[mrsorcerer:38062] Doing Business In Myanmar


North Dagon Industrial Park

Doing business in Ygn (service & Mfg)

မြန်မာပြည်မှာတော့ ပုဂ္ဂလိက လုပ်ငန်းလိုင်စင်များနဲ့ပဲ လုပ်နေကြတာ နှစ်ပေါင်းများစွာရှိနေပါပြီ၊ ကုမ္ပဏီများ ထောင်ထားပေမဲံ နိုင်ငံခြား Trading လုပ်ဖို့ဆိုတာ လူတစ်စုကပဲ လက်ဝါးကြီးအုပ်ထားပါတယ်။ အခုတော့ ကုမ္ပဏီအသေးတွေလည်း Import/Export လုပ်နေကြပါပြီ။ ပွင့်လင်းမြင်သာ အစိုးရကြောင့် အစိုးရအဖွဲ့များက လုပ်ရတာလွယ်ကူပေမဲ့၊ ဌာနဆိုင်ရာများ (အောက်ခြေ၊ မြို့နယ်ဦးစီးမှုးရုံးများ) မှာ လုပ်ရတာ အဆင်မပြေမှု အနည်းအကျဉ်းရှိပါတယ်။ လက်ဆောင်များများရတဲ့ ဌာနဆိုင်ရာများ ဥပမာ ..ပို့ဆောင်ဆက်သွယ်ရေး၊ ရဲတပ်ဖွဲ့၊ မီးသက်၊ လျှပ်စစ်ရုံး ..စသည်တို့ကတော့ က ကုမ္ပဏီမှတ်ပုံတင်ခြင်း၊ Import/Export လုပ်ငန်းအဆင့်ဆင့်၊ ကို လွယ်ကူအောင်လုပ်ကိုင်ပေးပါတယ်။ မြန်မာ့ပြည်ပလေဆိပ် လ.၀.က၊ အကောက်ခွန်ဌာနများမှာလည်း အလွန်လွယ်ကူ မြန်ဆန်အောင် လုပ်ပေးထားပါတယ်။ စာသင်ကျောင်း၊ သင်တန်း လုပ်ငန်းများကိုတော့ ပညာရေးဌာနလို လက်ဆောင်အရနည်းတဲ့ဌာနဖြစ်လို့ လက်ဆောင်ပေးသင့်တဲ့ နေရာမျိုးဖြစ်ပေမဲ့၊ မတရားတောင်းလာတာမျိုးတော့ စိတ်ပျက်စရာ တစ်ခု၊ နှစ်ခု တွေ့ နိုင်ပါတယ်။

ခြုံကြည့်ရင် ..၀န်ဆောင်မှုလုပ်ငန်းများစွာ ချောမွေ့အဆင်ပြေလာပါပြီ။

ကုမ္ပဏီမှတ်ပုံတင်ခြင်း (မြို့နယ်အဆင့်မှနေပြည်တော်)
လိုအပ်ချက်
၁။ ပါမစ် (သို့မဟုတ်) နေရာဂရမ်
၂။ မှတ်ပုံတင်နံပါတ်

အခကြေးငွေ US$1500 ခန့်  ..
အစိုးရထံပေးရန် (ကျပ်၁၀သိန်း၊ တဆိပ်ခေါင်းခွန် ၂သိန်း၊ မိမိကိုယ်တိုင်နေပြည်တော်ထိ သွားစရာမလိုသည့်ပုဂ္ဂလိက ပွဲစားခ ၄သိန်း၊)..
နိုင်ငံခြားငွေ အကောင့် US$200 
Import, Export ကိစ္စများ၊ မိမိကိုယ်တိုင်မလုပ်ကြပဲ .. ပွဲစားကုမ္ပဏီများကို အပ်လိုက်ခြင်း၊ သူတို့ထံမှ ပစ္စည်းကို မှာယူခြင်း ..လွယ်ကူလျှင်မြန်စွာ လုပ်နိုင်နေပြီ)

မိမိဖာသာလုပ်လျှင် နေပြည်တော်သွားပြန်၊ငွေအချိန် အလွန်ကုန်ကျသဖြင့် အေးဂျင်ကိုသာ ခိုင်းလိုက်ရသည်။
ဆောက်လုပ်ရေး၊ ရေနံ၊ ဆက်သွယ်ရေး စသည့်လုပ်ငန်းကဲ့သို့ အလုပ်များဆိုလျှင် ပါမစ်ထပ်ရှောက်ရသည်။ Deposit ကျပ်သိန်း ၅၀၀မှ အထက် ပေးရသည်။
ကုန်ထုတ်လုပ်ရေး လုပ်ငန်း ၈ခု ဆိုလျှင် FDI လုပ်ခွင့်ရှိသည်။
 
အခြား ၀န်ဆောာင်မှု Service ဆိုလျှင် လိုကယ် မြန်မာတစ်ဦးနှင့်ပူးပေါင်းလုပ်ရသည်။
မြန်မာပြည်တွင် ပုဂ္ဂလိက တစ်ဦးချင်းလိုင်စင် (ပါမစ်)များ ချပေးပြီး လုပ်ကြသည်က များသည်။ ကုမ္ပဏီမထောင်လိုကြ။ ပါစင်နယ် (လူပုဂ္ဂိုလ်)အားဖြင့်သာ လုပ်ကြသဖြင့် နိုင်ငံခြားကုမ္ပဏီများက လာရောက်လေ့လာပြီးပြန်သွားကြသည်သာ များသည်။ NATO ခေတ်စားနေသည်။ No Action Talk Only...  I also same same.


