခြေအနေမှာ ကိုဖိုးတုတ် ဘဝက ပေအဖြစ် အထုအထောင်းခံခဲ့ရသော စက်ဆန်းဓားဘသိန်းက ဒေါက်တာ ဘမော် အစိုးရအဖွဲ.မှ ဝန်ကြီးတဦး၏ လက်ကတုံး တောင်ဝှေး ဖြစ်လာသည်။   ဓားဘသိန်း တူဖြစ်သွားပြီ။ သူက ပေဘဝ။  တူက ထုမည့်ထောင်းမည် အရိပ်အဆင် ပြလာသည်။  သူ့ခေတ်ကုန်သွားပြီမို့ သူက ခံအလှည့် သို့ ရောက်နေပြီ။   ထိုစဉ်ခေတ်က ဒေါက်တာ ဘမော် အပေါ် သြဇာ သက်ရောက်မှု ရှိသောနိုင်ငံရေး ဆရာတော်ဖြစ်သည့် ကြည့်မြင်တိုင် သာဓုဆရာတော်အား ခြေတော်ဦးခိုက်၍ တပည့်တော်ကို ကယ်ပါဦးဘုရားဟု လျှောက်ထားပြီး သာဓုဆရာတော်ထံ ခိုလှုံခဲ့ရသည် ။  လမ်းမတော် ဖိုးတုတ် အရှိန်အဝါတောက်ပစဉ် အချိန်က နာမည်ကြီး သာဓုဆရာတော်ကို ကြည်ညိုပြီး လှူဖွယ်ပစ္စည်းများနှင့် အကန်တော့ခံဝင်ဖူးသည်။ စကားပြောဖူး သိဖူး ရှိခဲ့သည်။  ခြေတော ဦးခိုက်၍ တပည့်တော်ကိုကယ်ပါအုံး ဘုရားဟု လျှောက်ထားသည်ကြောင့် လက်ခံလိုက်သည်။  " အေးလေ ၊ ဒုက္ခရောက်လာတဲ့ လူအဖြစ်နဲ့ ခေတ္တ ခဏ ကျောင်းရိပ်ခိုချင်သပ ဆိုလည်း ခိုတာပေါ့။ ဒါပေမဲ့ ကျေင်း ဝေယျာဝစ္စ ကိစ္စကိုတော့ လုပ်ရမယ်နော် "     " မှန်ပါ ၊ တပည့်တော် လုပ်ပါ့မယ် ဘုရား"  ဤသို့ဖြင့် သာဓု ဆရာတော်ထံတွင် ခိုလှုံနေထိုင်ခဲ့ရသည်။  အဲ့ဒီ အချိကပင် သူ၏ ယခင် ရုပ် သွင် နှင့် ဟန်ပန် အမူအရာ မထင်တော့ ။  ကတိုး ဆံတောက်လေးနှင့် ပိန်လှီနေသော ခန္ဓာကိုယ်ကို သယ်ပိုးနေလင့်ကစား သူ၏ လှုပ်ရှားပုံမှာ သွက်လက်မှု မရှိ။  လှုပ်လီ လှုပ်လဲ့ နှေးနှေးကွေးကွေး လှုပ်ရှားနေသည့် သူ၏ ဟန်ပန်မှာ သူပေါ့ လမ်းမတော် ဖိုးတုတ်ဆိုတာလို့ ပြောသော်မှ ယုံနိုင်စရာ ဟန်ပန်သွင်ပြင် လုံးဝ မထင်တော့ ။  မနက်တကြိမ် ညနေတကြိမ် ဆရာတော်၏ ကျောင်းပတ်ဝန်းကျင်တွင် တံပျက်ဆီး လှဲနေသည့် ကိုဖိုးတုတ်၏ှီုးခေါင်းမှာ မော့မတ်ခြင်းမရှိ။  တရားသဘောကို နားလည် သဘောပေါက်သည့်တိုင် ဘဝသင်္ခါရ အလှည့်အပြောင်းကို ဆင်ခြင်မိဟန် ပေါ်လွင်နေသည်ဟု ဆိုရမည် ပုံရိပ်ထင်ရစ်နေသည်။  ဆရာတော်၏ အရိပ် ၊ ကျောင်း၏အရိပ် ခိုနေရသည့် အတွက် အေးချမ်းမှု ရှိသော်လည်း ကိုယ့်စရိုက်နှင့် မအပ်စပ်သော နေရာဖြစ်သည့် အလျောက် ကြာကြာမနေနိုင် ၊ ဆရာတော်ကို လျှောက်ထားပြီး ကျောင်းရိပ်က ခွာခဲ့ရသည် ။ အလှည့် ရောက်ပြီ ။   မကြာပါချေ ။ သက်ဆိုင်ရာက သူ့အားဖမ်းဆီးပြီး ထောင်ထဲ ထည့်လိုက်သည်။  သူ့အားဖမ်းဆီးသည်မှာ လောလောလတ်လတ် ကျူးလွန်သည့် ပြစ်မှုကြောင့်မဟုတ် မကောင်းသတင်းနှင့် ကျော်ဇောသူ တယောက်အဖြစ်ဖမ်းဆီးလိုက်ခြင်း ဖြစ်၏။  ရန်ကုန် ထောင်တွင် ခေတ္တထားပြီး မြောင်းမြ ထောင်သို့ ပို့လိုက်သည် ။   နူရာဝဲစွဲ ၊ လဲရာသူခိုးထောင်း ဆိုသလို တီဘီရောဂါ အပါအဝင် ရောဂါမျိုးစုံ စွဲကပ်လာသည်။  ထောင်အပြင်မှာ သန့်သန့် ပြန့်ပြန့် နေရသူတွေပင် ဝဲရောဂါနှင့် မကင်း ။ သန်းကြီးမ အကိုက်ခံရသည်နှင့် မလွတ်ရှိခဲ့သော ဂျပန်ခေတ်တွင် ထောင်ထဲမှာ နေရသူတွေ အဖို့ ပိုဆိုးသည်။  ပြည်တရွဲရွဲ နှင့် ဝဲနာတွေ အိုင်းထွက်နေသည်။  သန်းကြီးမတွေ ကပ်စွဲနေသည် အဝတ်များကို သန့်စင်ရေး မလုပ်နိုင်။  လဲဝတ်စရာလည်း မရှိ ။  ရောဂါနှင့်သက်ဆိုင်သော ဆေးဝါးလုံးဝမစား ရသောကြောင့် တကြောင်း ၊ အစားအသောက်ချို.