[mrsorcerer:38074] မမှန်မကန်ဝါဒဖြန့်ချိမှုများကြောင့် အစ္စလာမ်သာသနာနှင့် မြန်မာမွတ်စလင်မ်တို့အပေါ် အထင် အမြင် လွဲမှားနေမှုကို ရှင်းလင်းလျှောက်ထားခြင်း

မမှန်မကန်ဝါဒဖြန့်ချိမှုများကြောင့် အစ္စလာမ်သာသနာနှင့် မြန်မာမွတ်စလင်မ်တို့အပေါ် အထင် အမြင် လွဲမှားနေမှုကို ရှင်းလင်းလျှောက်ထားခြင်းနှင့် မေတ္တာတရားရှေ့ထားကာ လိုအပ်သော ကူညီစောင့်ရှောက်မှုများပေးပါရန် နိုင်ငံတော်သံဃာ့မဟာနာယကအဖွဲ့ထံ ဒေါက်တာမြင့်သိန်း ၏ လျောက်ထားချက်

သို့

(၁) ဥက္ကဋ္ဌဆရာတော်
နိုင်ငံတော်သံဃာ့မဟာနာယကအဖွဲ့

(၂) အကျိုးတော်ဆောင်ဆရာတော်
နိုင်ငံတော်သံဃာ့မဟာနာယကအဖွဲ့

ရန်ကုန်မြို့။

ရက်စွဲ ။ ။ ၁၃၇၅ ခုနှစ်၊ တန်ခူးလဆန်း(၁၂)ရက်

၂၀၁၃ ခုနှစ်၊ ဧပြီလ(၂၂)ရက်

အကြောင်းအရာ ။ ။ မမှန်မကန်ဝါဒဖြန့်ချိမှုများကြောင့် အစ္စလာမ်သာသနာနှင့် မြန်မာမွတ်စလင်မ်တို့အပေါ် အထင် အမြင် လွဲမှားနေမှုကို ရှင်းလင်းလျှောက်ထားခြင်းနှင့် မေတ္တာတရားရှေ့ထားကာ လိုအပ်သော ကူညီစောင့်ရှောက်မှုများပေးပါရန် လျှောက်ထားခြင်း။

ကြည်ညိုလေးစားအပ်ပါသော ဆရာတော်ကြီးများထံ ဂါရ၀တရားရှေ့ထားလျက် ရိုသေစွာလျှောက်ထားအပ်ပါသည်။

အထက်ပါအကြောင်းအရာနှင့်စပ်လျဉ်း၍ နိုင်ငံတော်သမ္မတကြီးထံပေးပို့သော ၂၂-၄-၂၀၁၃ နေ့စွဲပါစာမိတ္တူနှင့် အစ္စလာမ်နှင့် မြန်မာမွတ်စလင်မ်တို့အပေါ် အထင်အမြင်လွဲမှားမှုများကို ရှင်းလင်းတင်ပြချက်စာတမ်းကို ပူးတွဲပေးပို့အပ်ပါသည်။

ရှင်းလင်းချက်

ပူးတွဲပါ "အစ္စလာမ်နှင့် မြန်မာမွတ်စလင်မ်တို့အပေါ် အထင်အမြင်လွဲမှားမှုများကို ရှင်းလင်းချက်စာတမ်း (အကျဉ်း)" တွင် နားလည်လွဲမှားစေသေည့်အချက်အချို့ကို ရှင်းလင်းတင်ပြထားပါသည်။ ယင်းတို့မှာ-

၁။ ၇၈၆ ဟူသည် ၂၁-ရာစုဟုလည်းကောင်း၊ မွတ်စလင်မ်မဟုတ်သူတို့နှင့် လူမှုစီးပွားမဆက်ဆံရဟုလည်းကောင်း အဓိပ္ပာယ် မသက်ရောက်ဘဲ လူမျိုးဘာသာမရွေး၊ ဝေနေယျအားလုံးအပေါ် ကရုဏာထားရန် သင်္ကေတဖြစ်ပါသည်။

