ကော်ပီစနစ်တကျလုပ်ကြပါစို့ ဇော်အောင် (မုံရွာ)၊ ဧပြီ ၂၁၊ ၂၀၁၃ ဆရာကြီးပီမိုးနင်း ၁၉၃၀ခုလောက်က ရေးခဲ့သည်။ မြန်မာပြည်တွင် လေထဲတွင်ပျံမည့်လေယာဉ်ပျံသန်းဖို့ တီထွင်နေသည်ဟု သတင်းဖတ်လိုက်ရသောကြောင့်၊ စိတ်ပျက်မိကြောင်း၊ သူများနိုင်ငံများတွင် လေယာဉ်ကို ဥဒဟိုမောင်းနှင်နေပြီဖြစ်ရာ ထိုလေယာဉ်ကိုဝယ်ယူပြီး၊ ပြည်တွင်းတွင်အသုံးချရမည့်အစား အချိန်ကုန်၊ ငွေကုန်ခံပြီး လေယာဉ်ကို အစမှစတင်တီထွင်နေသော မြန်မာ့နည်းမြန်မာ့ဟန်အကြောင်း ဖြစ်သည်။ ဆရာကြီးပီမိုးနင်း၏ တိုးတက်ရေး Attitude စိတ်နေသဘောထား စာများသည် ယခုခေတ်တိုင်အောင် အသုံးကျနေဆဲ။ သူ၏စာအုပ်များမှာ ယခုတိုင် ထုတ်ဝေရောင်းချနေဆဲဖြစ်သည်။ ထိုခေတ်က မြန်မာ့စာပေသမိုင်းတွင် စာအရေးနိုင်ဆုံး၊ အထူးချွန်ဆုံး စာရေးဆရာဟု မြန်မာ့စွယ်စုံကျမ်းတွင် မှတ်တမ်းတင်ခဲ့ရပါသည်။  ဆရာကြီးပီမိုးနင်းက တိုးတက်ချင်ရင် တီထွင်တာ အသာသာထား၊ ကော်ပီ (အတုခိုး) လုပ်ကိုင်ဖို့ အဓိကဟု ဆိုပါသည်။ ကျနော် စက်မှုလုပ်ငန်းများအကြောင်း ရေးသားခဲ့ရာ၊ ဗီယက်နမ်နိုင်ငံ စက်မှုလုပ်ငန်းများအကြောင်း ဆောင်းပါးများရေးသားခဲ့သည်။ [...]

Read more of this post