တဲ့ သောကြောင့်တကြောင်း။ အအိပ်အနေ အလွန်အမင်း ဆင်းရဲသောကြောင့် တကြောင်း၊ ဦးဖိုးတုတ်မှာ အရိုးပေါ် အရေတင် ဆိုရအောင် မြင်မကောင်း ရှုမကောင်း     ပိန်လှီချိနဲ့နေသည်။  နောက်ဆုံး ပင့်သက် မရှိုက်မီ သူတောင့်တ ရေရွတ်သွားသည်မှာ........  " ထန်းလျှက်ခဲလေး တခဲ စားချင်လိုက်တာ ၊ ဆေးပြင်းလိပ်ကလေး တဖွာလောက် ဖွာရှိုက်ချင်လိုက်တာ" ဟူ၍ဖြစ်သည်။  မြောင်းမြထောင်ထဲမှာ ဘဝနိဂုံးချုပ်သွားသည့် လျှမ်းလျှမ်းတောက် ကျော်ကြားခဲ့သူ ၊ လက်ဖျားငွေသီးခဲ့သူ ၊ ဝိုင်းဝိုင်းလည်နေသည် တပည့်တပမ်းများ၏ ခေါင်းကိုင်ဖခင်ကြီး ဖြစ်ခဲ့သူ လမ်းမတော် ဖိုးတုတ်၏ ရုပ်အလောင်းကို ဂုံနီအိပ်နှင့် စွပ်လျှက်.....  မြေပုံသော်မှ မကျန်ခဲ့။  မကောင်းမှု ပြုသူများ၏ တန်ပြန်ခံစားရသည့် အကျိုးဆက်သည် ဤသို့ မှ တပါးဟု ဆိုရမည်ပါတည်း ။    လမ်းမတော်ဖိုးတုတ် အကြောင်း ဤတွင် ပြီးပါပြီ   ။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။  ကျော်မြသန်း ၏ ပလက်ဖောင်းမင်းသား စာအုပ်မှ ထုတ်နုတ်တင်ပြသည်။

နဂိုကတည်းက စာသင်ခန်းကျောခိုင်းကျင့်ရှိသူ မောင်မိုးမှာ မမြသစ်နှင့် ချစ်သူဘဝရောက်ပြီးနောက် စာသင်ခန်းကို လုံးဝနီးပါး ကျောခိုင်းနေလိုက်သည် ။ ဒါကိုသိသွားသည့် မြသဆစ်က ကျောင်းမှန်မှန်မတက်ရင် သူ့နှင့် နောက်ထပ် မတွေ.ဖို့ ရာဇသံပေးလာသည် ။
သူတို့ နှစ်ယောက်အကြားမှာ အရင်ကလို ပြေသွယ်ချောမွေ.နေသည်များ တန့်ရပ်သွားသည်။
မောင်မိုးဆိုင်လာလျှင် မြသစ်က လက်ခံစကားမပြော ၊ ရှေ.ကဆိုင်ကို ကူးပြီး ရှေ.ကဆိုင်မှာ သွားထိုင်နေသည် ။
တခါလည်းမဟုတ် ၊ နှစ်ခါလည်း မဟုတ် ။ သွားတိုင်းပင် မြသစ်က လက်ခံစကားမပြော၊ သူလာသည်မြင်သည်နှင့် ရှေ.ဆိုင်ကို ကူးသွားသည် ။
မောင်မိုးက နဂိုကတည်းက စိတ်မြန်သူဖြစ်သည့် အလျှောက် သူ့ကို ဒီလို လုပ်ရပါ့မလားလို့ သူများဆိုင်ရှေ.မှာ ရှူးရှူးဒိုင်းဒိုင်း သွားလုပ်သည် ။
ပြဿနာအစက အဲ့ဒီလို။
အဲ့ဒီနေ့က မပြေမလည် ဖြစ်သည့် ပြဿနာမှာ မြသစ်အဒေါ်ကတဆင့် မြသစ်အဖေနားသို့ အထိ ပေါက်ရောက်သွာ့းသည်။
နားမခံသာအောင် အဆူအပူခံရပြီးနောက်မှာ ဖခင်ဖြစ်သူက မြသစ်ဆိုင် မထွက်ရဟု တချက်လွတ် အမိန့် ထုတ်လိုက်သည် ။
အိမ်မှုကိစ္စ တာဝန်ယူနေသူ ညီမဝမ်းကွဲ လှခင်ကို ဆိုင်ထွက်စေပြီး မြသစ်ကို လှခင်လုပ်ရသည့် ကိစ္စကို ပြောင်းပြီး တာဝန်ယူခိုင်းလိုက်သည် ။
