သွေးစည်းကြရမယ့် လက်ပံတောင်းအရေး တူမောင်ညို)(၂၀၁၃ ခုနှစ်၊ ဧပြီလ ၂၆ ရက်) (ICG) ကပေးတဲ့ "ငြိမ်းချမ်းရေးဆု" ဆိုတာက (ဗိုလ်) ဦးသိန်းစိန် ကြံ့ဖွံ့အစိုးရအတွက် "ကျားရိုးသွေးတိုက်" လိုက်သလိုပါပဲ။ လက်ပံတောင်းမှာ ဧပြီလ ၂၄ ရက်နေ့က  ဒေသခံပြည်သူတွေကို  ရဲက သေနတ်နဲ့ပစ်တယ်။             မိထ္တီလာမြို့ပေါ်မှာ နေ့ခင်းကြောင်တောင် လူသတ်မီးရှို့အကြမ်းဖက်နေတာကို ရဲက လက်ပိုက်ကြည့်နေတယ်။ သေနတ်တစ် ချက်မဖောက်ခဲ့ဘူး။ လက်ပံတောင်းဒေသခံလယ်သမားတွေ သူတို့လယ်မြေယာမြေတွေထဲ ဝင်ရောက်ထွန်ယက်တာကိုတော့ ရဲက သေနတ်နဲ့ပစ်တယ်။             မိတ္တီလာမြို့က ပြည်သူတွေရဲ့အကျိုးစီးပွားတော့ ပျက်ပြားချင်ပျက်ပြားပါစေ လက်ပိုက်ကြည့်နေမယ်၊ လက်ပံတောင်းဒေသမှာ ရှိတဲ့"ဦးပိုင်နဲ့ဝမ်ပေါင်" အကျိုးစီးပွားတော့ တစ်လက်မမျှအထိမခံဘူးဆိုတဲ့ (ဗိုလ်)ဦးသိန်းစိန်ကြံ့ဖွံ့အစိုးရရဲ့သဘောထားကို အတိအလင်း ထပ်မံပြသလိုက်တာပဲဖြစ်ပါတယ်။             တကယ်တော့ (ဗိုလ်) ဦးသိန်းစိန် ကြံ့ဖွံ့အစိုးရအတွက် နည်းလမ်းက ၂ [...]

Read more of this post