စင်္ကာပူက ၀င်ငွေခွန် ကောက်တဲ့ပုံ ၀န်ထမ်းဟောင်းတဦး၊ ဧပြီ ၅၊ ၂၀၁၃ နိုင်ငံပိုင်စီးပွားလုပ်ငန်းများအတွက် ဖြေရှင်းနည်းတစ်ခုကို တင်ပြလိုပါတယ်။ (from Singapore) မြန်မာနိုင်ငံပိုင်စီးပွားရေး ယခုအချိန်ထိ မြန်မာနိုင်ငံတော်အစိုးရပိုင် စီးပွားရေးကော်ပိုရေးရှင်းများရဲ့၊ စီးပွားရေးလုပ်ငန်းများစွာ ရှိနေဆဲဖြစ်ပါတယ်။ ဘဏ်လုပ်ငန်း၊ ဆက်သွယ်ရေးလုပ်ငန်း၊ စက်မှုလုပ်ငန်း၊ ပို့ဆောင်ရေး (ရေ၊လေ၊ကုန်းကြောင်း) လုပ်ငန်းများ၊ ပုံနှိပ်လုပ်ငန်း ..စသဖြင့် လုပ်ငန်းများကို ဖက်စပ် (သို့မဟုတ်) ပုဂ္ဂလိက လုပ်ကိုင်ဖို့ ဖိတ်ခေါ်နေဆဲဖြစ်ပါတယ်။ အမြက်စွန်းရတဲ့ လုပ်ငန်းများကိုတော့ ဦးပိုင် (သို့မဟုတ်) မြန်မာ့သူဌေးကြီးများက ရယူသွားကြပါတယ်။ အမြတ်မရှိတဲ့ ခွက်ခွက်လန်ရှုံးနေတဲ့ ကော်ပိုရေးရှင်း၊စက်ရုံ၊လုပ်ငန်းများစွာ ကျန်နေပါတယ်။ အဲဒီ စက်ရုံများ မလည်ပတ်နိုင်တာ နှစ်ပေါင်းများစွာ ရှိနေပါပြီ။ စက်ရုံအလုပ်သမားများက စက်ရုံကို သူတို့အားလုံး ဘုံပိုင်စက်ရုံလို သဘောထားပြီး စက်ရုံမှာပဲ နေထိုင်၊ [...]

Read more of this post