မြသစ်မှာ ဆိုင်မထွက်ရရုံမက အပြင်သို့လည်း မထွက်ရတော့ .... ။
ဖခင်ဖြစ်သူကို အလွန်ရိုသေ ကြောက်ရွံ.ရသည့်အထိုင်း ၊ မောင်မိုးနှင့် အဆက်အသွယ် ပြန်လုပ်ဖို့ကို လုံးဝ စိတ်မကူးရဲ။
မောင်မိုးက နည်းအမျိုးမျိုးဖြင့် ကျိုးစားကြည့်ပေမဲ့ဘယ်လိုမှ အရာမထင်အကြောင်းမထူး ဖြစ်ခဲ့သည် ။
မြသစ်ကိုယ်တိုင်ကလည်း မောင်မိုးကို ယတိမပြတ်သေးသော်လည်း စိတ်ကုန်သလို ဖြစ်နေသမို့ မြသစ်ကိုယ်တိုင်ကလည်း ပြန်ဆက်သွယ်ဖို့ မကြိုးစားတော့ ။ အသည်းနှလုံး ကျွဲခတ်သည့်နှယ် ခံစားနေရသူမှာ မောင်မိုး ၊
မောင်မိုးက မြသစ်မှ မြသစ် ။ သူငယ်ချင်း အလိန်နှင့် တိုင်ပင်ပြီး ဖြစ်နိုင်သမျှသော နညးလမ်းအသွယ်သွယ်ဖြင့် ကျိုးစားကြည့်သည် ။
ဘယ်လိုမှ အကြောင်းထူးမလာ ။
စိတ်မထိန်းနိုင်သူ မောင်မိုးက ဆုံးဖြတ်ချက်တခု ချလိုက်သည်။
သူဆုံးဖြတ်လိုက်သည်က သူ့ဘဝကို ကပြောင်းကပြန် ဖြစ်သွားကြမည့် ဆုံးဖြတ်ချက်အမှား ။
သူငယ်ချင်းအလိန်က တားသေးသည် ။
မရ......။
တခုခုလုပ်ဖို့ ဆုံးဖြတ်ပြီးရင် ဟောဟောဒိုင်းဒိုင်း လုပ်တတ်သည့် စရိုက် အခြေခံရှိသူ မောင်မိုးက စဉ်းစားတွေးခေါ်မှုပိုင်းတွင် အားနည်းသည် ။
သူပြုလုပ်သည့် အကြောင်းကနေ တန်ပြန်လာမည့် အကျိုးသက်ရောက်မှုကို အလေးထား စဉ်းစားတတ်သူ မဟုတ်။
သူကတုံးဆိုတိုက် ၊ ကျားဆိုကိုက်သမား။
လမ်းမတော်ဖိုးတုတ်နှင့် ဗိုလ်တထောင်ငမိုးတို့ မတူညီသည့် ကွားခြားချက်မှာလည်း ဒါပဲဖြစ်သည် ။ လမ်းမတော်ဖိုးတုတ်က ခေါင်းသမား ။ မကောင်းမှုပြုပေမဲ့ အတွေးအခေါ်ရှိသည်။ စဉ်းစားချင့်ချိန် ပိုင်းခြား ဝေခွဲမှုရှိသည် ။ သူများဟာကို ကျူးကျော်တော့မည် ဆိုလျှင်

ကိုယ့်တာကိုလုံ အောင်ထိန်းသည့် ပြင်ဆင်မှု လုပ်တတ်သည် ။ ဗိုလ်တထောင် ငမိုးက ရှူးရှူးဒိုင်းဒိုင်းသမား လုပ်တော့မည်ဆိုလျှင် ဘာကိုမှ မစဉ်းစား ။
အုတ်တံတိုင်းမှန်းသိလျှက်နှင့် ခေါင်းနှင့်ပြေးဆောင့်လိုက်သည့် အဖြစ်။
ကျည်ဆံလာမည့်လမ်းကြောင်းကို ရင်ဘတ်နှင့် ထိုးခံလိုက်သည့် အဖြစ် ။
တနေ့ ....။
ရထားလုံးတစီး ဌားပြီး မြသစ်ကို အိမ်ပေါ်မှာ အတင်းတက်ဆွဲသည် ။
မြသစ် ဦးလေး ဦးတင်မောင်က ဝင်ရောက် တားဆီးခဲ့ရာ မောင်မိုးက အသင့်ဆောင်လာသည့် ဓားမြှောင်ဖြင့် ထိုးထည့်လိုက်သည် ။
ဦးတင်မောင် ပုံလျှက်သား လဲကျသွားသည် ။

မြသစ်လည်း ဓားသွားအဖြား ခတ်ခံလိုက်ရသည်။ အိမ်တွင်ရှိနေသူများ ကြောက်လန့်တကြား အော်ဟစ်သံများကြောင့် အိမ်နီးပါးချင်းများ ဝိုင်းလာကြသည် ။
မောင်မိုင်းက မဆိုင်သူမကပ်နှင့်ဟု ဓားတဝင့်ဝင့် ကြိမ်းမောင်းပြီး ထွက်ခဲ့သည် ။ မည်သူမျှ အနားမကပ်ရဲကြ ။ ပုလိပ်တွေက မောင်မိုးတို့ အိမ်လာဝိုင်းသော်လည်း မောင်မိုးကိုမမိ ။
မောင်မိုးကလည်း အဖမ်းမခံ ။ တိမ်းရှောင် ပုန်းအောင်းနေခဲ့သည် ။
