[mrsorcerer:38046] Fwd: [လူဗိုလ်ဟူသည် ...] သစ်ထူးလွင် သတင်းစုစည်းမှု (၂၆-၄)



---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: 2013/4/26
Subject: [လူဗိုလ်ဟူသည် ...] သစ်ထူးလွင် သတင်းစုစည်းမှု (၂၆-၄)
To: lubo601@gmail.com


သစ်ထူးလွင်



Posted: 26 Apr 2013 03:25 AM PDT
စစ်ကိုင်းတိုင်း မုံရွာခရိုင်မှာ ရာနဲ့ချီတဲ့ လက်ပန်းတောင်းတောင် ဒေသခံတွေဟာ သူတို့လယ်တွေမှာ လယ်ထွန်ခွင့်ရဖို့နဲ့ မနေ့က ရဲနဲ့အဓိကရုဏ်းဖြစ်ပြီး ဖမ်းဆီးခံရသူ ၃ ဦးကို ပြန်လွှတ်ပေးဖို့ တုံရွာစုရပ်ကနေ ညောင်ပင်ကြီး ရဲစခန်းရှေ့ကို ချီတက် တောင်းဆိုကြပါတယ်။

၁၂ နာရီခွဲလောက်နေ ထွက်ခွာတဲ့ သူတို့လူအုပ်တန်းကို တုတ်၊ ဒိုင်း၊ သေနတ် အပြည့်အစုံ ကိုင်ဆောင်ထားတဲ့ ရဲတပ်ဖွဲ့က မကျော်ဖို့ စည်းသုံးစည်းကိုတားပြီး ဆိုင်းဘုတ်ချ တားမြစ်ခဲ့ပါတယ်။

Photo_ KO Han Win Aung
ဆန္ဒပြခေါင်းဆောင်တဦးက "ကျနော်တို့က လက်ပန်းတောင်းတောင် စီမံကိန်းလုံးဝဖျက်သိမ်းရေး၊ ကိုယ့်လယ်မှာ ကိုယ်ပြန်စိုက်ပျိုးရေး၊ မနေ့က ဖမ်းဆီးထားတဲ့ ကိုအောင်စိုး၊ ကိုစိုးသူနဲ့ ကိုဆန်းတို့ကို ပြန်လွှတ်ပေးရေးနဲ့ ရွာသားတွေကို အကြမ်းဖက်သူတွေကို ဖော်ထုတ်ပေးရေး၊ ပုဒ်မ ၁၄၄ ရုပ်သိမ်းပေးရေးတို့ကို တောင်းဆိုတာပါ၊ ရဲက အင်အားသုံး တားမြစ်တာပါ။" လို့ ဆိုပါတယ်။

ဒါပေမယ့် ရာနဲ့ချီတဲ့ ရဲတပ်ဖွဲ့ဝင်တွေက တားမြစ်ပြီး စည်းကျော်ရင် ပစ်မယ်လို့ ပြောတာကြောင့် နောက်ကြောင်းပြန်လှည့်ပြီး တုံရွာထိပ်က ဇရမ်မှာ စုရုံးပြီး ဟောပြောပွဲလုပ်နေကြပါတယ်။

မိတ္ထီလာမှာ အကြမ်းဖက်မီးရှို့ဖျက်ဆီးသူတွေကိ
ု လက်ပိုက်ကြည့်နေတဲ့ရဲတပ်ဖွဲ့က ကိုယ့်လယ်မြေမှာ ကိုယ်ပြန်စိုက်ခွင့်ရဖို့ တောင်းဆိုသူတွေကို ပုဒ်မ ၁၄၄ ထုတ်ထားတဲ့နေရာမှာ လူစုလူဝေးနဲ့ စုတယ်ဆိုပြီး ပစ်မိန့်ရထားပြီးပြီလို့ ပြောဆိုချက်ဟာ တရားဥပဒေအစစ်အမှန်လား ဆိုတာ ဆန္ဒပြခေါင်းဆောင် ကိုလတ်က မေးခွန်းထုတ်လိုက်ပါတယ်။

ဟောပြောပွဲမှာ သမ္မတဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ရွာသားတွေ အကြမ်းဖက်ခံရမယ့်ဘေးက ကာကွယ်ပေးဖို့ တောင်းဆိုဟောပြောနေပါတယ်။ ဒေသခံကိုယ်စားလှယ် မစန္ဒာရဲ့ မြန်မာစံတော်ချိန် လေးနာရီမှာ ပြောဆိုချက်ကို အသံဖိုင်မှာ နားဆင်နိုင်ပါတယ်။

by ​အေး​နိုင် (ဒီဗွီဘီ)

အသံဖိုင် နားဆင်ရန် ဒီနေရာကို နှိပ်ပါ


Posted: 26 Apr 2013 03:14 AM PDT
ကန်ကြီး စေတီတော်ဟာ မွန်ပြည်နယ် မုဒုံမြို့ မှာရှိတဲ့ သမိုင်းဝင် ဆံတော်ရှင် စေတီတစ်ဆူ ဖြစ်ပါတယ် ။ မုဒုံမြို့ဆိုတာကို မုဒုံစောင်ဆိုတဲ့ ဒေသထွက် ယက္ကန်း ထည်လေးနဲ့ တွဲပြီး သိကြသလို ကန်ကြီး စေတီတော် ၊ ကန်ကြီးကန် တွေနဲ့ ယှဉ်တွဲပြီး လည်း လူသိများ ထင်ရှား ပါတယ် ။

လက်ရှိ မုဒုံ ကန်ကြီးစေတီတော်ဟာ ( ၄.၆၂ ) ဧက ကျယ်တဲ့ မဟာရာမ် တံတိုင်း အလယ်မှာ ရှိပြီးတော့ ညဏ်တော် အမြင့် (၈၉)တောင် ၊ ဖိနပ်တော် အ၀န်း (၄၁၈)တောင် ရှည်လျားပြီး အုတ် အင်္ဂတေ တို့ဖြင့် လက်ရာ ပြောင်မြောက်စွာ တည်ထားတဲ့ စေတီတော် ဖြစ်ပါတယ် ။ သမိုင်းအထောက် အထားများအရ မြတ်စွာဘုရား သက်တော်ထင်ရှား ရှိစဉ်အခါကတည်းက မြတ်စွာဘုရားရဲ့ ဆံတော်ရှင်ကို ထည့်သွင်း ဌာပနာပြီး ဂ၀ံအုတ်တို့နဲ့ စတင် တည်ထားခဲ့ကာ နောင်အခါမှ လက်ရှိ စေတီတော်အတိုင်း ပြုပြင်တည်ထား ခဲ့တယ်လို့ သိရှိရပါတယ် ။