၂။ အစ္စလာမ်ဘာသာတွင် သားဖောက်သာသနာပြုခြင်း လုံးဝ ခွင့်မပြု။ ဘာသာမတူသူနှင့် အိမ်ထောင်ပြုခွင့်မရှိ (ကုရ်အာန် ၂း၂၂၁)။ ဗုဒ္ဓဘာသာမိန်းကလေးများကိုယူနိုင်လျှင် သက်ဆိုင်ရာလူမှုရေးအဆင့်အတန်းအလိုက် ဗလီက ဆုချီးမြှင့်ခြင်းဟူသည် လုံးဝမရှိ။ အစ္စလာမ်သာသနာကို စိတ်နှလုံးမပါဘဲ လက်ခံသည်ဆိုသူအား မုနာဖိက် ခေါ် အယောင်ဆောင်ဟုသတ်မှတ်ပြီး ငရဲ တွင်ပင် အောက်ဆုံးအဆင့်၌ နေရမည်ဟု ဆိုထားသည်။

၃။ အစ္စလာမ်တွင် ဇနီး ၄ ဦး ခွင့်ပြုခြင်းမှာ မပြုမနေရမဟုတ်၊ လူ့အဖွဲ့အစည်းတွင် အမျိုးသမီးအရေအတွက် များခြင်းဖြစ်စေ၊ အခြား မလွှဲသာမရှောင်သာ ကိစ္စရပ်များတွင်ဖြစ်စေ လိုအပ်ပါက ချွင်းချက်ဖြင့် ခွင့်ပြုချက်သာဖြစ်ပြီး တစ်လင်တစ်မယားစနစ်ကို အားပေးသည်။ ထို့အပြင် နှစ်ဦးသဘောတူပေါင်းခြင်း၊ အမြှောင်မယားထားခြင်း၊ ပြည့်တန်ဆာလုပ်ငန်းများကို လုံးဝ တားမြစ် သည်။ ထိမ်းမြားခြင်းမပြုဘဲ လိင်ဆက်ဆံပါက ကြိမ်ဒဏ် ၁၀၀ သတ်မှတ်ထားသည်။

၎။ အစ္စလာမ်သာသနာတွင်းသို့ဝင်သူများသည် ရွှေတိဂုံစေတီနှင့် မဟာမြတ်မုနိစေတီတော်ပုံများကို ခြေနှင့်အရင်နင်းပြီးမှ ၀င်ရသည် ဟူသည်မှာ လုပ်ကြံဇာတ်ဖြစ်သည်။ ကုရ်အာန် ၆း၁၀၈ အရ မွတ်စလင်မ်တို့သည် အခြား ဘာသာတရားတို့၏ ကိုးကွယ်ရာများ ကို မကောင်းမပြောရဟု ပြဌာန်းထားရာ မည်သည့်နည်းနှင့်မျှ စော်ကားပိုင်ခွင့်မရှိ။

၅။ ဂျိဟာဒ်ဟူသည် အစ်္စလာမ်ဘာသာထဲမ၀င်သော ဘာသာခြားများကို သုတ်သင်ရှင်းလင်းခြင်း လုံးဝ မဟုတ်ပါ။ ငြိမ်းချမ်းစွာ ပြုရ သော ဂျိဟာဒ်သဘောတရားအရ ဘ၀တစ်လျှောက်လုံး မိမိ၏မတော်လောဘ၊ ဒေါသ၊ မောဟ၊ မာန စသည့်တရားများကို ချိုးနှိမ်ရန် အစွမ်းကုန် ကြိုးပမ်းခြင်းဖြစ်သည်။ အကယ်၍ မိမိတိုင်းပြည်လူမျိုးကို သူတစ်ပါးကျူးကျော်စော်ကားပါက ခုခံစစ်သာ ဖြစ်ပါသည်။ ရန်သူက ငြိမ်းချမ်းရေးကမ်းလှမ်းက လက်ခံရမည်ဖြစ်သည်။ ထို့အပြင် ကုရ်အာန် ၂၂း၄၀ အရ ဂျိဟာဒ်ဟူသည် ဘာသာတရားတို့၏ လွတ်လပ်စွာကိုးကွယ်ကျင့်သုံးခွင့်ကို အကာအကွယ်ပေးခြင်း၊ အကြမ်းဖက်ဝါဒကို ဆန့်ကျင်ခြင်းသာ ဖြစ်သည်။