သူငယ်ချင်းဖြစ်သူ အလိန်ကလည်း အစစ အရာရာ အကူအညီပေးခဲ့သည် ။ မောင်မိုး ကျူးလွန်လိုက်သည့် အဖြစ်မှာ သေးသေးကွေးကွေး အမှုမဟုတ် ။ အဲ့သည်ခေတ် အချိန်ကာလ ဖြစ်တောင့်ဖြစ်ခဲ အမှုကြီး စာရင်းဝင်သည် ။ ဓားထိုးမှု ၊ ပိုင်နက်ကျူးလွန်မှု ၊

အလိုမတူသော မိန်းခလေး တစ်ဦးကို အဓမ္မ လက်ရောက်ဆွဲမှု ။
၃၂၆ ၊ ၃၇၆ ၊ ၄၅၂ နောက်ထပ်တိုးလာသည်က ဝရမ်းပြေးမှု ။
ဗိုလ်တထောင် ပုလိပ်ဌာန တခုလုံး ယောက်ယက်ခတ်ကုန်သည် ။
အလုပ်ရှုပ်ကုန်သည် ။ မောင်မိုး တိမ်းရှောင်နေသသ်မှာ လေးလရှိပြီ ။ သူနှင့်ပတ်သက်သည့် ကောလဟလ သတင်းများကလည်း ဟုတ်တာတွေရော ၊ မဟုတ်တာတွေပါ ရောပြွန်းထွက်လာသည် ။
တုတ်ဓားပြီးသည် ။ ကျည်လွဲသည် ။ ကိုယ်ပျောက်သည် ။ စသည့် ကောလဟလ သတင်းများဖြင့် မောင်မိုး အမည်ကို ထင်ပေါ်လာစေခဲ့သ်ည် ။
နောင် ဗိုလ်တထောင် ငမိုးဟူ၍ နာမည်ကြီး လာသော်လည်း ဗိုလ်တထောင် ငမိုး၏ ရပ်ကွက်နေ လူထုအပေါ် စော်ကားမော်ကား မလုပ်ဘဲ ရပ်ကွက်ကို စောင့်ရှောက်ခဲ့သောကြောင့် လူချစ်လူခင်များခဲ့သည် ။
ဒါပေသိ မြန်မာ့အလင်း အယ်ဒီတာ ဆရာသင်အား သတ်သည် လူသတ်မှုကို ကျူးလွန်လိုက်သော အခါ လူထု၏ အော့နှလုံးနာ ရွ.ံမုန်းကြီးကို ခံလိုက်ရသည် ။ တကယ်တော့ ကိုမိုး ဆရာသင် ဘယ်လို ပုဂ္ဂိုလ်မျိုးဖြစ်သည်ကို သူမသိ။
သူက ကျေးဇူးရှင်အဖြစ် ယုံကြည်ကိုးစားထားသော ပုဂ္ဂိုလ်၏ ခိုင်းစေချက်ကြောင့် ထိုပြစ်မှုကြီးကို ကျူးလွန်ခဲ့ခြင်းဖြစ်၏။
သူ၏ တွေးခေါ်မြော်မြင်မှု အားနည်းချက်ကြောင့် ထိုပြစ်မှုကြီးကို တဇောက်ကန်း ကျူးလွန်ခဲ့ရာ တစ်သက်တကျွန်း ပြစ်ဒဏ်ဖြင့် တကျွန်းသို့ ရောက်သွားခဲ့သည် ။
တရားခံတယောက်ကို ပြစ်ဒဏ်ချမှတ်ပြီမှ တရားရုံးတွင် အမှုကို တဖန်ပြန်လည်စစ်ဆေးရသည့် မှုခင်းဟူ၍ အင်္ဂလိပ်လက်ထက်က ဗိုလ်တထောင် ငမိုး၏ အမှုတခုသာ ရှိခဲ့ကြောင်း မှုခင်းရာဇဝင်တွင် မှတ်တမ်း တင်ခဲ့သည် ။
ဆရာသင်သတ်မှုတွင် အသွားစေခိုင်းသူက ဘာမှ မဖြစ်ဘဲ အစွယ်ဖြတ်သွားသူက ပြစ်ဒဏ်ထိခံခဲ့ရသည်။
တရားသည် မတရားသို့နှယ် ဖြစ်ရှိသွား၏။
တရားချိန်ခွင်ညှာသည် အလှည့် အပြောင်း လမ်းကြောင်းက အဓိက တရားခံဖြစ်သည့် အသွားစေခိုင်းသူကို တရားခွင်သို့ ပြန်တင်ခဲ့သောကြောင့် အစွယ်ဖြတ်သူ မုဆိုးမှာ ကျွန်းဒဏ်မှ လွတ်မြောက်သွားသည်။
လူမိုက်ဘွဲ.ခံထားသည့် ဗိုလ်တထောင်ငမိုးနှင့် လမ်းမတော် ဖိုးတုတ်တို့ နှစ်ယောက်မှာ ဒုတိယကမ္ဘာစစ် မဖြစ်မီကာလက ရန်ကုန်မြို.တွင် လျှမ်းလျှမ်းတောက် ကျော်ကြားခဲ့ကြသူ နှစ်ယောက်ဖြစ်၏။
နှစ်ယောက်စလုံး လက်ဖျား ငွေသီးခဲ့ကြသည်။
လမ်းမတော်ဖိုးတုတ်က ဗိုလ်တထောင် ငမိုးထက် ပို၍ ဝင်ငွေလမ်းဖြောင့်ခဲ့သည်။
ထိုစဉ်ကာလက လမ်းမတော်၏ တလဝင်ငွေ ဘယ်လောက်ရှိသည်ကို လမ်းမတော်ဖိုးတုတ်မှတပါး မည်သူမှ အတိအကျ မပြောနိုင်။
သို့တစေ အနီးကပ်ဆုံး ခန့်မှန်းသည်မှ ထွက်လာသည့် အဖြေမှာ ....
