ဗျာဒိတ်တော်ခံ၊ ဖွား ပွင့် စံ ဦးအုန်းကျော် ဧပြီ ၁၄၊ ၂၀၁၄  ဦးလေးရေ .. ဒီမှာ ကျနော်ရထားတဲ့ တံဆိပ်ခေါင်းကလေးတလုံး။ ကြည့်ပါဦး .. ဟ ... သီရိလင်္ကာက တံဆိပ်ခေါင်းကလေးပါလား။ ကဲ မင်းထင်တာ ပြောစမ်းပါဦးကွာ ... အင် ..ဒါဟာ အင်္ဂုလိမာလ မဟုတ်လား ... ဟာ .. သိပ်ဟုတ်တာပေါ့ကွာ ..။ သိပ်မှန်တာပေါ့။ နေပါဦး ..မင်းက ဘာဖြစ်လို့ အင်္ဂုလိမာလလို့ တိတိကျကျ ပြောနိုင်ရတာလဲ ...။ ဦးလေးကလဲ ဒါက လွယ်လွယ်လေးဥစ္စာ။ လက်ညှိုးတွေကို ပန်းကုံးလို သီပြီး လည်ပင်းမှာဆွဲထားတယ်။ လက်မှာ ဓားကိုင်ထားတယ်။ အဲ့ဒါ အင်္ဂုလိမာလမဟုတ်လို့ ဘယ်သူဖြစ်ရမလဲ ....။ အေး မှန်တာပေါ့ကွာ။ [...]

Read more of this post