ကျော်သူ (နာရေးကူညီမှုအသင်း - ရန်ကုန်) ဧပြီ ၃၊ ၂၀၁၃ ကမ္ဘာမြေပြင်ပေါ်သို့ လူ့ဘဝအဖြစ် ရောက်ရှိလာခဲ့ပြီး မည်သည့်နေ့၊ မည်သည့်ရက်၊ မည်သည့် အချိန်၊ မည်သည့်အသက်အရွယ်တွင် ကမ္ဘာမြေပြင်မှ ပြန်လည်ထွက်ခွါသွားရမည်ကို မည်သူတစ်ဦးတစ် ယောက်မှ မသိရှိနိုင်ပေ။ အချို့သည် လူ့ဘဝသက်တမ်းအား သက်တမ်းစေ့နေသွားနိုင်ခဲ့သလို အချို့သော သူတို့သည် ကျန်းမာရေး ချို့ယွင်းမှုကြောင့်၎င်း၊ ပြင်ပ ပယောဂတစ်ခုကြောင့်၎င်း၊ သက်တမ်းစေ့ မနေနိုင်ခဲ့ ကြချေ။ သက်တမ်းစေ့ နေနိုင်ခဲ့သော်ငြားလည်း ယခုကဲ့သို့ ကမ္ဘာပေါ်တွင် ဖြစ်ပေါ်နေသော စီးပွားရေးကပ်၊ နိုင်ငံရေးကပ်၊ ကျန်းမာရေးကပ်၊ သဘာဝဘေးကပ်၊ စစ်ဘေးကပ် အစရှိသည့် ကပ်အမျိုးမျိုးတို့ကြားမှ ဘဝ ရပ်တည်မှုကို ပြုလုပ်နေကြရသော လူသားများစွာတို့သည် လောဘ၊ ဒေါသ၊ မောဟ တည်းဟူသော အကုသိုလ်စိတ်အလျဉ်တို့ လွှမ်းခြုံမှုကို ခံနေခဲ့ကြရကာ [...]

Read more of this post