[mrsorcerer:38061] အလင်းမျက်ဝန်းမှ သတင်းများ..၂၇-၀၄-၂၀၁၃

မိတ္ထီလာတွင် အစ္စလာမ်ဘာသာဝင်များပိုင် ပစ္စည်းများကို ပေါ်ပေါ်ထင်ထင် ယူငင်ခြင်းများရှိနေ

၂၀၁၃ ခုနှစ်၊ ဧပြီလ (၂၇) ရက် | MMM

မိတ္ထီလာမွတ်စလင်မ်ဒုက္ခသည်တစ်ဦး
(ဓာတ်ပုံ - အလင်းမျက်ဝန်းစီဂျေ)

မိတ္ထီလာမြို့တွင် အစ္စလာမ်ဘာသာဝင်များအား မြို့လုံးကျွတ် သတ်ဖြတ် ဖျက်ဆီးမှုများ အခိုက်အတန့်အားဖြင့် ရပ်တန့်သွားသော်လည်း
ဖျက်ဆီးခံထားရသည့် အစ္စလာမ် ဘာသာဝင်များပိုင် နေအိမ်များ၊
ဆိုင်ခန်းများမှ ပိုင်ဆိုင်မှုများကို လူစည်ကားရာ အချိန်တွင်ပင် အကြမ်းဖက်
အုပ်စုများက ထင်ထင်ပေါ်ပေါ် လာရောက် ယူငင်နေမှုများ ရှိကြောင်း မိတ္ထီလာမြို့တွင် နေထိုင်သူ တစ်ဦးက မြန်မာမွတ်စလင်မ် မီဒီယာသို့ ပြောသည်။

`ကျနော့်အိမ် ခြံတံခါး သော့ခတ်ထားတယ်။ ဖျက်ခံထားရတဲ့ အိမ်တံခါးတွေကို ပြန်ပိတ်ထားခဲ့တာကို နေ့ခင်းကြောင်တောင်မှာ
ပြန်ဖျက်ယူတာ။ ယူတဲ့လူက ငါးယောက်လောက်ရှိတယ်။
ဆိုင်ကယ် ၂ စီးနဲ့ နံပါတ်တော့ မပါဘူး´ပာု မြို့ဦးဗလီအနီး နေထိုင်သည့် နေထို်င်သူတစ်ဦးက မိမိအိမ်သို့အပြန်
မြင်တွေ့ရသည့် မြင်ကွင်းကို ပြောသည်။

ဖျက်ဆီးခံထားရသည့် မြို့ဦးဗလီတည်ရှိရာ ရန်ကုန်-မန္တလေးလမ်းမတွင် ရဲများရှိနေသော်လည်း အထက်ပါအတိုင်း ထင်ထင်ပေါ်ပေါ် ပစ္စည်း ယူငင်နေမှုများကို စစ်ဆေးမေးမြန်းခြင်း၊ အရေးယူခြင်း မရှိကြောင်းလည်း အထက်ပါ ဒေသခံ အစ္စလာမ် ဘာသာဝင်တစ်ဦး၏ ပြောကြားချက်အရ သိရသည်။

ရခိုင်အကြမ်းဖက်သမားများနှင့် ဒေသခံအာဏာပိုင်များ ပူးပေါင်း၍ ရွာသားတစ်ဦးအား ဖမ်းဆီး၊ ဖမ်းဆီးခံရသူအား စုံစမ်း၍ မရဘဲ အစပျောက်နေ


ဘူးသီးတောင်မြို့နယ် သိမ်တောင်ပြင် ကျေးရွာတွင် လွန်ခဲ့သည့် ဧပြီလ (၁၁) ရက်နေ့က ရခိုင်အကြမ်းဖက်သမားများနှင့် ဒေသခံ အာဏာပိုင်များပူးပေါင်း၍ ဦးရရှီဒ် အဟမတ် (ဘ) အမည်မသိ (အသက် ၃၆ နှစ်) အား ဖမ်းဆီး ခေါ်ဆောင်သွားခဲ့သည်။

ဖမ်းဆီးခံရသူနှင့် ပတ်သက်၍ ယခုအချိန်ထိ သတင်း တစ်စုံတစ်ရာ စုံစမ်း၍ မရရှိသေးသောကြောင့် မိသားစုဝင်များ အလွန်တစ်ရာ စိုးရိမ် ပူပန်လျက်ရှိသည်ဟု သိရသည်။

ရခိုင်လူမျိုးနှစ်ဦးမှ သုံးဘီးငှားစီးပြီး မောင်းနှင်သူအား ၀ိုင်းဝန်းရိုက်နှက်၊ သက်ဆိုင်ရာအား တိုင်ကြားသော်လည်း အရေးမယူ