Bus in Yangon City

မြန်မာလူငယ်-လုပ်ငန်းရှင်တစ်ဦးနှင့် မေးမြန်းခြင်း
မြန်မာအီးဂရပ်စ်မှာ သင်တန်းတက်ခဲ့သူဖြစ်ပြီး၊ ယခု အသက်၂၇နှစ်ရှိပါပြီ၊ နိုင်ငံရေးသိပ္ပံ၊ စီးပွားရေးဘောဂဗေဒ၊ နိုင်ငံတကာဆက်ဆံရေး၊ ဂျာနယ်လစ်စင် စတဲ့ အဆင့်မြင့်တွေးခေါ် ပြောဆို၊ ဆွေးနွေးမှုများလုပ်ခဲ့တာကြောင့် မိမိသူငယ်ချင်းများရဲ့ ရိုးရာလုပ်ငန်း စစ်ဗိုလ်၊ ဆရာဝန်၊ အင်ဂျင်နီယာ၊ ဘဏ်၊ အင်ဂျီအို စတဲ့လုပ်ငန်းများကို မလုပ်ဖြစ်ခဲ့ပါ။ အခုတော့ တစ်ခုကိုလုပ်မယ် ဆုံးဖြတ်ပြီး ကံအားလျှော်စွာ ဂျပန်မှာ အနှစ်၂၀ကျော် နေလာခဲ့တဲ့ အန်တီတစ်ဦးနဲ့ တွေ့မိသွားပါတယ်။ ဂျပန်စကားပြောသင်တန်းကနေ သင့်တော်သူများကို ဂျပန်တက္ကသိုလ်၊ ကျောင်းများသို့ ပို့ဆောင်ပေးရန် ရည်ရွယ်ပြီး ကုမ္ပဏီစတင်ထောင်ပါတယ်။ တကယ်လုပ်ကိုင်ကြည့်တဲ့အခါ ဌာနဆိုင်ရာများက အဆင်ပြေလွယ်ကူပါတယ်။ မီးသတ်၊ ရဲစခန်း၊ လျှပ်စစ် စတဲ့ဌာနများက ထောက်ခံစာများ လက်ဆောင်ပေးစရာမလိုပဲ ရရှိခဲ့ပြီး၊ ပညာရေးဌာနမှာ ၃ခေါက်လောက်သွားခဲ့ရတယ်။ နောက်ဆုံး မြို့နယ်ပညာရေးရုံးက၊ စာရေးကြီးအဆင့်ရှိသူ .. ကျပ်တစ်သိန်းလောက် လိုချင်တဲ့ပုံစံဖြစ်လာလို့ ပြန်လာခဲ့ပြီး ဘယ်လိုဆက်လုပ်ရမလဲ နည်းလမ်းရှာဖွေနေပါတယ်။ ဌာနဆိုင်ရာများနဲ့ နီးစပ်သူများ အကြံပေးတာတော့ ... ကျောင်းဖွင့်တာမဟုတ်၊ လူ၃၀လောက်အတွက် သင်တန်းဖွင့်ချင်လို့ ပြောပါ။ ပညာရေးမှုးအဆင့်ထိ သွားတွေ့စရာမလိုကြောင်း စသဖြင့် အကြံပေးကြပါတယ်။

ဒါကတော့ ငွေ၎သိန်း ပွဲစားခ အကုန်မခံနိုင်ပဲ၊ မိမိကိုယ်တိုင် ၀င်တွေ့မယ်ဆိုတဲ့ လူငယ်တစ်ဦးရဲ့ အတွေ့ကြုံဖြစ်ပါတယ်
ဒီလူငယ်ဟာ Rich Dad , Poor Dad ကို စနစ်တကျနားလည်ထားသူဖြစ်တဲ့အတွက် လုပ်ငန်းလုပ်မယ်ဆိုရင် ၂မျိုးပဲရှိကြောင်း၊ (၁) Real Estate အိမ်ခြံမြေလုပ်ငန်း  (၂) IPO အများပိုင်အထိ တက်လှမ်းမဲ့လုပ်ငန်း ... ၂မျိုးမှာ သူက ဒုတိယလမ်းကို လိုက်ကြောင်းပြောပါတယ်။

