၈၈ မျိုးဆက်ခေါင်းဆောင် ကိုမင်းကိုနိုင်နှင့် ကိုကိုကြီးတို့   နယူးယောက်မြို့တော် မြန်မာတိုင်းရင်းသားများနှင့် မေလ ၂၅ စနေနေ့တွင် တွေ့ဆုံမည် မိုးမခအထောက်တော် ၀၀၃၊ ဧပြီ ၂၆၊ ၂၀၁၃ မေလ ဒုတိယပတ်မှာ အမေရိကန်ပြည်ထောင်စုသို့ NED အဖွဲ့ကြီးရဲ့ ဖိတ်ကြားချက်အရ လာရောက်ပြီး ၂၀၁၂ တုန်းက ချီးမြှင့်ခံထားရတဲ့ ဒီမိုကရေစီဆုကို လက်ခံကြမယ့် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် မင်းကိုနိုင်နဲ့ ကိုကိုကြီးတို့ကို ဒေသခံ မြန်မာတိုင်းရင်းသားကွန်မြူနီတီအသီးသီးက တွေ့ဆုံနှုတ်ဆက်ကြဖို့ ပြင်ဆင်လျက်ရှိပါတယ်။ သူတို့ရဲ့ ပထမဦးဆုံး မြန်မာတိုင်းရင်းသားမိသားစုများနဲ့ တွေ့ဆုံဆွေးနွေးပွဲကို မေလ ၂၅ ရက်၊ စနေနေ့၊ နယူးယောက်မြို့တော်မှာ ကျင်းပရန် စီစဉ်လျက်ရှိကြရာမှာ လောလောဆယ် ကုလရုံးချုပ်ရှိရာ အဆောက်အအုံက ခမ်းမဆောင်တခုမှာ ကွန်မြူနီတီတွေ့ဆုံပွဲဖြစ်မြောက်အောင် ကြိုးစားလျက်ရှိကြောင်း သိရှိရပါတယ်။ [...]

Read more of this post