ပျံလေတဲ့ငှက်ခါး နားမှသိမယ် ဒေါက်တာဓမ္မပိယ (ITBMU)၊ ဧပြီ ၈၊ ၂၀၁၃             ဧပြီ (၆)ရက်နေ့က ရန်ကုန်ကို ပြန်ရောက်တယ်။ သိကြတဲ့အတိုင်းပဲ အေးတဲ့နိုင်ငံများကနေ မြန်မာ ပြည်ကို ပြန်လာသူတိုင်း ကြုံလေ့၊ ကြုံထရှိတဲ့ အတွေ့အကြုံလေးတစ်ခု။ လေယဉ်ပေါ်ကအထွက် လေဆိပ်ထဲကို တန်းမရောက်နိုင်ပဲ လှေခါးမှဆင်းပြီး စောင့်ကြိုနေတဲ့ ကားပေါ်ကို တက်ရတယ်။ ဒီအခါမှာ ပူလောင်လှတဲ့ ရာသီဥတုဒဏ်က ရုတ်တရက်ကြီးဆိုတော့ အတော်ကို ပူတယ်လို့ ခံစားရတယ်။ တချို့များဆို ရွှေလင်းပန်းနှင့် ချင်းဆေးထားတဲ့ ဘုရင့်သားလေးတွေ၊ သမီးလေးတွေပမာ ဆွေ့ဆွေ့ခုံပြီး သူတို့ပဲ အပူဒဏ်ကို ခံစားနေရသလို  အမူအရာမျိုးနဲ့ပေါ့။ ဘယ်ပဲဖြစ်ဖြစ် တကယ်တမ်းပြောရမယ်ဆိုရင်တော့ - ပူနိုင်ရန်ကော မြန်မာပြည်ကြီး ရယ်ပေါ့  … ။             စာရေးသူအတွက်တော့ မြန်မာပြည်ကြီးကို [...]

Read more of this post