အခု သူလျှောက်တဲ့ လုပ်ငန်းက ၀န်ဆောင်မှုလုပ်ငန်းအမျိုးစား ဖြစ်ပါတယ်။ သူ့မှာ ယုံကြည်ရတဲ့ မိတ်ဆွေလူငယ်တွေပဲရှိပါတယ်။ သူ့ထက်ချမ်းသာလွန်းသူများနဲ့ ပေါင်းပြီးမလုပ်ပဲ၊ သက်တူရွယ်တူနဲ့ပဲ လုပ်ဖို့ ဆုံးဖြတ်ထားကြောင်း၊ ဂျပန်ပြန် အန်တီကြီးကိုတော့ ငွေပိုပြီးတတ်နိုင်တဲ့အတွက် အကျိုးအမြက်ရဲ့ ၄၀% ကိုပေးဖို့ သဘောတူကြောင်း၊ ရင်းနှီးထားတဲ့ ငွေများကိုလည် အတိုးနှုန်းတခုနဲ့ အန်တီကြီးကို ပေးရမယ်။ အန်တီကြီးလည်း ဒေါ်လာသန်းချီမတတ်နိုင်ပေမဲ့ ရိုးသား၊ ယုံကြည်စွာ လုပ်ငန်းတခုကို လုပ်နိုင်မဲ့ ဒေါ်လာသိန်းဂဏန်းအထိ ရံပုံငွေ (ချေးငွေ Loan) ရရှိဖို့ စီမံထားကြောင်း၊ လက်ရှိတော့ ဒေါ်လာ ထောင်ဂဏန်းနဲ့ပဲ လုပ်ငန်းစတင်ဖို့ ကြိုးစားမယ်ဖြစ်ကြောင်း၊ တစ်နှစ်အကြာ အောင်မြင်လာမယ် ယုံကြည်ပြီး၊ ဂျပန်အဆက်အသွယ်များရှိပြီးဖြစ်တဲ့အတွက် လူအများရဲ့ယုံကြည်မှုဟာ တစ်နှစ်အတွင် မိမိတို့ သင်တန်းက ဘယ်နှစ်ယောက် ဂျပန်ကို ရောက်ရှိ၊ စာသင်ကြားနေကြပြီလဲ ..ဆိုတဲ့ Result ရလဒ်ကောင်းကောင်း ဖြစ်အောင် ကြိုးစားတော့မယ်။ စိတ်မထွေပြားတော့ပဲ ဒီတစ်ခုကိုပဲ စိုက်စိုက်မတ်မတ်လုပ်တော့မယ်လို့ ဆုံးဖြတ်ကြောင်း ပြောဆိုသွားပါတယ်။ ပွဲစားနဲ့လုပ်လိုသူများကိုတော့ သူ့သူငယ်ချင်း ဥပဒေဘွဲ့ရ၊ လူငယ်များရဲ့ Lwin Associate ကို ညွှန်းပါတယ်။ ပွဲစားခ ၄သိန်းလောက်ပေးရင် ၂ပတ်အတွင် ပြည်ပနဲ့ဆက်သွယ်နိုင်မဲ့ လုပ်ငန်းတစ်ခုကို Register ပြီးဆုံးအောင် လုပ်ပေးနိုင်ကြောင်း။ အဲဒီ အဖွဲ့အစည်းလည်း ယခင်က အမျိုးမျိုး လုပ်ငန်းများလုပ်နေရာကနေ အခု ကုမ္ပဏီမှတ်ပုံတင်ပေးခြင်းကို စိုက်စိုက်မတ်မတ်လုပ်တော့ လုပ်ငန်းအောင်မြင်လာတာကို တစ်နှစ်အတွင် မြင်တွေ့ရတယ်လို့ ဆိုပါတယ်။

ပြည်တွင်းပဲလုပ်ပြီး အောင်မြင်နေတဲ့ လုပ်ငန်းများစွာရှိပါတယ်။ ပီစာဖုတ်ရောင်းတဲ့ဆိုင်၊ စားသောက်ဆိုင်၊ အင်တာနက်ဆိုင်၊ ရှေ့နေလုပ်ငန်း၊ ကြက်ဘဲမွေးမြူရေးလရုပ်ငန်း၊ စားသောက်ကုန်လုပ်ငန်း၊ ခရီးသွားလာမှု၊ ကုန်စည်ပို့တဲ့ ၁၀ဘီးကုန်ကားလုပ်ငန်း၊ ရုပ်ရှင်၊ တေးဂီတ၊ စာအုပ်၊မီဒီယာလုပ်ငန်းကအစ ဗီဒီယိုရိုက်ခြင်း၊ လက်ကိုင်ဖုန်းအရောင်းဆိုင်၊ လက်ကိုင်ဖုန်းပြုပြင်ရေးဆိုင် ..စသဖြင့် နိုင်ငံခြားနဲ့ဆက်သွယ်စရာလုံးဝမလိုတဲ့ အလွန်ကြီးမားလှတဲ့ မြန်မာပြည်တွင်းဈေးကွက်ကြီးလည်း ရှိပါတယ်။ မိုဘိုင်းဖုန်းဆို တရုပ် ဆမ်ဆောင်းဖုန်းတခုကို ကျပ် ၄သောင်းကနေ ၆သောင်းဆို အင်္ဂလိပ်စာ Menu သုံးစရာလုံးဝမလိုတော့အောင် ပရိုဂရမ်လုပ်ပြီးသား ရပါတယ်။ ရန်ကုန်မြို့သားများစွာ အင်္ဂလိပ်လို Phone Menu မဖတ်ချင်တဲ့လူများ ..ဥပမာ စက်ပိတ်ပါ၊ စောင့်ပါ၊ စတဲ့ကွန်မင့်များကို ကြည့်ပြီး မိုဘိုင်းသုံးနိုင်ပါပြီ။ ဖေ့စ်ဘုတ်ကလည်း ငွေတတ်နိုင်ပြီး၊ နဲနဲပါးပါးလုပ်တတ်သူများ ရောက်ရာနေရာမှာ ကြည့်နိုင်ပါပြီ။ နိုင်ငံတကာဖုန်းများလည်း မြန်မာပြည်မှာ Roaming သုံးနိုင်ပါပြီး။ တစ်မိနစ် usd 5 dollars ဈေးကြီးလှပါတယ်။ လိုကယ် Sim Card များကို ဈေးနှုန်း ကျပ်သောင်းဂဏန်းနဲ့ ၀ယ်သုံးနိုင်ပြီဖြစ်ပါတယ်။ ကျပ်၁၅၀၀ဖုန်းများကို ဆင်းရဲသူများက ပြန်ရောင်းစားကြပါတယ်။ နောက်ပိုင်းမှာ ဖုန်းပြောခ ဈေးတင်ပြီး၊ Sim Card အခမဲ့ပေးတဲ့ တခြားနိုင်ငံများစတိုင် ဖြစ်လာပါတော့မယ်။