ကန်ကြီးစေတီတော် နဲ့ ကပ်လျက်မှာတော့ သဘ၀အတိုင်း ကြည်လင်စိမ်းမြနေတဲ့ ရေပြင်ရှိတဲ့ ကန်ကြီးကန် တည်ရှိပါတယ် ။ ထူးခြားမှု ကတော့ ကန်ကြီးကန်ရဲ့ ရေပြင်ဟာ နောက်ကျိမှု မရှိပဲ အမြဲတမ်း ကြည်လင် နေခြင်းပဲ ဖြစ်ပါတယ် ။  မြန်မာ နှစ်ဆန်း (၁) ရက်နေ့ညမှာ ဆီမီး (၉၀၀၀) ပန်း (၉၀၀၀) ဗုဒ္ဓပူဇနိယ ပူဇော်ပွဲကို ဒီ ကန်ကြီးစေတီတော် ပရ၀ုဏ်အတွင်းမှာ ကျင်းပကြသလို ကန်ကြီးကန် အတွင်းမှာလည်း ဆီမီးမျှောပွဲကို ကျင်းပပူဇော် ကြပါတယ် ။

သမိုင်းဝင် ဆံတော်ရှင် ကန်ကြီးစေတီတော် နဲ့ ကန်ကြီးကန် ရှိရာကို အနယ်နယ် အရပ်ရပ်က ဘုရားဖူးတွေ စဉ်ဆက်မပြတ် လာရောက် ဖူးမျှော်လျှက် ရှိကြသလို နိုင်ငံတကာမှ ဘုရားဖူးများလည်း  လာရောက် ဖူးမျှော်လျှက် ရှိပါတယ် ။ တကယ်တော့ သမိုင်းဝင် ဆံတော်ရှင် ကန်ကြီးစေတီတော် နဲ့ ကန်ကြီးကန်ဟာ မုဒုံမြို့ရဲ့ ပြယုဒ် တစ်ခုလို့ ဆိုနိုင်သလို မြို့ရဲ့ အလှတရား ဘာသာတရားရဲ့ ငြိမ်းချမ်းတဲ့ အလှတရားတခုလို့ လည်း ဆိုနိုင်ပါတယ် ။

ကန်ကြီးစေတီတော် ကန်ကြီးကန်နဲ့ ပါတ်သက်ပြီး ဗုဒ္ဓဘာသာဝင် မြို့သူမြို့သားတွေ ဂုဏ်ယူနိုင်ကြပေမယ့် ကန်ကြီးစေတီတော် ၀န်းကျင်မှာ အမှိုက်တွေ ပလပ်စတစ်တွေ ပေါများလာမှု  နဲ့ ကန်ကြီးကန် တဖြည်းဖြည်း ကောလာမှု အခြေအနေ တွေကတော့ တစ်နေ့တစ်ခြား ပိုမို ဆိုးရွားလာနေတာကို စိတ်မကောင်းစွာ တွေ့ရှိနေ ရပါတယ် ။

မုဒုံမြို့ ကန်ကြီးစေတီတော် ၀န်းကျင်မှာ ကန်ကြီးစေတီတော်ကို လာရောက် ဖူးမျှော်တဲ့ ဘုရားဖူးများ နားနေ နိုင်ရန် စားသောက်နိုင်ရန်အတွက် ဘူးသီးကြော် အသုတ် အအေးစုံ စတဲ့ ဆိုင်များကို သက်သာတဲ့ ဆိုင်ခန်းဌားခ နှုန်းထားများနဲ့ ဖွင့်လှစ်ခွင့် ပေးထားပါတယ် ။ ဆိုင်ခန်းတွေ ဖွင့်လှစ်ပေးထားတဲ့ အတွက် ဘုရားဖူးလာရောက်သူများ အတွက် အဆင်ပြေတာ ကိုလည်း တွေ့ရှိရပါတယ် ။
ဒါပေမယ့် အဲဒီဆိုင်ခန်းတွေက ထွက်ရှိလာတဲ့ ကြံဖတ်များ ပလတ်စတစ်များ အမှိုက်များ ကို စနစ်တကျ သိမ်းဆည်းမှု နဲ့ စနစ်တကျ စွန့်ပစ်မှု မရှိတဲ့ အတွက် ဘုရားပရ၀ုဏ် ၀န်းကျင်မှာ အမှိုက်များ ပလတ်စတစ်များ ပြန့်ကျဲနေတာကို တွေ့ရှိရပါတယ် ။ အမှိုက်သိမ်းကားများ အလှည့်ကျ ၀င်ရောက် သိမ်းဆည်းပေမယ့် စနစ်တကျ ထုတ်ပိုးထားရှိမှု ၊ စနစ်တကျ စုပုံထားရှိမှု မရှိတဲ့ အပြင် အမှိုက်သိမ်း ၀န်ထမ်းများကလည်း အမှိုက်များကို ကုန်စင်အောင် ရှင်းလင်း တင်ဆောင် သွားခြင်း မရှိတဲ့အတွက် အမှိုက်များ က တနေ့တခြား ပိုမို ဆိုးဝါးစွာ ပြန့်ကျဲ လာတာကို တွေ့မြင်ရပါတယ် ။ ပရဟိတ အဖွဲ့များ စုပေါင်း အမှိုက်ကောက်ခြင်း အမှိုက်သိမ်းဆည်း ခြင်းများ လုပ်ဆောင် ကြပေမယ့် စနစ်တကျ စွန့်ပစ်မှု မရှိတဲ့ အတွက် သိမ်းဆည်း ချိန် ခဏသာ ရှင်းလင်းသွားတာကို တွေ့မြင် ရပြီးတော့ အချိန်တိုအတွင်းမှာပဲ အမှိုက်များ ပြန်လည် ပြန့်ကျဲ လာပြန်ပါတယ် ။

ဒါ့အပြင် တချို့ဆိုင်တွေ အနေနဲ့ မိမိတို့ရဲ့ အမှိုက်တွေကို ကန်ကြီးကန်ထဲ မှာ စွန့်ပစ်ခြင်း လုပ်လာတဲ့ အတွက် ကြည်လင် သန့်ရှင်းနေတဲ့ ကန်ကြီးကန် ရေပြင်ဟာ အဲဒီဈေးဆိုင်တန်း အနီးပါတ်ဝန်းကျင်တ၀ိုက်မှာ သန့်ရှင်းမှု မရှိ ညစ်ညမ်း နောက်ကျိလာပြီး ကန်လည်း တဖြည်းဖြည်း ကောလာတာကို တွေ့ မြင်နေရပါတယ် ။ ပြီးတော့ ကန်ကြီးကန်ဟာ ရေသေကန် တစ်ခုဖြစ်တာနဲ့ အညီ တခြားတခြားက စီးဝင်လာတဲ့ ရေထဲမှာ ပါဝင်လာတဲ့ အမှိုက် တွေ အနည်တွေနဲ့ ကန်ကလည်း တနေ့တခြား ကောလာပါတယ် ။

