တရားသော ဥပဒေ တရားသော စီရင်မှု တူမောင်ညို။ (၂၀၁၃ ခုနှစ်၊ ဧပြီလ ၁၆ ရက်) လွန်ခဲ့သော မတ်လ ၂၀ ရက်နေ့က၊ မိတ္တီလာမြို့ ---- ရွှေဆိုင်တွင်ဖြစ်ပွားခဲ့သော ဖြစ်ရပ်သည် မှုခင်းအသေးအဖွဲမျှသာဖြစ်ပါ သည်။ ပြည်သူများအချင်းချင်းအကြားဖြစ်ပွားသည့် အကျိုးစီးပွားပဋိပက္ခမှ တဆင့်တက်၍ ကိုယ်ထိလက်ရောက်ခိုက်ရန် ဖြစ်ပွားဖြစ်ခြင်း သာဖြစ်သည်။             သို့အတွက် ထိခိုက်နစ်နာသူများဘက်မှ အမှုဖွင့်တရားစွဲဆိုလျှင် တရားရုံးက လက်ခံကြားနာစစ်ဆေးပြီး ကျူးလွန်သည့် ပြစ်မှု နှင့်ဆီလျော်သည့်ပြစ်ဒဏ်စီရင်ချက်ချမှတ်ပေးလိုက်လျှင် ပြီးပြတ်ပြေငြိမ်းသွားနိုင်သည့် အမှုမျိုးသာဖြစ်သည်။ သို့သော်လည်း ယခုတော့ မြေခွေးလို အကွက်ချောင်းနေသူ အကြမ်းဖက်သမားများက သာမန် မှုခင်းအသေးအဖွဲကလေးကို  အစုလိုက်အပြုံလိုက် လူသတ်မီးရှို့မှု သောင်းကျန်းမှုကြီးအဖြစ်သို့ ချဲ့ထွင်လုပ်ကြံခဲ့ကြခြင်းဖြစ်သည်။ ယခုအချိန်အထိ ယင်းသို့ လူသတ်မီးရှို့ခဲ့ကြသော အကြမ်းဖက်သမား၊ သောင်းကျန်းသူ လူရမ်းကား ဒုစရိုက်ကောင်များကို [...]

Read more of this post