ပွင့်လင်းမြင်သာမှုမရှိသော သမ္မတကြီးဦးသိန်းစိန် အစိုးရ၊ မြန်မာ့ဆက်သွယ်ရေး နှင့် MECTel (ဖုံး)နတ်သား၊ ဧပြီ ၂၅၊ ၂၀၁၃           မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည် ယနေ့အချိန်အခါတွင် ဘယ်အချိန်က အော်ပရေတာ လျှောက်ထားပြီး ဘယ်အချိန်က ခွင့်ပြုခဲ့တယ် ဆိုတာကို အများပြည်သူ မသိလိုက်ရပဲ စစ်တပ်ပိုင်မြန်မာစီးပွားရေး ဦးပိုင်လီမီတက်၏ MECTel (မြန်မာစီးပွားရေး ကော်ပရေးရှင်း)သို့ ဟိုလိုလို ဒီလိုလိုဖြင့် MECTel (မြန်မာစီးပွားရေး ကော်ပရေးရှင်း) တံဆိပ် ပါရှိသည့် ဖုန်းကဒ်များ ရောင်းချခွင့်ပြုခဲ့ပြီးဖြစ်ပါသည်။ ဒီရက်ပိုင်း သတင်းတချို့ဖက်ကြည့်ရာတွင် " တင်ဒါဝင်ပြီးတော့ ဖုန်းကတ်တွေ ထုတ်တာမဟုတ်ပါဘူး၊ ဆက်သွယ်ရေးက ပထမ အော်ပရေတာ ဖြစ်ပြီး MEC က ဒုတိယအော်ပရေတာအနေနဲ့ ယူပြီး လုပ်တာဖြစ်တာကြောင့် မြန်မာ့ဆက်သွယ်ရေးရဲ့ လက်အောက်ခံလို့ [...]

Read more of this post