အရင်တစ်ချိန်က လူတစ်ရပ်သာသာလောက် အနက်ရှိတဲ့ နေရာတစ်ချို့မှာ အခုဆိုရင် ကုန်းပြင်လုံးလုံး ဖြစ်လာနေပါပြီ ။ ရာသီဥတု ပြောင်းလဲမှု မြေအောက်ရေ ပြောင်းလဲမှုတွေ ကြောင့် ကန်ကောလာနိုင်သလို လူတွေရဲ့ စည်းကမ်းမဲ့ စွန့်ပစ်တဲ့ အမှိုက်များ နဲ့ ပေါင်းဆုံသွားတဲ့ အတွက် အချိန်မီ ပြုပြင်ထိန်းသိမ်းမှု မရှိခဲ့ရင် ကန်ကောလာမှုဟာလည်း အချိန်တို အတွင်းမှာ အဆိုးဝါးဆုံး အခြေအနေကို ဆိုက်ရောက်သွားနိုင် ပါတယ် ။

တကယ်တော့ ကန်ကြီးစေတီတော် နဲ့ ကန်ကြီးကန်ဆိုတာ မုဒုံမြို့ရဲ့ ကျက်သရေဆောင် တစ်ခု ဖြစ်ပါတယ် ။ မြို့ရဲ့ ပြယုဒ်တစ်ခု ဖြစ်သလို ဘာသာတရား ရဲ့ မှတ်ကျောက် တစ်ခုလည်း ဖြစ်ပါတယ် ။ တစ်နေ့တခြား များပြားလာနေတဲ့ အမှိုက်များ ပလတ်စတစ်များ ၊ ဆိုင်ခန်းများမှ အမှိုက်များကို စည်းကမ်းမဲ့ စွန့်ပစ်နေမှုများ ကြောင့် ကန်ကြီးစေတီတော်ရဲ့ ၀န်းကျင် သန့်ရှင်းမှု ၊ ကန်ကြီးကန်ရဲ့ ရေရှည် တည်တဲ့မှုကို များစွာ ထိခိုက်မှု ဖြစ်စေပါတယ် ။ 

အဲဒီတော့ သမိုင်းဝင် ဆန်တော်ရှင် ကန်ကြီးစေတီတော် ပရ၀ုဏ်နဲ့ ပါတ်ဝန်းကျင် သန့်ရှင်း သပ်ရပ်နေစေရေး  နဲ့ ကန်ကြီးကန် အစဉ်ကြည်လင် အေးမြ သန့်ရှင်းနေပြီး တဖြည်းဖြည်းကောလာခြင်း ဖြစ်စဉ်တွေကို ကန်ကြီးစေတီတော် ဂေါပက အဖွဲ့ဝင်များ ၊ မြို့သူမြို့သားများ ၊ တာဝန်ရှိသူများ အားလုံး ၀ိုင်းဝန်း ကာကွယ်ဖို့ လိုနေပါပြီ ။ စုပေါင်း ကာကွယ် ထိန်းသိမ်းခြင်း မလုပ်ပါက နောငတစ်ချိန် မှာ ပြုပြင်ထိန်းသိမ်းရ ခက်ခဲတဲ့ အနေအထားကို အချိန်တို အတွင်း ရောက်ရှိသွား တော့မှာ ဖြစ်ပါတယ် ။
ဘုရားဝင်း တာဝန်ရှိသူများ အနေနဲ့လည်း ဈေးဆိုင်တန်းများကို အမှိုက်များ စနစ်တကျ စွန့်ပစ်စေရေး ညှိနှိုင်းဆွေးနွေးခြင်း ၊ ဘုရားပွဲတော် အတွင်း အမှိုက်များကို စနစ်တကျ စွန့်ပစ်မှု ရှိစေရေး ၊ ပွဲတော်ချိန်တွင်း ရွေ့ပြောင်း ဈေးဆိုင်များအား အမှိုက်များကို စနစ်တကျ စွန့်ပစ်မှု ရှိရေး စတာတွေကို အမြန်ဆုံး ဆောင်ရွက် သင့်နေပါပြီ ။

မြို့သူ မြို့သားများ ၊ တာဝန်ရှိသူများ အနေနဲ့လည်း မြို့ရဲ့ ကျက်သရေဆောင် ကန်ကြီးစေတီတော် ၀န်းကျင် မှာ အမှိုက်များ ပလတ်စတစ်များ သန့်ရှင်း လာစေအောင် ပါဝင်ကူညီခြင်း ၊ ကန်ကြီးကန်အတွင်း အမှိုက်များ စွန့်ပစ်မှု ကို စနစ်တကျ တားဆီးကာကွယ်ခြင်း ၊ ကန်တဖြည်းဖြည်း ကောလာမှု ကို အမြန်ဆုံး ပြန်လည် ထိန်းထိမ်းမှုများ ဆောင်ရွက်ခြင်းတို့ကို စုပေါင်း လုပ်ဆောင်ကြဖို့ လိုနေပြီ ဖြစ်ပါကြောင်း တိုက်တွန်း ရေးသား လိုက်ရပါတယ် ။

မုဒုံသား









Posted: 26 Apr 2013 03:08 AM PDT
ရှမ်းပြည်နယ် နမ္မတူမြို့ ၊ မြို့ပိုင်မြေကွက်လပ်အား မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညွန့်ငွေ နှင့် မြေစာရင်း ထွန်းရွှေ ရောင်းစား ၄င်းတို့ကိုယ်ကျိုးစီးပွါးအတွက် လောင်စာဆီရောင်းချတဲ့ လုပ်ငန်းရှင်ကို ရောင်းလိုက်ပါတယ် ၊
၎င်းလောင်စာဆီ အရောင်းဆိုင် မှ အခုဆိုလျှင်  ဓါတ်ဆီ/ဒီဇယ် သိုလှောင်ကန် တစ်ခုလျှင် ဂါလံ (၅၀၀၀)ခန့်ကန်(တိုင်ကီ) နှစ်ခုဖြင့် မြို့အတွင်းရောင်းချနေပါတယ် ၊  ၄င်းတို့အကျိုးစီးပွါးအတွက်
တော့ အဆင်ပြေပေမဲ့  ပြည်သူတွေ အတွက်တော့ မီးဘေး အန္တရာယ်  အလွန်စိုးရိမ်ရပါတယ်၊