၂၀၁၃ ခုနှစ်၊ ဧပြီလ (၂၃) ရက်နေ့ နံနက်ပိုင်းတွင် ဘူးသီးတောင်မြို့နယ် တောင်ပိုင်း စိမ်းညင်းပြင်ကျေးရွာမှ ညောင်ချောင်းကျေးရွာသို့ ရှူမိုက်လ် (ဘ) ဦးဟာမိတ် (အသက် ၂၀ နှစ်) မောင်းနှင်သော သုံးဘီးအငှားယာဉ်ကို ရခိုင်လူမျိုးနှစ်ဦးမှ ငှားရမ်းစီးနင်းခဲ့သည်။

ထို့နောက် လမ်းခုလတ်တွင် အငှားယာဉ် မောင်းနှင်သူအား ၀ိုင်းရိုက်ရာ ဦးခေါင်းကွဲ၍ ပြင်းထန်စွာ ဒဏ်ရာ ရရှိသွားကြောင်း သိရပါသည်။ ထိုကိစ္စနှင့် ပတ်သက်၍ အာဏာပိုင်များကို တိုင်ကြားခဲ့သော်လည်း အရေးယူမှု တစ်စုံတစ်ရာ မပြုလုပ်ပေးကြောင်း သတင်းရရှိပါသည်။

ရခိုင်ပြည်နယ်ရှိ နစကတပ်ဖွဲ့များမှ ဒေသခံ မွတ်စလင်မ်များထံမှ ငွေတောင်းခံရင်း ကြက်ဖများပါ ဖမ်းယူသွား


ဧပြီလ (၂၄) ရက်နေ့ ည ၉ နာရီခန့်တွင် ဘူးသီးတောင်မြို့နယ် ညောင်ချောင်းကျေးရွာသို့ နစက တပ်ဖွဲ့ဝင်တစ်စု ရောက်ရှိလာပြီး ဆီရာဇုလ္လာ (ဘ) ဦးရရှီဒ် (အသက် ၂၄ နှစ်) နှင့် အဘူလ်ဟူစိန်း (ဘ) ဦးဆယာဒ် ဟူစိန်း (အသက် ၂၅ နှစ်) တို့ကို အကြောင်းပြချက် တစ်စုံတစ်ရာမရှိဘဲ ဖမ်းဆီး ခေါ်ဆောင် သွားခဲ့သည်။

"ဆီရာဇုလ္လာနဲ့ အဘူလ်ဟူစိန်းတို့ကို အကြောင်းပြချက် တစ်စုံတစ်ရာမရှိဘဲ ဖမ်းသွားတယ်။ ပြီးတော့ နှစ်ယောက်လုံးဆီက ငွေကျပ် ၄ သောင်းစီနဲ့ ကြက်ဖ တစ်ကောင်စီ ယူပြီး ပြန်လွှတ်လိုက်တယ်။ ကျွန်တော်တို့က ဒေသခံ အာဏာပိုင်တွေအတွက် ဘဏ်တိုက်တစ်ခုလို ဖြစ်နေတယ်။ သူတို့ ငွေလိုချင်တဲ့အချိန် ကျွန်တော်တို့ကို မတရားဖမ်းဆီးပြီး ငွေညှစ်လို့ ရနေတယ်။ နစကတွေကတော့ ကြက်ဖပါမကျန်ယူနေတော့ တော်တော်လေး အရှက်မဲ့တယ်လို့ ပြောရမှာပါ"ဟု ဒေသခံ တစ်ဦးမှ RB News သို့ပြောပါသည်။

ပျော်ဘွယ်မြို့နယ် ကူဝိတ်ဆီဆိုင် တွင် 969 အကြမ်းဖက်မှုနှင့် ပတ်သက်သော စာရွက်များ၊ အခွေများအား၊ ဝေငှ



ပျော်ဘွယ်မြို့နယ်တွင် ( ၂၆-၄-၂၀၁၃ ) ရက်နေ့ ညနေတွင် တောင်ကြီးလမ်းခွဲအနီး ကူဝိတ်ဆီဆိုင် တွင် 969 အကြမ်းဖက်မှုနှင့် ပတ်သက်သော စာရွက်များ၊ အခွေများအား၊ ဝေငှနေပါသည်။

ပျော်ဘွယ်မြို့ရှိ မွတ်စလင်မ်များမှာလည်း စိုးရိမ်ထိတ်လန့်နေကြပါသည်။
ပျော်ဘွယ်မြို့ရှိ သက်ဆိုင်ရာ အာဏာပိုင်များ သိရှိ အရေးယူပေးစေရန် အလင်းမျက်ဝန်းမီဒီယာမှ တဆင့် ပြောကြားလိုပါတယ်။

တောင်ဒဂုံ (၁၀၄) ရပ်ကွက်တွင် အစ္စလာမ်ဘာသာဝင်များပိုင်ပစ္စည်းများအား အကြမ်းဖက်ဖျက်ဆီး၍ စိန်ခေါ်၊ အာဏာပိုင်များ ဖမ်းဆီး အရေးယူခြင်းမရှိ



