(ပြည်သူ့ခေတ်ဂျာနယ်၊ အတွဲ ၃၊ အမှတ် ၁၄၂၊ ဧပြီ ၂၅ ရက်၊ ၂၀၁၃၊ စာမျက်နှာ ၁၈/၃၂) မြန်မာနိုင်ငံ၏ ပြည်ထောင်စု လွှတ်တော်ကို အနီးကြည့် အဝေးကြည့် (18) အောင်ဒင် အပိုင်း (၁၈) လွှတ်တော်နှင့် ငြိမ်းချမ်းရေး (ဂ) ပြည်နယ်ဥပဒေပြုခွင့် ၁၉၄၇ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ စာရင်း ၂၊ ပြည်နယ်ဥဒေပြုစာရင်း "(၁) ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေဆိုင်ရာကိစ္စများ" ဆိုတဲ့ခေါင်းစဉ်အောက်မှာ ပြည်နယ်ကောင်စီ (သို့မဟုတ်) ပြည်နယ်လွှတ်တော်များကို နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌန်းချက်များကို မဆန့်ကျင်ပဲ ပြည်နယ်ဆိုင်ရာ ဖွဲ့စည်းပုံအခြေခံဥပဒေပြုခွင့်၊ အခါအားလျော်စွာ ပြင်ဆင်ခွင့်ပေးထားပါတယ်၊ ပြည်နယ်ဥပဒေပြုအဖွဲ့ရွေးကောက်တင်မြှောက်ခြင်း၊ ပြည်နယ်ဝန်ထမ်းရာထူးများနှင့် ပြည်နယ်ရာထူးခန့်ထားရေးအဖွဲ့များ၊ ပြည်နယ်အငြိမ်းစားလစာငွေများ၊ အထူးသဖြင့် ပြည်နယ်ကပေးရမည်ဖြစ်သော၊ သို့မဟုတ် ပြည်နယ်အခွန်ဘဏ္ဏာတော်များမှပေးရမည်ဖြစ်သော်အငြိမ်းစားလစာငွေများ၊ ပြည်နယ်ကောင်စီဥက္ကဋ္ဌနဲ့ကောင်စီဝင်များ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများရဲ့ လစာနဲ့ခံစားခွင့်များဆိုင်ရာဥပဒေပြုခွင့်တွေ အပ်နှင်းထားပါတယ်၊ [...]

Read more of this post