မြို့နယ်အုပ်ချုပ်ရေးမှူး ပြောစကား အရတော့  ရှမ်းပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရ ထံမှ ၄င်းမြေအား  လုပ်ငန်းရှင်မှ ၀ယ်ယူပြီး ၊ လောင်စာဆီ ရောင်းချခြင်း ဖြစ်တယ်ဆိုတာ သိရပါတယ် ၊

ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအနေဖြင့်  မိမိအကျိုးစီးပွါးအတွက် ကိုယ်ကျိုးရှာလျှင်လည်း
ပြည်သူအပေါ် ကြရောက်မဲ့ ဘေးလေးတော့ ထည့်သွင်း စဉ်းစားပေးပါရန်နှင့် လူနေအိမ်နှင့်ဝေးသည့် အခြား မြို့ပိုင်မြေ ကွက်လပ်များအား ပြည်နယ်အစိုးရအမိန့်နဲ့ မြို့နယ်အုပ်ချုပ်ရေးမှူးနဲ့ မြေစာရင်း ထွန်းရွှေ ကို ရှာခိုင်းပါ  ။

၎င်း လောင်စာဆီ အရောင်းဆိုင်အား  လူနေအိမ်ပြည်သူများနှင့် ဘေးလွတ်ရာ ဖယ်ရှားပေးပါ ။

မီးဘေးကြောက်တဲ့  နမ္မတူသား ရေခဲချောင်း




Posted: 26 Apr 2013 02:10 AM PDT
လားရှိုးမြို့ကို ရေပေးဝေတဲ့ကန်၂၀ရှိရာမှာ ၃ကန်ပဲ ရေကျန်ရှိနေ။ ရေပိုက်က ရေမလာ။ ၃-၄ လရှိပြီ၊ ရေတစ်စည်ကို ၄ထောင်ကျပ်နှုန်းနဲ့ ၀ယ်သုံးနေရ။ လာရှိုးမှာ ရေရှားတဲ့ပြသနာက အမြဲလိုလို နွေရာသီဆို ရောက်လာတဲ့ ဧည့်သည်တစ်ယောက်လို ဖြစ်နေတယ်...(သတင်းပေးပို့ - ခွန်ဇော်ဦး @ iCJ)

ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ



Posted: 26 Apr 2013 02:35 AM PDT
မနေ့က ဖမ်းဆီးခံခဲ့ရတဲ့ လက်ပန်တောင်းတောင် အရေးဆန္ဒပြနေသူတွေကို ကူညီနေတဲ့ ကိုအောင်စိုး အပါအဝင် ဒေသခံတွေကို ပြန်လည် လွှတ်ပေးဖို့ ညောင်ပင်ကြီးရဲစခန်းရှေ့သို့ ချီတက်ဆန္ဒပြဖို့အတွက် တုံရွာရှေ့က ထွက်ခွာလာတဲ့ အဖွဲ့ကို ဝက်မှေး-ကန်တောရွာသစ်ကြီးထိပ်တွင် ပိတ်ဆို့တားဆီးရန် ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

ဓါတ်ပုံ - RFA Burmese

ဓါတ်ပုံ - RFA Burmese

Posted: 26 Apr 2013 01:46 AM PDT
ရန်ကုန်၊ ဧပြီ ၂၅

လွှတ်တော်ကိုယ်စားလှယ်များ အနေနှင့် သက်ဆိုင်ရာ မဲဆန္ဒနယ် အတွက် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ကိုယ်တိုင်အကောင် အထည်ဖော်နိုင်ရန် မြို့နယ် (မဲဆန္ဒနယ်) တစ်ခုလျှင် ကျပ်သိန်းတစ်ထောင်စီ အသုံး စရိတ် ချပေးမည်ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး မဲဆန္ဒနယ်အ မှတ် (၃) အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင် က The Voice သို့ပြောကြားသည်။

ယင်းအသုံးစရိတ်ကို မဲဆန္ဒနယ် တစ်ခုရှိ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် တစ်ဦး၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တစ်ဦးနှင့် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်နှစ်ဦးတို့ ညှိနှိုင်း သုံးစွဲရမည် ဖြစ်ကြောင်း ၄င်းကပြောဆိုသည်။

လွှတ်တော် ငွေစာရင်းကော်မတီက တာဝန်ယူပြီး ယင်းအသုံးစရိတ်ကို ချထား ပေးမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် (၁) မှ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်ဝိုင်းကြည် က ပြောကြားသည်။
"ဒီနှစ်အတွက် အသုံးစရိတ်ကို အောက်တိုဘာလမှ ချပေးမယ်လို့သိရတယ်" ဟု ဒေါ်ခင်ဝိုင်းကြည်က ဆိုသည်။

ယင်းအသုံးစရိတ်ကို လွှတ်တော် ကိုယ်စားလှယ်လေးဦးက ပြည်သူ့ လိုအပ်ချက်ကို အဓိကထားပြီး ညှိနှိုင်းသုံးစွဲမှသာ လွှတ်တော်ကိုယ်စားလှယ် အချင်းချင်း အကြား အငြင်းပွားမှု ရှောင်နိုင်မည် ဖြစ်ကြောင်း ဦးဖုန်းမြင့်အောင်က ဆိုသည်။
"လွှတ်တော် ကိုယ်စားလှယ်တွေက ဥပဒေပြုဖို့ပဲ လုပ်နေရင် မဲဆန္ဒရှင်တွေ ယုံကြည်မှု မဲ့သွားနိုင်တယ်။ ကိုယ်တိုင်ကိုယ်ကျ ဒေသဖွံ့ဖြိုးရေးလုပ်ဖို့ အသုံးစရိတ် လိုတယ်" ဟု ဦးဖုန်းမြင့်အောင်က ဆိုသည်။

ပြည်ထောင်စုအစိုးရ အဖွဲ့ကိုယ်စား ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနက တင်သွင်း သော၂၀၁၃-၂ဝ၁၄ဘဏ္ဍာနှစ် အမျိုးသား စီမံကိန်းတွင် နိုင်ငံတော်အတွက် အရေးတကြီး လုပ်ဆောင်ရန် မလိုအပ်သော စီမံကိန်းများကို ပယ်ဖျက်ပြီး မဲဆန္ဒနယ် အလိုက် ဒေသဖွံ့ဖြိုးရေး အသုံးစရိတ် အဖြစ် သတ်မှတ် ပေးထားခြင်းဖြစ်ကြောင်း ဒေါ်ခင်ဝိုင်းကြည်က ပြောကြားသည်။