Yangon Airport , April 2013

နိုင်ငံခြားလုပ်ငန်းရှင်များစွာ
လာရောက်ပြီး၊ အလတ်စားလုပ်ငန်းများစွာ ရင်းနှီးမြှတ်နှံဖို့ လာရောက် Proposal တင်ပြကြပါတယ်။ အကြီးစားတွေပဲ လုပ်ကိုင်နိုင်ကြပြီး နိုင်ငံသားများကတော့ အပြောပဲကြီးနေဆဲ၊ နိုင်ငံခြားသားများကတော့ ကြည့်-ပြန် လေ့လာရေးလောက်ပဲ လုပ်နေကြတယ်။ မိုက်ကရိုဆော့၊ ဂူဂယ်လို အကြီးကြီးတွေတောင် အခန်းလေးတစ်ခုငှား၊ လူနည်းနည်းပဲ ခန့်ထားပြီး စောင့်ကြည့်ကာလဖြစ်ပါတယ်။ Proposal လုပ်နိုင်သူများက တိုင်းဒေသ၀န်ကြီး၊ ၀န်ကြီးချုပ်အဆင့်တင်ပြသူများ၊ ပြည်ထောင်စုဝန်ကြီးများနဲ့သမ္မတအထိတင်ပြနိုင်သူများ၊ တချို့ ဒေါ်အောင်ဆန်းစုကြည်အထိ တင်ပြနိုင်သူများ ..စသဖြင့် Proposal များ တသောသော တင်ပြနေကြပါတယ်။ လောလောဆယ် အကြီးစားကြီးတွေ အပြင်းထတ်ပြိုင်ဆိုင်မှုက ဆက်သွယ်ရေးမိုဘိုင်းဖုန်း အော်ပရေတာကန်ထရိုက်ကို မြင်နိုင်ပါတယ်။

NATO   No action , talk only  (for local partners)
LLLL  Live, Look, Learn, Leave   (4L) for foreign investors on all kind of business. 


မြန်မာအစိုးရက ချပေးနေတဲ့ လုပ်ငန်းလိုင်စင် ၇မျိုး ရှိပါတယ်။ ကုန်ထုတ်လုပ်ရေးဆိုရင် နိုင်ငံခြားသားများ ၁၀၀% ရင်းနှီးမြှတ်နှံနိုင်ပါတယ်။ ဖက်စပ်လဲလုပ်နိုင်ပါတယ်။ Service ၀န်ဆောင်မှုလုပ်ငန်းဆိုရင် ဒေသခံတစ်ဦးနဲ့နိုင်ငံခြားသားတစ်ဦး ဖက်စပ်မလုပ်မနေရ လုပ်ရပါတယ်။


Pathein Glass Factory - stopped production and waiting investor for 2 years.

