မိုးမခအထောက်တော် အမှတ် ဝဝ၉ ဧပြီ ၁၆၊ ၂ဝ၁၃ အမေရိကန်နိုင်ငံ၊ ဘော်စတွန်မြို့ မာရသွန်ပြိုင်ပွဲကြီးတွင်ဖြစ်ပွားခဲ့သော တနင်္လာ ညနေပိုင်းက ပေါက်ကွဲမှုများကြောင့်  ၈ နှစ်အရွယ် ကလေးတဦးအပါအ၀င် စုစုပေါင်း ၃ ဦး သေဆုံးသွားသည်ဟု ဒေသခံ ရဲမင်းကြီး Ed Davis က သတင်းထောက်များကို ပြောဆိုကြောင်း CNN ရုပ်သံက ထုတ်လွှင့်သွားသည်။ ပန်းဝင်ရန် သတ်မှတ်ထားသည့် နေရာတွင် ပေါက်ကွဲခြင်းဖြစ်ပြီး  ဒဏ်ရာရာသူ အနည်းဆုံး ၁၄၁ ဦး ရှိကြောင်း၊ ထိုအထဲတွင် ကလေး ၈ ဦး ပါဝင်ကြောင်း ထိုဒေသရှိ ဆေးရုံများကို ကိုးကားပြီး CNN သတင်းတွင် ဖော်ပြထားသည်။ ထိုအထဲတွင် စိုးရိမ်ရသည့်အခြေအနေရောက်နေသူ ၁၇ ဦး၊ ဒဏ်ရာ ပြင်းထန်သူ [...]

Read more of this post