[mrsorcerer:38054] Fwd: [လူဗိုလ်ဟူသည် ...] အွန်လိုင်းပေါ်တွင် လူသားများ ယဉ်ကျေးမှုနည်းလာ



---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: 2013/4/26
Subject: [လူဗိုလ်ဟူသည် ...] အွန်လိုင်းပေါ်တွင် လူသားများ ယဉ်ကျေးမှုနည်းလာ
To: lubo601@gmail.com



Cloud Cuckoo Land shared Myanmar Online News's photo.
အွန်လိုင်းပေါ်တွင် လူသားများ ယဉ်ကျေးမှုနည်းလာ   FRIDAY, APRIL 26, 2013    ဖေ့စ်ဘွတ်ခ်၊ တွစ်တာ စသည့် အွန်လိုင်းလူမှုကွန်ရက်များတွင် လူချင်းမျက်နှာချင်းဆိုင် မတွေ့ရသဖြင့် အားနာမှုနည်းကြသလို၊ တစ်ဦးနှင့်တစ်ဦးလေးစားမှုလည်း နည်းကြသဖြင့် ရိုင်းရိုင်းစိုင်းစိုင်း ပြုမူမှုများ တိုးပွားလာကာ အွန်လိုင်းတွင် မိတ်ပျက်ရာမှတစ်ဆင့် လက်တွေ့ဘဝတွင်ပါ မိတ်ပျက်မှုများ ယခု နောက်ပိုင်း တိုးပွားသထက် တိုးပွားလာကြောင်း အမေရိကန်နိုင်ငံတွင် ပြုလုပ်ထားသော စစ်တမ်း တစ်ရပ်က ဆိုလိုက်သည်။    စစ်တမ်းပါဝင်သူများ၏ ငါးယောက်တွင် နှစ်ယောက်သည် အွန်လိုင်းပေါ်တွင် တစ်ဖက်သားကို ရိုင်းစိုင်း စွာဆက်ဆံမှုကြောင့် မိတ်ပျက်ကြရကြောင်း စစ်တမ်းအရသိရသည်။ စစ်တမ်းတွင် ၂၆၉၈ ဦးက သဘောထားဖြေဆိုထားကြသည်။ ၎င်းတို့အနက် ၇၈ ရာခိုင်နှုန်းသည် ပြင်ပတွင်ယဉ်ကျေးစွာ ဆက်ဆံ ကြသော်လည်း ဖေ့ခ်ဘွတ်ခ်ကဲ့သို့ နေရာမျိုးတွင်မူ ယဉ်ကျေးမှုစံနှုန်းများ လျော့ပါးစွာပြုမူ ပြောဆိုနေ ကြကြောင်းလည်း သဘောထားစစ်တမ်းအရ သိရသည်။    စစ်တမ်းပါဝင်သူ ငါးယောက်တွင် တစ်ယောက်သည် ပြင်ပတွင် သိကျွမ်းသူများနှင့် အွန်လိုင်းတွင် ရန်ဖြစ်ပြီး ပြင်ပတွင်ပါ မိတ်ပျက်ကြရကြောင်း သိရသည်။ အွန်လိုင်းတွင်ရန်ဖြစ်ပြီး အွန်လိုင်းတွင် ဘလော့လုပ်သူ၊ မိတ်ဆွေစာရင်းမှဖယ်ထုတ်သူကလည်း စစ်တမ်းတွင် ပါဝင်သူ၏ ၁၉ ရာခိုင်နှုန်းကျော် ရှိကြောင်းသိရသည်။ လုပ်ငန်းအကြံပေးအတိုင်ပင်ခံနှင့် လုပ်ငန်းခွင် မွမ်းမံသင်တန်းများ ဖွင့်လှစ်ပို့ချ ပေးနေသော VitalSmarts ကုမ္ပဏီက စစ်တမ်းကောက်ယူထားခြင်း ဖြစ်သည်။    ဖေ့စ်ဘွတ်ခ်၊ တွစ်တာစသည့် လူမှုကွန်ရက်စနစ်များ ဖွံ့ဖြိုးလာမှုကြောင့် အွန်လိုင်းမှတစ်ဆင့် မိတ်ဆွေ သစ်များ ရရှိလာကြသည်နှင့်တစ်ပြိုင်နက် တစ်ဖက်တွင်လည်းရှိပြီးသား မိတ်ဆွေများနှင့် မိတ်ပျက်ခြင်း များတိုးပွားလာနေကြောင်း စစ်တမ်းက ထောက်ပြသည်။ အဓိကအကြောင်းရင်းမှာ အွန်လိုင်းပေါ်တွင် လူသားများ ယဉ်ကျေးမှု လျော့ပါးလာကြခြင်းကြောင့်ဖြစ်ကြောင်း စစ်တမ်းက ကောက်ချက်ချသည်။    Source: Reuters    The Messenger Journal    Vol.3, No.47, April, 2013

