[mrsorcerer:38081] ရွှေဆိုင်ပဋိပက္ခ ပါဝင်သူ ၃ ဦးကို ထောင် ၁၄ နှစ် ချမှတ်မှု ရှေ့နေဦးကိုနီရဲ့ သုံးသပ်တင်ပြချက်

ရွှေဆိုင်ပဋိပက္ခ ပါဝင်သူ ၃ ဦးကို ထောင် ၁၄ နှစ် ချမှတ်မှု ရှေ့နေဦးကိုနီရဲ့ သုံးသပ်တင်ပြချက်

ဒီဗွီဘီ 28ဧပြီ2013

ပြီးခဲ့တဲ့ မတ်လအတွင်း ပဋိပက္ခစတင်ဖြစ်ပွားခဲ့တဲ့ မိတ္ထီလာမြို့ နယူးဝိန့်စိန် ရွှေဆိုင်က ၃ ဦးကို မိတ္ထီလာမြို့နယ် တရားရုံးက ဧပြီ ၁၁ ရက်နေ့က ပြစ်ဒဏ်အသီးသီး ချမှတ်လိုက်တာဟာ မဖြစ်သင့်ဘူးလို့ တရားလွှတ်တော်ရှေ့နေ ဦးကိုနီက ဝေဖန်လိုက်ပါတယ်။

ဧပြီ ၁၂ ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းစာတွေမှာ ဒီအမှုကို မိတ္ထီလာမြို့ အမှတ် ၂ ရဲစခန်းမှာ အမှုဖွင့်ပြီး ဧပြီ ၅ ရက်နေ့မှ စတင်ကာ မြို့နယ်တရားရုံးမှာ ပြစ်မှုကြီးအမှတ် ၁၁၇၈/ ၂၀၁၃ ဖြင့် ကြားနာစစ်ဆေးပြီး အသိသက်သေ ၁၃ ဦးနဲ့ စစ်ဆေးခဲ့တယ်လို့ ပါရှိပါတယ်။

တရားခံတွေကတော့ ဦးထွန်းထွန်းဦး (ခ) အာရှစ်နဲ့ အလုပ်သမား ညီညီ (ခ) မင်းအောင်တို့ကို ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၃၈၂၊ ၃၂၅ နဲ့ ၃၂၄ အရ အလုပ်နဲ့ ထောင်ဒဏ် ၁၄ နှစ်၊ ရွှေဆိုင်ပိုင်ရှင် ဒေါ်မြင့်မြင့်အေးကို ပုဒ်မ ၃၈၂၊ ၃၂၅/ ၁၁၄ နဲ့ ၃၂၄/၁၁၄ အရ အလုပ်နဲ့ ထောင်ဒဏ် စုစုပေါင်း ၁၄ နှစ်စီ ကျခံစေဖို့ တရားရုံးက ချမှတ် စီရင်လိုက်တယ်လို့ ဆိုပါတယ်။
ဒီ ၃ ဦးကို ပြစ်ဒဏ်ချမှတ်မှုနဲ့ ပတ်သက်လို့ ရန်ကုန်မြို့က တရားလွှတ်တော်ရှေ့နေ ဦးကိုနီက မျှတတဲ့စီရင်ချက် မဟုတ်ဘူးလို့ ရှင်းလင်း သုံးသပ်ပြပါတယ်။အောက်ပါ အသံဖိုင်မှာ နားဆင်နိုင်ပါတယ်။

https://soundcloud.com/dvbradio/an-lawyer-u-ko-ni-interview?utm_source=soundcloud&utm_campaign=share&utm_medium=email




--

May Peace Be Upon You
Regards,
Ruby

--
မှော်ဆရာအဖွဲ့မှ နေ့စဉ် Mail များရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en
Member များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို့စာပို့နိုင်ပါသည်။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး စာပို့ပေးပါရန်။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en
အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
Facebook Page နှင့်ဆက်သွယ်လိုလျှင် www.facebook.com/mrsorcerergroup
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
---
You received this message because you are subscribed to the Google Groups "မှော်ဆရာ အဖွဲ့  ( Ѧя Ƨσяcɛяɛя )" group.
Visit this group at http://groups.google.com/group/mrsorcerer?hl=en.