ယင်းအမျိုးသားစီမံကိန်းတွင် ကျပ်သန်းထောင်ချီ ကုန်ကျမည့် နေပြည်တော် ဆေးရုံ စီမံကိန်းများ၊ ကျည်ကာယာဉ် ဝယ်ယူရေး၊ ကာကွယ်ရေး အသုံးစရိတ် နှင့် တက္ကသိုလ် အသစ်များ ထပ်မံဆောက်လုပ်ရေး တို့အတွက် လျာထားသည့် အသုံးစရိတ်တို့ကို ပယ်ဖျက်ခြင်း၊ လျှော့ချခြင်းများ လုပ်ဆောင် ခဲ့သဖြင့် ဘဏ္ဍာရေးပိုငွေ ထွက်ပေါ်လာခြင်း ဖြစ်ကြောင်း ၄င်းကပြောသည်။

အိမ်နီးချင်းအိန္ဒိယနိုင်ငံတွင် သက်ဆိုင်ရာ မဲဆန္ဒနယ်ရှိ မဲဆန္ဒရှင်များအတွက် လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေးနှင့် ပညာရေးဆိုင်ရာ ဖွံ့ဖြိုးရေး လုပ်ငန်းများကို လွှတ်တော် ကိုယ်စားလှယ်များ ကိုယ်တိုင်ကိုယ်ကျ လုပ်ဆောင်နိုင်ရန် အသုံးစရိတ်ချပေးရေး အတွက် အမျိုးသားစီမံကိန်းတွင် ဘဏ္ဍာ ရေး လျာထားငွေသီးသန့် ထည့်သွင်း ရေးဆွဲပေးလေ့ရှိသည်။

ယင်းအသုံးစရိတ်ကို လွှတ်တော် ကိုယ်စားလှယ်လေးဦးက ပြည်သူ့ လိုအပ်ချက်ကို အဓိကထားပြီး ညှိနှိုင်းသုံးစွဲမှသာ လွှတ်တော်ကိုယ်စားလှယ် အချင်းချင်း အကြား အငြင်းပွားမှုရှောင်နိုင်မည် ဖြစ်ကြောင်း ဦးဖုန်းမြင့်အောင်က ဆိုသည်။
"လွှတ်တော် ကိုယ်စားလှယ်တွေက ဥပဒေပြုဖို့ပဲ လုပ်နေရင် မဲဆန္ဒရှင်တွေ ယုံကြည်မှု မဲ့သွားနိုင်တယ်။ ကိုယ်တိုင် ကိုယ်ကျ ဒေသဖွံ့ဖြိုးရေးလုပ်ဖို့ အသုံးစရိတ် လိုတယ်" ဟု ဦးဖုန်းမြင့်အောင်က ဆိုသည်။
ပြည်ထောင်စုအစိုးရအဖွဲ့ကိုယ်စား ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနက တင်သွင်း သော၂၀၁၃-၂၀၁၄ဘဏ္ဍာနှစ်အမျိုးသား စီမံကိန်းတွင် နိုင်ငံတော်အတွက် အရေးတကြီးလုပ်ဆောင်ရန် မလိုအပ်သော စီမံကိန်းများကို ပယ်ဖျက်ပြီး မဲဆန္ဒနယ် အလိုက် ဒေသဖွံ့ဖြိုးရေးအသုံးစရိတ် အဖြစ် သတ်မှတ်ပေး ထားခြင်း ဖြစ်ကြောင်း ဒေါ်ခင်ဝိုင်းကြည်က ပြောကြားသည်။

ယင်းအမျိုးသား စီမံကိန်းတွင် ကျပ်သန်းထောင်ချီ ကုန်ကျမည့် နေပြည်တော် ဆေးရုံစီမံကိန်းများ၊ ကျည်ကာယာဉ် ဝယ်ယူရေး၊ ကာကွယ်ရေး အသုံးစရိတ် နှင့် တက္ကသိုလ် အသစ်များ ထပ်မံဆောက်လုပ်ရေးတို့ အတွက် လျာထားသည့် အသုံးစရိတ်တို့ကို ပယ်ဖျက်ခြင်း၊ လျှော့ချခြင်းများ လုပ်ဆောင် ခဲ့သဖြင့်ဘဏ္ဍာရေးပိုငွေ ထွက်ပေါ်လာခြင်း ဖြစ်ကြောင်း ၄င်းကပြောသည်။

အိမ်နီးချင်း အိန္ဒိယနိုင်ငံတွင် သက်ဆိုင်ရာမဲဆန္ဒနယ်ရှိ မဲဆန္ဒရှင်များ အတွက် လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး နှင့် ပညာရေးဆိုင်ရာ ဖွံ့ ဖြိုးရေးလုပ်ငန်း များကို လွှတ်တော်ကိုယ်စားလှယ်များ ကိုယ်တိုင်ကိုယ်ကျ လုပ်ဆောင်နိုင်ရန် အသုံးစရိတ်ချပေးရေး အတွက် အမျိုးသား စီမံကိန်းတွင် ဘဏ္ဍာရေးလျာထားငွေ သီးသန့် ထည့်သွင်း ရေးဆွဲပေးလေ့ရှိသည်။

The Voice Weekly


Posted: 26 Apr 2013 01:36 AM PDT
ယနေ့ 26-4-2013နေ့တွင် နိုင်ငံတော် အဆင့်စီမံချက်ဖြင့် ဘင်္ဂလီများအား(ဆွဲ၊တင်၊ စစ်) လူဦးရေ စာရင်း ကောက်ယူရန် ဘောဒူဗ ဒုက္ခသည်စခန်းသို့စစ်ဆေးရန်သွား ရောက်ရာတွင်လည်း အခက်အခဲများကြုံတွေ့ ခဲ့ရကြောင်း သိရသည်။ စာရင်း စတင် ကောက်ယူရာတွင် အိမ်ထောင်စု (၂)စုလောက်သာ ကောက်ယူ ပြီးနောက် ဘင်္ဂလီ လူကြီးများမှ စာရင်းကောက်ယူ ရာနေရာသို့ ၀ိုင်းအုံလာခဲ့ကြောင်းသိရသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