တစ်လ သုံးထောင် ထက် နည်းလိမ့်မည်မဟုတ်ဟု တွက် ချက်ခန့်မှန်းကြသည် ။
လမ်းမတော် ဖိုးတုတ်၏ အပိုင်းမှာ လောင်းကစားဝိုင်းကြီးတွေ နေ့စဉ်လုပ်သည့် ဟိုတယ်များ၊ ဘိန်းခန်း အသေးအကြီးပေါင်းစုံနှင့် ကုန်စိုကုန်ခြောက် အကြီးအကျယ် အရောင်းအဝယ်လုပ်သည့် ပွဲရုံကြီးများ၊ မြန်မာတပြည်လုံး အရက်နှင့် အပေါင်ဆိုင်လုပ်ငန်းကို

ချုပ်ကိုင်ထားသည့် လိုင်စင်ကြီးများ၊ သိမ်ကြီးဈေး ၊ သံဈေးလို အရောင်းအဝယ် ဖွံ.ဖြိုးသည့် လုပ်ငန်းများ ရှိကြသည် ။
အဲ့ဒီ လုပ်ငန်းတွေကရသည့ ဆက်ကြေးဝင်ငွေအပြင ကြည့်မြင်တိုင် စက်ဆန်း ပြေးဆွဲနေသည့် ဘတ်စ် ကားများ၊ ဟိုတယ် နှင့် ကစားဝိုင်းများတွင် ဂိတ်ထိုးသည့် တက်စ်စီတ်းများထံ၌လည်း နေ့စဉ်ဆက်ကြေးရသည်။
အခြား အမည်မဖော်နိုင်သော လုပ်ငန်းအမျိုးမျိုးက လစဉ်ရသည့် ဆက်ကြေးဝင်ငွေများလည်းရှိသည်။
တလ သုံးထောင် လောက်ရသည့် ဝင်ငွေမှာ ဖြစ်နိုင်လောက်သည်ဟု တွက်ချက်မှု ကိန်းဂဏန်း ထွက်ခဲ့သည် ။
ရွှေဒင်္ဂါးတပြား တဆယ့်ေ ခြာက်ကျပ် ၊ တဆယ့်ရှစ်ကျပ် ခေတ်လောက်က ဖိုးတုတ်၏ ဝင်ငွေ သုံးထောင်ခန့် ရှိသည်ဟု ဆိုကြရာ အတော်များသည့် ငွေကြေးဟု ဆိုနိုင်၏။ သို့တစေ ထိုမျှသော ငွေကြေးများကို သူတယောက်ထဲက ရသည်တော့ဟုတ် ။
သူက ခေါင်းကိုင်အဖေ ဂေါ့ဖားသားဆိုတော့ တပည့်တပန်းများ၏ စားဝတ်နေရေးကို သူက လုံးဝ တာဝန်ယူထားရသည်။
သူက ဆက်ကြေးရသလို သူက ပြန်ပေးရသည့် ဆက်ကြေး အမျိုးမျိုးလည်း ရှိပြန်သည် ။
အဲ့ဒီသူက ပြန်ပေးရသည့် ဆက်ကြေးငွေ မမာဏမှာ ရာဂဏန်းမဟုတ်၊ ထောင်ဂဏန်းအထိ စာရင်းပေါက်သည်။
ရာဇဝတ်မှု များလိုက်ရာတွင် နာမည်ကြီးသည့် ရှေ.နေကြီးပန်ကာ ဦးအေးကို အမှုလိုက်ခ အပြင် ဥပဒေရေးရာကိစ္စ အကြံပေးရသည့်အတွက် လစဉ် ပုံမှန်ဝင်ငွေလည်း ပေးထားရသည်။ မနည်းပါ ။
တကယ်တော့ လမ်းမတော်ဖိုးတုတ်က ဆင်သတ်ရသည့် နာမည်ကို ခံရတာပဲရှိသည်။
ဆင်တကောင်လုံးကို သူကမရ ။ ဆင်သတ်ပြီး အရပ်ဝေနေရသူ။
အဲ့ဒီလို ဥပဒေ၏ အဆုံးအမကို မခံရဘဲ ကင်းလွတ်ခွင့် ရနေခြင်း ဖြစ်၏။
အမှုလိုက်ရဲ အင်စပက်တော် ဦးဟုတ်ဂွမ်သတ်မှု နှင့် ထောင်ထဲ ခဏဝင်ရသည်က လွဲလို့ အုတ်ရိုးအတွင်း လူအဖြစ်အနေမကြာခဲ့ရ ။
လမ်းမတော် ဖိုးတုတ်က ခေါင်းသမား၊
ရှေ.နေကြီးတယောက်ကိုပင် သူ့အတွက် အကြံပေးအဖြစ် လစာပေး၍ လက်တွဲထားခဲ့သည် ။ ဗိုလ်တထောင် ငမိုးက ခေါင်းသမားမဟုတ် ။