ပုဂ္ဂလိကနိုင်ငံသားရင်းနှီးမြှတ်နှံမှု
ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြည်နယ်၊တိုင်းဒေသကြီး လွှတ်တော်များက ပုဂ္ဂလိကလုပ်ငန်းများကို လိုင်စင်ချပေးနိုင်ပါတယ်။ သို့သော် ဗဟိုအစိုးရ (ပြည်ထောင်စုလွှတ်တော်) နဲ့ ဌာနဆိုင်ရာများအောက်မှာပဲ လုပ်နေကျ မြန်မာများရဲ့ (အထက်အမိန့်မရရင် ဘော်လီဘောပုတ်တဲ့စရိုက်) ကြောင့် ပြည်နယ်တိုင်းဒေသများက စီးပွားလုပ်ငန်းလိုင်စင်များ ချပေးဖို့ အခက်ခဲတွေရှိပါတယ်။ ဧရာဝတီတိုင်းတစ်ခုပဲ တိုင်းဒေသလွှတ်တော်က အလုပ်လုပ်နေတဲ့သဘောရှိပါတယ်။ တခြား တိုင်းဒေသများက ဧရာဝတီတိုင်းကို ကြည့်နေရာပါတယ်။ ဥပမာ ..ငွေကြေးပမာဏအားဖြင့်လည်း၊ လျှပ်စစ်ပုဂ္ဂလိကထုတ်မယ်ဆိုရင် ၁၀မဂ္ဂာဝပ်အောက်ဆိုရင် တိုင်းဒေသအစိုးရက လိုင်စင်ချပေးပါတယ်။ သို့သော် မကိုက်ပဲနဲ့ ဇွတ်လာရောက်မလုပ်စေလိုကြောင်း၊ နှစ်ဖက်ကိုက်မှ လုပ်သင့်ကြောင်း၊ လျှပ်စစ်ဝန်ကြီးဌာနက ရေအားလျှပ်စစ် တစ်ယူနစ် ၇ကျပ်လောက်ပဲ ထုတ်လုပ်ခ ကျသင့်ပြီး၊ ပြည်သူကို ရောင်းချရာမှာ တစ်ယူနစ် ၂၅ကျပ် နဲ့ ရေအားလျှပ်စစ်ကို ရောင်းချနေချိန်ဖြစ်ပါတယ်။  ဓါတ်ငွေတာဘိုင်နဲ့လျှပ်စစ်ထုတ်ရင် တစ်ယူနစ်၁၅၀နဲ့ ရောင်းနိုင်ရင်လက်ခံကြောင်း၊ တစ်ယူနစ်၃၀၀ကျော် ရောင်းချရင် လူထု၊ လုပ်ငန်းရှင်များက ၀ယ်ယူရင်တောင် လျှပ်စစ်ဓါတ်အားဖြန့်ဖြူးဖို့ အလွန်ခက်မယ်ဖြစ်ကြောင်း၊ ဧရာဝတီတိုင်းက စားသောက်ကုန် ဆန်စက်၊ ဆီစက်၊ ဆားစက်၊ ငါးလုပ်ငန်းစက်၊ စတဲ့ အရေအတွက် ၆၀၀၀ကျော် စက်ရုံများနဲ့ လူထုအိမ်ယာမီးပေးဖို့ ကိုယ်ပိုင်မီးစက်များကိုသာ အားထားနေရကြောင်း၊ မဟာဓါတ်အားလိုင်းရောက်တဲ့ နေရာများမှာလည်း ဝေစုရဖို့ တန်းစီနေရကြောင်း၊ ဌာနဆိုင်ရာများနဲ့ အရေးကြီးလူနေအိမ်များကိုသာ မဟာဓါတ်အားလိုင်းကို သုံးရကြောင်း၊ လောလောဆယ် နှစ်ပေါင်းများစွာတော့ ပုဂ္ဂလိက မီးစက်များနဲ့ လျှပ်စစ်ဓါတ်အားကို ကုန်ကျစရိတ်ကြီးစွာ ထုတ်လုပ်သုံးစွဲနေရဦးမယ်ဖြစ်ကြောင်း၊ လျှပ်စစ်ဓါတ်အားထုတ်ဖို့ ရေအားလျှပ်စစ်ပဲ အနှစ်၃၀ အာမခံချက်ရှိပေမဲ့၊ အရည်သွေးညံ့စက်တွေဆို နှစ်အနည်းငယ်နဲ့ ရပ်ဆိုင်းသွားနိုင်ကြောင်း၊ လျှပ်စစ်ထုတ်လုပ်ဖို့ မဟာဓါတ်အားလိုင်းမရနိုင်ရင် တခြားလောင်စာဆီ၊ ဒီဇယ်၊ ထင်း၊ စပါးခွံ စတဲ့ ကုန်ကြမ်းများကို သုံးရာမှာ ကုန်ကျစရိတ်ကြီးပေမဲ့ မီးမလာချိန်မှာ ဒီလောင်စာဆီတွေနဲ့ပဲ လျှပ်စစ်ထုတ်ရကြောင်း၊ ဒါကြောင့် လျှပ်စစ်ထုတ်လုပ်ခြင်းဟာ နိုင်ငံတော် ရေအားလျှပ်စစ်စက်ရုံများ ပြည်တွင်းကိုပဲ ဖြန့်ဖြူးနိုင်ဖို့ လုပ်ဆောင်ရမှာဖြစ်ပါတယ်။

နောက်ဆုံးတော့ ဧရာဝတီတိုင်းမှာ လူများစွာအလုပ်ရရှိဖို့ စက်မှုစားကုန် ဆန်ဆီဆား စက်ရုံများစွာကို ပုဂ္ဂလိကထုတ်လုပ်ဖို့ အနည်းဆုံး ၁၅နှစ်လုပ်ပိုင်ခွင့်လိုင်စင်များ ပေးပါမှ နိုင်ငံခြားသားများ လာရောက်ရင်းနှီးကြမယ်ဖြစ်ပါတယ်။ အလတ်စားစက်ရုံများအတွက် နှစ်ရှည်လိုင်စင်အတွက်  Man, Machine, Method, Material & Environment (4M & 1E) လွယ်ကူချောမွေ့အောင် တိုင်းဒေသအစိုးရက လုပ်ဆောင်နေပါတယ်။ နိုင်ငံခြားက သွင်းကုန်များကို ဧရာဝတီတိုင်းက ဆိပ်ကမ်းကြီး ၃ခုမှာ Import/Export လုပ်ပိုင်ခွင့်စနစ်များ၊ ဥပဒေများ၊ လုပ်ထုံးလုပ်နည်းများ ..လုပ်ကိုင်လာနိုင်ရင်တော့ အလွန်အဆင်ပြေလာမယ်ဖြစ်ပါတယ်။ ပြည်နယ်တိုင်းဒေသလွှတ်တော်များက အခွန်ကောက်ခြင်းမှာလည်း အားနည်း (လုပ်နည်းဥပဒေမရှိ၊ မလုပ်တတ်သေးမှု) ရှိပါတယ်။

