လားရာ ကိုကိုကြီး ဒီဇင်ဘာ ၁၈၊ ၂၀၀၉ မှာ မိုးမခမှာ တင်ဆက်ခဲ့ပြီး (ပြန်လ ည်ဆန်းသစ်ခြင်း) (ကိုကိုကြီး၏ မိခင်ကွယ်လွန်စဉ်က သူကိုယ်တိုင်ရေးခဲ့သော အမှတ်တရစာ။ ထိုစဉ်က ၎င်းကို ထောင်တွင်းမှ ခေတ္တထုတ်ပြီး မိခင်အသုဘသို့ ရှု့ခွင့်ပြုခဲ့သည်) "ဂျိုင်း" ကနဲ တံခါးပိတ်သံ၊ မင်းတုံးထိုးသံ၊ သော့ခတ်သံ မက်တဲလစ်သံတွေ။ သံစဉ် မညီ၊ နာရီမရှိ၊ စည်းချက်မကျ၊ တရွေ့ရွေ့ဝေးသွားတဲ့ ဖိနပ်သံများ။ ခါတိုင်း စကား သိပ်များလေ့ရှိတဲ့ အခန်းဖေါ်က ရုတ်တရက် စူးစမ်းတဲ့အကြည့်။ ချက်ချင်း သဘောပေါက်သွားတဲ့ဟန်၊ သက်ပြင်းချ၊ တိတ်ဆိတ်။ ပြန်လာကတည်းက ဘာမှမပြောဖြစ်၊ ပြောချင်စိတ်လည်းမရှိ။ ပရိသတ်အမြင်မှာ တည်ငြိမ်ကြံ့ခိုင်သယောင်၊ တကယ်က ရုပ်နဲ့နာမ် မကပ်တာ၊ အခန်းထဲပြန်အရောက်၊ အိပ်ယာနေရာပေါ်လှဲချ။ လက်ထဲက ယပ်တောင်ကို တွေတွေကြီးငေးကြည့်နေမိ၊ [...]

Read more of this post