ရှူးရှူး ဒိုင်းဒိုင်း စိတ်ထင်သလို တုံးဆိုတိုက် ၊ ကျားဆိုကိုက်ခဲ့သည်ကြောင့် အုတ်ရိုးအမြင်မှာထက် အုတ်ရိုးအတွင်း အနေများခဲ့ရသည်။
နောက်ဆုံး တကျွန်းသို့ ဝင်သွားခဲ့ရသည်။ အဲ့ဒီလောက်ဆို သူတို့ နှစ်ယောက် ခေတ်ရေစီးကြောင်းအရ ထင်ပေါ်သူ ဖြစ်ရပ်ဖြစ်ကြောင်း ဖော်ပြချက် ပြည့်စုံလောက်ပါပြီ ။
သူတို့ နှစ်ယောက်၏ ဘဝနိဂုံးဇာတ်သိမ်းပိုင်းကို ဆက်လက် ဖော်ပြရပါမည် ။ သို့မှသာ မကောင်းသော ပြုလုပ်မှုဖြစ်စဉိနှင့် ယှဉ်တွဲ ခဲ့ဖူးသူများ၏ ဘဝနိဂုံး အဆုံးသတ် ဘယ်သို့ ရှိသည့်ပုံရိပ် ပေါ်လာမည် ဖြစ်ပါသည် ။
မကာင်းမှုပြုခြင်း၏ တုံ့ပြန်မှု အကျိုးသက်ရောက်မှုမှာ တမလွန်အထိ မစောင့်ဆိုင်း ။ ပစ္စုပ္ပန် တည့်တည့်ကြီးမှာပင် မကောင်းသော တုံ့ပြန်မှု အကျိုးကို ပေးတတ်၏ ။ အရာရာတွင် တုံ့ပြန်မှုဟူသည် ရှိစမြဲ ။
ကောင်းသောလမ်းကို လျှောက်လျှင် ကောင်းသော လမ်းဆုံးသို့ ရောက်မည် ။ မကောင်းသောလမ်းကို လျှောက်လျှင် မကောင်းသော လမ်းဆုံးသို့ ရောက်မည် ။ ဤသည်မှာ နိယာမ မစစ်သော သဘောတရားပင် ။

လမ်းမတော်ဖိုးတုတ် နိဂုံး
*****************
ဂေါ့ဖားသားဟု ခေါ်ဆိုနိုင်မည့်သူမှာ လမ်းမတော် ဖိုးတုတ် တယောက်သာ ရှိခဲ့ဖူး၏။
ထိုစဉ်ကာလက ရန်ကုန်မြို.၏ ရပ်ကွက် အသီးသီး၌ တစ်ဗိုလ်တမင်း စိုးမိုးမင်းမူနေသည့် ရပ်ည် ကွက် လူမိုက်များ ရှိကြသည်။ သူတို့ဘယ်သူ့ကိုမှ ဗိုင်ဝင်မခံခဲ့ကြ ၊ ကိုယ့်နယ်မြေနှင့်ကိုယ် သတ်မှတ်ပြီး လူမိုက်ဘွဲ.ခံ၍ နေထိုင်ခဲ့ကြသည် အဲ့ဒီလို ရှိခဲ့ကြသည့် လူမိုက်များမှာ

လမ်းမတော် ဖိုးတုတ်ခေတ်သို့ ရောက်သော အခါတွင်မှု အားလုံးနီးပါးပင် လမ်းမတော်ဖိုးတုတ် ထံ ဗိုလ်ဝင်ခံခဲ့ကြသည် ။ ဒါကြောင့်လည်း လမ်းမတော်ဖိုးတုတ်က လမ်းမတော်အပိုင်တွင်သာ မဟုတ်ဘဲ ရန်ကုန်တမြို.လုံးကို စိုးမိုးနိုင်သူ ဖြစ်လာသည် ။
လမ်းမတော်ဖိုးတုတ်မှာ သူ့ခေတ်သူ့အခါက လက်ဖျားငွေသီးခဲ့သူ ဖြစ်၍ ဘာမဆို လိုတရသူလည်း ဖြစ်ခဲ့သည် ။
ဒုတိယ ကမ္ဘာစစ်ကြီး ဖြစ်သည်အထိ သူ၏ အရှိန်အဝါ ကျဆင်းမသွားဘဲ တည်တံ့ခိုင်မြဲခဲ့သည်။ ဂျပန်ခေတ် ။
မြင်းစီးဖိနပ်ရှည်ကြီးနင့် မြင်းစီးဘောင်းဘီကြီး ဝတ်၍ ဒေါက်မီပေမီ စင်းလုံးချော ဖောင်းဝတ်မြင်းကြီးစီးပြီး မင်းမူနိုင်ခဲ့ပြန်သည် ။
နီပွန် စစ်အုပ်ချုပ်ရေးအဖွဲ.မှ ပေးထားသည့် ဘူးသီးငါးပေါင်းကြော် လက်ပတ်ကြီးမှာ သူ၏ အရှိန်အဝါ မြင့်ထည်စေခဲ့ပြန်သည်။
ဒါပေသိ......