အထူးလုပ်ငန်းများ ရင်းနှီးမြှတ်နှံမှု
ဗဟိုအစိုးရကတော့ မြန်မာပြည်မှာ အမြက်အစွန်းအလွန်ရတဲ့ ပို့ဆောင်ဆက်သွယ်ရေးလုပ်ငန်းများ၊ သယံဇာတရောင်းချရေးလုပ်ငန်းများ၊ ထုတ်ကုန်ပြည်ပပို့ခြင်း၊ လျှပ်စစ်စက်မှု၊ဓါတုကုန်တင်သွင်းခြင်း၊ ဒီဇယ်ဓါတ်ဆီတင်သွင်းခြင်း၊ ယာဉ်အမျိုးမျိုးတင်သွင်းခြင်း၊ ဘိလပ်မြေစက်ရုံတည်ဆောက်ခြင်း၊ ဆောက်လုပ်ရေးလုပ်ငန်းသုံး အထူးသဖြင့် သံ၊ သံမဏိများတင်သွင်းဖြင်း၊ စတဲ့လုပ်ငန်းများဖြစ်ပါတယ်။ လုပ်ငန်းရှင်များ လုံးဝသိစရာမလိုတဲ့ သံယံဇာတ တင်သွင်းခြင်း၊ ထုတ်ရောင်းခြင်း လုပ်ငန်းများစွာလည်း ရှိပါတယ်။ ဥပမာ.. မြိတ်ကျွန်စု ၈၀၀၀ကျော်မှာ အလွန်ကြီးမားလှတဲ့ ပုလဲမွေးမြူရေးလုပ်ငန်းကို ဂျပန်ကုမ္ပဏီများစွာ၊ သြစတြေးလျားကုမ္ပဏီအချို့လာရောက်လုပ်ကိုင်ပါတယ်။ ထွက်တဲ့ပုလဲအရေအတွက်ရဲ့ ၂၅%ကို မြန်မာအစိုးရကို ပေးရတဲ့ နည်းစနစ်နဲ့ လုပ်ကိုင်ပါတယ်။ မြန်မာ့ပုလဲဌာနက မွေးမြူတဲ့ ကမာကောင်အရေအတွက်ကို သေချာစာရင်းစစ်၊ ရေတွက်ပါတယ်။ ဂျပန်နည်းပညာအဆင့်မြင့်လွန်းလို့ ဒေသခံများ လုပ်ကိုင်ဖို့ ခက်ခဲပါတယ်။ ရေအောက်ချထားတဲ့ ကမာကောင်များရဲ့ ကျန်းမာရေးကို လစဉ်လုပ်ဆောင်ပေးခြင်း၊ ကမာကောင်များကို တစ်ကောင်ခြင်း သူတို့ထဲက ပုလဲများအခြေအနေကို ဓါတ်မှန်ရိုက်ကြည့်ခြင်း၊ ၅နှစ်ကြာတဲ့အချိန် ထုတ်ရောင်းခြင်း၊ ယခုအခါ ကမာကောင်ရဲ့ အခွံကလည်း ဈေးအရမ်းကောင်းလာတဲ့အတွက် ကန်ထရိုက်များကို ပြန်လည်ပြောင်းဖို့ ပြင်ဆင်နေခြင်း၊ သိန်းဂဏန်းရှိတဲ့ ပုလဲမွေးလုပ်ငန်း အလုပ်သများများကို ဂျပန်များက စနစ်တကျ၊ စားဝတ်နေရေးစီမံပေးခြင်း၊ သြစတြေးလျားများက မရိုးသားခြင်း၊ ပုလဲများကို ဖွက်ပြီးခိုးထုတ်မှု သြစတြေးလျှားများ အလွန်လုပ်သော်လည်း ဂျပန်များက ဒါမျိုးတွေ မလုပ်ကြကြောင်း ...  လူအများသိတဲ့ လက်ပံတောင်းကြေးနီစီမံကိန်း စာချုပ်ကို တရုပ်နဲ့ တဖက်သတ်ချုပ်ဆိုခဲ့မှုရှိသလို .. တခြားစီးပွားလုပ်ငန်းများစွာ ဥပမာ...ပုလဲမွေးလုပ်ငန်းလို စီးပွားလုပ်ငန်းများစွာလည်း မြန်မာပြည်မှာ ရှိနေပါတယ်။ လုပ်ပြီး အဆင်ပြေနေသူများကတော့ ငြိမ်နေကြပြီး၊ အခုမှ စတင်လုပ်မဲ့ လူငယ်များကတော့ သူတို့ ကျွမ်းကျင်တဲ့ IT, Agriculture, Factory, Import/Export, Education, Health စတဲ့လုပ်ငန်းများကို မြန်ဆန်စွာ လုပ်ကိုင်နေကြပြီဖြစ်ပါတယ်။


Myanmar SME (Industrial Digest Magazine)

