[mrsorcerer:38072] စေတနာကျောင်းဆရာရဲ့ "မျှော်လင့်သစ်ပင်"


ဟိုးတစ်လောက youtubeမှာ ကျွန်မ China Got Talent အစီအစဉ်တွေ လိုက်ကြည့်ခဲ့တယ်။ ပြိုင်ပွဲဆိုတော့ နေရာဒေသပေါင်းစုံက လူမျိုးပေါင်းစုံတွေ ကိုယ်တတ်တဲ့အရည်အချင်းတွေနဲ့ ဝင်ပြိုင်ကြတာပေါ့။ အဲဒီမှာ အသက်(၃ဝ)အရွယ်ရှိတဲ့လူတစ်ယောက်က သီချင်းဆိုဝင်ပြိုင်တယ်။ သူကိုယ်တိုင်ရေးစပ်ထားတဲ့သီချင်းနဲ့ သူကိုယ်တိုင် ဂီတာတီးပြီးဆိုတာပေါ့။ သီချင်းစာသားကကောင်းပေမယ့် အဆိုက သာမန်ပဲ။ ထုံးစံအတိုင်း ဒိုင်လူကြီးတွေက ဘာအလုပ်လုပ်သလဲလို့ သူ့ကိုမေးတာပေါ့။ သူက စေတနာဝန်ထမ်းကျောင်းဆရာတစ်ဦး၊ ယူနန်ပြည်နယ်က ရွာတစ်ရွာမှာ သူကျောင်းဆရာလုပ်တယ်လို့ပြောတယ်။ သူက သီချင်းတွေလည်းရေးပြီး ရောင်းတယ်။ ကျောင်းမှာ ကျောင်းသား (၇၆)ယောက်ရှိတဲ့အကြောင်း သူပြောပြတယ်။

ဒီပြိုင်ပွဲကို သူဝင်ပြိုင်ရတဲ့အကြောင်းက အဲဒီရွာက ကျောင်းသားလူငယ်တွေရဲ့ အခြေအနေကို လူတွေပိုသိအောင်၊ သူရေးထားတဲ့ သီချင်းတွေကို လူတွေပိုဝယ်အောင်ပေါ့။ သူ သီချင်းရောင်းလို့ရတဲ့ပိုက်ဆံကို ကျောင်းသားတွေအတွက် သူအသားတွေဝယ်ကျွေးတယ်။ ဒါတောင် တစ်လမှ တစ်ခါလောက်ပဲ ဝယ်ကျွေးနိုင်တယ်လို့ သူပြောတယ်။

သူပြောတာကို ဒိုင်လူကြီးတွေကနားထောင်ပြီး ဒိုင်လူကြီးတစ်ယောက်က သူ့ကိုရန်ပုံငွေအဖွဲ့တစ်ခုနဲ့ ဆက်သွယ်ပေးတယ်။ နောက်ဒိုင်လူကြီး(သီချင်းရေးဆရာ၊ အဆိုတော်)တစ်ယောက်က သူ့သီချင်းကို တစ်ခွေစာဝယ်မယ်လို့ ပြောတယ်။ အဲဒီလိုနဲ့ ဒီအကြောင်းကို တီဗွီကနေတဆင့် တစ်တိုင်းပြည်လုံးကလူတွေ ပိုသိသွားကြပြီး လှူကြ ဒါန်းကြတာပေါ့။ နောက်တော့ ဟိုးတောနက်ထဲက လူမသိ သူမသိ ကျောင်းအိုလေးတစ်ကျောင်းက လူတွေရဲ့စုပေါင်းလှူဒါန်းမှုကြောင့် နှစ်ထပ်ကျောင်းဆောင်ကြီးဖြစ်ခဲ့တယ်။ ကလေးတွေလည်း နဂို ကြမ်းပေါ်မှာ ခင်းအိပ်ရတာကနေ ကုတင်နဲ့ စောင်နဲ့ဖြစ်ကုန်တယ်။ ပြည်နယ်အစိုးရကလည်း ကျောင်းဆရာတွေ စေလွှတ်ခဲ့လို့ ကျောင်းအုပ်အပါအဝင် ဆရာပေါင်း ၅ယောက်ဖြစ်သွားတယ်။

