[mrsorcerer:38046] Fwd: [လူဗိုလ်ဟူသည် ...] ဝမ်းချုပ်တတ်သူများအတွက် ဝမ်းပုံမှန်သွားစေမည့် နည်းလမ်းများ



---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: 2013/4/25
Subject: [လူဗိုလ်ဟူသည် ...] ဝမ်းချုပ်တတ်သူများအတွက် ဝမ်းပုံမှန်သွားစေမည့် နည်းလမ်းများ
To: lubo601@gmail.com



Ko Naing Naing shared ၊ သတင်းစုံလင် ဖေ.ဘုတ်တခွင်'s photo.
ဝမ်းချုပ်တတ်သူများအတွက် ဝမ်းပုံမှန်သွားစေမည့် နည်းလမ်းများ     မောင်ပေါက်         ဝမ်းချုပ်ခြင်းဟာ လူအမျိုးမျိုးမှာ ပုံစံအမျိုးမျိုးနဲ့ တွေ့ရတတ်ပါတယ်။ တစ်ပတ်မှာ သုံးကြိမ်အောက်သာ ဝမ်းသွားရင်၊ ဒါမှမဟုတ် သွားတဲ့ဝမ်းက မာကျောခြောက်သွေ့ပြီး နာကျင်စေတယ်ဆိုရင်၊ ဝမ်းသွားရ ခက်ခဲရင် ဝမ်းချုပ်တယ်လို့ ဆိုကြပါတယ်။  ဝမ်းချုပ်တဲ့အခါ စွမ်းအင်မဲ့နေသလိုလို၊ ဗိုက်ပြည့်နေသလိုလို၊ လေပွနေသလိုလို ခံစားရတတ်ပါတယ်။ ဝမ်းချုပ်တာဟာ သင်စားတဲ့ အစားအသောက်၊ လေ့ကျင့်ခန်းလုပ်တဲ့ပမာဏနဲ့ အူအလေ့အထအပေါ် သက်ရောက်မှုရှိတဲ့အချက်တွေနဲ့ ဆက်စပ်နေပါတယ်။ လူတိုင်းလိုလို ဘဝမှာ အနည်းဆုံးတစ်ကြိမ် လောက်တော့ ခံစားရတတ်တဲ့ ဝမ်းချုပ်ခြင်းဟာ သက်သောင့်သက်သာ မရှိစေတဲ့အတွက် နေ့စဉ်ဝမ်းပုံမှန် သွားစေမယ့် နည်းလမ်းတွေကို အကြံပြုလိုက်ပါတယ်။  ၁။ အမျှင်ဓာတ် များများစားပါ   အမျှင်ဓာတ်ဟာ ဝမ်းကို ပျော့ပျောင်းကာ မှန်မှန်သွားစေပါတယ်။ ဟင်းသီးဟင်းရွက်၊ အသီးအနှံနဲ့ ကောက်နှံထဲမှာ အမျှင်ဓာတ် ပါဝင်မှုများတဲ့အတွက် ထမင်းစားတိုင်း ထည့်စားပေးပါ။ ပီဇာ၊ ရေခဲမုန့်၊ အသား၊ အာလူးချောင်းကြော်နဲ့ အဆင်သင့်မုန့်တွေမှာ အမျှင်ဓာတ်ပါဝင်မှုနည်းတဲ့အတွက် လျှော့စား ပေးပါ။ အမျှင်ဓာတ်ပါဝင်မှုများတဲ့ အသီးတွေက ပန်းသီး၊ သစ်တော်သီး၊ လိမ္မော်သီး၊ ဆီးသီးတွေဖြစ်ပြီး ဟင်းနုနယ်၊ မုန်လာဥနီလို