ထိုအရှိန်အဝါမှာမူ ကြာရှည်မခံလိုက် ။
နီပွန် စစ်အုပ်ချုပ်ရေး ငြိမ်းသွားသည်နှင့် အတူ ဘူးသီးငါးပေါင်းကြော် လက်ပတ်ကြီးသည် အဝတ်အပိုင်းအစလေး တခုလောက်အဆင့်ကို လျော့ကျသွားသည်။
လက်ဖျားငွေသီးခဲ့သော လမ်းမတော်ဖိုးတုတ်မှာ လက်ဖျားငွေမဲ့ဖြစ်သွားသည်။ ဘာဝင်ငွေမှမရှိ ။ ပေး
မည့်သူလည်းမရှိတော့ ။
တပည့်တပမ်းတွေကလည်း သူတို့ ဝမ်းဗိုက်အတွက် ကိုပင် အနိုင်နိုင် ရှာဖွေနေရသည်။
သည့်သို့သော အခြေအနေမှာ ကိုဖိုးတုတ် ဘဝက ပေအဖြစ် အထုအထောင်းခံခဲ့ရသော စက်ဆန်းဓားဘသိန်းက ဒေါက်တာ ဘမော် အစိုးရအဖွဲ.မှ ဝန်ကြီးတဦး၏ လက်ကတုံး တောင်ဝှေး ဖြစ်လာသည်။
ဓားဘသိန်း တူဖြစ်သွားပြီ။ သူက ပေဘဝ။
တူက ထုမည့်ထောင်းမည် အရိပ်အဆင် ပြလာသည်။
သူ့ခေတ်ကုန်သွားပြီမို့ သူက ခံအလှည့် သို့ ရောက်နေပြီ။
ထိုစဉ်ခေတ်က ဒေါက်တာ ဘမော် အပေါ် သြဇာ သက်ရောက်မှု ရှိသောနိုင်ငံရေး ဆရာတော်ဖြစ်သည့် ကြည့်မြင်တိုင် သာဓုဆရာတော်အား ခြေတော်ဦးခိုက်၍ တပည့်တော်ကို ကယ်ပါဦးဘုရားဟု လျှောက်ထားပြီး သာဓုဆရာတော်ထံ ခိုလှုံခဲ့ရသည် ။
လမ်းမတော် ဖိုးတုတ် အရှိန်အဝါတောက်ပစဉ် အချိန်က နာမည်ကြီး သာဓုဆရာတော်ကို ကြည်ညိုပြီး လှူဖွယ်ပစ္စည်းများနှင့် အကန်တော့ခံဝင်ဖူးသည်။ စကားပြောဖူး သိဖူး ရှိခဲ့သည်။
ခြေတော ဦးခိုက်၍ တပည့်တော်ကိုကယ်ပါအုံး ဘုရားဟု လျှောက်ထားသည်ကြောင့် လက်ခံလိုက်သည်။
" အေးလေ ၊ ဒုက္ခရောက်လာတဲ့ လူအဖြစ်နဲ့ ခေတ္တ ခဏ ကျောင်းရိပ်ခိုချင်သပ ဆိုလည်း ခိုတာပေါ့။ ဒါပေမဲ့ ကျေင်း ဝေယျာဝစ္စ ကိစ္စကိုတော့ လုပ်ရမယ်နော် "
" မှန်ပါ ၊ တပည့်တော် လုပ်ပါ့မယ် ဘုရား"
ဤသို့ဖြင့် သာဓု ဆရာတော်ထံတွင် ခိုလှုံနေထိုင်ခဲ့ရသည်။
အဲ့ဒီ အချိကပင် သူ၏ ယခင် ရုပ် သွင် နှင့် ဟန်ပန် အမူအရာ မထင်တော့ ။
ကတိုး ဆံတောက်လေးနှင့် ပိန်လှီနေသော ခန္ဓာကိုယ်ကို သယ်ပိုးနေလင့်ကစား သူ၏ လှုပ်ရှားပုံမှာ သွက်လက်မှု မရှိ။
လှုပ်လီ လှုပ်လဲ့ နှေးနှေးကွေးကွေး လှုပ်ရှားနေသည့် သူ၏ ဟန်ပန်မှာ သူပေါ့ လမ်းမတော် ဖိုးတုတ်ဆိုတာလို့ ပြောသော်မှ ယုံနိုင်စရာ ဟန်ပန်သွင်ပြင် လုံးဝ မထင်တော့ ။
မနက်တကြိမ် ညနေတကြိမ် ဆရာတော်၏ ကျောင်းပတ်ဝန်းကျင်တွင် တံပျက်ဆီး လှဲနေသည့် ကိုဖိုးတုတ်၏ှီုးခေါင်းမှာ မော့မတ်ခြင်းမရှိ။
တရားသဘောကို နားလည် သဘောပေါက်သည့်တိုင် ဘဝသင်္ခါရ အလှည့်အပြောင်းကို ဆင်ခြင်မိဟန် ပေါ်လွင်နေသည်ဟု ဆိုရမည် ပုံရိပ်ထင်ရစ်နေသည်။
ဆရာတော်၏ အရိပ် ၊ ကျောင်း၏အရိပ် ခိုနေရသည့် အတွက် အေးချမ်းမှု ရှိသော်လည်း ကိုယ့်စရိုက်နှင့် မအပ်စပ်သော နေရာဖြစ်သည့် အလျောက် ကြာကြာမနေနိုင် ၊ ဆရာတော်ကို လျှောက်ထားပြီး ကျောင်းရိပ်က ခွာခဲ့ရသည် ။ အလှည့် ရောက်ပြီ ။
မကြာပါချေ ။ သက်ဆိုင်ရာက သူ့အားဖမ်းဆီးပြီး ထောင်ထဲ ထည့်လိုက်သည်။
