ဘော်စတွန်ဗုံးခွဲသူအဖြစ် သံသယရှိသူတဦးကို MIT ကျောင်းဝင်း၊ ၀ါတားတောင်းမြို့နယ်မှာ ဖမ်းမိဟုဆို မိုးမခသတင်းကောက်နုတ်ချက်၊ ဧပြီ ၁၉ ၊ ၂၀၁၃ ဧပြီလ ၁၈၊ ညသန်းကောင်ယံ၊ ဘော်စတွန်မြို့နဲ့ ၆မိုင်ကွာ တက္ကသိုလ်မြို့ဖြစ်တဲ့ ၀ါးတားတောင်းမှာ သေနတ်ပစ်ခတ်မှုများ၊ ဗုံးပေါက်ကွဲမှုများ ဖြစ်ပွားပြီးနောက် လူတဦးကို အရှင်ဖမ်းဆီးမိတယ်လို့ ဆိုပါတယ်။ အဲသည်အရေးအခင်းမှာ ရဲသားတဦး သေနတ်ဒဏ်ရာဖြင့် သေဆုံးခဲ့တယ်လို့ သိရပါတယ်။ အမှုဖြစ်ပွားပုံအသေးစိတ်ကို သတင်းဌာနများက အပြည့်အစုံ မတင်ဆက်နိုင်သေးသော်လည်း တီဗီသတင်းဌာနများရဲ့ တို်က်ရိုက်ပေးပို့ချက်အရ ပြည်ထောင်စုအဆင့် လုံခြုံရေးဝန်ထမ်းများ၊ ပြည်နယ်ရဲများ အင်အားပေါင်းများစွာနဲ့ သံသယရှိသူ ၁ ဦး သို့မဟုတ် ၂ ဦးကို ၀ိုင်းရံ ဖမ်းဆီးခဲ့ကြတာ ဖြစ်ပါတယ်။ ၎င်းတရားခံ ၂ ဦးခန့်ဟာ MIT နဲ့ ကိန်းဘရစ်ခ်ျ ကျောင်းဝင်းတွေရှိတဲ့ [...]

Read more of this post