ဟင်းသီးဟင်းရွက် တွေထဲမှာလည်း အမျှင်ဓာတ်ပါဝင်တဲ့အစားအသောက်တွေကို ကြေညက်အောင် ဝါးစားဖို့နဲ့ တစ်ကြိမ်စားရင် နည်းနည်းနဲ့ မကြာခဏစားဖို့လိုပါတယ်။  ၂။ ရေများများ သောက်ပါ   ခန္ဓာကိုယ်မှာ ရေဓာတ်ခန်းခြောက်နေရင် ဝမ်းချုပ်ခြင်းဖြစ်စေနိုင်တာကြောင့် ရေနဲ့သစ်သီးဖျော်ရည်တွေ သောက်ပေးပါ။ ကဖင်းနဲ့ အယ်လ်ကိုဟော ပါတဲ့ အရည်တွေက ရေငတ်ခြင်းနဲ့ ရေဓာတ်ခန်းခြောက်ခြင်း ဖြစ်စေနိုင်တာကြောင့် မသောက်သင့်ပါ။  ၃။ ကိုယ်လက်လှုပ်ရှားပေးပါ   ပုံမှန် ကိုယ်လက်လှုပ်ရှားမှုဟာ အစာခြေစနစ်ကို ကျန်းမာကာ အလုပ်ကောင်းကောင်း လုပ်စေပါတယ်။ ဒါကြောင့် တစ်နေ့မှာ မိနစ် ၂၀-၃၀ လောက် ကိုယ်လက်လှုပ်ရှားပေးရုံနဲ့ ပုံမှန် ဝမ်းသွားမှာပါ။  ၄။ ဝမ်းသွားချင်စိတ်ပေါ်ရင် အိမ်သာထဲသွားပါ   ခန္ဓာကိုယ်ရဲ့ အချက်ပေးသံကို ဂရုမစိုက်ဘဲ အလုပ်များနေတဲ့သူတွေက ဝမ်းချုပ်ခြင်း ပိုခံစားရတတ်ပါတယ်။ ဝမ်းသွားချင်စိတ် ပေါ်လာတာနဲ့ အိမ်သာထဲ သွားပါ။ သင်ဟာ နံနက်ခင်းတိုင်း ဝမ်းသွားတတ်တဲ့အကျင့်ရှိရင် အဲဒီအချိန်အတွင်း အိမ်သာထဲ သွားထိုင်ပါ။ ဒါဟာနေ့စဉ် ပုံမှန်ဝမ်းသွားတဲ့ အကျင့် ဖြစ်အောင် လှုံ့ဆော်ရာ ရောက်ပါတယ်။  ၅။ ဆရာဝန်ညွှန်ကြားချက်အရသာ ဝမ်းနုတ်ဆေးသောက်ပါ   သင်ဟာ ယာယီဝမ်းချုပ်တာဆိုရင် ဝမ်းနုတ်ဆေးသုံးဖို့ မလိုပါဘူး။ ဘဝနေထိုင်စားသောက်မှုပုံစံကို ပြောင်းလဲလိုက်ရုံနဲ့ အဆင်ပြေသွားမှာပါ။ အဲဒီလို မဟုတ်ဘဲ အကြာကြီးဝမ်းချုပ်နေတာဆိုရင်တော့ ဝမ်းနုတ်ဆေး သုံးသင့်၊ မသုံးသင့် ဆရာဝန်နဲ့ တိုင်ပင်ပါ။  ၆။ သင်မှီဝဲနေသော ဆေးဝါးများအကြောင်း ဆရာဝန်အား အသိပေးပါ   တချို့ဆေးဝါးတွေဟာ ဝမ်းချုပ်ခြင်း ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးတဲ့အခါ သင်မှီဝဲနေတဲ့ ဆေးဝါးတွေကိုပါ အသိပေးဖို့ မမေ့သင့်ပါဘူး။  Ref : Good Health