FRIDAY, APRIL 26, 2013

ဖေ့စ်ဘွတ်ခ်၊ တွစ်တာ စသည့် အွန်လိုင်းလူမှုကွန်ရက်များတွင် လူချင်းမျက်နှာချင်းဆိုင် မတွေ့ရသဖြင့် အားနာမှုနည်းကြသလို၊ တစ်ဦးနှင့်တစ်ဦးလေးစားမှုလည်း နည်းကြသဖြင့် ရိုင်းရိုင်းစိုင်းစိုင်း ပြုမူမှုများ တိုးပွားလာကာ အွန်လိုင်းတွင် မိတ်ပျက်ရာမှတစ်ဆင့် လက်တွေ့ဘဝတွင်ပါ မိတ်ပျက်မှုများ ယခု နောက်ပိုင်း တိုးပွားသထက် တိုးပွားလာကြောင်း အမေရိကန်နိုင်ငံတွင် ပြုလုပ်ထားသော စစ်တမ်း တစ်ရပ်က ဆိုလိုက်သည်။


စစ်တမ်းပါဝင်သူများ၏ ငါးယောက်တွင် နှစ်ယောက်သည် အွန်လိုင်းပေါ်တွင် တစ်ဖက်သားကို ရိုင်းစိုင်း စွာဆက်ဆံမှုကြောင့် မိတ်ပျက်ကြရကြောင်း စစ်တမ်းအရသိရသည်။ စစ်တမ်းတွင် ၂၆၉၈ ဦးက သဘောထားဖြေဆိုထားကြသည်။ ၎င်းတို့အနက် ၇၈ ရာခိုင်နှုန်းသည် ပြင်ပတွင်ယဉ်ကျေးစွာ ဆက်ဆံ ကြသော်လည်း ဖေ့ခ်ဘွတ်ခ်ကဲ့သို့ နေရာမျိုးတွင်မူ ယဉ်ကျေးမှုစံနှုန်းများ လျော့ပါးစွာပြုမူ ပြောဆိုနေ ကြကြောင်းလည်း သဘောထားစစ်တမ်းအရ သိရသည်။

စစ်တမ်းပါဝင်သူ ငါးယောက်တွင် တစ်ယောက်သည် ပြင်ပတွင် သိကျွမ်းသူများနှင့် အွန်လိုင်းတွင် ရန်ဖြစ်ပြီး ပြင်ပတွင်ပါ မိတ်ပျက်ကြရကြောင်း သိရသည်။ အွန်လိုင်းတွင်ရန်ဖြစ်ပြီး အွန်လိုင်းတွင် ဘလော့လုပ်သူ၊ မိတ်ဆွေစာရင်းမှဖယ်ထုတ်သူကလည်း စစ်တမ်းတွင် ပါဝင်သူ၏ ၁၉ ရာခိုင်နှုန်းကျော် ရှိကြောင်းသိရသည်။ လုပ်ငန်းအကြံပေးအတိုင်ပင်ခံနှင့် လုပ်ငန်းခွင် မွမ်းမံသင်တန်းများ ဖွင့်လှစ်ပို့ချ ပေးနေသော VitalSmarts ကုမ္ပဏီက စစ်တမ်းကောက်ယူထားခြင်း ဖြစ်သည်။

ဖေ့စ်ဘွတ်ခ်၊ တွစ်တာစသည့် လူမှုကွန်ရက်စနစ်များ ဖွံ့ဖြိုးလာမှုကြောင့် အွန်လိုင်းမှတစ်ဆင့် မိတ်ဆွေ သစ်များ ရရှိလာကြသည်နှင့်တစ်ပြိုင်နက် တစ်ဖက်တွင်လည်းရှိပြီးသား မိတ်ဆွေများနှင့် မိတ်ပျက်ခြင်း များတိုးပွားလာနေကြောင်း စစ်တမ်းက ထောက်ပြသည်။ အဓိကအကြောင်းရင်းမှာ အွန်လိုင်းပေါ်တွင် လူသားများ ယဉ်ကျေးမှု လျော့ပါးလာကြခြင်းကြောင့်ဖြစ်ကြောင်း စစ်တမ်းက ကောက်ချက်ချသည်။

Source: Reuters

The Messenger Journal

Vol.3, No.47, April, 2013


--
Posted By Blogger to လူဗိုလ်ဟူသည် ... at 4/27/2013 12:10:00 PM

--
မှော်ဆရာအဖွဲ့မှ နေ့စဉ် Mail များရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en
Member များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို့စာပို့နိုင်ပါသည်။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး စာပို့ပေးပါရန်။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en
အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
Facebook Page နှင့်ဆက်သွယ်လိုလျှင် www.facebook.com/mrsorcerergroup
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
---
You received this message because you are subscribed to the Google Groups "မှော်ဆရာ အဖွဲ့  ( Ѧя Ƨσяcɛяɛя )" group.
Visit this group at http://groups.google.com/group/mrsorcerer?hl=en.