အဲဒီလို ပြုပြင်ပြောင်းလဲရေးတွေလုပ်ပြီး ကျောင်းဆောင်ကျောင်းကောင်းကြီးဖြစ်နေချိန်မှာ ဟိုအသက်(၃ဝ)ကျောင်းဆရာက ကျောင်းကနေ ထွက်သွားဖို့ပြင်တယ်။ ကျောင်းသားတွေက တားကြ ငိုကြတာပေါ့။ သူတို့နဲ့အတူ ဆင်းဆင်းရဲရဲ စားရမဲ့၊ သောက်ရမဲ့ဘဝကို အတူဖြတ်သန်းလာခဲ့တဲ့ ကျောင်းဆရာကို သူတို့မခွဲနိုင်ကြဘူး။ ဆရာကို ဘယ်သွားမလဲလို့ ကျောင်းသားတွေကမေးတော့ ဆရာကပြောတယ်... "ဒီလို မပြည့်စုံတဲ့၊ ဆင်းရဲစုတ်ပြတ်နေတဲ့ကျောင်းတွေ အများကြီး"တဲ့။

သူက တစ်ကျောင်းပြီးတစ်ကျောင်း လိုက်ကယ်နေတာ... လူတွေသိသွားအောင်၊ အစိုးရတွေ သတိထားမိအောင် သူလုပ်တယ်။ လှူဒါန်းပံ့ပိုးငွေတွေရပြီး တစ်ကျောင်းအောင်မြင်သွားရင် နောက်တစ်ကျောင်းအတွက် သူဆက်လုပ်တယ်။

သူ့အကြောင်းကို ရုပ်ရှင်ကားတိုလေးအဖြစ် ရိုက်ကူးထားတယ်။ ရုပ်ရှင်နာမည်ကို "မျှော်လင့်ခြင်းသစ်ပင်"လို့ အမည်ပေးထားတယ်။ မျှော်လင့်ခြင်းတွေ နေရာအနှံ့ဖြန့်ကျဲနိုင်အောင်လို့တဲ့...

ဒါက သူပြိုင်ပွဲဝင်စဉ်ကလင့်ပါ ---- https://www.youtube.com/watch?v=shKOvt7GQOo&NR=1&feature=endscreen

ဒါက သူစာသင်တဲ့ကျောင်းဆီ ဒိုင်လူကြီးတွေ သွားရောက်လှူဒါန်း အားပေးတဲ့လင့်ပါ ----- https://www.youtube.com/watch?v=ENqWYEhAhxQ



*** မြန်မာပြည်က အမိုးမလုံ အကာမရှိတဲ့ ရွာကျောင်းတွေကို လိုက်ဆောက်၊ လိုက်လှူပေးတဲ့ ကျွန်မရဲ့ FB ပေါ်က သူငယ်ချင်းအဖွဲ့တစ်ဖွဲ့ရှိပါတယ်
သူတို့နဲ့တိုင်ပင်ပြီး ကျွန်မရဲ့ FB Fan တွေမှာ ကျွန်မ အလှူငွေကောက်ခံပါဦးမယ်း)

နိုင်းနိုင်းစနေ
--

Be Happy,

          Moe Moe.

--
မှော်ဆရာအဖွဲ့မှ နေ့စဉ် Mail များရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en
Member များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို့စာပို့နိုင်ပါသည်။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး စာပို့ပေးပါရန်။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en
အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
Facebook Page နှင့်ဆက်သွယ်လိုလျှင် www.facebook.com/mrsorcerergroup
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
---
You received this message because you are subscribed to the Google Groups "မှော်ဆရာ အဖွဲ့  ( Ѧя Ƨσяcɛяɛя )" group.
Visit this group at http://groups.google.com/group/mrsorcerer?hl=en.