တင်းကြပ်တဲ့လက်ဝါးကြီးအုပ်စီးပွားဥပဒေများလျှော့ပေးလာ (သတင်း)
ပို့ကုန်သွင်းကုန် လုပ်ငန်းရှင်များ သွင်းကုန်လိုင်စင်ရရှိဖို့ ယခင်စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနကို သို့ တင်ပြရတဲ့ ပို့ကုန်ရငွေစိစစ်သော ပို့ကုန်ရငွေသွင်းကုန်အကျိုးခံစားခွင့်(Earning)ကိုတင်ပြရန် မလိုအပ်တော့ကြောင်း စီးပွား/ကူးသန်းဝန်ကြီးဌာနက ၂၀၁၃ ဧပြီလ ၂၂ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ယခင် လုပ်ငန်းရှင်များအနေဖြင့် သွင်းကုန်လိုင်စင် ရရှိရေးအတွက် စီးပွား/ကူးသန်းဝန်ကြီးဌာနသို့ ပြသရတဲ့ (Earning)မရှိတဲ့အတွက် Earning ရှိသည့် လုပ်ငန်းရှင်ထံမှ ပြန်လည်ဝယ်ယူခဲ့ရပါတယ်။ ယခုကဲ့သို့ ဖြေလျော့လိုက် သည့်အတွက်  လုပ်ငန်းရှင်များအနေနဲ့ ပို့ကုန်သွင်းကုန်လုပ်ငန်းများကို အချိန်ကုန်သက်သာစွာ ပိုမိုလွတ်လပ်စွာ တင် သွင်းနိုင်တော့မယ်ဖြစ်ကြောင်း သိရပါတယ်။ အလားတူ .. ကုမ္ပဏီထောင်ခြင်း၊ ဘဏ်စာရင်းဖွင့်ခြင်း၊ နိုင်ငံခြားကုန်သွယ်ခြင်း၊ တယ်လီဖုန်း၊ ကား၊ သင်္ဘောစရိတ် ၀န်ဆောင်မှုများလည်း ပြည်ပကုန်သွယ်သူများအတွက် တဖြေးဖြေးလျှော့ပေးလာပြီး၊ SME Small & Median Enterprise အလယ်လတ်လုပ်ငန်းရှင်များအံတွက် ပိုမိုအဆင်ပြေလာတော့မယ် ဖြစ်ပါတယ်။

အခုမှ မြန်မာပြည်ပြန်လုပ်မယ်ဆိုရင် အရမ်းနောက်ကျနေပြီ ..ပြောဆိုသူများစွာရှိပါတယ်။ ပြည်ပရောက် မြန်မာများ တစ်လ၊ နှစ်လလောက် မြန်မာပြည်လာကြည့်ပြီး အလွန်စိတ်ပျက်သွားပါလိမ့်မယ်။ ၆လ၊ တစ်နှစ် တစိုက်မှတ်မှတ်လုပ်ငန်းတစ်ခုကို လုပ်မယ်ဆိုရင်တော့ တစ်နှစ်အတွင်းမှာ အဆင်ပြေလာပါလိမ့်မယ်။ ငွေရှိမှ လုပ်ဖြစ်မယ် ထင်သူများအတွက်တော့ ငွေထုတ်ပိုက်ပြီးပြန်လာရင် .. ငွေကုန်သွားဖိုပဲ များပါမယ်။ အခုချိန်ကိုလာရောက် ရင်းနှီးတဲ့ နိုင်ငံခြားသားဆိုသူများဟာ ကမ္ဘာ့ချန်ပီယံများဖြစ်ပါတယ်။ မြန်မာများ အိမ်ကွင်းမှာ လည်ဝယ်၊ အပိုင်စီးမယ် အကြံရှိရင် .. အဲဒီနိုင်ငံခြားသား ရင်းနှီးမြှတ်နှံသူများကို လူလည်ကျလို့မရပဲ၊ ကိုယ့်ရှိတာပြောင်သွားနိုင်ပါတယ်။ မလေးရှား၊ ထိုင်း၊ စင်ကာပူက လုပ်ငန်းအဆင်မပြေသူများစွာ ဒေါ်လာထောင်၊သောင်း သုံးစွဲပြီး သူတို့စက်များကို ၀ယ်ယူဖို့ ခပ်တည်တည်နဲ့ Proposal များ လာရောက်တင်ပြနေတာတွေ့ရပါတယ်။ မဖြစ်နိုင်တဲ့ လုပ်ငန်းများစွာ Proposal လာလုပ်ရင်း .. ဒေသခံများ အလိမ်ခံဖြစ်သွားနိုင်ပါတယ်။ 