၂၅-၄-၂၀၁၅ နေ့ ည ၁၂ နာရီ အချိန်တွင် တောင်ဒဂုံ ၁၀၄ ရွှေဝါထွန်းလမ်းတွင် ၂-လုံးထီဒိုင် မင်းမင်း ဦးဆောင်၍ လူငယ်အကြမ်းဖက်သမား (၁၀) ယောက်ခန့်သည် အစ္စလာမ်ဘာသာဝင်များ၏ အိမ်တံခါးများ၊ အိမ်ရှေ့ခုံများကို ဖျက်စီး၍ ဒုတ်၊ ဓားများကိုင်ဆောင်ထားပြီး ထွက်လာတဲ့ကုလား အကုန်သတ်မည်ဟူ၍ မင်းမဲ့စရိုက်ပုံစံဖြင့် အကြမ်းဖက်မှုများပြုလုပ်ကာ ခြိမ်းခြောက်ပြောဆို၍ ထွက်သွားခဲ့ပါသည်။

အစ္စလာမ်ဘာသာဝင်များမှ အကြမ်းဖက်မှုများ ပိုမို ကြီးထွားလာမည်ကို စိုးရိမ်၍ အာဏာပိုင်များထံ အကြိမ်ကြိမ် တိုင်ကြားထားသော်လည်း အရေးယူမှုလုံးဝမရှိသေးဘဲ လွှတ်ပေးထားဆဲ ဖြစ်ပါတယ်။

သို့ပါသောကြောင့် တာဝန်ရှိသူများသိရှိစေရန် အလင်းမျက်ဝန်း မီဒီယာမှ တဆင့် ပြောကြားလိုက်ပါတယ်။

သန်လျင် ရေနံချက်စက်ရုံမှ မတရားသိမ်းခံထားရသော လယ်မြေကိစ္စ တောင်သူလယ်သမားများ ဆန္ဒထုတ်ဖော်


(၂၅-၄-၂၀၁၃) ရက်နေ့ နံနက် (၁၀) နာရီခန့်တွင် ရန်ကုန်တိုင်း သန်လျင်မြို့နယ်၊ ကျိုက်ခေါက်ဘုရား လမ်းမပေါ်ရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှုးရုံး အရှေ့တွင် သန်လျင်မြို့ ဗိုလ်ချုပ်ကျေးရွာရှိ့ လယ်သိမ်းခံ တောင်သူများမှ ငြိမ်းချမ်းစွာ ဆန္ဒဖေါ်ထုတ်ခဲ့ကြောင်း သတင်းရရှိ့သည်။


သန်လျင်မြို့၊ ဗိုလ်ချုပ်ကျေးရွာရှိ့ တောင်သူလယ်သမားများပိုင် လယ်မြေ ဧက ၃၀၀ ကျော်ကို အမှတ် (၁) ရေနံချက်စက်ရုံမှ သိမ်ယူခဲ့ပြီး၊ နစ်နာကြေး တစ်စုံတစ်ရာ ပေအပ်ခဲ့ခြင်း မရှိ့ကြောင်းလည်း သိရသည်။


မိမိတို့ တောင်သူလယ်သမားများအနေဖြင့် လယ်ယာမြေလျော်ကြေးများကို နိုင်ငံတော်မှ မဆောင်ရွက်ပေးမချင်း ဆက်လက် တောင်းဆိုသွားမည် ဖြစ်ကြောင်း ဆန္ဒပြ လယ်သမားတစ်ဦးမှ ပြေားကြားသည်။

ယခု ဆန္ဒထုတ်ဖော်မှုသည် တရားဝင် ခွင့်ပြုချက်ဖြင့် သန်လျင်မြို့နယ်အတွင်း ပထမဆုံး ပေါ်ပေါက်ခဲ့သည့် ဆန္ဒပြပွဲးဖြစ်ပြီး NLD ပါတီဝင်များက ဝန်းရံ ကူညီပေးခဲ့ကြကြောင်း သတင်းရရှိ့ပါသည်။

သတင်း/ဓါတ်ပုံ - ထူးငယ် (အလင်းမျက်ဝန်းစီဂျေ)





--

May Peace Be Upon You
Regards,
Ruby

--
မှော်ဆရာအဖွဲ့မှ နေ့စဉ် Mail များရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en
Member များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို့စာပို့နိုင်ပါသည်။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး စာပို့ပေးပါရန်။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en
အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
Facebook Page နှင့်ဆက်သွယ်လိုလျှင် www.facebook.com/mrsorcerergroup
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
---
You received this message because you are subscribed to the Google Groups "မှော်ဆရာ အဖွဲ့  ( Ѧя Ƨσяcɛяɛя )" group.
Visit this group at http://groups.google.com/group/mrsorcerer?hl=en.