 
photo credit ; ရခိုင်ပြည်နယ် ဓာတ်ပုံနှင့် ဗီဒီယိုပညာသည်များအသင်း



Posted: 26 Apr 2013 01:25 AM PDT
သက္ကေပြင် ဒုက္ခသည်စခန်းတွင် ဘင်္ဂလီဒုက္ခသည်စာရင်း(ဆွဲ၊ တင်၊ စစ်)ကောက်ခံရန် သွားရောက်ခဲ့သည် အဖွဲ့မှာ ဘင်္ဂလီဒုက္ခသည်များ၏ ရန်ရှာမှုကို ခံခဲ့ရကြောင်းသိရသည်။ အဆိုပါအဖွဲ့မှ စတင်စာရင်းကောက်ယူရာတွင် အိမ်ထောင်စု နှစ်စုလောက်ကိုသာ စာရင်းကောက်ယူခဲ့ရပြီး နောက်ပိုင်းတွင် ကျေးရွာ အုပ်ချုပ်ရေးမှုးမှာလည်း တိမ်းရှောင်သွားပြီးနောက် ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




Posted: 26 Apr 2013 01:02 AM PDT
မြန်မာနိုင်ငံ၌ လူဦးရေအများဆုံး နေထိုင်ရာ ရန်ကုန်မြို့တော်တွင် အမှိုက်စွန့်ပစ်သူ ဦးရေ၏ ၃၀ရာခိုင်နှုန်းသည် အမှိုက်ခွဲခြား စွန့်ပစ်ရမည်ဟု သတ်မှတ်ထားသည့် စည်းကမ်းကို လိုက်နာမှု မရှိကြောင်း ရန်ကုန် မြို့တော် စည်ပင်သာယာရေး ကော်မတီ (YCDC) ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာန အကြီးတန်း အရာရှိတစ်ဦးက ပြောကြားသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 26 Apr 2013 12:50 AM PDT
ဆေးရုံ အဆောက် အအုံသည် လိုအပ်ချက်အရ လုံလုံခြုံခြုံ ဆောက်လုပ်ထားပြီး တစ်ထပ် အဆောက်အအုံအတွင်း မီးလောင်မှု ဖြစ်ပွားချိန်က ဝန်ထမ်း(၃)ဦး အပါအဝင် လူ(၄၁)ယောက် ရှိနေကြောင်း သိရသည်။ ရုရှားနိုင်ငံတွင် စိတ်ရောဂါကု ဆေးရုံတစ်ခု၌ မီးလောင်ကျွမ်းမှု ဖြစ်ပွားရာ လူပေါင်း (၃၈)ဦးမျှ သေဆုံးဖွယ် ရှိနေကြောင်း သိရှိရသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 26 Apr 2013 12:36 AM PDT
ဧပြီလ ၂၆ရက် (သောကြာနေ့)ထုတ် EURO SPORTS Journal VOL.4, NO.53

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ



Posted: 26 Apr 2013 12:33 AM PDT
ပြီးခဲ့တဲ့မတ်လက ပြည်ထောင်စု ငြိမ်းချမ်းရေးဖေါ်ဆောင်ရေး အဖွဲ့နဲ့ KIO တို့ ရွှေလီမြို့မှာ ငြိမ်းချမ်းရေးဆွေးနွေးခဲ့ကြပြီး နောက်ပိုင်း ရှမ်းပြည်မြောက်ပိုင်း KIA တပ်မဟာ (၄) နယ်မြေအတွင်း အစိုးရတပ်တွေနဲ့ KIA တပ်တွေ နေ့စဉ်ဆိုသလို တိုက်ပွဲတွေဖြစ်နေတယ်လို့ KIA တပ်မဟာ (၄) တပ်မှူး ဗိုလ်မှူးကြီး ဇော်ရော်က ပြောပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 25 Apr 2013 04:45 PM PDT
ပထမဆုံးအကြိမ် ဧရာဝတီတိုင်း တောင်သူ လယ်သမား ညီလာခံ တရပ်ကို ပန်းတနော်မြို့နယ်၊ အကယ်ချောင်း ကျေးရွာတွင် ဧပြီလ ၂၂ ရက်နေ့နှင့် ၂၃ ရက်နေ့များက ကျင်းပခဲ့ရာ လယ်လုပ်သူ လယ်ပိုင်ခွင့်နှင့် လယ်သမား သမဂ္ဂများ အသိအမှတ်ပြုရေး အပါအဝင် တောင်းဆို ချက်များ တောင်းဆို လိုက်ကြသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 25 Apr 2013 01:41 PM PDT
ဘရူနိုင်းနိုင်ငံမှာ ကျင်းပနေတဲ့ ၂၂ ကြိမ်မြောက် အာဆီယံ ထိပ်သီးညီလာခံမှာ မြန်မာနိုင်ငံက မူဆလင် အဓိကရုဏ်း အရေးကိုလည်း ထည့်သွင်း ဆွေးနွေးဖို့ ရှိတယ်လို့ သိရပါတယ်။ အာဆီယံထိပ်သီး ညီလာခံကို သမ္မတဦးသိန်းစိန်နဲ့ နိုင်ငံခြားရေး ၀န်ကြီး ဦးဝဏ္ဏမောင်လွင်တို့ တက်ရောက် နေတာဖြစ်ပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 25 Apr 2013 01:27 PM PDT
ဥရောပသမဂ္ဂက ဒဏ်ခတ်အရေး ယူမှုတွေကို ဖယ်ရှားလိုက်တာကြောင့် စီးပွားရေး အခွင့်အလမ်းတွေ အများအပြား ရှိနေတဲ့ မြန်မာနိုင်ငံမှာ အခြေခံ အဆောက်အအုံ၊ ငွေကြေးခိုင်မာမှု၊ တရားဥပဒေ စိုးမိုးမှုနဲ့ ပွင့်လင်းမြင်သာ မှုတွေဟာ စိန်ခေါ်မှုတွေ ဖြစ်လာပြီလို့ မြန်မာကုန်သည်ကြီးများ အသင်းချုပ်က ပြောဆို လိုက်ပါတယ်။
ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ


 

Posted: 25 Apr 2013 01:18 PM PDT
မြန်မာ့တပ်မတော် တပ်ရင်း ၅၅၃ပိုင် တောင်ဒဂုံမြို့နယ် တပ်မြေပေါ်က ဆိုင်ခန်းနဲ့ အိမ်ခန်းတွေကို ကြိုတင်အသိပေးထားတဲ့အတိုင်း ဧပြီ ၂၄ရက်နေ့မနက်မှာ ဖယ်ရှားလိုက်ပါတယ်။
ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ



Posted: 25 Apr 2013 01:02 PM PDT
ပြီးခဲ့တဲ့ သင်္ကြန်ကာလ မတိုင်ခင် ဧပြီ ၈ ရက်နေ့က မှတ်ပုံတင်ထားတဲ့ နိုင်ငံရေးပါတီ ၅၃ ခုက ခေါင်းဆောင်တွေနဲ့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌနဲ့ အဖွဲ့ နေပြည်တော်မှာ တွေ့ဆုံစဉ် အဓိက ငြင်းခုံဆွေးနွေးခဲ့ကြတဲ့ အချက်ကတော့ Proportional Representation လို့ ခေါ်တဲ့ PR  စနစ် အကြောင်းပဲ ဖြစ်ပါတယ်။

ပီအာရ် စနစ်ဆိုတာဟာ ပြည်သူတွေဟာ အမတ်လောင်းကို တိုက်ရိုက် မဲပေးတာမျိုး မဟုတ်ဘဲ နိုင်ငံရေးပါတီ တခုခုကို မဲပေးပြီး အဲဒီ ရလာတဲ့ မဲအရေအတွက်အပေါ် မူတည်ကာ ပါတီတွေကနေ အမတ်အရေအတွက် အချိုးအစားလိုက် လွှတ်တော်မှာ ပါဝင်ခွင့်ရတာမျိုးလို့ အကျဉ်းပြောရင် ရနိုင်ပါတယ်။

ဒီ ပီအာရ်စနစ်နဲ့ ပတ်သက်ပြီး အင်အားအကြီးဆုံး အတိုက်အခံ ပါတီဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က သဘောမတူသလို တိုင်းရင်းသားပါတီ အတော်များများကလည်း သဘောမတူပါဘူး။ ဒါပေမယ့် ဘယ်လိုပဲဖြစ်ဖြစ် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ကတော့ လာမယ့် ရွေးကောက်ပွဲမှာ ပီအာရ်စနစ်ကို ကျင့်သုံးသင့်၊ မသင့် လွှတ်တော်မှာ အဆိုတင်၊ အဆုံးအဖြတ် ရယူမယ်လို့ ပြောနေပါပြီ။ ပီအာရ်စနစ်ကို ဘယ်သူတွေက ထောက်ခံနေကြပါသလဲ၊ ဘာကြောင့် ပီအာရ် စနစ် ကျင့်သုံးစေချင်ကြတာလဲ၊ ပီအာရ်စနစ် ကျင့်သုံးပြီး ရွေးကောက်ပွဲ လုပ်ရင် ဘာတွေ ဖြစ်လာနိုင်သလဲ ဆိုတာ ခုတပတ် ဆွေးနွေးတင်ပြသွားမှာ ဖြစ်ပါတယ်။

ဒီနေရာမှာ ပီအာရ် စနစ်အကြောင်း အကျယ်တ၀င့် မရှင်းပြတော့ပါဘူး။ ပီအာရ် စနစ် ကျင်းပဖို့ အသံတွေ ဖြစ်ပေါ်လာပုံကိုပဲ စပြီး ဆွေးနွေးသွားပါမယ်။ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
ဟာ ၂၀၁၀ ရွေးကောက်ပွဲ မ၀င်ခဲ့ပါဘူး။ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ ၀င်တဲ့အခါ ၀င်ပြိုင်တဲ့ မဲဆန္ဒနယ် ၄၀ ကျော်မှာ ရှမ်းပြည်နယ် မဲဆန္ဒနယ်မြေ အမှတ် ၃ မှာ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ အမတ်လောင်းကို ပွတ်ကာသီကာ ရှူံးသွားတာကလွဲရင် ကျန်ဝင်ပြိုင်တဲ့ နေရာအားလုံး အပြတ်အသတ် အနိုင်ရခဲ့ပါတယ်။ ဒီ ရလဒ်ကို ကြည့်ပြီး ၂၀၁၅ ရွေးကောက်ပွဲ ကျရင် တို့ပါတီတွေ အပြတ်အသတ် ရှုံးပြီး လွှတ်တော်ထဲ တယောက်မှ မရောက်ရင် ဘယ့်နှယ်လုပ်ကြမလဲ ဆိုတဲ့ အတွေးမျိုး ပါတီခေါင်းဆောင် တချို့ရဲ့ ခေါင်းထဲ ရောက်သွားရာကနေ ပီအာရ်စနစ် ကျင့်သုံးဖို့ လှုံ့ဆော်တာမျိုး ဖြစ်လာတာပါ။

ဒီကိစ္စ ပြောင်ပြောင်တင်းတင်း ပြောဆိုနေကြသူတွေကတော့ တစည ပါတီ၊ အန်ဒီအက်ဖ်ပါတီနဲ့ ဒီမိုကရက်ပါတီ (မြန်မာ) ဖြစ်ပြီး ကြံ့ခိုင်ရေးပါတီကတော့ ဘာတခုမှ ထုတ်မပြောပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ရွေးကောက်ပွဲကော်မရှင်က ဒီကိစ္စ လွှတ်တော်ထဲ တင်မယ်ဆိုတဲ့အတွက် ကြံ့ခိုင်ရေးပါတီရဲ့ သဘောထားကို တိတိကျကျ သိကြရတော့မှာပါ။ တကယ်တော့ ဒီ စနစ်အကြောင်း ပြောလာသူတွေ အားလုံးဟာ တိုင်းပြည်အကျိုးစီးပွား ဆိုတာထက် သူတို့ ပါတီအကျိုးစီးပွား ကွက်ကွက်လေးကို ကြည့်ပြီး ပြောနေတာလို့ ဆိုနိုင်ပါတယ်။ ဒီ စနစ်အတိုင်း သွား၊ ရွေးကောက်ပွဲကလည်း လွတ်လပ်ပြီး တရားမျှတမယ် ဆိုရင် ဒေါ်အောင်ဆန်းစုကြည်နဲ့ အန်အယ်လ်ဒီပါတီ ၂၀၁၅ မှာ အနိုင်ရမှာ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ အန်အယ်လ်ဒီ အနိုင်ရပြီး တိုင်းပြည် ကောင်းလာမှာထက် သူတို့ပါတီ အမတ်တွေ ရွေးချယ်မခံရမှာကို စိုးရိမ်ပြီး ခုလို ပီအာရ် စနစ်ကို ကျယ်ကျယ်လောင်လောင် ပြောဆိုလာတာ ဖြစ်ပါတယ်။