သူ့အားဖမ်းဆီးသည်မှာ လောလောလတ်လတ် ကျူးလွန်သည့် ပြစ်မှုကြောင့်မဟုတ် မကောင်းသတင်းနှင့် ကျော်ဇောသူ တယောက်အဖြစ်ဖမ်းဆီးလိုက်ခြင်း ဖြစ်၏။
ရန်ကုန် ထောင်တွင် ခေတ္တထားပြီး မြောင်းမြ ထောင်သို့ ပို့လိုက်သည် ။
နူရာဝဲစွဲ ၊ လဲရာသူခိုးထောင်း ဆိုသလို တီဘီရောဂါ အပါအဝင် ရောဂါမျိုးစုံ စွဲကပ်လာသည်။
ထောင်အပြင်မှာ သန့်သန့် ပြန့်ပြန့် နေရသူတွေပင် ဝဲရောဂါနှင့် မကင်း ။ သန်းကြီးမ အကိုက်ခံရသည်နှင့် မလွတ်ရှိခဲ့သော ဂျပန်ခေတ်တွင် ထောင်ထဲမှာ နေရသူတွေ အဖို့ ပိုဆိုးသည်။
ပြည်တရွဲရွဲ နှင့် ဝဲနာတွေ အိုင်းထွက်နေသည်။
သန်းကြီးမတွေ ကပ်စွဲနေသည် အဝတ်များကို သန့်စင်ရေး မလုပ်နိုင်။
လဲဝတ်စရာလည်း မရှိ ။
ရောဂါနှင့်သက်ဆိုင်သော ဆေးဝါးလုံးဝမစား ရသောကြောင့် တကြောင်း ၊ အစားအသောက်ချို.တဲ့ သောကြောင့်တကြောင်း။ အအိပ်အနေ အလွန်အမင်း ဆင်းရဲသောကြောင့် တကြောင်း၊ ဦးဖိုးတုတ်မှာ အရိုးပေါ် အရေတင် ဆိုရအောင် မြင်မကောင်း ရှုမကောင်း

ပိန်လှီချိနဲ့နေသည်။
နောက်ဆုံး ပင့်သက် မရှိုက်မီ သူတောင့်တ ရေရွတ်သွားသည်မှာ........
" ထန်းလျှက်ခဲလေး တခဲ စားချင်လိုက်တာ ၊ ဆေးပြင်းလိပ်ကလေး တဖွာလောက် ဖွာရှိုက်ချင်လိုက်တာ" ဟူ၍ဖြစ်သည်။
မြောင်းမြထောင်ထဲမှာ ဘဝနိဂုံးချုပ်သွားသည့် လျှမ်းလျှမ်းတောက် ကျော်ကြားခဲ့သူ ၊ လက်ဖျားငွေသီးခဲ့သူ ၊ ဝိုင်းဝိုင်းလည်နေသည် တပည့်တပမ်းများ၏ ခေါင်းကိုင်ဖခင်ကြီး ဖြစ်ခဲ့သူ လမ်းမတော် ဖိုးတုတ်၏ ရုပ်အလောင်းကို ဂုံနီအိပ်နှင့် စွပ်လျှက်.....
မြေပုံသော်မှ မကျန်ခဲ့။
မကောင်းမှု ပြုသူများ၏ တန်ပြန်ခံစားရသည့် အကျိုးဆက်သည် ဤသို့ မှ တပါးဟု ဆိုရမည်ပါတည်း ။

လမ်းမတော်ဖိုးတုတ် အကြောင်း ဤတွင် ပြီးပါပြီ
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
ကျော်မြသန်း ၏ ပလက်ဖောင်းမင်းသား စာအုပ်မှ ထုတ်နုတ်တင်ပြသည်။


--
Posted By Blogger to လူဗိုလ်ဟူသည် ... at 4/25/2013 12:32:00 PM

--
မှော်ဆရာအဖွဲ့မှ နေ့စဉ် Mail များရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en
Member များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို့စာပို့နိုင်ပါသည်။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး စာပို့ပေးပါရန်။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en
အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
Facebook Page နှင့်ဆက်သွယ်လိုလျှင် www.facebook.com/mrsorcerergroup
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
---
You received this message because you are subscribed to the Google Groups "မှော်ဆရာ အဖွဲ့  ( Ѧя Ƨσяcɛяɛя )" group.
Visit this group at http://groups.google.com/group/mrsorcerer?hl=en.