၆။ အစ္စလာမ်သာသနာပြုခြင်းဟူ၍မရှိဘဲ အစ်္စလာမ်၏ ငြိမ်းချမ်းသိမ်မွေ့မှုများကို လူတို့သိစေရန် တင်ပြမှုသာရှိ၏။ အသိဉာဏ်ကို သုံး၍ ယဉ်ကျေးစွာပြောဆိုရမည်။ အငြင်းအခုံပြုလာပါက လှပသောဆွေးနွေးမှုဖြင့်သာ တုံ့ပြန်ရမည်။ ဖျားယောင်းခြင်းနှင့် အဓမ္မစနစ်မရှိစေရ။ မည်သူမဆို ယုံကြည်လိုပါက ယုံကြည်၊ မယုံကြည်လိုက ငြင်းပယ်ခြင်းဟူသော လွတ်လပ်စွာရွေးချယ် ကျင့်သုံးခွင့်ရှိပါသည်။ မလေးရှားနှင့် အင်ဒိုနီးရှားနိုင်ငံတို့၌ မူလက ဟိန္ဒူ၊ ထို့နောက် ဗုဒ္ဓဘာသာ၊ ထို့နောက် အစ္စလာမ် ကူးပြောင်းခဲ့ပါသည်။ သို့သော် ထိုင်းနှင့် သီရိလင်္ကာ နိုင်ငံတို့ကမူ ဗုဒ္ဓဘာသာအများစုဖြစ်လျက် ရှိနေကြပါသည်။

၇။ ဗလီ ခေါ် အစ္စလာမ်ဝတ်ကျောင်းတော်များဟူသည် အနှိုင်းမဲ့ကိုးကွယ်ရာကို နာခံဦးချရာနေရာ၊ မေတ္တာပို့ရာ၊ ယဉ်ကျေးမှု သွန် သင်ရာနေရာများသာဖြစ်သည်။ စစ်စခန်းများ၊ လက်နက်သိုလှောင်ရုံများမဟုတ်ပါ။ ကမ္ဘာ့ဗလီ အားလုံး ကမ္ဘာဦးကျောင်းတော် ကအ်ဗဟ် ခေါ် ငြိမ်းချမ်းရေးစင်တာသို့လှည့်၍ တည်ဆောက်ကြရ၏။ ယင်း၏ သဘောတရားနှင့် သင်္ကေတမှာ
(က) လောကခပ်သိမ်းတွင် အနှိုင်းမဲ့ကိုးကွယ်ရာ တစ်ပါးတည်းသာရှိခြင်း။ (့ညငအပ သ်ွသိ)
(ခ) ကမ်္ဘာဂြိုဟ်တွင် နဗီတမန်တော် ခေါ် လူသားဘုရားများစွာပေါ်ထွန်းခဲ့သော်လည်း ၎င်းင်းတို့ဟောကြားခဲ့သည့် တရားမှာ တစ်ခုတည်းသော သစ်္စာတရားဖြစ်ခြင်း။
(ဂ) လူသားတို့သည် မျိုးနွယ်၊ ဘာသာစကား၊ အသားအရောင်ကွဲပြားကြသော်လည်း လူဟူသည် ကမ်္ဘာ့အိမ်ထောင်စုကြီး တစ်ခုသာဖြစ်ခြင်းတို့ဖြစ်ကြပါသည်။

၈။ အစ်္စလာမ်သာသနာသည် ဗြိတိသျှခေတ်မှ မြန်မာနိုင်ငံသို့ရောက်လာသောသာသနာမဟုတ်၊ မြန်မာ မွတ်စလင်မ် လူ့အဖွဲ့ အစည်းသည် ပုဂံခေတ်မှစ၍ သမိုင်းကြောင်းအရ တည်ငြိမ်စွာဖွံ့ဖြိုးလာသောတိုင်းရင်းသား၊ နိုင်ငံသား လူ့အဖွဲ့အစည်းဖြစ်ပါ သည်။

မေတ္တာရပ်ခံလျှောက်ထားချက်

ဆရာတော်ကြီးများအနေဖြင့် မေတ်္တာတရားရှေ့ထား၍ ပဋိပက်္ခတားဆီးရေးနှင့် အကြမ်းဖက်မှုများ ထပ်မံမပေါ်ပေါက်ရေး အတွက် လိုအပ်သောကူညီဆောင်ရွက်မှုများဆောင်ရွက်ပေးပါရန် ရိုသေစွာ လျှောက်ထားအပ်ပါသည်။