တကယ်တော့ အခုလက်ရှိ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ အခု လက်ရှိ ရွေးကောက်ပွဲ စည်းမျဉ်းစည်းကမ်းအောက်မှာကိုပဲ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲကြီး တကြိမ်မှ မကျင်းပဖူးသေးပါဘူး။ ပြောရရင် ၂၀၁၀ ရွေးကောက်ပွဲ ဆိုတာဟာ စစ်အာဏာရှင်တွေ သူတို့ လိုတဲ့ ရလဒ် ထွက်လာအောင် လိုသလို လုပ်ကိုင်ဆောင်ရွက်ခဲ့တဲ့ အတုအယောင် ရွေးကောက်ပွဲလို့တောင် ပြောနိုင်ပါတယ်။ စစ်အာဏာရှင်တွေဟာ ၂၀၁၀ မှာ သူတို့စိတ်ကြိုက် ရွေးကောက်ပွဲကော်မရှင်ဆိုတာကို ဖွဲ့ပြီး ရွေးကောက်ပွဲနဲ့ နိုင်ငံရေးပါတီတွေကို ကြီးကြပ်ခိုင်းပါတယ်။ တရားမျှတမှု မရှိတဲ့ ရွေးကောက်ပွဲဥပဒေကို တဖက်သတ် အမိန့်အာဏာသုံးပြီး ပြဋ္ဌာန်း ကျင့်သုံးပါတယ်။ အန်အယ်လ်ဒီပါတီ ရွေးကောက်ပွဲ မ၀င်နိုင်အောင် လုပ်ပါတယ်။ ကချင်နိုင်ငံရေးသမားတွေကို လုံးဝ ပါတီထောင်ခွင့်နဲ့ ရွေးကောက်ပွဲဝင်ခွင့် မပေးပါဘူး။ ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက်ပြီး မဲဆန္ဒနယ်မြေတွေအနက် ထိန်ချန်ချင်တာ ထိန်ချန်ထားပါတယ်။ အမတ်တွေ စာရင်းတင်မဲ့ရက် ကန့်သတ်ပြီး နိုင်ငံရေးပါတီတွေ အမတ် နည်းနည်းပဲ ရွေးကောက်ပွဲ ၀င်နိုင်အောင် လုပ်ပါတယ်။ မဲပေးပိုင်ခွင့်ရှိသူစာရင်းကို စိတ်ထင်သလို ပြုစုပါတယ်။ လွတ်လပ်စွာ မဲပေးခွင့် မရှိအောင် မဲရုံတွေကို တည်ဆောက်ပါတယ်။ ကြိုတင်မဲဆိုပြီး မဲလိမ်ပါတယ်။ နောက်ဆုံး မဲရေတွက်ရာမှာ ဘယ်ကိုယ်စားလှယ်လောင်း၊ ဘယ်သက်သေတွေရှေ့မှာမှ မရေတွက်ဘဲ ကိုယ့်ဘာသာကိုယ် ရေတွက် ကိုယ့်ဘာသာကိုယ် ရလဒ်ကို ထုတ်ပြန်ကြေညာသည်အထိ မမှန်မကန် လုပ်ကိုင်ခဲ့ပါတယ်။

တကယ်တော့ အဲလို လုပ်တာဟာ ပြည်သူတွေက ကိုယ်ကြိုက်တဲ့ အမတ်ကိုရွေး၊ မဲအများစုရသူ အမတ်ဖြစ်တဲ့ ရိုးရှင်းတဲ့ စနစ်အောက်မှာ လုပ်ခဲ့တာပါ။ တကယ်လို့သာ ဒီထက် ပိုပြီး ရှုပ်ထွေးတဲ့ ပီအာရ်စနစ်နဲ့သာ ရွေးကောက်ပွဲ လုပ်ခဲ့မယ်ဆိုရင် ရွေးကောက်ပွဲစနစ်ကို ပြည်သူလူထု နားမလည်ရုံသာမက လက်ရှိ ပြည်ထောင်စုအဆင့်နဲ့ အောက်ခြေအထိ အဆင့်ဆင့်မှာ စစ်ဗိုလ်ချုပ်ဟောင်းတွေ၊ စစ်အရာဟောင်းရှိတွေနဲ့ ဖွဲ့စည်းထားတဲ့ ရွေးကောက်ပွဲ ကော်မရှင်ဟာ မသမာမှုတွေ ပိုပြီး လုပ်လာနိုင်ပါတယ်။

ဒီအတွက် လာမယ့် ရွေးကောက်ပွဲမှာ ပီအာရ်စနစ်ကို ကျင့်သုံးဖို့ မသင့်သေးသလို ရွေးကောက်ပွဲ ဥပဒေ၊ နည်းဥပဒေ တွေကိုလည်း အများကြီး ပြင်ဆင်ဖို့ လိုနေသေးကြောင်း တင်ပြလိုက်ရပါတယ်။

by တိုင်းကျော်  (ဒီဗွီဘီ)



Posted: 25 Apr 2013 12:50 PM PDT
မုံရွာ ခရိုင်၊ ဆားလင်းကြီး မြို့နယ်ထဲက ဆည်တည်းရွာ၊ မိုးကြိုးပြင်ရွာနဲ့ တုန်ရွာ တွေမှာ ရဲနဲ့ဒေသခံ တွေအကြား တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။ အစိုးရက စီမံကိန်း နယ်မြေ သတ်မှတ်ပြီး ပုဒ်မ ၁၄၄ ထုတ်ပြန် ထားတဲ့ နေရာထဲက လယ်မြေ တခိျု့မှာ မူလ လယ်ပိုင်ရှင်တွေက ဝင်ရောက်ပြီး ထွန်ယက်ဖို့ ကြိုးစား ရာက ရဲနဲ့ ဒေသခံတွေ အကြားမှာ တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

မုံရွာခရိုင်ထဲမှာ ဒေသခံတွေနဲ့ ရဲနဲ့ တိုက်ခိုက်မှုဖြစ်ပွား



--
Posted By Blogger to လူဗိုလ်ဟူသည် ... at 4/26/2013 11:06:00 PM

--
မှော်ဆရာအဖွဲ့မှ နေ့စဉ် Mail များရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en
Member များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို့စာပို့နိုင်ပါသည်။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး စာပို့ပေးပါရန်။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en
အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
Facebook Page နှင့်ဆက်သွယ်လိုလျှင် www.facebook.com/mrsorcerergroup
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
---
You received this message because you are subscribed to the Google Groups "မှော်ဆရာ အဖွဲ့  ( Ѧя Ƨσяcɛяɛя )" group.
Visit this group at http://groups.google.com/group/mrsorcerer?hl=en.