မောင်ပေါက်

ဝမ်းချုပ်ခြင်းဟာ လူအမျိုးမျိုးမှာ ပုံစံအမျိုးမျိုးနဲ့ တွေ့ရတတ်ပါတယ်။ တစ်ပတ်မှာ သုံးကြိမ်အောက်သာ ဝမ်းသွားရင်၊ ဒါမှမဟုတ် သွားတဲ့ဝမ်းက မာကျောခြောက်သွေ့ပြီး နာကျင်စေတယ်ဆိုရင်၊ ဝမ်းသွားရ ခက်ခဲရင် ဝမ်းချုပ်တယ်လို့ ဆိုကြပါတယ်။
ဝမ်းချုပ်တဲ့အခါ စွမ်းအင်မဲ့နေသလိုလို၊ ဗိုက်ပြည့်နေသလိုလို၊ လေပွနေသလိုလို ခံစားရတတ်ပါတယ်။ ဝမ်းချုပ်တာဟာ သင်စားတဲ့ အစားအသောက်၊ လေ့ကျင့်ခန်းလုပ်တဲ့ပမာဏနဲ့ အူအလေ့အထအပေါ် သက်ရောက်မှုရှိတဲ့အချက်တွေနဲ့ ဆက်စပ်နေပါတယ်။ လူတိုင်းလိုလို ဘဝမှာ အနည်းဆုံးတစ်ကြိမ် လောက်တော့ ခံစားရတတ်တဲ့ ဝမ်းချုပ်ခြင်းဟာ သက်သောင့်သက်သာ မရှိစေတဲ့အတွက် နေ့စဉ်ဝမ်းပုံမှန် သွားစေမယ့် နည်းလမ်းတွေကို အကြံပြုလိုက်ပါတယ်။
၁။ အမျှင်ဓာတ် များများစားပါ
အမျှင်ဓာတ်ဟာ ဝမ်းကို ပျော့ပျောင်းကာ မှန်မှန်သွားစေပါတယ်။ ဟင်းသီးဟင်းရွက်၊ အသီးအနှံနဲ့ ကောက်နှံထဲမှာ အမျှင်ဓာတ် ပါဝင်မှုများတဲ့အတွက် ထမင်းစားတိုင်း ထည့်စားပေးပါ။ ပီဇာ၊ ရေခဲမုန့်၊ အသား၊ အာလူးချောင်းကြော်နဲ့ အဆင်သင့်မုန့်တွေမှာ အမျှင်ဓာတ်ပါဝင်မှုနည်းတဲ့အတွက် လျှော့စား ပေးပါ။ အမျှင်ဓာတ်ပါဝင်မှုများတဲ့ အသီးတွေက ပန်းသီး၊ သစ်တော်သီး၊ လိမ္မော်သီး၊ ဆီးသီးတွေဖြစ်ပြီး ဟင်းနုနယ်၊ မုန်လာဥနီလို ဟင်းသီးဟင်းရွက် တွေထဲမှာလည်း အမျှင်ဓာတ်ပါဝင်တဲ့အစားအသောက်တွေကို ကြေညက်အောင် ဝါးစားဖို့နဲ့ တစ်ကြိမ်စားရင် နည်းနည်းနဲ့ မကြာခဏစားဖို့လိုပါတယ်။
၂။ ရေများများ သောက်ပါ
ခန္ဓာကိုယ်မှာ ရေဓာတ်ခန်းခြောက်နေရင် ဝမ်းချုပ်ခြင်းဖြစ်စေနိုင်တာကြောင့် ရေနဲ့သစ်သီးဖျော်ရည်တွေ သောက်ပေးပါ။ ကဖင်းနဲ့ အယ်လ်ကိုဟော ပါတဲ့ အရည်တွေက ရေငတ်ခြင်းနဲ့ ရေဓာတ်ခန်းခြောက်ခြင်း ဖြစ်စေနိုင်တာကြောင့် မသောက်သင့်ပါ။
၃။ ကိုယ်လက်လှုပ်ရှားပေးပါ
ပုံမှန် ကိုယ်လက်လှုပ်ရှားမှုဟာ အစာခြေစနစ်ကို ကျန်းမာကာ အလုပ်ကောင်းကောင်း လုပ်စေပါတယ်။ ဒါကြောင့် တစ်နေ့မှာ မိနစ် ၂၀-၃၀ လောက် ကိုယ်လက်လှုပ်ရှားပေးရုံနဲ့ ပုံမှန် ဝမ်းသွားမှာပါ။
၎။ ဝမ်းသွားချင်စိတ်ပေါ်ရင် အိမ်သာထဲသွားပါ
ခန္ဓာကိုယ်ရဲ့ အချက်ပေးသံကို ဂရုမစိုက်ဘဲ အလုပ်များနေတဲ့သူတွေက ဝမ်းချုပ်ခြင်း ပိုခံစားရတတ်ပါတယ်။ ဝမ်းသွားချင်စိတ် ပေါ်လာတာနဲ့ အိမ်သာထဲ သွားပါ။ သင်ဟာ နံနက်ခင်းတိုင်း ဝမ်းသွားတတ်တဲ့အကျင့်ရှိရင် အဲဒီအချိန်အတွင်း အိမ်သာထဲ သွားထိုင်ပါ။ ဒါဟာနေ့စဉ် ပုံမှန်ဝမ်းသွားတဲ့ အကျင့် ဖြစ်အောင် လှုံ့ဆော်ရာ ရောက်ပါတယ်။
၅။ ဆရာဝန်ညွှန်ကြားချက်အရသာ ဝမ်းနုတ်ဆေးသောက်ပါ
သင်ဟာ ယာယီဝမ်းချုပ်တာဆိုရင် ဝမ်းနုတ်ဆေးသုံးဖို့ မလိုပါဘူး။ ဘဝနေထိုင်စားသောက်မှုပုံစံကို ပြောင်းလဲလိုက်ရုံနဲ့ အဆင်ပြေသွားမှာပါ။ အဲဒီလို မဟုတ်ဘဲ အကြာကြီးဝမ်းချုပ်နေတာဆိုရင်တော့ ဝမ်းနုတ်ဆေး သုံးသင့်၊ မသုံးသင့် ဆရာဝန်နဲ့ တိုင်ပင်ပါ။
၆။ သင်မှီဝဲနေသော ဆေးဝါးများအကြောင်း ဆရာဝန်အား အသိပေးပါ
တချို့ဆေးဝါးတွေဟာ ဝမ်းချုပ်ခြင်း ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးတဲ့အခါ သင်မှီဝဲနေတဲ့ ဆေးဝါးတွေကိုပါ အသိပေးဖို့ မမေ့သင့်ပါဘူး။
Ref : Good Health


--
Posted By Blogger to လူဗိုလ်ဟူသည် ... at 4/26/2013 07:54:00 AM

--
မှော်ဆရာအဖွဲ့မှ နေ့စဉ် Mail များရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en
Member များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို့စာပို့နိုင်ပါသည်။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး စာပို့ပေးပါရန်။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en
အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
Facebook Page နှင့်ဆက်သွယ်လိုလျှင် www.facebook.com/mrsorcerergroup
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
---
You received this message because you are subscribed to the Google Groups "မှော်ဆရာ အဖွဲ့  ( Ѧя Ƨσяcɛяɛя )" group.
Visit this group at http://groups.google.com/group/mrsorcerer?hl=en.