ရိုသေလေးစားစွာဖြင့်

ဒေါက်တာမြင့်သိန်း (ငြိမ်းချမ်းလုလင်)
အမှတ်-၂၃၊ ၁၃၉ လမ်း
မအူကုန်း၊ တာမွေမြို့နယ်။
ဖုန်း - ၀၉ ၅၁ ၃၄၄၈၇


အစ္စလာမ်နှင့် မြန်မာမွတ်စလင်မ် တို့အပေါ် အထင်အမြင် လွဲမှားမှုများကို ရှင်းလင်းချက် စာတမ်း (အကျဉ်း)

ကိုအောက်ဖေါ်ပြပါ လင့်ကို နှိပ်ပြီး အပြည့်အစုံ ဖတ်ရှုနိုင်ပါပြီ



http://www.myanmarmuslim.net/အစ္စလာမ်နှင့်-မြန်မာမွတ်/




ရဟန်းတို့ လမ်းပျောက်လေသော် … (StraitsTimes ဘာသာပြန်- ဆောင်းပါး)
============================

မြန်မာနိုင်ငံ စစ်အုပ်ချုပ်ရေးလက်အောက်တွင် ရှိနေစဉ် လွန်ခဲ့သည့် ငါးနှစ်က အနောက်တိုင်းသားနှင့် တရုတ်လူမျိုး မိတ်ဆွေအချို့က ကျွန်တော့်အား အကြမ်းမဖက် သိမ်မွေ့မှုကို သွန်သင်သည့် ဗုဒ္ဓသာသနာ ထွန်းကားရာ မြန်မာနိုင်ငံတွင် အဘယ်ကြောင့် ဖိနှိပ်ချုပ်ချယ်မှုများ ရှိနေရပါ သနည်းဟု မေး ခဲ့ကြပါသည်။

ထိုစဉ်တုန်းက ကျွန်တော်က တိုင်းပြည်တွင်းမှ ကိုယ့်သဘောနှင့်ကိုယ် စွန့်ခွာခဲ့ကာ ဟောင်ကောင် တက္ကသိုလ်တွင် စာနယ်ဇင်းပညာ သင်ယူနေ စဉ်ဖြစ်ပြီး ပြန်ဖြေလေ့ရှိသည်က တိုင်းပြည်အုပ်ချုပ်နေသူ စစ်ခေါင်းဆောင်များက အကျင့်စာရိတ္တ ပျက်ပြားနေကြပြီး ဗုဒ္ဓသာသနာကလည်း အမည်ခံမျှ သာ ဖြစ်နေသောကြောင့် ဟူ၍ပင်။ ထို့ပြင် မြန်မာနိုင်ငံ၏ ကိုလိုနီခေတ်မတိုင်မီ ပဒေသရာဇ်ခေတ် အုပ်ချုပ်သူ ဘုရင်များကလည်း အမည်ခံဗုဒ္ဓ ဘာသာဝင်များသာဖြစ်ကြပြီး သူတို့ ကိုယ်တိုင်ကလည်း ရာဇဝတ်မှုကြီးများ ကျူးလွန်ခဲ့ကြဖူးသည် ဆိုသည်ကို လည်း ထောက်ပြဝေဖန်လေ့ ရှိခဲ့ပါသည်။

ဆက်လက်ဖတ်ရှုရန် - http://www.m-mediagroup.com/news/12793

--

May Peace Be Upon You
Regards,
Ruby

--
မှော်ဆရာအဖွဲ့မှ နေ့စဉ် Mail များရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en
Member များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို့စာပို့နိုင်ပါသည်။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး စာပို့ပေးပါရန်။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en
အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
Facebook Page နှင့်ဆက်သွယ်လိုလျှင် www.facebook.com/mrsorcerergroup
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
---
You received this message because you are subscribed to the Google Groups "မှော်ဆရာ အဖွဲ့  ( Ѧя Ƨσяcɛяɛя )" group.
Visit this group at http://groups.google.com/group/mrsorcerer?hl=en.