နယူးယောက်မှာ သာသနာ ရောင်ဝါနေသို့ မောင်စွမ်းရည် ဧပြီ ၁၅၊ ၂၀၁၃ ကျနော် နယူးယောက်မြို့ကြီးကို ရောက်စက လည်စရာ ပတ်စရာ အိမ် သိပ်မရှိလှလို့ အတော်ယောင်ချာချာဖြစ်ခဲ့ရပါတယ်။ စာကြည့်တိုက်တွေကတော့ ပေါပါပေရဲ့။ အသင်းဝင်ကဒ်ပြား လုပ်ထားပြီး သိပ်မသွားဖြစ်ပါဘူး။ ရုပ်ရှင်ကားတွေတော့ ငှားကြည့်မိပါရဲ့။ တနေ့တော့ သွားရင်းလာရင်းနဲ့ ဆွမ်းခံကိုယ်တော်တွေ တန်းစီပြီး ကြွသွားတာကို အဝေးကနေ လှမ်းမြင်လိုက်ပါတယ်။ နိုင်ငံခြားတိုင်းပြည်မှာ ဆွမ်းခံကိုယ်တော်တွေကိုလှမ်းမြင်ရတာ အလွန်လွမ်းစရာ ကြည်နူးစရာကောင်းလှပါတယ်။ ဆရာကြီး မင်းသုဝဏ်ရဲ့ နေခြည်မှာ ရွှေရည်ဝင်း လို့ဆိုတဲ့ စာတိုစာစ တပိုင်းတစကို ပြေးပြီး သတိရလိုက်မိပါတယ်။ ပြီးတော့ ကွယ်လွန်သူ မန္တလေးပန်းချီဆရာအကျော် ပေါ်ဦးသက်ရဲ့ ဘုန်းတော်ကြီးပုံ ပန်းချီကားတွေကိုရော၊ မင်းဝေအောင်ရဲ့ ပန်းချီကားတွေကိုရော သတိရလိုက်မိပါတယ်။ ကျနော် ပြည်ပကိုထွက်လာခါနီး တော့ မင်းဝေအောင်ရဲ့ [...]

Read more of this post