နောက်ဥပမာတစ်ခုကတော့ ဆောက်လုပ်ရေးလုပ်ငန်းသုံး သံပြား၊ သံတန်း၊ သံချောင်းများ ယခင်တရုပ်၊ အိန္နိယက တင်သွင်းနေရာက အခု ဗီယက်နမ်သံပစ္စည်းများ နာမည်ရလာပြီး တရုပ်၊အိန္နိယကုန်သည်များသာမက ဗီယက်နမ်ကုန်သည်များက သင်္ဘောနဲ့ သယ်လာပြီး၊ လာရောင်းချပါတော့တယ်။ ဥပမာ ဗီယက်နမ်မှာ တစ်တန်ကို ကန်ဒေါ်လာ ၅၀၀ ပေးရတယ်ဆိုရင်၊ သယ်စရိတ်က တစ်တန်ကို ဒေါ်လာ၁၀၀လောက်ပဲကျသင့်ပါတယ်။ ဒါပေမဲ့ ရန်ကုန်မှာ တစ်တန်ကို ကန်ဒေါ်လာ၈၀၀လောက်နဲ့ရောင်းချတော့ ပြည်တွင်းလုပ်ငန်းရှင်များ အလွန်နစ်နာပါတယ်။ ဆောက်လုပ်ရေးလုပ်ငန်းတစ်ခုမှာ သံထည်၊ သံပြား၊ သံတန်း၊ သံချောင်း စရိတ်က ၃၀ရာနှုန်းလောက်ရှိတော့ ဈေးနှုန်းတွေ မတရားကြီးနေပါတယ်။ ငွေရင်းကြီးမားလို့ သင်္ဘောလိုက် ကုန်တွေသယ်လာကြတာမဟုတ်ပါ။ သင်္ဘောလိုက် ဗီယက်နမ်က အကြွေးသယ်ယူလာတာပါ။ ရန်ကုန်မှာ လက်ငင်းရောင်းချပြီး ရငွေကို ရက်၃၀၊ ရက်၆၀ စသဖြင့် အတိုးမဲ့ပြန်ဆပ်တဲ့လုပ်ငန်းပါ။ Trading လုပ်တဲ့နေရာမှာ ၂ခါပြန်ရှုံးနေခြင်းကို ကာကွယ်ဖို့ အလွန်အရေးကြီးနေပါတယ်။ အစိုးရကပဲ လုပ်ပေးရမှာဖြစ်တော့ သံလုပ်ငန်းရှင်များက နိုင်ငံတကာအတွေ့အကြုံရှိတဲ့ သံလုပ်ငန်းမြန်မာဝန်ထမ်းများကို နိုင်ငံတကာဈေးနှုန်းပေးပြီး အမြန်ဆုံးခန့်ထားဖို့ လိုနေပြီဖြစ်ပါတယ်။ ပထမပိုင်းတော့ လုပ်ငန်းရှင်များအသင်းကို နိုင်ငံတကာ အရည်အချင်းရှိတဲ့ မြန်မာများကို လခ ဒေါ်လာ ၂၀၀၀အထက် ပေးပြီး အစိုးရကပဲ ငွေကုန်ခံ ခန့်ထားပေးဖို့၊ အစိုးရကပဲ အစပိုင်းမှာ လမ်းကြောင်းတည့်ပေးပြီး၊ လအနည်းငယ်ကြာရင် မြန်မာအသင်းအဖွဲ့များ နိုင်ငံခြားလုပ်ငန်းရှင်များကို ယှဉ်ပြိုင်နိုင်လာမယ်ဖြစ်ပါတယ်။

အလားတူ ဆန်၊ပဲ၊ ငါးကုန်သည်များအသင်းဆိုတာလည်း စတင်လုပ်ကိုင်စဉ်၊ တစ်နှစ်လောက်မှာတော့ အခက်ခဲများစွာ၊ ဆုံးရှုံးမှုများစွာ ရှိပါတယ်။ နောက်ပိုင်းတော့ အဆင်ပြေလာပါတယ်။

ဒါကြောင့် .. ဘော်လုံးကန်သလို အိမ်ကွင်း၊အဝေးကွင်း ကန်တဲ့အချိန်မှာ အိမ်ကွင်းမှာကန်မဲ့ မြန်မာများ နိုင်ငံတကာအသင်းများကို အနိုင်ယူဖို့မလွယ်ပေမဲ့၊ ဖက်စပ်လုပ်ဖို့ ..ပိုင်းခြေညှိပြီး (မြန်မာဥပဒေနဲ့နိုင်ငံတကာဥပဒေနားလည်ပြီး) ပူးပေါင်းရပါတယ်။  နောက်တဆင့်ကတော့ နိုင်ငံခြားနဲ့စာချုပ်ချုပ်ရာမှာ နှစ်ဖက် Win-Win ဖြစ်အောင် ညှိနှိုင်းရပါမယ်။

 Doing Business in Myanmar ဆိုပြီး ကဏ္ဍများလက်တွေ့လုပ်နေသူများကို မေးမြန်းပြီး ဆက်လက်ရေးချင်ပါသေးတယ်။

ဇော်အောင် (မုံရွာ)  27-April-2013
 

Ref:
1.
MYANMAR Business Investment Laws, Knowledge of Myanmar Legal System & Culture to download
http://mingalaronline.biz/myanmar.htm

2. DANIEL PADANG  (Myanmar Speaking) SUSTAINABLE BUSINESS MYANMAR
NEWTON CIRCUS  THE HUB SINGAPORE, 113 SOMERSET ROAD, SINGAPORE 238165
WWW.SUSTAINABLEBUSINESSMYANMAR.COM
WW.NEWTON-CIRCUS.COM

3. Thet Naing Soe, Pyinnyar Dana Training Center
http://pyinnyar.com/

4. Black Pearl Engineering, Yangon
http://blackpearlengineering.com


--
မှော်ဆရာအဖွဲ့မှ နေ့စဉ် Mail များရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en
Member များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို့စာပို့နိုင်ပါသည်။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး စာပို့ပေးပါရန်။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en
အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
Facebook Page နှင့်ဆက်သွယ်လိုလျှင် www.facebook.com/mrsorcerergroup
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
---
You received this message because you are subscribed to the Google Groups "မှော်ဆရာ အဖွဲ့  ( Ѧя Ƨσяcɛяɛя )" group.
Visit this group at http://groups.google.com/group/mrsorcerer?hl=en.